Analysis UCL&UEL

လက်စတာ ရုန်းကန်ရနိုင်ပြီး အုပ်စုချောင်တဲ့ ဝက်စ်ဟမ်းတို့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်မဲခွဲမှုများ

ဒီနေ့ညနေမှာ ယူရိုပါလိဂ်ပွဲစဉ်တွေကို မဲခွဲရေးဆွဲခဲ့ရာမှာတော့ အင်္ဂလန်ကိုယ်စားပြုနှစ်သင်းဖြစ်ကြတဲ့ လက်စတာစီးတီးနဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့အနေနဲ့ အုပ်စု(C)နဲ့ အုပ်စု(H)တွေမှာ မတူညီတဲ့ နေရာချထားမှုတွေကို တွေ့ကြုံခဲ့ရပြီး လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ အုပ်စုပွဲစဉ်(၁)ကို စတင်ကစားကြရမှာ ဖြစ်ပါတယ်။

မဲခွဲမှုမှာ မဲအိုး(၂)ဆီ ပါဝင်သွားခဲ့တဲ့ လက်စတာစီးတီးအသင်းအနေနဲ့ ကံမကောင်းခဲ့ဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး အီတလီအင်အားကြီး နာပိုလီနဲ့ ခက်ခက်ခဲခဲ အပြန်အလှန် တိုက်ပွဲဆင်ရနိုင်သလို ကျန်တဲ့နှစ်သင်းကလည်း ဆောင်းရာသီ အအေးဓာတ်အားကိုးနဲ့ လျှော့တွက်လို့မရတဲ့ ရုရှားကလပ် စပါးတပ်စ် မော်စကိုနဲ့ ပိုလန်ရဲ့ လီဂီယာ ဗာဆာဗာ(ဝါဆော)တို့ ဖြစ်နေလို့ အုပ်စုက ကျပ်တယ်တောင် ပြောရမယ့် အနေအထားပါ။

နည်းပြ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အသင်းကို ဆလားဗီးယား ပရာဟာကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး ခြေချော်ခဲ့တာမျိုးတော့ ထပ်မဖြစ်အောင် ကြိုးစားရမှာဖြစ်ပေမယ့် ဒီအဆင့်တွေကို ရောက်ဖို့ အုပ်စု(C)မှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဆင်ရမှာဖြစ်လို့ အသင်းလိုက် ရုန်းအားကတော့ အမှားမခံနိုင်တဲ့ အုပ်စုမှာ အရေးပါလာဖို့ ရှိနေပါတယ်။

တစ်ချိန်တည်းမှာ အုပ်စု(H)မှာ ကျရောက်နေတဲ့ ဝက်စ်ဟမ်းတို့ကတော့ မဲအိုး(၃)ကနေ စတင်ခဲ့ရပေမယ့် အသင်းကြီးတွေကို ရှောင်လွှဲနိုင်ခဲ့ပြီး အေးအေးဆေးဆေးဖြစ်ခဲ့သလို မနှစ်က ကွာတားဖိုင်နယ်ရောက် ဒီနာမို ဇာဂရက်ဘ်၊ ဂျင့်ခ်၊ ရက်ပစ် ဗီယင်နာတို့နဲ့ တွေ့ဆုံနေပြီး သူတို့ရဲ့ လက်ရှိခြေစွမ်းအရ အုပ်စုဗိုလ်တောင် ဖြစ်လာဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်ရဲ့ အစမ်းသပ်ခံနိုင်စွမ်းကို ယူရိုပါလိဂ်မှာ ပြသရမှာဖြစ်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်နှစ်ပွဲမှာ နှစ်ပွဲစလုံး ၄ ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းကောင်းမွန်မှုက သူတို့ကို ယူရိုပါလိဂ်မှာ ရှုံးထွက်အဆင့်တွေဆီ ခရီးနှင်နိုင်ဖို့တော့ ယုံကြည်နိုင်မယ့် အနေအထားဖြစ်နေသလို ဟမ်းမားတွေ ဒီရာသီမှာ အမြင့်ပျံနိုင်မလား စောင့်ကြည့်ရမှာပါ။

