မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ကွင်းလယ်လူ ဖရက်ဒ်နောက်ပိုင်း တစ်ယောက်မှ လူသစ်မခေါ်ဖြစ်သေးတဲ့ Box to Box နဲ့ အဖျက်ပိုင်းအတွက် ပြင်သစ်လီဂူးဝမ်းက ထွန်းထောက်နေတဲ့ ကြယ်ပွင့်ကစားသမားနှစ်ဦးကို ခေါ်ယူနိုင်ဖို့ လက်ကျန် အပြောင်းအရွှေ့ကာလမှာ ကြိုးစားနေပြီး ဘာတွေ ထူးခြားလာမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကွင်းလယ်မှာ မျက်နှာသစ်အဖြစ် အကယ်ဒမီထွက် စကော့ မက်တော်မီနေး ရောက်ရှိလာပြီး သူဟာ အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်အထိုင်ဖြစ်နေချိန်မှာ ဖရက်ဒ်က ခြေမတွေ့ရင် တော်တော်ဆိုးပြီး နီမန်ဂျာ မာတစ်ချ်ကို ဆက်သုံးရင်တော့ ဘာတွေဖြစ်မယ်ဆိုတာ ဆောက်သမ်တန်နဲ့ပွဲမှာ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားနဲ့ ယူနိုက်တက်တာဝန်ရှိသူတွေ ကောင်းကောင်းသင်ခန်းစာရခဲ့ပြီးလည်းဖြစ်မှာပါ။
ဒါကြောင့် ကွင်းလယ်မှာ ကစားအားကောင်းကောင်းနဲ့ အမှားအယွင်းနည်းနည်း ကစားနိုင်မယ့်သူမျိုးတွေကို ယူနိုက်တက်တို့ အလိုရှိနေပြီး ပေါင်သန်း ၄၀ အောက်မှာ ခေါ်ယူနိုင်မယ့်သူတွေဖြစ်ကြတဲ့ ရင်းနေးရဲ့ အီဒူယာဒို ကာမာဗင်ဂါနဲ့ မိုနာကိုရဲ့ အော်ရယ်လီယင် ချွာမင်နီတို့ကို စိတ်ဝင်စားလာခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်တို့ရဲ့ လုပ်ဆောင်မှုတွေကို အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ်က ထုတ်ဖော်လိုက်တာဖြစ်ပြီး ကွင်းလယ်မှာ ဒွန်နီ ဗန်ဒဘိခ်ကို သုံးစွဲဖို့ အဆင်မပြေချိန်မှာ ကစားသမားသစ် ရှာဖွေဖို့က အဖြေဖြစ်လာခဲ့ပြီး ဈေးနှုန်းကြီးမြင့်လွန်းတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ ဂျွန်မာတပ်ဖ်နဲ့ ဒါရင်း ဖလက်ချာတို့ရဲ့ ရေဒါထဲက ထွက်သွားခဲ့တာပါ။
ရင်းနေးအသင်းအနေနဲ့ အသင်းနဲ့ ၂၀၂၂ ခုနှစ် နွေရာသီအထိသာ စာချုပ်ကျန်ရှိတော့တဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ ကာမာဗင်ဂါကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ မျှော်လင့်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဒီနွေရာသီမှာပဲ ရောင်းချသွားဖို့ ရှိနေတာဖြစ်သလို ယူနိုက်တက်တို့အနေနဲ့ ပေါင် ၂၅ သန်း ဝန်းကျင်နဲ့တောင် ရရှိနိုင်မယ်လို့ တချို့သတင်းရင်းမြစ်တွေက ဆိုနေကြပါတယ်။
ချဲလ်ဆီးအသင်းနဲ့ သတင်းထွက်နေခဲ့တဲ့ ယူရိုသန်း ၃၀ (ပေါင် ၂၅.၇၅ သန်း)တန် ချွာမင်နီကိုတော့ အက်သလက်တီကိုရဲ့ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က အခြေအနေကြောင့် ယူနိုက်တက်တို့အနေနဲ့ လွတ်လွတ်ကျွတ်ကျွတ် တစ်ဦးတည်းမူပိုင် ဆွေးနွေးနိုင်ဖို့ ရှိနေပြီး ဩဂုတ်လ ၃၁ ရက် ည ၁၁ နာရီ မတိုင်ခင်မှာ အပြီးသတ်နိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။
လက်ရှိဘဏ္ဏာရေးအခြေအနေအရတော့ ဂျေဒန် ဆန်ချိုနဲ့ ရာဖေးလ် ဗာရွန်းတို့ကို ခေါ်ယူထားခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ ကစားသမားနှစ်ယောက်စလုံးကို ခေါ်ယူမှာ မဟုတ်ဘဲ အသင်းအတွက် တကယ်လိုအပ်မယ့် တစ်ဦးကိုသာ ခေါ်ယူမှာဖြစ်လို့ ပြင်သစ်သားနှစ်ယောက်မှာ ဘယ်သူနဲ့ လက်တွဲဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္းမွာ ကြင္းလယ္လူ ဖရက္ဒ္ေနာက္ပိုင္း တစ္ေယာက္မွ လူသစ္မေခၚျဖစ္ေသးတဲ့ Box to Box နဲ႔ အဖ်က္ပိုင္းအတြက္ ျပင္သစ္လီဂူးဝမ္းက ထြန္းေထာက္ေနတဲ့ ၾကယ္ပြင့္ကစားသမားႏွစ္ဦးကို ေခၚယူႏိုင္ဖို႔ လက္က်န္ အေျပာင္းအေ႐ႊ႕ကာလမွာ ႀကိဳးစားေနၿပီး ဘာေတြ ထူးျခားလာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
