Premier League Transfer News

OFFICIAL: တိုမီယာစုကို အာဆင်နယ်ခေါ်ယူနိုင်ခဲ့ပြီး ပထမဆုံး အောင်မြင်မယ့် ဂျပန်သားလား?

အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စီးရီးအေကလပ် ဘိုလော့ညာအသင်းရဲ့ နောက်ခံလူ တာကဲဟီရို တိုမီယာစုကို ချိတ်ဆက်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်မှာ တရားဝင် စာရွက်စာတမ်းတွေကို မှတ်ပုံတင်နိုင်ခဲ့တဲ့အတွက် နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းချိန်မှာ ညာနောက်ခံလူသစ်တစ်ဦးကို ရရှိနိုင်ခဲ့ပါတယ်။

လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းကို လစာလျှော့ယူပြီး အငှားနဲ့ တစ်ရာသီ ထွက်ခွာသွားတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ရဲ့ ကွက်လပ်ကို အစားထိုးဝင်ရောက်နိုင်ဖို့တော့ အသက် ၂၂ နှစ်အရွယ် ဂျပန်နောက်ခံလူအပေါ် မျှော်လင့်ချက်တွေ ကြီးမားနေကြပြီး စီးရီးအေမှာ ပြသခဲ့တဲ့ ခြေစွမ်းကို ပရီးမီးယားလိဂ်ဆီ ဆက်လက်ယူဆောင်လာနိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

အာဆင်နယ်အသင်းအနေနဲ့ တိုမီယာစုကို ဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် သွားရောက်ပူးပေါင်းမယ့် အချိန်မတိုင်ခင်မှာ သဘောတူညီနိုင်ခဲ့တာဖြစ်ပြီး လေးနှစ်စာချုပ်နဲ့ တစ်နှစ်သက်တမ်းတိုးနိုင်ခွင့်ကို လုပ်ဆောင်နိုင်ခဲ့သလို ဘိုလော့ညာအသင်းဆီကိုတော့ ပေါင် ၁၉.၈ သန်း (ယူရို ၂၃ သန်း) ပေးချေခဲ့ရပါတယ်။

အရပ် ၆ ပေ ၂ လက်မရှိတဲ့ ဂျပန်သားဟာ ညာနောက်ခံလူနေရာမှာတင်မဟုတ်ဘဲ ဗဟိုခံစစ်မှာပါ ကစားနိုင်သူဖြစ်ပြီး အသင်းကနေ ထွက်ခွာခဲ့တဲ့ ဘယ်လာရင်ရဲ့ ကျောနံပါတ် ၂ ကိုတော့ ရရှိမှာ မဟုတ်ဘဲ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၈ ကိုသာ ဝတ်ဆင်ကစားရမှာလည်းဖြစ်ပါတယ်။

တိုမီယာစုဟာ အာဆင်နယ်အသင်းအတွက်တော့ စတုတ္ထမြောက် ဂျပန်ကစားသမားအဖြစ် ကွင်းလယ်လူ ဂျူနီချီ အီနာမိုတို၊ တောင်ပံကစားသမား ရိုင်ယို မီယာအီချီနဲ့ တိုက်စစ်မှူး တာကူးမား အာဆာနိုတို့နောက်မှာ မှတ်တမ်းဝင်နိုင်ခဲ့ပြီး သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ မှတ်ကျောက်တင်ခံဖို့အတွက်တော့ အနည်းဆုံးအနေနဲ့ လက်ရွေးစင်အသင်းကပ္ပတိန် ဆောက်သမ်တန်နောက်ခံလူဟောင်း မာယာ ယိုရှီဒါလောက် ခြေစွမ်းပြနိုင်အောင် လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။

အီတလီကလာတဲ့ သတင်းတွေအရတော့ မီဒီယာတွေရဲ့ ချီးကျူးမှုများစွာကို ရရှိထားခဲ့တဲ့ တိုမီယာစုဟာ ခြေထောက်နှစ်ဖက်စလုံး သန်စွမ်းသူဖြစ်ပြီး ခံစစ်မှာ ဘယ်နေရာမဆို ကစားနိုင်သူလို့ သိရပြီး အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာကတော့ စီးရီးအေမှာ အတွေ့အကြုံ များစွာရှိပြီး နည်းစနစ်ပိုင်းအရ ကျေညက်သလို ဘောလုံးကို တည်တည်ငြိမ်ငြိမ်ကစားနိုင်တဲ့ ခံစစ်မှူးလို့ သုံးသပ်သွားခဲ့ပါတယ်။

နည်းစနစ်ဒါရိုက်တာ အီဒူးကတော့ “တာကဲဟီရိုကို ခေါ်ယူနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်”လို့ ပြောကြားသွားခဲ့ပြီး ဘိုလော့ညာကနေ သူ့ကို ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့လို့ ကျေနပ်မိကြောင်းနဲ့ အာဆင်နယ်အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်ခေါ်ယူမှုတစ်ရပ်ဖြစ်လာလိမ့်မယ်လို့လည်း အသင်းဝက်ဘ်ဆိုက်ကနေ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းရဲ႕ ေနာက္ခံလူ တာကဲဟီ႐ို တိုမီယာစုကို ခ်ိတ္ဆက္ႏိုင္ခဲ့ၿပီး ေနာက္ဆုံးအခ်ိန္မွာ တရားဝင္ စာ႐ြက္စာတမ္းေတြကို မွတ္ပုံတင္ႏိုင္ခဲ့တဲ့အတြက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ ပိတ္သိမ္းခ်ိန္မွာ ညာေနာက္ခံလူသစ္တစ္ဦးကို ရရွိႏိုင္ခဲ့ပါတယ္။

လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္အသင္းကို လစာေလွ်ာ့ယူၿပီး အငွားနဲ႔ တစ္ရာသီ ထြက္ခြာသြားတဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ရဲ႕ ကြက္လပ္ကို အစားထိုးဝင္ေရာက္ႏိုင္ဖို႔ေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ပန္ေနာက္ခံလူအေပၚ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးမားေနၾကၿပီး စီးရီးေအမွာ ျပသခဲ့တဲ့ ေျခစြမ္းကို ပရီးမီးယားလိဂ္ဆီ ဆက္လက္ယူေဆာင္လာႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

အာဆင္နယ္အသင္းအေနနဲ႔ တိုမီယာစုကို ဂ်ပန္လက္ေ႐ြးစင္အသင္းနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ သြားေရာက္ပူးေပါင္းမယ့္ အခ်ိန္မတိုင္ခင္မွာ သေဘာတူညီႏိုင္ခဲ့တာျဖစ္ၿပီး ေလးႏွစ္စာခ်ဳပ္နဲ႔ တစ္ႏွစ္သက္တမ္းတိုးႏိုင္ခြင့္ကို လုပ္ေဆာင္ႏိုင္ခဲ့သလို ဘိုေလာ့ညာအသင္းဆီကိုေတာ့ ေပါင္ ၁၉.၈ သန္း (ယူ႐ို ၂၃ သန္း) ေပးေခ်ခဲ့ရပါတယ္။

အရပ္ ၆ ေပ ၂ လက္မရွိတဲ့ ဂ်ပန္သားဟာ ညာေနာက္ခံလူေနရာမွာတင္မဟုတ္ဘဲ ဗဟိုခံစစ္မွာပါ ကစားႏိုင္သူျဖစ္ၿပီး အသင္းကေန ထြက္ခြာခဲ့တဲ့ ဘယ္လာရင္ရဲ႕ ေက်ာနံပါတ္ ၂ ကိုေတာ့ ရရွိမွာ မဟုတ္ဘဲ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္ ၁၈ ကိုသာ ဝတ္ဆင္ကစားရမွာလည္းျဖစ္ပါတယ္။

တိုမီယာစုဟာ အာဆင္နယ္အသင္းအတြက္ေတာ့ စတုတၳေျမာက္ ဂ်ပန္ကစားသမားအျဖစ္ ကြင္းလယ္လူ ဂ်ဴနီခ်ီ အီနာမိုတို၊ ေတာင္ပံကစားသမား ႐ိုင္ယို မီယာအီခ်ီနဲ႔ တိုက္စစ္မႉး တာကူးမား အာဆာႏိုတို႔ေနာက္မွာ မွတ္တမ္းဝင္ႏိုင္ခဲ့ၿပီး သူ႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ မွတ္ေက်ာက္တင္ခံဖို႔အတြက္ေတာ့ အနည္းဆုံးအေနနဲ႔ လက္ေ႐ြးစင္အသင္းကပၸတိန္ ေဆာက္သမ္တန္ေနာက္ခံလူေဟာင္း မာယာ ယိုရွီဒါေလာက္ ေျခစြမ္းျပႏိုင္ေအာင္ လုပ္ေဆာင္ရမွာလည္းျဖစ္ပါတယ္။

အီတလီကလာတဲ့ သတင္းေတြအရေတာ့ မီဒီယာေတြရဲ႕ ခ်ီးက်ဴးမႈမ်ားစြာကို ရရွိထားခဲ့တဲ့ တိုမီယာစုဟာ ေျခေထာက္ႏွစ္ဖက္စလုံး သန္စြမ္းသူျဖစ္ၿပီး ခံစစ္မွာ ဘယ္ေနရာမဆို ကစားႏိုင္သူလို႔ သိရၿပီး အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္လ္ အာတီတာကေတာ့ စီးရီးေအမွာ အေတြ႕အႀကဳံ မ်ားစြာရွိၿပီး နည္းစနစ္ပိုင္းအရ ေက်ညက္သလို ေဘာလုံးကို တည္တည္ၿငိမ္ၿငိမ္ကစားႏိုင္တဲ့ ခံစစ္မႉးလို႔ သုံးသပ္သြားခဲ့ပါတယ္။

နည္းစနစ္ဒါ႐ိုက္တာ အီဒူးကေတာ့ “တာကဲဟီ႐ိုကို ေခၚယူႏိုင္ခဲ့လို႔ ဝမ္းေျမာက္မိပါတယ္”လို႔ ေျပာၾကားသြားခဲ့ၿပီး ဘိုေလာ့ညာကေန သူ႔ကို ေခၚယူဖို႔ သေဘာတူညီႏိုင္ခဲ့လို႔ ေက်နပ္မိေၾကာင္းနဲ႔ အာဆင္နယ္အသင္းအတြက္ ေကာင္းမြန္တဲ့ အားျဖည့္ေခၚယူမႈတစ္ရပ္ျဖစ္လာလိမ့္မယ္လို႔လည္း အသင္းဝက္ဘ္ဆိုက္ကေန ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.