Premier League Transfer News

အလုပ်မသွားဘူးလားဆိုတဲ့ သားလေး အာချီရဲ့မေးခွန်းကို ဖြေရှင်းပေးနိုင်တော့မယ့် ဝီလ်ရှီးယား

သားဖြစ်သူ အာချီရဲ့ မနက်တွေမှာ အလုပ်မသွားဘူးလားလို့ အမေးခံရတိုင်း ကြေကွဲရတယ်ဆိုတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ခ် ဝီလ်ရှီးယားအတွက်တော့ ပရီးမီးယားလိဂ်အသင်းဟောင်း ဝီဂန်အသင်းဥက္ကဋ္ဌ တာလာလ် အယ်လ်ဟာမက်ရဲ့ အခွင့်အရေးပေး ကမ်းလှမ်းမှုကတော့ သူတို့ သားအဖကြားက စိတ်ပိုင်းဆိုင်ရာ အခက်အခဲကို ဖြေရှင်းပေးနိုင်တော့မှာဖြစ်ပါတယ်။

ဘောလုံးသမားဟောင်းတစ်ယောက်မို့ အသုံးစရိတ်အတွက် ပူပန်ရခြင်းမျိုး မရှိခဲ့ပေမယ့် မြက်ခင်းစိမ်းတွေပေါ်မှာ အသင်းဖော်တွေနဲ့ ပူးပေါင်းကစားနေကျ သူ့ဖခင်ကို ဒီလိုမမြင်ရဘဲ တစ်ဦးတည်း ထရိန်နင်ဆင်းနေခဲ့တာကို တွေ့ရတဲ့ သားဖြစ်သူရဲ့ မေးမြန်းမှုဟာ ဝီလ်ရှီးယားအတွက် ဘယ်လို ခံစားရမလဲ မပြောတတ်ပေမယ့် ကြားသိလိုက်ရတဲ့ ဘောလုံးပရိသတ်တွေ ရင်ထဲမှာတော့ နင့်ခနဲနေအောင် ခံစားခဲ့ကြရတာပါ။

အာဆင်နယ်အသင်းက ထွက်ခွာမိခဲ့တာ မှားတယ်လို့ ဝန်ခံထားခဲ့ပြီး သူ့ကို အကယ်ဒမီ ကစားသမားဘဝကတည်းက သိလာခဲ့တဲ့ အမ်းမရိတ်က ပရိသတ်တွေဟာ ဝက်စ်ဟမ်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲရေးမောင်းထုတ်ခဲ့ကြတဲ့ ပရိသတ်တွေလိုမျိုး ရက်စက်မှာ မဟုတ်ဘူးဆိုတာ စောစောစီးစီးကတည်းက သိသင့်တယ်လို့လည်း ဝီလ်ရှီးယားက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ဖူးတာပါ။

ဒီတစ်ကြိမ်မှာတော့ ဘုန်းမောက်နဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ ကစားခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဒဏ်ရာကစားသမားအတွက်တော့ ပထမတန်းမှာ ကစားနေခဲ့တဲ့ ဝီဂန်အသင်းက ဘောလုံးဘဝ ရှင်ပြန်ထမြောက်ခွင့်ကို ပေးအပ်နိုင်တော့မယ်လို့ ယူဆရပြီး အသင်းပရိသတ်တွေကလည်း သူတို့ရဲ့ အသင်းဥက္ကဋ္ဌကို ချီးကျူးနေကြပါတယ်။

ကိုဗစ်မှာ ပြိုလဲခဲ့တဲ့ ဝီဂန်အသင်းဟာ ချန်ပီယံရှစ်ကနေ ဘဏ္ဏာရေးပြဿနာတွေကို မဖြေရှင်းနိုင်တာကြောင့် တစ်တန်းဆင်းခဲ့ရတာလည်းဖြစ်ပြီး လက်ရှိမှာတော့ ဘာရိန်းနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထူမတ်မှုနဲ့ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေကို စုဆောင်းနေပြီး ပထမတန်းကနေ ပြန်လည်ရုန်းထနိုင်ဖို့ ကြိုးစားနေသလို ပြိုင်ပွဲရဲ့ အဆင့် ၇ မှာ ၄ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးနဲ့ ရပ်တည်နေခဲ့တာပါ။

