Premier League Transfer News

Deadline Day မှာ မာရီနာနဲ့ ချဲလ်ဆီးတို့ ကွန်ဒီနဲ့ ဆာအူးလ်အတွက် အောင်ပွဲခံနိုင်မလား

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို ဒေါ့မွန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပေးဖို့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ချိန်မှာ လက်စတာစီးတီးအသင်းကလည်း သူ့ကို အလိုရှိနေပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ သဘောတူညီနိုင်မလား စောင့်ကြည့်ရဖို့ ရှိနေပြီး လိုချင်တဲ့ ကစားသမားတွေကို ပြန်ခေါ်သွားမလားတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

အသင်းရဲ့ လစာကြီး ကစားသမားသမားတွေထဲက တီမူး ဘာကာယိုကိုကို အငှားကြေး ယူရို ၂ သန်းနဲ့ နှစ်နှစ်အပြီးမှာ ခေါ်ယူနိုင်ခွင့်ထည့်သွင်းပြီး အေစီမီလန်ဆီ ပို့ဆောင်နိုင်ခဲ့သလို ဒန်နီ ဒရင်ခ့်ဝါးတားကိုလည်း ချန်ပီယံရှစ်ကလပ် ရက်ဒင်းကို ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ဝက်စ်ဟမ်းကို ရောင်းချထားတဲ့ နောက်ခံလူ ကတ်ဇူးမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ဆို ချဲလ်ဆီးတို့ အပြောင်းအရွှေ့ ဈေးကွက်မှာ ကြမ်းနိုင်ဖို့ ရှိနေတာပါ။

နောက်ဆုံးသတင်းတွေအရတော့ ချဲလ်ဆီးတို့အနေနဲ့ ဆီဗီလာအသင်းနဲ့ မပြီးပြတ်သေးတဲ့ အပြောင်းအရွှေ့နဲ့ ကြန့်ကြာနေတဲ့ နောက်ခံလူ ဂျူးလ် ကွန်ဒီကို ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ အကြမ်းအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး သူတို့နှစ်သင်းကြားမှာ ဒီပမာဏကို ဘယ်လိုခွဲဝေပြီး ပေးချေမယ်ဆိုတဲ့ ပုံစံအတွက်ပဲ ဆွေးနွေးရတော့မယ်လို့ ဆိုနေကြပါတယ်။

ပြင်သစ်သားအနေနဲ့ ချဲလ်ဆီးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ ဆုကြေးခံစားခွင့်တွေကို ရရှိမှာဖြစ်ပြီး နှစ်သင်းကြား တရားဝင် ညှိနှိုင်းမှုတွေ ပြီးမြောက်ခဲ့ရင် အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အပြီးသတ်နိုင်ဖို့ ရှိနေသလို ကစားသမားအလိုက်ပေးမှုတစ်ခုကိုမှ ဆီဗီလာဘက်က လက်မခံခဲ့လို့ ဒီလောက်အထိ ကြန့်ကြာသွားခဲ့တာလို့လည်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်အတွက်တော့ အငှားခေါ်ယူနိုင်ဖို့က ကစားသမားရဲ့ ပရီးမီးယားလိဂ်နဲ့ အံဝင်နိုင်မလားဆိုတဲ့ အချက်ကို အသင်းနည်းစနစ်ပိုင်း တာဝန်ရှိသူတွေရဲ့ ထောက်ခံချက်နဲ့ စွန့်စားရဖို့ ရှိနေပြီး တစ်နှစ်စာ စမ်းသပ်သုံးစွဲတဲ့ သဘောမျိုးကို စပိန်ကလပ်ဘက်က ခွင့်ပြုမှာ မဟုတ်ဘဲ မဖြစ်မနေ ခေါ်ယူမယ်ဆိုမှသာ အငှားချမယ်လို့ ဆိုခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူရဲ့ နေရာမှာ လူစားရှာဖွေရရှိသွားပုံပေါ်တဲ့ အက်သလက်တီကိုတို့အနေနဲ့ သူ့ကို အပြီးသတ် ရောင်းချနိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ဘက်ကို တွန်းအားပေးနေပြီး မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ တူဟယ်လ်နဲ့ ခေါင်းချင်းရိုက်ရဖို့ ရှိနေသလို ရာသီကုန်မှာ ပေါင် ၃၄ သန်းနဲ့ ခေါ်ယူမယ့်အချက်ကိုလည်း သဘောတူညီမှုထဲမှာ ထည့်သွင်းချုပ်ဆိုသွားရဖို့ ရှိနေပါတယ်။

ဈေးကွက်ရဲ့ ဘာကိုမှ ကံသေကံမ မပြောနိုင်တဲ့ အခြေအနေအတွက်တော့ ချဲလ်ဆီးအသင်းအနေနဲ့ ကြိုတင်ပြင်ဆင်ထားပြီး နောက်ခံလူနေရာအတွက် ထရက်ဗို ချာလိုဘာက အစမ်းသပ်ခံနိုင်တဲ့ အဆင့်ကို ရောက်လာသလို ကွင်းလယ်အဖျက်ကစားသမား အီသန် အမ်ပါဒူကိုလည်း နှစ်နှစ်ဆက်တိုက် အငှားချအပြီး ဒီရာသီမှာတော့ အသင်းမှာ ထိန်းသိမ်းသွားဖို့ စီစဉ်နေတာကြောင့် Deadline Day မှာ မာရီနာ၊ ပီတာချက်တို့အဖွဲ့ အောင်ပွဲခံနိုင်မလားတော့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကို ေဒါ့မြန္အသင္းဆီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခြင့္ေပးဖို႔ ေဆြးေႏြးေနေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ခ်ိန္မွာ လက္စတာစီးတီးအသင္းကလည္း သူ႔ကို အလိုရွိေနၿပီး အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးေန႔မွာ သေဘာတူညီႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီး လိုခ်င္တဲ့ ကစားသမားေတြကို ျပန္ေခၚသြားမလားေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

