Premier League Transfer News

ကွန်ဒီအတွက် ပညာပြလိုက်ပြန်တဲ့ မာရီနာနဲ့ ဆာအူးလ်၊ ဗာနာတို့ရဲ့ ချဲလ်ဆီးသတင်းများ

တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ပေါင် ၉၇ သန်းနဲ့ ခေါ်ယူအပြီးမှာ ဗဟိုခံစစ်မှူးတစ်ဦးနဲ့ ကွင်းလယ်လူတစ်ဦးကို ထပ်မံအားဖြည့်ဖို့ လုံးပန်းနေတဲ့ ချဲလ်ဆီးအသင်းဟာ ဆီဗီလာရဲ့ ဗဟိုခံစစ်မှူး ဂျူးလ် ကွန်ဒီကို ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း)နဲ့ အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေပြီးလို့ သိရှိထားရပါတယ်။

အီတလီအပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ အဆိုပါပြင်သစ်သားနဲ့ ဇူလိုင်လကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူထားတဲ့ ချဲလ်ဆီးတို့ဟာ နောက်ဆုံးတစ်ကြိမ် အပြီးသတ် ကမ်းလှမ်းမှုကို ပြုလုပ်သွားတော့မယ်လို့ ဆိုခဲ့သလို ဒီမာဇီယိုရဲ့ သတင်းအရတော့ ကွန်ဒီကို ပေါင် ၄၂ သန်းအပြင် အပိုထပ်ဆောင်းကြေးနဲ့ အနာဂတ်ခံစားခွင့်တွေကို ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။

ယူရိုသန်း ၆၀ ကြားနေ ၇၀ ကြားကို အလိုရှိနေပြီး တစ်ပြားမှ မလျှော့ဘူးလို့ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီကတည်း ဈေးတင်းခံထားခဲ့တဲ့ ဆီဗီလာရဲ့ အသက် ၂၂ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ တူဟယ်လ်ရဲ့ သုံးယောက်တန်းခံစစ် ညာအစွန်မှာ တောက်ပနိုင်မယ့်သူဖြစ်ပြီး နောက်ဆုံးမှာတော့ ချဲလ်ဆီးတို့ အလွယ်တကူ ပေးချေနိုင်မယ့် ဈေးနှုန်းကို မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ညှိနှိုင်းမှုတွေနဲ့ ရရှိနိုင်တော့မှာပါ။

ဒါ့အပြင် ကွင်းလယ်လူနေရာအတွက် အက်သလက်တီကို မက်ဒရစ်ကစားသမား ဆာအူးလ် ညီးရက်ဇ်ကို ချိတ်ဆက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို ရိုမာနိုရဲ့ နောက်ဆုံးတွစ်တာသတင်းအရ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့သာ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းသိရသလို လူပိုဖြစ်နေတဲ့ အပြာရောင်ကွင်းလယ်လူ ၃ ဦးကိုပါ တစ်ပါတည်း ရုံခါသွားဖို့ရှိနေပါတယ်။

ဒီ ၃ ဦးထဲက ဘာကာယိုကိုဟာ အေစီမီလန်အသင်းကို ၂၀၂၃ အထိ သက်တမ်းတိုးခွင့်ပါဝင်မယ့် အငှားစာချုပ်+ ယူရိုသန်း ၂၀ အပြီးသတ်ခေါ်ယူခွင့်နဲ့ ရှင်းထုတ်ခံရဖို့ ချဲလ်ဆီးအသင်းဘက်က သဘောတူညီမှု ရရှိဖို့ နီးစပ်လာခဲ့ပြီဖြစ်ပြီး အပယ်ခံကစားသမား ၂ ဦးဖြစ်တဲ့ ဒန်နီ ဒရင့်ခ်ဝါးတားနဲ့ ရော့စ် ဘာကလီတို့ကိုပါ စာချုပ်ဖျက်သိမ်းပြီး လွတ်ရာကျွတ်ရာ သွားခွင့်ပြုဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အငှားခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာခဲ့တဲ့ စပိန်သား ညီးရက်ဇ်ကို ပေါင် ၃၅-၄၀ သန်းဝန်းကျင်နဲ့ နောက်ရာသီမှာ ဝယ်ယူခွင့်ပါဝင်မှာဖြစ်သလို သူ့ကို ချယ်လ်ဆီးတို့နဲ့ အပြိုင်လိုက်လုမယ်လို့ နာမည်ကြီးနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ကတော့ မက်ဒရစ်ကလပ်ဆီ စကားတီးခေါက်မှုထက်ပိုတဲ့ လှုပ်ရှားမှုမျိုးမရှိလို့ စတမ်းဖို့ဘရစ်ချ်ဘက်ကသာ အသာစီးရယူသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် အပြောင်းအရွှေ့သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ အတည်ပြုချက်အရ တိုက်စစ်မှူး တီမို ​ဗာနာဟာ ဒီနွေမှာ ရိုမီလူ လူကာကူးကြောင့် ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ အခွင့်အရေး ပေါ်ပေါက်လာခဲ့ပေမယ့် အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားမှုကို ယတိပြတ်ပယ်ချပြီး အနောက်လန်ဒန်မှာ ဆက်နေသွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ေပါင္ ၉၇ သန္းနဲ႔ ေခၚယူအၿပီးမွာ ဗဟိုခံစစ္မႉးတစ္ဦးနဲ႔ ကြင္းလယ္လူတစ္ဦးကို ထပ္မံအားျဖည့္ဖို႔ လုံးပန္းေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ ဆီဗီလာရဲ႕ ဗဟိုခံစစ္မႉး ဂ်ဴးလ္ ကြန္ဒီကို ယူ႐ိုသန္း ၅၀ (ေပါင္ ၄၂ သန္း)နဲ႔ အၿပီးသတ္ေခၚယူဖို႔ နီးစပ္ေနၿပီးလို႔ သိရွိထားရပါတယ္။