အုပ်စု(B)က မိုနာကို၊ ပီအက်စ်ဗီ၊ ဆိုစီဒက်နဲ့ စထရမ်း ဂရက်ဇ်တို့ရဲ့ တွေ့ဆုံမှုကလည်း ကျပ်တည်းတယ်လို့ ဆိုရမှာဖြစ်ပြီး အုပ်စု(E)ရဲ့ လာဇီယို၊ လိုကိုမိုးတစ် မော်စကို၊ မာဆေးနဲ့ ဂါလာတာစာရေးတို့ရဲ့ အတွဲအဖက်တွေကလည်း ကြမ်းတယ်လို့ ပြောနိုင်သလို အုပ်စု(G)ရဲ့ လေဗာကူဆင်၊ ဆဲလ်တစ်၊ ဘက်တစ်နဲ့ ဖီရန်ဗာရို့စ်တို့ကလည်း မချောင်ဘူးလို့ တွက်ဆနိုင်ပါတယ်။

အုပ်စုအဆင့် မဲခွဲမှု အပြည့်အစုံ – အုပ်စု(A) လီယွန်၊ ရိန်းဂျားစ်၊ စပါတာ ပရာဟာ၊ ဘရွန်ဘီ။ အုပ်စု(B) မိုနာကို၊ ပီအက်စ်ဗီ၊ ဆိုစီဒက်၊ စထရမ်း ဂရက်ဇ်။ အုပ်စု(C) နာပိုလီ၊ လက်စတာ၊ စပါးတပ်စ် မော်စကို၊ လီဂီယာ ဝါဆော။ အုပ်စု(D) အိုလံပီယာကော့စ်၊ ဖရန့်ဖတ်၊ ဖီနာဘာချီ၊ အန့်တ်ဝပ်။ အုပ်စု(E) လာဇီယို၊ လိုကိုမိုးတစ် မော်စကို၊ မာဆေး၊ ဂါလာတာစာရေး။ အုပ်စု(F) ဘရာဂါ၊ ရက်ဒ်စတား ဘဲလ်ဂရိတ်၊ လူဒိုဂိုရက်စ်၊ မစ်ဂျဲလန်း။ အုပ်စု(G) လေဗာကူဆင်၊ ဆဲလ်တစ်၊ ဘက်တစ်၊ ဖီရန်ဗာရို့စ်။ အုပ်စု(H) ဒီနာမို ဇာဂရက်ဘ်၊ ဂျင့်ခ်၊ ဝက်စ်ဟမ်း၊ ရက်ပစ် ဗီယင်နာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ညေနမွာ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကို မဲခြဲေရးဆြဲခဲ့ရာမွာေတာ့ အဂၤလန္ကိုယ္စားျပဳႏွစ္သင္းျဖစ္ၾကတဲ့ လက္စတာစီးတီးနဲ႔ ဝက္စ္ဟမ္း ယူႏိုက္တက္တို႔အေနနဲ႔ အုပ္စု(C)နဲ႔ အုပ္စု(H)ေတြမွာ မတူညီတဲ့ ေနရာခ်ထားမႈေတြကို ေတြ႕ႀကဳံခဲ့ရၿပီး လာမယ့္ စက္တင္ဘာလ ၁၆ ရက္ေန႔မွာ အုပ္စုပြဲစဥ္(၁)ကို စတင္ကစားၾကရမွာ ျဖစ္ပါတယ္။

မဲခြဲမႈမွာ မဲအိုး(၂)ဆီ ပါဝင္သြားခဲ့တဲ့ လက္စတာစီးတီးအသင္းအေနနဲ႔ ကံမေကာင္းခဲ့ဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး အီတလီအင္အားႀကီး နာပိုလီနဲ႔ ခက္ခက္ခဲခဲ အျပန္အလွန္ တိုက္ပြဲဆင္ရႏိုင္သလို က်န္တဲ့ႏွစ္သင္းကလည္း ေဆာင္းရာသီ အေအးဓာတ္အားကိုးနဲ႔ ေလွ်ာ့တြက္လို႔မရတဲ့ ႐ုရွားကလပ္ စပါးတပ္စ္ ေမာ္စကိုနဲ႔ ပိုလန္ရဲ႕ လီဂီယာ ဗာဆာဗာ(ဝါေဆာ)တို႔ ျဖစ္ေနလို႔ အုပ္စုက က်ပ္တယ္ေတာင္ ေျပာရမယ့္ အေနအထားပါ။

နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက အသင္းကို ဆလားဗီးယား ပရာဟာကို အိမ္ကြင္းမွာ ရႈံးခဲ့ၿပီး ေျခေခ်ာ္ခဲ့တာမ်ိဳးေတာ့ ထပ္မျဖစ္ေအာင္ ႀကိဳးစားရမွာျဖစ္ေပမယ့္ ဒီအဆင့္ေတြကို ေရာက္ဖို႔ အုပ္စု(C)မွာ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ပြဲဆင္ရမွာျဖစ္လို႔ အသင္းလိုက္ ႐ုန္းအားကေတာ့ အမွားမခံႏိုင္တဲ့ အုပ္စုမွာ အေရးပါလာဖို႔ ရွိေနပါတယ္။

