Premier League

၉.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ စနေနေ့။

၉.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ စနေနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၁:၁၄ အထိ တိထီ ၂ လုံး။ ကျော်လျှင် ၃ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၇:၂၃ အထိ အနုရာဓနက္ခတ်။ ကျော်လျှင် ဇေဋ္ဌနက္ခတ်။ နံနက် ၁၀:၃၂ အထိ ပရီဃယုဂ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရခြင်း၊ အခက်အခဲ၊ အတားအဆီးအား ကျော်ဖြတ်ပြီးမှ ချမ်းသာရာရခြင်းများ ရှိမည်။ ကျော်လျှင် သီဝယုဂ်၊ မင်္ဂလာရှိခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း၊ မင်္ဂလာယူလိုသည့် အလုပ်များ၊ အခမ်းအနားများ၊ ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၁၄ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၀၄ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
နံနက် ၁၁:၁၄ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)

UNICODE: ၉.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ စနေနေ့၊ ရက်ရာဇာ။