ကြင္းလယ္မွာ မ်က္ႏွာသစ္အျဖစ္ အကယ္ဒမီထြက္ စေကာ့ မက္ေတာ္မီေနး ေရာက္ရွိလာၿပီး သူဟာ အသင္းရဲ႕ အေကာင္းဆုံး ကြင္းလယ္အထိုင္ျဖစ္ေနခ်ိန္မွာ ဖရက္ဒ္က ေျခမေတြ႕ရင္ ေတာ္ေတာ္ဆိုးၿပီး နီမန္ဂ်ာ မာတစ္ခ်္ကို ဆက္သုံးရင္ေတာ့ ဘာေတြျဖစ္မယ္ဆိုတာ ေဆာက္သမ္တန္နဲ႔ပြဲမွာ နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားနဲ႔ ယူႏိုက္တက္တာဝန္ရွိသူေတြ ေကာင္းေကာင္းသင္ခန္းစာရခဲ့ၿပီးလည္းျဖစ္မွာပါ။
ဒါေၾကာင့္ ကြင္းလယ္မွာ ကစားအားေကာင္းေကာင္းနဲ႔ အမွားအယြင္းနည္းနည္း ကစားႏိုင္မယ့္သူမ်ိဳးေတြကို ယူႏိုက္တက္တို႔ အလိုရွိေနၿပီး ေပါင္သန္း ၄၀ ေအာက္မွာ ေခၚယူႏိုင္မယ့္သူေတြျဖစ္ၾကတဲ့ ရင္းေနးရဲ႕ အီဒူယာဒို ကာမာဗင္ဂါနဲ႔ မိုနာကိုရဲ႕ ေအာ္ရယ္လီယင္ ခြၽာမင္နီတို႔ကို စိတ္ဝင္စားလာခဲ့တာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္တို႔ရဲ႕ လုပ္ေဆာင္မႈေတြကို အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္က ထုတ္ေဖာ္လိုက္တာျဖစ္ၿပီး ကြင္းလယ္မွာ ဒြန္နီ ဗန္ဒဘိခ္ကို သုံးစြဲဖို႔ အဆင္မေျပခ်ိန္မွာ ကစားသမားသစ္ ရွာေဖြဖို႔က အေျဖျဖစ္လာခဲ့ၿပီး ေဈးႏႈန္းႀကီးျမင့္လြန္းတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကေတာ့ ဂြၽန္မာတပ္ဖ္နဲ႔ ဒါရင္း ဖလက္ခ်ာတို႔ရဲ႕ ေရဒါထဲက ထြက္သြားခဲ့တာပါ။
ရင္းေနးအသင္းအေနနဲ႔ အသင္းနဲ႔ ၂၀၂၂ ခုႏွစ္ ေႏြရာသီအထိသာ စာခ်ဳပ္က်န္ရွိေတာ့တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ကာမာဗင္ဂါကို စာခ်ဳပ္သက္တမ္း တိုးႏိုင္ဖို႔ ေမွ်ာ္လင့္ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ ဒီေႏြရာသီမွာပဲ ေရာင္းခ်သြားဖို႔ ရွိေနတာျဖစ္သလို ယူႏိုက္တက္တို႔အေနနဲ႔ ေပါင္ ၂၅ သန္း ဝန္းက်င္နဲ႔ေတာင္ ရရွိႏိုင္မယ္လို႔ တခ်ိဳ႕သတင္းရင္းျမစ္ေတြက ဆိုေနၾကပါတယ္။
ခ်ဲလ္ဆီးအသင္းနဲ႔ သတင္းထြက္ေနခဲ့တဲ့ ယူ႐ိုသန္း ၃၀ (ေပါင္ ၂၅.၇၅ သန္း)တန္ ခြၽာမင္နီကိုေတာ့ အက္သလက္တီကိုရဲ႕ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူဖို႔ နီးစပ္ေနတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္က အေျခအေနေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ တစ္ဦးတည္းမူပိုင္ ေဆြးေႏြးႏိုင္ဖို႔ ရွိေနၿပီး ဩဂုတ္လ ၃၁ ရက္ ည ၁၁ နာရီ မတိုင္ခင္မွာ အၿပီးသတ္ႏိုင္ဖို႔ ရည္႐ြယ္ေနတာျဖစ္ပါတယ္။
လက္ရွိဘဏၰာေရးအေျခအေနအရေတာ့ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ရာေဖးလ္ ဗာ႐ြန္းတို႔ကို ေခၚယူထားခဲ့တဲ့ ယူႏိုက္တက္တို႔အေနနဲ႔ ကစားသမားႏွစ္ေယာက္စလုံးကို ေခၚယူမွာ မဟုတ္ဘဲ အသင္းအတြက္ တကယ္လိုအပ္မယ့္ တစ္ဦးကိုသာ ေခၚယူမွာျဖစ္လို႔ ျပင္သစ္သားႏွစ္ေယာက္မွာ ဘယ္သူနဲ႔ လက္တြဲျဖစ္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.