Premier League Transfer News

အာဆင်နယ်က ခပ်ပြတ်ပြတ် ထွက်ခွာမှာဖြစ်ပြီး ငွေမက်သူတွေကို သိမ်ငယ်စေတဲ့ ဝီလီယန်

ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမှာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်အသင်းကို အလွတ်ပြောင်းရွှေ့လာခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ အထိ ရရှိနေတဲ့ ဝီလီယန်ဟာ သူ့ရဲ့ အမ်းမရိတ်နဲ့ နှစ်နှစ်ကျန်စာချုပ်ကို ဆွဲဆုတ်ပြီး မွေးရပ်မြေ ကော်ရင်သီယန်အသင်းကို ပြန်ကစားဖို့ အဆင့်သင့်ဖြစ်နေခဲ့ပြီး ညှိနှိုင်းမှုတွေက နောက်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

တစ်ပတ်ကို တချို့က ပေါင် ၂၂၀၀၀၀ ရနေတယ်လို့လည်း ပြောကြတဲ့ အသက် ၃၃ နှစ်အရွယ် ဘရာဇီးလ်သားဟာ သူ့ရဲ့ လက်ကျန်စာချုပ်အရ အာဆင်နယ်မှာ ဆက်နေရင် ခံစားခွင့်ရမယ့် ပေါင်သန်း ၂၀.၉ သန်းကနေ ၂၂.၈ သန်းကြား ဝင်ငွေကို လက်လွတ်ခံခဲ့ရတာဖြစ်ပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ရှိနေသလို သူ့ရဲ့ ကစားသမားမာနနဲ့ လုပ်ရပ်က တချို့လူတွေကို သိမ်ငယ်စေခဲ့တာပါ။

လက်ရှိမှာတော့ အာဆင်နယ်အသင်းမှာ စာချုပ်ဖျက်ချင်ရင် လက်ကျန်စာချုပ်ကို ငွေလက်ငင်း ရှင်းပေးပါလို့ဆိုနေတဲ့ နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်က ပြဿနာရှာနေခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေတဲ့ ဘော့စနီးယားသားဟာ လက်ကျန် ဆယ်လစာ ပေါင်ငါးသန်းကျော်ကို အလိုရှိနေသလို သူ့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကိုမှ မထောက်ဘဲ တောင်းဆိုရဲခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၉ ပွဲသာ ကစားခဲ့ရပြီး ဆောင်းရာသီမှာ ရှော်လ်ကာဆီကို အငှားထွက်ကစားခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် နောက်ခံလူဟာ ခံစစ်မှာ ဦးနှောက်သုံးမကစားတဲ့ ပုံစံကြောင့် ပရိသတ်တွေ စိတ်ပျက်ရသူဖြစ်ပြီး အသင်းဟောင်း ဘွန်ဒက်စ်လီဂါက တန်းဆင်းခဲ့ရချိန်မှာတော့ အပြီးသတ်ပြောင်းဖို့ လေသံဟစ်ပြီးမှ အမ်းမရိတ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ရှော်လ်ကာမှာ သိသိသာသာ လျော့နည်းသွားမယ့် လစာငွေကြောင့် အသင်းမပြောင်းဖြစ်တာလို့ ခန့်မှန်းနေခဲ့ကြပြီး လက်ရှိမှာ လမ်းခွဲဖို့ တောင်းဆိုခဲ့တဲ့ ငွေကြေးအရ ပိုမိုသေချာလာခဲ့သလို “မင်းတို့ သူငယ်ချင်းနှစ်ယောက်က အဲ့ဒီလိုပဲလား”လို့ ဖီနာဘာချီကို ထွက်သွားတဲ့ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ်ကိုပါ ထည့်ပြောစရာဖြစ်ခဲ့ပြီး တူရကီရောက် ကစားသမားကလည်း ရာသီဝက်လစာငွေ ယူရို ၈ သန်းခွဲကို မရမက တောင်းခဲ့တာပါ။