တာလာလ် အယ်လ်ဟာမက်ကတော့ “ဝီလ်ရှီးယားဟာ ဝီဂန်အသင်းအနေနဲ့ အထူးကြိုဆိုရမယ့်သူဖြစ်တယ်”လို့ ကစားသမားရဲ့ User Name ကို တွစ်တာမှာ Mention ပြီး ပို့စ်တင်လိုက်သလို တရားဝင်အခွင့်အရေးအဖြစ် ပေးအပ်လိုက်တာဖြစ်ပြီး သူ့အတွက် လုပ်အားခကိုတော့ ပွဲကစားခွင့်အပေါ် မူတည်ပေးချေတဲ့ Pay as you play ပုံစံနဲ့ ပေးအပ်သွားဖွယ်ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေကို စုစည်းနေတဲ့ ဝီဂန်အသင်းမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဟားလ်စီးတီးတိုက်စစ်မှူးဟောင်း ဝီလ် ကီးန်၊ ယူနိုက်တက်အကယ်ဒမီထွက်ပဲဖြစ်တဲ့ ဂိုးသမား ဘန် အာမို့စ်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဘရွန်းမှာ ကစားခဲ့ဖူးတဲ့ ဂျိမ်းစ် မက္ကလင်း၊ ဂျေမီ ကာရေဂါရဲ့ သားဖြစ်သူ ဂျိမ်းစ် ကာရေဂါတို့လည်း ရှိနေပါတယ်။

အင်္ဂလန်အသင်းတွက် ၃၄ ပွဲကစားပြီး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ လက်ရွေးစင်ဟောင်းက သူ့မှာ ဘောလုံးကစားဖို့ ဆာလောင်မွတ်သိပ်မှုတွေ ရှိနေဆဲပဲဖြစ်တယ်လို့ ဆိုသွားခဲ့ပြီး သူ့ကို ရထားတဲ့ ပိုက်ဆံတွေနဲ့ ဘာလို့ တခြားမှာ ရင်းနှီးမြှုပ်နှံပြီး ငြိမ်မနေတာလဲလို့ လူတွေ မမေးတာကိုပဲ ကျေးဇူးတင်လှပြီဖြစ်ကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

မနက်တိုင်း မေးနေတဲ့ ၉ နှစ်အရွယ် “ကိုဖိုးသိ” ဘောလုံးပရိသတ်တစ်ဦးဖြစ်နေတဲ့ သားဖြစ်သူ အာချီရဲ့ ဘာလို့ အလုပ်မသွားတာလဲ၊ ဒီမှာ မကစားရရင် MLS နဲ့ လာလီဂါကို သွားပါလားဆိုတဲ့ မေးခွန်းတွေကို “အဖေ့ကို လိုချင်တဲ့ အသင်းမရှိဘူးလေ သားရဲ့”လို့ ရှင်းပြရမယ့် အဖြစ်မျိုးကိုတော့ ဝီဂန်အသင်းနဲ့အတူ ဝီလ်ရှီးယားတစ်ယောက် ရှောင်လွှဲနိုင်ဖို့ ရှိနေပြီး နောက်ထပ် စွန့်စားခန်းတစ်ခုနဲ့ လက်ကျန်ကစားသမားဘဝကို စိန်ခေါ်ဖို့ ဘာရိန်းသားကြီး တာလာလ်က ပေးအပ်လိုက်တဲ့ အခွင့်အရေးက ရွေးချယ်ဖို့ ထိုက်တန်တယ်လို့ပဲ သုံးသပ်ရမှာဖြစ်ကြောင်းလည်း သိရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: သားျဖစ္သူ အာခ်ီရဲ႕ မနက္ေတြမွာ အလုပ္မသြားဘူးလားလို႔ အေမးခံရတိုင္း ေၾကကြဲရတယ္ဆိုတဲ့ အာဆင္နယ္ကြင္းလယ္လူေဟာင္း ဂ်က္ခ္ ဝီလ္ရွီးယားအတြက္ေတာ့ ပရီးမီးယားလိဂ္အသင္းေဟာင္း ဝီဂန္အသင္းဥကၠ႒ တာလာလ္ အယ္လ္ဟာမက္ရဲ႕ အခြင့္အေရးေပး ကမ္းလွမ္းမႈကေတာ့ သူတို႔ သားအဖၾကားက စိတ္ပိုင္းဆိုင္ရာ အခက္အခဲကို ေျဖရွင္းေပးႏိုင္ေတာ့မွာျဖစ္ပါတယ္။

