Analysis Other Premier League

ဂန်းနားအစဉ်အလာကစားဟန်၊ လှပတဲ့ တွဲလုံးနဲ့ ဆာကာရဲ့ ဂိုးကို ဖန်တီးပေးသွားတဲ့ အော်ဒီဂွါဒ်

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ တန်းတက် လန်ဒန်ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းကိုရော အစဉ်အလာပြိုင်ဘက် ချယ်လ်ဆီးအသင်းကိုပါ အဝေးကွင်း၊ အိမ်ကွင်း ၂ ပွဲဆက်တိုက် ၂ ဂိုးပြတ်အရေးနိမ့်ထားခဲ့ပြီး မလှပခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဒုတိယအဆင့်ပွဲစဥ်မှာတော့ ဝက်စ်ဘရွန်းအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရပါတယ်။

ဒီပွဲမှာတော့ ဝေဖန်မှုတွေခံနေရတဲ့ နည်းပြ မီခေးလ် အာတီတာဟာ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့ချိန်မှာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပေါက်ကွဲအားကို ပြသခဲ့သလို ဝက်စ်ဘရွန်းတို့ကို ဂိုးဒါဇင်ဝက် ၆ ဂိုးပြတ်သွင်းယူပြီး အဆုံးထိ ပွဲကြမ်းခဲ့ကာ ဂုဏ်သိက္ခာပြန်ဆယ်သွားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

ပထမပိုင်းမှာ ဘက်ဂီတွေကို တိုက်စစ်မှူး အူဘာမီယန်းက ၂ ဂိုး၊ နီကိုလာ ပေပေက ၁ ဂိုးသွင်းယူပြီး ၃ ဂိုးပြတ်တီးထားခဲ့သလို ဒုတိယပိုင်းမှာတော့ ဘူကာယို ဆာကာက စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ချိန်မှာတော့ ဂန်းနားတို့ရဲ့ အနုပညာတစ်ရပ်လို ပြောင်မြောက်တဲ့ အစဥ်အလာကစားဟန်နဲ့ လှပတဲ့ တွဲလုံးတွေကို ပြန်လည်အသက်သွင်းသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂိုးမှာတော့ ဘယ်ခြမ်းကနေ ဝက်စ်ဘရွန်းနောက်ခံလူတွေကြား ရဲရဲဆွဲတက်လာတဲ့ ဆာကာဟာ အတွင်းမှ မာတင် အော်ဒီဂွါဒ်နဲ့ ချိတ်ဆက်ခဲ့ပြီး နော်ဝေသားက လှလှပပ နောက်ပေါက်နဲ့ ပြန်ချပေးလိုက်တဲ့အတွက် ပြိုင်ဘက် ဝက်စ်ဘရွန်းခံစစ် တစ်အုပ်လုံးကို အရူးလုပ်သွားခဲ့သလိုဖြစ်ကာ အရှိန်နဲ့ပြေးတက်လာတဲ့ ဝက်စ်ဘရွန်းဂိုးသမား အဲလက်စ် ပါးလ်မားကို ဆာကာက သေသေသပ်သပ်နဲ့ ကျော်ဖြတ်ကန်သွင်းပြီး ပိပိရိရိအဆုံးသတ်သွားခဲ့တာပါ။

နော်ဝေသားရဲ့ လှပတဲ့ ဘောလုံးထိချက်တွေအပြင် အခုလို ဖန်တီးပေးပို့မှုဟာ ရင်သပ်ရှုမောဖွယ်ရာဖြစ်ခဲ့ရပြီး ဂန်းနားတို့အနေနဲ့ သူ့ကို ဒီနွေမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဘာကြောင့် တပ်တပ်မက်မက်နဲ့ အပြီးသတ်ဝယ်ယူခဲ့သလဲဆိုတာကို ပေါ်လွင်စေပြီး ထင်ထင်ရှားရှားသက်သေပြသွားခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