သူသွားချင်တဲ့ အသင်းကို သွားဖို့ ယူရို ၈ သန်းခွဲ တောင်းသွားခဲ့တဲ့ လုပ်ရပ်ဟာ ရိုးမားအသင်းကို ပြောင်းသွားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဟင်းနရစ် မစ်ခီတာရီယန်ရဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမှုနဲ့တော့ နှိုင်းယှဉ်လို့ မရဘဲဖြစ်ခဲ့သလို အသင်းမှာ မကစားရဘဲ အရန်ခုံချည်း ထိုင်နေရတာတောင် လစာကုပ်ကပ်တောင်းခဲ့တဲ့ လုပ်ရပ်မျိုးက အာဆင်နယ်မှာ သိပ်တွဲခဲ့တဲ့ သူ့ရဲ့ ဘော်ဒါ ကိုလာစီနက်ချ်ဆီမှာပါ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက အာမေးနီးယားသားကြောင့် ငွေမက်တယ်လို့ အပြောခံခဲ့ရတဲ့ အိုဇေးလ်လိုပဲ ဒီတစ်ကြိမ်မှာလည်း အသင်းမှာ ကျန်နေဆဲ ကိုလာစီနက်ချ်အနေနဲ့ အနည်းဆုံး ပေါင်သန်း ၂၀ ကျော်ကို မကစားရဘဲ မယူဘူးလို့ စွန့်လွှတ်ပြခဲ့တဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ မာနနဲ့ ဘရာဇီးလ်သား ဝီလီယန်ကတော့ အသင်းကို အကျိုးမပြုနိုင်ဘဲ ထွက်သွားခဲ့ရင်တောင် အာဆင်နယ်ပရိသတ်တွေရဲ့ မေတ္တာကို ရရှိဦးမှာဖြစ်ပြီး တချို့လူတွေကိုလည်း သိမ်ငယ်စေဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမှာ ချဲလ်ဆီးအသင်းကနေ အာဆင်နယ်အသင်းကို အလွတ်ပြောင်းရွှေ့လာခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၄၀၀၀၀ အထိ ရရှိနေတဲ့ ဝီလီယန်ဟာ သူ့ရဲ့ အမ်းမရိတ်နဲ့ နှစ်နှစ်ကျန်စာချုပ်ကို ဆွဲဆုတ်ပြီး မွေးရပ်မြေ ကော်ရင်သီယန်အသင်းကို ပြန်ကစားဖို့ အဆင့်သင့်ဖြစ်နေခဲ့ပြီး ညှိနှိုင်းမှုတွေက နောက်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။


လက်ရှိမှာတော့ အာဆင်နယ်အသင်းမှာ စာချုပ်ဖျက်ချင်ရင် လက်ကျန်စာချုပ်ကို ငွေလက်ငင်း ရှင်းပေးပါလို့ဆိုနေတဲ့ နောက်ခံလူ ဆိဒ် ကိုလာစီနက်ခ်ျက ပြဿနာရှာနေခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေတဲ့ ဘော့စနီးယားသားဟာ လက်ကျန် ဆယ်လစာ ပေါင်ငါးသန်းကျော်ကို အလိုရှိနေသလို သူ့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကိုမှ မထောက်ဘဲ တောင်းဆိုရဲခဲ့တာလည်းဖြစ်ပါတယ်။



သူသွားချင်တဲ့ အသင်းကို သွားဖို့ ယူရို ၈ သန်းခွဲ တောင်းသွားခဲ့တဲ့ လုပ်ရပ်ဟာ ရိုးမားအသင်းကို ပြောင်းသွားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဟင်းနရစ် မစ်ခီတာရီယန်ရဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမှုနဲ့တော့ နှိုင်းယှဉ်လို့ မရဘဲဖြစ်ခဲ့သလို အသင်းမှာ မကစားရဘဲ အရန်ခုံချည်း ထိုင်နေရတာတောင် လစာကုပ်ကပ်တောင်းခဲ့တဲ့ လုပ်ရပ်မျိုးက အာဆင်နယ်မှာ သိပ်တွဲခဲ့တဲ့ သူ့ရဲ့ ဘော်ဒါ ကိုလာစီနက်ခ်ျဆီမှာပါ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက အာမေးနီးယားသားကြောင့် ငွေမက်တယ်လို့ အပြောခံခဲ့ရတဲ့ အိုဇေးလ်လိုပဲ ဒီတစ်ကြိမ်မှာလည်း အသင်းမှာ ကျန်နေဆဲ ကိုလာစီနက်ခ်ျအနေနဲ့ အနည်းဆုံး ပေါင်သန်း ၂၀ ကျော်ကို မကစားရဘဲ မယူဘူးလို့ စွန့်လွှတ်ပြခဲ့တဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ မာနနဲ့ ဘရာဇီးလ်သား ဝီလီယန်ကတော့ အသင်းကို အကျိုးမပြုနိုင်ဘဲ ထွက်သွားခဲ့ရင်တောင် အာဆင်နယ်ပရိသတ်တွေရဲ့ မေတ္တာကို ရရှိဦးမှာဖြစ်ပြီး တချို့လူတွေကိုလည်း သိမ်ငယ်စေဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.