ေဘာလုံးသမားေဟာင္းတစ္ေယာက္မို႔ အသုံးစရိတ္အတြက္ ပူပန္ရျခင္းမ်ိဳး မရွိခဲ့ေပမယ့္ ျမက္ခင္းစိမ္းေတြေပၚမွာ အသင္းေဖာ္ေတြနဲ႔ ပူးေပါင္းကစားေနက် သူ႔ဖခင္ကို ဒီလိုမျမင္ရဘဲ တစ္ဦးတည္း ထရိန္နင္ဆင္းေနခဲ့တာကို ေတြ႕ရတဲ့ သားျဖစ္သူရဲ႕ ေမးျမန္းမႈဟာ ဝီလ္ရွီးယားအတြက္ ဘယ္လို ခံစားရမလဲ မေျပာတတ္ေပမယ့္ ၾကားသိလိုက္ရတဲ့ ေဘာလုံးပရိသတ္ေတြ ရင္ထဲမွာေတာ့ နင့္ခနဲေနေအာင္ ခံစားခဲ့ၾကရတာပါ။

အာဆင္နယ္အသင္းက ထြက္ခြာမိခဲ့တာ မွားတယ္လို႔ ဝန္ခံထားခဲ့ၿပီး သူ႔ကို အကယ္ဒမီ ကစားသမားဘဝကတည္းက သိလာခဲ့တဲ့ အမ္းမရိတ္က ပရိသတ္ေတြဟာ ဝက္စ္ဟမ္းမွာ ႐ိုင္း႐ိုင္းစိုင္းစိုင္း ဆဲေရးေမာင္းထုတ္ခဲ့ၾကတဲ့ ပရိသတ္ေတြလိုမ်ိဳး ရက္စက္မွာ မဟုတ္ဘူးဆိုတာ ေစာေစာစီးစီးကတည္းက သိသင့္တယ္လို႔လည္း ဝီလ္ရွီးယားက ၿပီးခဲ့တဲ့ ရက္ပိုင္းက ေျပာၾကားခဲ့ဖူးတာပါ။

ဒီတစ္ႀကိမ္မွာေတာ့ ဘုန္းေမာက္နဲ႔ ဝက္စ္ဟမ္းအသင္းေတြမွာ ကစားခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ဒဏ္ရာကစားသမားအတြက္ေတာ့ ပထမတန္းမွာ ကစားေနခဲ့တဲ့ ဝီဂန္အသင္းက ေဘာလုံးဘဝ ရွင္ျပန္ထေျမာက္ခြင့္ကို ေပးအပ္ႏိုင္ေတာ့မယ္လို႔ ယူဆရၿပီး အသင္းပရိသတ္ေတြကလည္း သူတို႔ရဲ႕ အသင္းဥကၠ႒ကို ခ်ီးက်ဴးေနၾကပါတယ္။

ကိုဗစ္မွာ ၿပိဳလဲခဲ့တဲ့ ဝီဂန္အသင္းဟာ ခ်န္ပီယံရွစ္ကေန ဘဏၰာေရးျပႆနာေတြကို မေျဖရွင္းႏိုင္တာေၾကာင့္ တစ္တန္းဆင္းခဲ့ရတာလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ ဘာရိန္းႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ ထူမတ္မႈနဲ႔ ပရီးမီးယားလိဂ္ကစားသမားေဟာင္းေတြကို စုေဆာင္းေနၿပီး ပထမတန္းကေန ျပန္လည္႐ုန္းထႏိုင္ဖို႔ ႀကိဳးစားေနသလို ၿပိဳင္ပြဲရဲ႕ အဆင့္ ၇ မွာ ၄ ပြဲကစား ၂ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးနဲ႔ ရပ္တည္ေနခဲ့တာပါ။