အော်ဒီဂွါဒ်ကိုတော့ ဒုတိယပိုင်းမှာ မိတ်လန်းနိုင်းလ်စ်နဲ့ လူစားလဲကစားစေခဲ့တဲ့နောက်မှာ နည်းပြ အာတီတာအတွက် ပွဲချိန် ၆၂ မိနစ်မှာ အူဘာမီယန်းက သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကို လှလှပပ ဝေ့ဝိုက်အဆုံးသတ်ကန်သွင်းကာ မေတ္တာလက်ဆောင် ထပ်ပေးသွားခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ လူစားထပ်ဝင်လာခဲ့တဲ့ တိုက်စစ်မှူး လာကာဇက်ကတော့ ပွဲသိမ်းဂိုးနဲ့ အောင်ပွဲခံသွားခဲ့ပြီး ကာရာဘောင်းနောက်တစ်ဆင့်ကို တက်သွားခဲ့လို့ ဂန်းနားတို့အတွက် ကျေနပ်စရာအ​ကောင်းဆုံး ညလည်း ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ဆိုးကနေ ရုန်းအားကို ပြသခဲ့တာကြောင့် အရှိန်တစ်ခု ပြန်တင်ဖို့ ဂီယာထိုးနိုင်ခဲ့ပြီဖြစ်သလို ဝက်စ်ဘရွန်းနဲ့ပွဲမှာ လိုချင်တဲ့ရလဒ်ကို စိတ်ကြိုက်ဖော်ဆောင်နိုင်ခဲ့တဲ့အတိုင်း လာမယ့် ပရီးမီးယားလိဂ်ပွဲကျပ် မန်စီးတီးနဲ့ပွဲမှာလည်း အသင်းကြီးတွေဆို ဒုက္ခလှလှ တွေ့စေလေ့ရှိတဲ့ အာတီတာရဲ့ ထုံးစံအရ အီတီဟတ်ကွင်းကြီးမှာ ဒီရာသီရဲ့ ဂန်းနားတို့အတွက် ပရီးမီးယားလိဂ် ပထမဆုံးရမှတ်ကို စုဆောင်းနိုင်သွားလိမ့်မယ်လို့လည်း မျှော်လင့်ခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁-၂၂ ပရီးမီးယားလိဂ္ရာသီအဖြင့္မွာ တန္းတက္ လန္ဒန္ၿပိဳင္ဘက္ ဘရန္႔ဖို႔ဒ္အသင္းကိုေရာ အစဥ္အလာၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းကိုပါ အေဝးကြင္း၊ အိမ္ကြင္း ၂ ပြဲဆက္တိုက္ ၂ ဂိုးျပတ္အေရးနိမ့္ထားခဲ့ၿပီး မလွပခဲ့တဲ့ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဒုတိယအဆင့္ပြဲစဥ္မွာေတာ့ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။

ဒီပြဲမွာေတာ့ ေဝဖန္မႈေတြခံေနရတဲ့ နည္းျပ မီေခးလ္ အာတီတာဟာ အေတာင့္တင္းဆုံး လူစာရင္းကို ပြဲထုတ္လာခဲ့ခ်ိန္မွာ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ၿပီး ေပါက္ကြဲအားကို ျပသခဲ့သလို ဝက္စ္ဘ႐ြန္းတို႔ကို ဂိုးဒါဇင္ဝက္ ၆ ဂိုးျပတ္သြင္းယူၿပီး အဆုံးထိ ပြဲၾကမ္းခဲ့ကာ ဂုဏ္သိကၡာျပန္ဆယ္သြားႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာပါ။

