Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၁၀.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ တနင်္ဂနွေနေ့၊ နဂါးပေါ်၊ ရက်ယုတ်မာ။
တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၉:၀၃ အထိ တိထီ ၃ လုံး။ ကျော်လျှင် ၄ လုံး။ ၄ လုံးတွင် အဆိပ်ယုဂ်၊ အဖျက်သဘောများ လုပ်ဆောင်ရန်ကောင်း၊ စေတနာမှ ဝေဒနာဖြစ်တတ်၍ သတိထားလုပ်ဆောင်ပါ။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၆:၀၁ အထိ အနုရာဓနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၁၂ အထိ မူလနက္ခတ်။ ကျော်လျှင် ပြုဗ္ဗာသဋ္ဌ်နက္ခတ်။ နံနက် ၇:၃၉ အထိ သီဝယုဂ်၊ မင်္ဂလာရှိခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း၊ မင်္ဂလာယူလိုသည့် အလုပ်များ၊ အခမ်းအနားများ၊ ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၂၀ အထိ သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၉:၀၃ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ည ၂၀:၁၃ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
နံနက် ၉:၀၃ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)