တစ္ခ်ိန္တည္းမွာ အုပ္စု(H)မွာ က်ေရာက္ေနတဲ့ ဝက္စ္ဟမ္းတို႔ကေတာ့ မဲအိုး(၃)ကေန စတင္ခဲ့ရေပမယ့္ အသင္းႀကီးေတြကို ေရွာင္လႊဲႏိုင္ခဲ့ၿပီး ေအးေအးေဆးေဆးျဖစ္ခဲ့သလို မႏွစ္က ကြာတားဖိုင္နယ္ေရာက္ ဒီနာမို ဇာဂရက္ဘ္၊ ဂ်င့္ခ္၊ ရက္ပစ္ ဗီယင္နာတို႔နဲ႔ ေတြ႕ဆုံေနၿပီး သူတို႔ရဲ႕ လက္ရွိေျခစြမ္းအရ အုပ္စုဗိုလ္ေတာင္ ျဖစ္လာဖို႔ ရွိေနပါတယ္။

ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္ရဲ႕ အစမ္းသပ္ခံႏိုင္စြမ္းကို ယူ႐ိုပါလိဂ္မွာ ျပသရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ႏွစ္ပြဲမွာ ႏွစ္ပြဲစလုံး ၄ ဂိုးစီ သြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္ပိုင္းေကာင္းမြန္မႈက သူတို႔ကို ယူ႐ိုပါလိဂ္မွာ ရႈံးထြက္အဆင့္ေတြဆီ ခရီးႏွင္ႏိုင္ဖို႔ေတာ့ ယုံၾကည္ႏိုင္မယ့္ အေနအထားျဖစ္ေနသလို ဟမ္းမားေတြ ဒီရာသီမွာ အျမင့္ပ်ံႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

အုပ္စု(B)က မိုနာကို၊ ပီအက္စ္ဗီ၊ ဆိုစီဒက္နဲ႔ စထရမ္း ဂရက္ဇ္တို႔ရဲ႕ ေတြ႕ဆုံမႈကလည္း က်ပ္တည္းတယ္လို႔ ဆိုရမွာျဖစ္ၿပီး အုပ္စု(E)ရဲ႕ လာဇီယို၊ လိုကိုမိုးတစ္ ေမာ္စကို၊ မာေဆးနဲ႔ ဂါလာတာစာေရးတို႔ရဲ႕ အတြဲအဖက္ေတြကလည္း ၾကမ္းတယ္လို႔ ေျပာႏိုင္သလို အုပ္စု(G)ရဲ႕ ေလဗာကူဆင္၊ ဆဲလ္တစ္၊ ဘက္တစ္နဲ႔ ဖီရန္ဗာ႐ို႕စ္တို႔ကလည္း မေခ်ာင္ဘူးလို႔ တြက္ဆႏိုင္ပါတယ္။

အုပ္စုအဆင့္ မဲခြဲမႈ အျပည့္အစုံ – အုပ္စု(A) လီယြန္၊ ရိန္းဂ်ားစ္၊ စပါတာ ပရာဟာ၊ ဘ႐ြန္ဘီ။ အုပ္စု(B) မိုနာကို၊ ပီအက္စ္ဗီ၊ ဆိုစီဒက္၊ စထရမ္း ဂရက္ဇ္။ အုပ္စု(C) နာပိုလီ၊ လက္စတာ၊ စပါးတပ္စ္ ေမာ္စကို၊ လီဂီယာ ဝါေဆာ။ အုပ္စု(D) အိုလံပီယာေကာ့စ္၊ ဖရန႔္ဖတ္၊ ဖီနာဘာခ်ီ၊ အန႔္တ္ဝပ္။ အုပ္စု(E) လာဇီယို၊ လိုကိုမိုးတစ္ ေမာ္စကို၊ မာေဆး၊ ဂါလာတာစာေရး။ အုပ္စု(F) ဘရာဂါ၊ ရက္ဒ္စတား ဘဲလ္ဂရိတ္၊ လူဒိုဂိုရက္စ္၊ မစ္ဂ်ဲလန္း။ အုပ္စု(G) ေလဗာကူဆင္၊ ဆဲလ္တစ္၊ ဘက္တစ္၊ ဖီရန္ဗာ႐ို႕စ္။ အုပ္စု(H) ဒီနာမို ဇာဂရက္ဘ္၊ ဂ်င့္ခ္၊ ဝက္စ္ဟမ္း၊ ရက္ပစ္ ဗီယင္နာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.