ပထမပိုင္းမွာ ဘက္ဂီေတြကို တိုက္စစ္မႉး အူဘာမီယန္းက ၂ ဂိုး၊ နီကိုလာ ေပေပက ၁ ဂိုးသြင္းယူၿပီး ၃ ဂိုးျပတ္တီးထားခဲ့သလို ဒုတိယပိုင္းမွာေတာ့ ဘူကာယို ဆာကာက စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ခ်ိန္မွာေတာ့ ဂန္းနားတို႔ရဲ႕ အႏုပညာတစ္ရပ္လို ေျပာင္ေျမာက္တဲ့ အစဥ္အလာကစားဟန္နဲ႔ လွပတဲ့ တြဲလုံးေတြကို ျပန္လည္အသက္သြင္းသြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒီဂိုးမွာေတာ့ ဘယ္ျခမ္းကေန ဝက္စ္ဘ႐ြန္းေနာက္ခံလူေတြၾကား ရဲရဲဆြဲတက္လာတဲ့ ဆာကာဟာ အတြင္းမွ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ခ်ိတ္ဆက္ခဲ့ၿပီး ေနာ္ေဝသားက လွလွပပ ေနာက္ေပါက္နဲ႔ ျပန္ခ်ေပးလိုက္တဲ့အတြက္ ၿပိဳင္ဘက္ ဝက္စ္ဘ႐ြန္းခံစစ္ တစ္အုပ္လုံးကို အ႐ူးလုပ္သြားခဲ့သလိုျဖစ္ကာ အရွိန္နဲ႔ေျပးတက္လာတဲ့ ဝက္စ္ဘ႐ြန္းဂိုးသမား အဲလက္စ္ ပါးလ္မားကို ဆာကာက ေသေသသပ္သပ္နဲ႔ ေက်ာ္ျဖတ္ကန္သြင္းၿပီး ပိပိရိရိအဆုံးသတ္သြားခဲ့တာပါ။

ေနာ္ေဝသားရဲ႕ လွပတဲ့ ေဘာလုံးထိခ်က္ေတြအျပင္ အခုလို ဖန္တီးေပးပို႔မႈဟာ ရင္သပ္ရႈေမာဖြယ္ရာျဖစ္ခဲ့ရၿပီး ဂန္းနားတို႔အေနနဲ႔ သူ႔ကို ဒီေႏြမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန ဘာေၾကာင့္ တပ္တပ္မက္မက္နဲ႔ အၿပီးသတ္ဝယ္ယူခဲ့သလဲဆိုတာကို ေပၚလြင္ေစၿပီး ထင္ထင္ရွားရွားသက္ေသျပသြားခဲ့တယ္လို႔လည္း ဆိုႏိုင္ပါတယ္။

ေအာ္ဒီဂြါဒ္ကိုေတာ့ ဒုတိယပိုင္းမွာ မိတ္လန္းႏိုင္းလ္စ္နဲ႔ လူစားလဲကစားေစခဲ့တဲ့ေနာက္မွာ နည္းျပ အာတီတာအတြက္ ပြဲခ်ိန္ ၆၂ မိနစ္မွာ အူဘာမီယန္းက သူ႔ရဲ႕ဟက္ထရစ္သြင္းဂိုးကို လွလွပပ ေဝ့ဝိုက္အဆုံးသတ္ကန္သြင္းကာ ေမတၱာလက္ေဆာင္ ထပ္ေပးသြားခဲ့ၿပီး မိနစ္အနည္းငယ္အၾကာမွာ လူစားထပ္ဝင္လာခဲ့တဲ့ တိုက္စစ္မႉး လာကာဇက္ကေတာ့ ပြဲသိမ္းဂိုးနဲ႔ ေအာင္ပြဲခံသြားခဲ့ၿပီး ကာရာေဘာင္းေနာက္တစ္ဆင့္ကို တက္သြားခဲ့လို႔ ဂန္းနားတို႔အတြက္ ေက်နပ္စရာအ​ေကာင္းဆုံး ညလည္း ျဖစ္လာခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ရလဒ္ဆိုးကေန ႐ုန္းအားကို ျပသခဲ့တာေၾကာင့္ အရွိန္တစ္ခု ျပန္တင္ဖို႔ ဂီယာထိုးႏိုင္ခဲ့ၿပီျဖစ္သလို ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ လိုခ်င္တဲ့ရလဒ္ကို စိတ္ႀကိဳက္ေဖာ္ေဆာင္ႏိုင္ခဲ့တဲ့အတိုင္း လာမယ့္ ပရီးမီးယားလိဂ္ပြဲက်ပ္ မန္စီးတီးနဲ႔ပြဲမွာလည္း အသင္းႀကီးေတြဆို ဒုကၡလွလွ ေတြ႕ေစေလ့ရွိတဲ့ အာတီတာရဲ႕ ထုံးစံအရ အီတီဟတ္ကြင္းႀကီးမွာ ဒီရာသီရဲ႕ ဂန္းနားတို႔အတြက္ ပရီးမီးယားလိဂ္ ပထမဆုံးရမွတ္ကို စုေဆာင္းႏိုင္သြားလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.