Premier League Serie A Transfer News

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာစီးတီးတို့ သဘောတူပြီလို့ သတင်းထွက်ပေါ်လာ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းနဲ့ ချစ်လျက်နဲ့ခွဲခွာခဲ့ရအပြီးမှာ ဂျူဗင်တပ်စ်အသင်းကနေ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ နွေရာသီ အပြောင်းအရွှေ့ကာလ ရက်သတ္တပတ်တစ်ပတ်အကျန်မှာ သတင်းတွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ နည်းပြ ဂွါဒီယိုလာနဲ့ မန်စီးတီးတို့ဘက်က လိုချင်တဲ့ ဟာရီကိန်းနဲ့ အာလင်း ဟားလန်းတို့လို ထိပ်တန်း ကစားသမားတွေကို တစ်ရာသီ စောင့်ဆိုင်းဖို့ ရေတိုအစီအစဉ်အတွက် ခေါ်ယူသုံးစွဲဖို့ စံပြကစားသမားတစ်ဦးလည်းဖြစ်ပြီး သူနဲ့ အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ဟာ အစ်တီဟတ်ရဲ့ အထောင်တိုက်စစ်မှူး ကွက်လပ်အတွက် ရေပန်းစားခဲ့ကြတာပါ။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို တစ်ပြိုင်တည်း သရဖူဆောင်းနိုင်ဖို့ တိုက်စစ်မှူးသစ် ဖြည့်ဆည်းရမယ့် မန်စီးတီးအသင်းဟာ နောက်ဆုံးမှာတော့ ရော်နယ်လ်ဒိုဘက်ကို လုံးပန်းလာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီရဲ့ လီယွန်နယ် မက်ဆီနဲ့ကြားက မပြီးဆုံးသေးတဲ့ ဘယ်လွန်ဒေါပြိုင်ဆိုင်မှုအတွက်လည်း ကျေနပ်လက်ခံစရာဖြစ်နေပါတယ်။

မန်စီးတီးတို့အနေနဲ့ ရော်နယ်လ်ဒိုအတွက် အခွန်ဆောင်အပြီး တစ်နှစ်လုပ်ခ ယူရို ၁၅ သန်း (ပေါင် ၁၂.၈၅ သန်း) အသားတင်ပေးချေမှုနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပြီး အင်္ဂလန်ရဲ့ အခွန်စည်းကျပ်မှု နှုန်းထားတွေအရတော့ တစ်ပတ်ကို မူလကနဦးလုပ်ခ ပေါင်ငါးသိန်း ပေးချေရနိုင်တာလည်းဖြစ်ပါတယ်။

အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ ပရိသတ်တွေအတွက်တော့ ဒေါသထွက်စရာဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့ဟာ ကားလို့စ် တီဗက်ဇ်နောက် ဒုတိယမြောက် ရန်စမှုလို့လည်း ဆိုနေကြပြီး ပေါ်တူဂီသားကြီးအနေနဲ့ သူ့ရဲ့ အသက် ၄၀ အထိ ကစားသွားလိုတဲ့ လက်ကျန် ဘောလုံးသမားဘဝအတွက်တော့ ဖိအားတွေကို ဂရုမစိုက်ဘဲ ရွေးချယ်သွားနိုင်တာလည်းဖြစ်ပါတယ်။

စပိန်သတင်းဌာန AS က ဖော်ပြခဲ့တဲ့ သတင်းမှာ ရော်နယ်လ်ဒိုရဲ့ အေးဂျင့် ဂျော်ဂျီ မန်ဒက်စ်နဲ့ မန်စီးတီးတို့ကြား ကစားသမားအတွက် ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့အပြီး ဂျူဗင်တပ်စ်အသင်းနဲ့တော့ ယူရို ၂၅ သန်း(ပေါင် ၂၁ သန်း)ဝန်းကျင် ကျသင့်နိုင်တဲ့ ပြောင်းရွှေ့ကြေးကို ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပြီး ရာဟင်းမ် စတာလင်နဲ့ ပေါ်တူဂီသားကို လဲလှယ်စေဖို့လည်း ရွေးချယ်စရာတစ်ရပ်အဖြစ် အဆိုပြုထားပါတယ်။

ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ဂါဘရီယယ်လ် ဂျေဆူးစ်ကို တောင်းဆိုထားကြောင်းသိရပြီး ရော်နယ်လ်ဒိုတယောက် ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်အခြေချဖို့ တူရင်ကလပ်ရဲ့ ဒုက္ကဌ ပေဗယ်လ် နက်ဗက်က ပယ်ချထားပေမယ့် ကစားသမားကတော့ တူရင်က အသင်းဖော်တွေကို မန်စီးတီးကို ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း အသိပေးပြောဆိုထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းနဲ႔ ခ်စ္လ်က္နဲ႔ခြဲခြာခဲ့ရအၿပီးမွာ ဂ်ဴဗင္တပ္စ္အသင္းကေန ဝါရင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလ ရက္သတၱပတ္တစ္ပတ္အက်န္မွာ သတင္းေတြ စတင္ထြက္ေပၚလာခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ နည္းျပ ဂြါဒီယိုလာနဲ႔ မန္စီးတီးတို႔ဘက္က လိုခ်င္တဲ့ ဟာရီကိန္းနဲ႔ အာလင္း ဟားလန္းတို႔လို ထိပ္တန္း ကစားသမားေတြကို တစ္ရာသီ ေစာင့္ဆိုင္းဖို႔ ေရတိုအစီအစဥ္အတြက္ ေခၚယူသုံးစြဲဖို႔ စံျပကစားသမားတစ္ဦးလည္းျဖစ္ၿပီး သူနဲ႔ အာဆင္နယ္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ဟာ အစ္တီဟတ္ရဲ႕ အေထာင္တိုက္စစ္မႉး ကြက္လပ္အတြက္ ေရပန္းစားခဲ့ၾကတာပါ။

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားကို တစ္ၿပိဳင္တည္း သရဖူေဆာင္းႏိုင္ဖို႔ တိုက္စစ္မႉးသစ္ ျဖည့္ဆည္းရမယ့္ မန္စီးတီးအသင္းဟာ ေနာက္ဆုံးမွာေတာ့ ေရာ္နယ္လ္ဒိုဘက္ကို လုံးပန္းလာခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီရဲ႕ လီယြန္နယ္ မက္ဆီနဲ႔ၾကားက မၿပီးဆုံးေသးတဲ့ ဘယ္လြန္ေဒါၿပိဳင္ဆိုင္မႈအတြက္လည္း ေက်နပ္လက္ခံစရာျဖစ္ေနပါတယ္။

မန္စီးတီးတို႔အေနနဲ႔ ေရာ္နယ္လ္ဒိုအတြက္ အခြန္ေဆာင္အၿပီး တစ္ႏွစ္လုပ္ခ ယူ႐ို ၁၅ သန္း (ေပါင္ ၁၂.၈၅ သန္း) အသားတင္ေပးေခ်မႈနဲ႔ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရခဲ့တာျဖစ္ၿပီး အဂၤလန္ရဲ႕ အခြန္စည္းက်ပ္မႈ ႏႈန္းထားေတြအရေတာ့ တစ္ပတ္ကို မူလကနဦးလုပ္ခ ေပါင္ငါးသိန္း ေပးေခ်ရႏိုင္တာလည္းျဖစ္ပါတယ္။

အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပရိသတ္ေတြအတြက္ေတာ့ ေဒါသထြက္စရာျဖစ္လာႏိုင္တဲ့ ျဖစ္ႏိုင္ဖြယ္ အေျပာင္းအေ႐ႊ႕ဟာ ကားလို႔စ္ တီဗက္ဇ္ေနာက္ ဒုတိယေျမာက္ ရန္စမႈလို႔လည္း ဆိုေနၾကၿပီး ေပၚတူဂီသားႀကီးအေနနဲ႔ သူ႔ရဲ႕ အသက္ ၄၀ အထိ ကစားသြားလိုတဲ့ လက္က်န္ ေဘာလုံးသမားဘဝအတြက္ေတာ့ ဖိအားေတြကို ဂ႐ုမစိုက္ဘဲ ေ႐ြးခ်ယ္သြားႏိုင္တာလည္းျဖစ္ပါတယ္။

စပိန္သတင္းဌာန AS က ေဖာ္ျပခဲ့တဲ့ သတင္းမွာ ေရာ္နယ္လ္ဒိုရဲ႕ ေအးဂ်င့္ ေဂ်ာ္ဂ်ီ မန္ဒက္စ္နဲ႔ မန္စီးတီးတို႔ၾကား ကစားသမားအတြက္ ပုဂၢိဳလ္ေရး သေဘာတူညီခဲ့အၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ေတာ့ ယူ႐ို ၂၅ သန္း(ေပါင္ ၂၁ သန္း)ဝန္းက်င္ က်သင့္ႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ဆက္လက္ေဆြးေႏြးသြားဖို႔ ရွိေနတယ္လို႔ သိရၿပီး ရာဟင္းမ္ စတာလင္နဲ႔ ေပၚတူဂီသားကို လဲလွယ္ေစဖို႔လည္း ေ႐ြးခ်ယ္စရာတစ္ရပ္အျဖစ္ အဆိုျပဳထားပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဘက္ကေတာ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ေတာင္းဆိုထားေၾကာင္းသိရၿပီး ေရာ္နယ္လ္ဒိုတေယာက္ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္အေျခခ်ဖို႔ တူရင္ကလပ္ရဲ႕ ဒုကၠဌ ေပဗယ္လ္ နက္ဗက္က ပယ္ခ်ထားေပမယ့္ ကစားသမားကေတာ့ တူရင္က အသင္းေဖာ္ေတြကို မန္စီးတီးကို ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္ေၾကာင္း အသိေပးေျပာဆိုထားတယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.