တာလာလ္ အယ္လ္ဟာမက္ကေတာ့ “ဝီလ္ရွီးယားဟာ ဝီဂန္အသင္းအေနနဲ႔ အထူးႀကိဳဆိုရမယ့္သူျဖစ္တယ္”လို႔ ကစားသမားရဲ႕ User Name ကို တြစ္တာမွာ Mention ၿပီး ပို႔စ္တင္လိုက္သလို တရားဝင္အခြင့္အေရးအျဖစ္ ေပးအပ္လိုက္တာျဖစ္ၿပီး သူ႔အတြက္ လုပ္အားခကိုေတာ့ ပြဲကစားခြင့္အေပၚ မူတည္ေပးေခ်တဲ့ Pay as you play ပုံစံနဲ႔ ေပးအပ္သြားဖြယ္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းေတြကို စုစည္းေနတဲ့ ဝီဂန္အသင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဟားလ္စီးတီးတိုက္စစ္မႉးေဟာင္း ဝီလ္ ကီးန္၊ ယူႏိုက္တက္အကယ္ဒမီထြက္ပဲျဖစ္တဲ့ ဂိုးသမား ဘန္ အာမို႔စ္၊ ဆန္းဒါးလန္းနဲ႔ ဝက္စ္ဘ႐ြန္းမွာ ကစားခဲ့ဖူးတဲ့ ဂ်ိမ္းစ္ မကၠလင္း၊ ေဂ်မီ ကာေရဂါရဲ႕ သားျဖစ္သူ ဂ်ိမ္းစ္ ကာေရဂါတို႔လည္း ရွိေနပါတယ္။

အဂၤလန္အသင္းတြက္ ၃၄ ပြဲကစားၿပီး ၂ ဂိုး သြင္းယူေပးခဲ့တဲ့ လက္ေ႐ြးစင္ေဟာင္းက သူ႔မွာ ေဘာလုံးကစားဖို႔ ဆာေလာင္မြတ္သိပ္မႈေတြ ရွိေနဆဲပဲျဖစ္တယ္လို႔ ဆိုသြားခဲ့ၿပီး သူ႔ကို ရထားတဲ့ ပိုက္ဆံေတြနဲ႔ ဘာလို႔ တျခားမွာ ရင္းႏွီးျမႇဳပ္ႏွံၿပီး ၿငိမ္မေနတာလဲလို႔ လူေတြ မေမးတာကိုပဲ ေက်းဇူးတင္လွၿပီျဖစ္ေၾကာင္းလည္း ဆိုသြားခဲ့ပါတယ္။

မနက္တိုင္း ေမးေနတဲ့ ၉ ႏွစ္အ႐ြယ္ “ကိုဖိုးသိ” ေဘာလုံးပရိသတ္တစ္ဦးျဖစ္ေနတဲ့ သားျဖစ္သူ အာခ်ီရဲ႕ ဘာလို႔ အလုပ္မသြားတာလဲ၊ ဒီမွာ မကစားရရင္ MLS နဲ႔ လာလီဂါကို သြားပါလားဆိုတဲ့ ေမးခြန္းေတြကို “အေဖ့ကို လိုခ်င္တဲ့ အသင္းမရွိဘူးေလ သားရဲ႕”လို႔ ရွင္းျပရမယ့္ အျဖစ္မ်ိဳးကိုေတာ့ ဝီဂန္အသင္းနဲ႔အတူ ဝီလ္ရွီးယားတစ္ေယာက္ ေရွာင္လႊဲႏိုင္ဖို႔ ရွိေနၿပီး ေနာက္ထပ္ စြန႔္စားခန္းတစ္ခုနဲ႔ လက္က်န္ကစားသမားဘဝကို စိန္ေခၚဖို႔ ဘာရိန္းသားႀကီး တာလာလ္က ေပးအပ္လိုက္တဲ့ အခြင့္အေရးက ေ႐ြးခ်ယ္ဖို႔ ထိုက္တန္တယ္လို႔ပဲ သုံးသပ္ရမွာျဖစ္ေၾကာင္းလည္း သိရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.