အသင္းရဲ႕ လစာႀကီး ကစားသမားသမားေတြထဲက တီမူး ဘာကာယိုကိုကို အငွားေၾကး ယူ႐ို ၂ သန္းနဲ႔ ႏွစ္ႏွစ္အၿပီးမွာ ေခၚယူႏိုင္ခြင့္ထည့္သြင္းၿပီး ေအစီမီလန္ဆီ ပို႔ေဆာင္ႏိုင္ခဲ့သလို ဒန္နီ ဒရင္ခ့္ဝါးတားကိုလည္း ခ်န္ပီယံရွစ္ကလပ္ ရက္ဒင္းကို ထုတ္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ဝက္စ္ဟမ္းကို ေရာင္းခ်ထားတဲ့ ေနာက္ခံလူ ကတ္ဇူးမားရဲ႕ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ဆို ခ်ဲလ္ဆီးတို႔ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ ၾကမ္းႏိုင္ဖို႔ ရွိေနတာပါ။

ေနာက္ဆုံးသတင္းေတြအရေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဆီဗီလာအသင္းနဲ႔ မၿပီးျပတ္ေသးတဲ့ အေျပာင္းအေ႐ႊ႕နဲ႔ ၾကန႔္ၾကာေနတဲ့ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၅ သန္းနဲ႔ အၾကမ္းအားျဖင့္ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သိရၿပီး သူတို႔ႏွစ္သင္းၾကားမွာ ဒီပမာဏကို ဘယ္လိုခြဲေဝၿပီး ေပးေခ်မယ္ဆိုတဲ့ ပုံစံအတြက္ပဲ ေဆြးေႏြးရေတာ့မယ္လို႔ ဆိုေနၾကပါတယ္။

ျပင္သစ္သားအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ တစ္ႏွစ္လုပ္ခ ယူ႐ို ၁၀ သန္းနဲ႔ ဆုေၾကးခံစားခြင့္ေတြကို ရရွိမွာျဖစ္ၿပီး ႏွစ္သင္းၾကား တရားဝင္ ညႇိႏႈိင္းမႈေတြ ၿပီးေျမာက္ခဲ့ရင္ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ အၿပီးသတ္ႏိုင္ဖို႔ ရွိေနသလို ကစားသမားအလိုက္ေပးမႈတစ္ခုကိုမွ ဆီဗီလာဘက္က လက္မခံခဲ့လို႔ ဒီေလာက္အထိ ၾကန႔္ၾကာသြားခဲ့တာလို႔လည္း သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္အတြက္ေတာ့ အငွားေခၚယူႏိုင္ဖို႔က ကစားသမားရဲ႕ ပရီးမီးယားလိဂ္နဲ႔ အံဝင္ႏိုင္မလားဆိုတဲ့ အခ်က္ကို အသင္းနည္းစနစ္ပိုင္း တာဝန္ရွိသူေတြရဲ႕ ေထာက္ခံခ်က္နဲ႔ စြန႔္စားရဖို႔ ရွိေနၿပီး တစ္ႏွစ္စာ စမ္းသပ္သုံးစြဲတဲ့ သေဘာမ်ိဳးကို စပိန္ကလပ္ဘက္က ခြင့္ျပဳမွာ မဟုတ္ဘဲ မျဖစ္မေန ေခၚယူမယ္ဆိုမွသာ အငွားခ်မယ္လို႔ ဆိုခဲ့တာပါ။

အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္လူရဲ႕ ေနရာမွာ လူစားရွာေဖြရရွိသြားပုံေပၚတဲ့ အက္သလက္တီကိုတို႔အေနနဲ႔ သူ႔ကို အၿပီးသတ္ ေရာင္းခ်ႏိုင္ဖို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္ကို တြန္းအားေပးေနၿပီး မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ တူဟယ္လ္နဲ႔ ေခါင္းခ်င္း႐ိုက္ရဖို႔ ရွိေနသလို ရာသီကုန္မွာ ေပါင္ ၃၄ သန္းနဲ႔ ေခၚယူမယ့္အခ်က္ကိုလည္း သေဘာတူညီမႈထဲမွာ ထည့္သြင္းခ်ဳပ္ဆိုသြားရဖို႔ ရွိေနပါတယ္။

ေဈးကြက္ရဲ႕ ဘာကိုမွ ကံေသကံမ မေျပာႏိုင္တဲ့ အေျခအေနအတြက္ေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားၿပီး ေနာက္ခံလူေနရာအတြက္ ထရက္ဗို ခ်ာလိုဘာက အစမ္းသပ္ခံႏိုင္တဲ့ အဆင့္ကို ေရာက္လာသလို ကြင္းလယ္အဖ်က္ကစားသမား အီသန္ အမ္ပါဒူကိုလည္း ႏွစ္ႏွစ္ဆက္တိုက္ အငွားခ်အၿပီး ဒီရာသီမွာေတာ့ အသင္းမွာ ထိန္းသိမ္းသြားဖို႔ စီစဥ္ေနတာေၾကာင့္ Deadline Day မွာ မာရီနာ၊ ပီတာခ်က္တို႔အဖြဲ႕ ေအာင္ပြဲခံႏိုင္မလားေတာ့ စိတ္လႈပ္ရွားဖြယ္ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.