အီတလီအေျပာင္းအေ႐ႊ႕သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ အတည္ျပဳခ်က္အရ အဆိုပါျပင္သစ္သားနဲ႔ ဇူလိုင္လကတည္းက ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရယူထားတဲ့ ခ်ဲလ္ဆီးတို႔ဟာ ေနာက္ဆုံးတစ္ႀကိမ္ အၿပီးသတ္ ကမ္းလွမ္းမႈကို ျပဳလုပ္သြားေတာ့မယ္လို႔ ဆိုခဲ့သလို ဒီမာဇီယိုရဲ႕ သတင္းအရေတာ့ ကြန္ဒီကို ေပါင္ ၄၂ သန္းအျပင္ အပိုထပ္ေဆာင္းေၾကးနဲ႔ အနာဂတ္ခံစားခြင့္ေတြကို ေပးေခ်ခဲ့ရတယ္လို႔ ဆိုပါတယ္။

ယူ႐ိုသန္း ၆၀ ၾကားေန ၇၀ ၾကားကို အလိုရွိေနၿပီး တစ္ျပားမွ မေလွ်ာ့ဘူးလို႔ ၿပီးခဲ့တဲ့ ၂၀၂၀ ေႏြရာသီကတည္း ေဈးတင္းခံထားခဲ့တဲ့ ဆီဗီလာရဲ႕ အသက္ ၂၂ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ တူဟယ္လ္ရဲ႕ သုံးေယာက္တန္းခံစစ္ ညာအစြန္မွာ ေတာက္ပႏိုင္မယ့္သူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးတို႔ အလြယ္တကူ ေပးေခ်ႏိုင္မယ့္ ေဈးႏႈန္းကို မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ ညႇိႏႈိင္းမႈေတြနဲ႔ ရရွိႏိုင္ေတာ့မွာပါ။

ဒါ့အျပင္ ကြင္းလယ္လူေနရာအတြက္ အက္သလက္တီကို မက္ဒရစ္ကစားသမား ဆာအူးလ္ ညီးရက္ဇ္ကို ခ်ိတ္ဆက္မႈေတြ ဆက္တိုက္ျပဳလုပ္ေနသလို ႐ိုမာႏိုရဲ႕ ေနာက္ဆုံးတြစ္တာသတင္းအရ အၿပီးသတ္ဝယ္ယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔သာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္းသိရသလို လူပိုျဖစ္ေနတဲ့ အျပာေရာင္ကြင္းလယ္လူ ၃ ဦးကိုပါ တစ္ပါတည္း ႐ုံခါသြားဖို႔ရွိေနပါတယ္။

ဒီ ၃ ဦးထဲက ဘာကာယိုကိုဟာ ေအစီမီလန္အသင္းကို ၂၀၂၃ အထိ သက္တမ္းတိုးခြင့္ပါဝင္မယ့္ အငွားစာခ်ဳပ္+ ယူ႐ိုသန္း ၂၀ အၿပီးသတ္ေခၚယူခြင့္နဲ႔ ရွင္းထုတ္ခံရဖို႔ ခ်ဲလ္ဆီးအသင္းဘက္က သေဘာတူညီမႈ ရရွိဖို႔ နီးစပ္လာခဲ့ၿပီျဖစ္ၿပီး အပယ္ခံကစားသမား ၂ ဦးျဖစ္တဲ့ ဒန္နီ ဒရင့္ခ္ဝါးတားနဲ႔ ေရာ့စ္ ဘာကလီတို႔ကိုပါ စာခ်ဳပ္ဖ်က္သိမ္းၿပီး လြတ္ရာကြၽတ္ရာ သြားခြင့္ျပဳဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

အငွားေခၚယူဖို႔ အနီးစပ္ဆုံး အေနအထားကို ေရာက္ရွိလာခဲ့တဲ့ စပိန္သား ညီးရက္ဇ္ကို ေပါင္ ၃၅-၄၀ သန္းဝန္းက်င္နဲ႔ ေနာက္ရာသီမွာ ဝယ္ယူခြင့္ပါဝင္မွာျဖစ္သလို သူ႔ကို ခ်ယ္လ္ဆီးတို႔နဲ႔ အၿပိဳင္လိုက္လုမယ္လို႔ နာမည္ႀကီးေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ မက္ဒရစ္ကလပ္ဆီ စကားတီးေခါက္မႈထက္ပိုတဲ့ လႈပ္ရွားမႈမ်ိဳးမရွိလို႔ စတမ္းဖို႔ဘရစ္ခ်္ဘက္ကသာ အသာစီးရယူသြားဖို႔ ရွိေနပါတယ္။

ဒါ့အျပင္ အေျပာင္းအေ႐ႊ႕သတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္ရဲ႕ အတည္ျပဳခ်က္အရ တိုက္စစ္မႉး တီမို ​ဗာနာဟာ ဒီေႏြမွာ ႐ိုမီလူ လူကာကူးေၾကာင့္ ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာဖို႔ အခြင့္အေရး ေပၚေပါက္လာခဲ့ေပမယ့္ အင္တာမီလန္အသင္းရဲ႕ စိတ္ဝင္စားမႈကို ယတိျပတ္ပယ္ခ်ၿပီး အေနာက္လန္ဒန္မွာ ဆက္ေနသြားဖို႔ ခိုင္ခိုင္မာမာ ဆုံးျဖတ္ထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.