Premier League Transfer News

Deal Agreed: ဆာအူးလ်အတွက် အက်သလက်တီကိုနဲ့ ချဲလ်ဆီးတို့ သဘောတူညီမှု ရပြီ

အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ချဲလ်ဆီးအသင်းဆီ အငှားချပေးဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလိုက်ပြီး ကနဦးသဘောတူညီမှုအရ တစ်နှစ်အငှားကြေး ယူရို ၅ သန်းနဲ့ ကျေနပ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ကစားသမားရဲ့ လစာငွေအတွက်လည်း သဘောတူညီမှု ရရှိထားခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ ခက်ခဲတဲ့ အပြောင်းအရွှေ့တစ်ခုကို အသင်းအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ပေးနိုင်လိုက်တာလို့လည်း ချီးကျူးနေကြပါတယ်။

တစ်ချိန်တည်းမှာပဲ အနောက်လန်ဒန်အသင်းအနေနဲ့ ဆာအူးလ်ကို မခေါ်နိုင်ရင် Backup အဖြစ် ထားရှိဖို့ လုပ်ဆောင်ထားတဲ့ အကယ်ဒမီထွက် လူငယ်ကစားသမား အီသန် အမ်ပါဒူးကိုတော့ စီးရီးအေတန်းတက် ဗနီးဇီးယားအသင်းဆီ အငှားချဖို့ သဘောတူညီလိုက်ပြီး ဝေးလ်စ်လက်ရွေးစင်အနေနဲ့ ဒီနှစ်မှာလည်း ဗင်းနစ်မြို့မှာ အငှားနဲ့ ဆက်လက်ကစားရဖို့ ရှိသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ အသက် ၂၆ နှစ်အရွယ် အတွေ့အကြုံရင့် စပိန်လက်ရွေးစင်ကို ပွဲဆက်များနေတဲ့ အန်ဂိုလို ကွန်တေ၊ ဂျော်ဂျင်ညိုတို့ထဲက တစ်ယောက်ယောက်ရဲ့ မက်တီယို ကိုဗာချစ်ထက် ပိုကောင်းတဲ့ အတွဲအဖက်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပြီး တိုက်စစ်ရော ခံစစ်ပါ စွယ်စုံရတဲ့သူအနေဲ့ တူဟယ်လ်ရဲ့ ကစားကွက်မှာ အံဝင်ဖို့ များနေပါတယ်။

ဆာအူးလ် ညီးရက်ဇ်အနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြနိုင်ရင်တော့ အက်သလက်တီကိုနဲ့ မူလက ပြောထားခဲ့တဲ့ အပြီးသတ်ခေါ်ယူခွင့် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)နဲ့ ခေါ်ယူခွင့် (Option to Buy)ကိုတော့ မဖြစ်မနေ ခေါ်ယူမှု (Obligation to Buy)အစား ထည့်သွင်းဖို့ ကြိုးစားသွားဖွယ်ရှိပြီး သဘောတူညီမှုရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်ဖော်ပြပေးသွားဖို့ ရှိနေပါတယ်။

REF: FABRIZIO ROMANO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ခ်ဲလ္ဆီးအသင္းဆီ အငွားခ်ေပးဖို႔ သေဘာတူညီလိုက္ၿပီျဖစ္ေၾကာင္း ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပလိုက္ၿပီး ကနဦးသေဘာတူညီမႈအရ တစ္ႏွစ္အငွားေၾကး ယူ႐ို ၅ သန္းနဲ႔ ေက်နပ္ႏိုင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔ ကစားသမားရဲ႕ လစာေငြအတြက္လည္း သေဘာတူညီမႈ ရရွိထားခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ ခက္ခဲတဲ့ အေျပာင္းအေ႐ႊ႕တစ္ခုကို အသင္းအတြက္ စြမ္းစြမ္းတမံလုပ္ေဆာင္ေပးႏိုင္လိုက္တာလို႔လည္း ခ်ီးက်ဴးေနၾကပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အေနာက္လန္ဒန္အသင္းအေနနဲ႔ ဆာအူးလ္ကို မေခၚႏိုင္ရင္ Backup အျဖစ္ ထားရွိဖို႔ လုပ္ေဆာင္ထားတဲ့ အကယ္ဒမီထြက္ လူငယ္ကစားသမား အီသန္ အမ္ပါဒူးကိုေတာ့ စီးရီးေအတန္းတက္ ဗနီးဇီးယားအသင္းဆီ အငွားခ်ဖို႔ သေဘာတူညီလိုက္ၿပီး ေဝးလ္စ္လက္ေ႐ြးစင္အေနနဲ႔ ဒီႏွစ္မွာလည္း ဗင္းနစ္ၿမိဳ႕မွာ အငွားနဲ႔ ဆက္လက္ကစားရဖို႔ ရွိသြားခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသက္ ၂၆ ႏွစ္အ႐ြယ္ အေတြ႕အႀကဳံရင့္ စပိန္လက္ေ႐ြးစင္ကို ပြဲဆက္မ်ားေနတဲ့ အန္ဂိုလို ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳတို႔ထဲက တစ္ေယာက္ေယာက္ရဲ႕ မက္တီယို ကိုဗာခ်စ္ထက္ ပိုေကာင္းတဲ့ အတြဲအဖက္အျဖစ္ အသုံးျပဳဖို႔ ရည္႐ြယ္ထားၿပီး တိုက္စစ္ေရာ ခံစစ္ပါ စြယ္စုံရတဲ့သူအေနဲ႔ တူဟယ္လ္ရဲ႕ ကစားကြက္မွာ အံဝင္ဖို႔ မ်ားေနပါတယ္။

ဆာအူးလ္ ညီးရက္ဇ္အေနနဲ႔ ဒီရာသီမွာ ေျခစြမ္းျပႏိုင္ရင္ေတာ့ အက္သလက္တီကိုနဲ႔ မူလက ေျပာထားခဲ့တဲ့ အၿပီးသတ္ေခၚယူခြင့္ ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)နဲ႔ ေခၚယူခြင့္ (Option to Buy)ကိုေတာ့ မျဖစ္မေန ေခၚယူမႈ (Obligation to Buy)အစား ထည့္သြင္းဖို႔ ႀကိဳးစားသြားဖြယ္ရွိၿပီး သေဘာတူညီမႈရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ဆက္လက္ေဖာ္ျပေပးသြားဖို႔ ရွိေနပါတယ္။

REF: FABRIZIO ROMANO
PHOTOS CREDIT TO OWNERS
SPORTS A2Z.