Analysis Other Premier League

ခိုင်ဟာဗက်ဇ်ဟာ ဟာဇက်ထက်သာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ မန်ယူနိုက်တက်ဂန္တဝင်

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နောက်ခံလူကြီးဖြစ်တဲ့ ဂယ်ရီ နဗီးလ်ရဲ့ ချယ်လ်ဆီးကွင်းလယ်ဖန်တီးရှင် ခိုင်ဟာဗတ်ဇ်ရဲ့အနာဂတ်ကို တင်ကြိုဟောကိန်းထုတ်သွားခဲ့ပြီး ဂျာမန်သားရဲ့​ကြိုးစားအားထုတ်မှုကြောင့် စတမ်းဖို့ဒ်မြေရဲ့ သူရဲကောင်းဖြစ်ခဲ့ဖူးတဲ့ အီဒင် ဟာဇက်ရဲ့အဆင့်ကို ကျော်လွန်သွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်နေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်လေဗာကူဆင်အသင်းကနေ အဲဒီအချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတဲ့ အသက် ၂၁ နှစ်သားဟာ ပရီးမီးယားလိဂ်တာထွက်ရာသီမှာတော့ နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့လက်အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပထမဆုံး ပရီးမီးယားလိဂ် ၂၂ ပွဲမှာ တဂိုးသာရခဲ့တဲ့အထိ အ​ခြေအနေဆိုးကို ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြသစ် တူဟယ်လ်ရောက်ရှိလာချိန်မှာတော့ သူ့ရဲချယ်လ်ဆီးကစားသမားဘဝဟာ ကြီးမားတဲ့ အချိုးအကွေ့တခုဖြစ်သွားခဲ့တယ်လို့ ဆိုနိုင်သလို ပွဲထွက်ခွင့်အခိုင်အမာနဲ့ ခြေစွမ်းကို တဆင့်မြှင့်တက်နိုင်ခဲ့သလို နောက်ဆုံး မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရဲ့ တလုံးတည်းသောအနိုင်ဂိုးရှင်အဖြစ်လည်း ဥရောပဖလားကို သရဖူဆောင်းနိုင်ခဲ့တဲ့အထိ အောင်မြင်သွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

” ကျွန်တော့်အမြင်မှာတော့ ခိုင်ဟာဗတ်ဇ်ဟာ နောက်တဆင့်တက်သွားပြီလို့ အမှန်တကယ်ယူဆထားပါတယ်။ အခုချိန်မှာ သူဟာ ဂီယာ နံပါတ် ၃ အဆင့်ရောက်ရှိနေပါပြီ။ ပြီးရင် ဂီယာ နံပါတ် ၄ ကို အရှိန်မြှင့်မယ်။ ဒီထက်ပိုပြီး ဂီယာအဆင့် ၅ အမြင့်ဆုံးအထိ တက်သွားပါလိမ့်မယ်။ သူဟာ တကယ့်ကိုပြီးပြည့်စုံတဲ့ ကစားသမားကောင်းကြီးတယောက်ဖြစ်လာတော့မှာပါ”

” သူ့ခန္ဓာကိုယ်ကို အခုထက်ပိုထွားကျိုင်းလာအောင် လုပ်နိုင်ပြီဆိုရင် အခုထက်ပိုသန်မာလာပြီး ကြီးမားလာတာနဲ့အမျှ ပိုပြီယုံကြည်မှုအားကောင်းလာမယ်လို့ မြင်ပါတယ်။ သူက ဘောလုံးနဲ့အတူ ဆွဲပြေးတဲ့နေရာမှာ ဆရာတဆူဖြစ်ထားပြီးသားပါ။ ခံယူချက်ပိုမြင့်မားလာတော့မယ်လို့ တွက်ဆမိပါတယ်”

” ခင်ဗျားကြည့်လိုက်ဗျာ။ လာမယ့် ၂ နှစ်အတွင်းမှာ သူက စတမ်းဖို့ဒ်ဘရစ်ချ်က သူရဲကောင်းတဦးထက် ပိုသာလွန်သွားမယ်လို့ ပြောချင်ပါတယ်။ အီဒင် ဟာဇက်ကို ချယ်လ်ဆီးတို့မွေးထုတ်နိုင်ခဲ့သလိုမျိုး ဟာဗက်ဇ်ဟာလည်း အကြီးအကျယ်ဖြစ်ထွန်းလာပါလိမ့်မယ်” လို့ နဗီးလ်က သူ့ရဲ့အမြင်ကို ထုတ်ဖော်ရှင်းပြခဲ့တာပါ။

ခိုင်ဟာဗတ်ဇ်ကတော့ ဒီရာသီသစ်မှာ သူ့ရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး “လက်ရှိအချိန်မှာ အရာအားလုံးက အပေါင်းလက္ခဏာဆောင်နေပါတယ်။ အခုရာသီအဖွင့်မှာ ကျွန်တော်တို့အသင်းရဲ့ရလဒ်တွေက လှပခဲ့ပါတယ်။ ဒီလိုသာရှေ့ဆက်သွားနိုင်ဖို့သာလိုအပ်ပါတယ်။ ဥရောပစူပါဖလားကို ရယူအပြီးမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလည်း ကျွန်တော်တို့ အနိုင်ကစားထားနိုင်ခဲ့ပါတယ်”

” ဒါဟာ နိဒါန်းပဲရှိသေးသလို အရှေ့မှာ မာကျောတဲ့ စိန်ခေါ်မှုတွေက စောင့်ကြိုနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းဟာ ရှေ့ဆက်ရပါမယ်။ အမဲလိုက်သူတွေလိုပေါ့ဗျာ။ ပွဲတွေကို ဆက်တိုင်နိုင်ချင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားယူနိုင်ခဲ့တဲ့ အရသာက သိပ်ကောင်းတာပါ။ ”

“ဒါကြောင့် နောက်ထပ်ဆုဖလားတွေကို ထပ်သိမ်းပိုက်ဖို့ ပိုပြီးလောဘကြီးတတ်လာသလို အခုထက်ပိုပြီး ဆာလောင်တတ်လာပါပြီ။ ဒါဟာ ကျွန်တော်တို့ကို စောင့်ကြိုနေတဲ့ အခုရာသီသစ်မှာ အသင်းရဲ့အဓိကပန်းတိုင်ဖြစ်ပါတယ်။ ” လို့ ချယ်လ်ဆီးအသင်းပရိသတ်တွေကို ကတိပေးသွားခဲ့သလို အာဆင်နယ်အသင်းကို အမ်းမရိတ်စ်နိုင်ပွဲရယူခဲ့အပြီးမှာတော့ သူဆာလောင်မွတ်သိပ်နေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ အရယူသွားနိုင်ဖို့လည်း နံပါတ် ၁ အသင်းအဖြစ် ရေပန်းစားလာခဲ့တာကလည်း ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္ေနာက္ခံလူႀကီးျဖစ္တဲ့ ဂယ္ရီ နဗီးလ္ရဲ႕ ခ်ယ္လ္ဆီးကြင္းလယ္ဖန္တီးရွင္ ခိုင္ဟာဗတ္ဇ္ရဲ႕အနာဂတ္ကို တင္ႀကိဳေဟာကိန္းထုတ္သြားခဲ့ၿပီး ဂ်ာမန္သားရဲ႕​ႀကိဳးစားအားထုတ္မႈေၾကာင့္ စတမ္းဖို႔ဒ္ေျမရဲ႕ သူရဲေကာင္းျဖစ္ခဲ့ဖူးတဲ့ အီဒင္ ဟာဇက္ရဲ႕အဆင့္ကို ေက်ာ္လြန္သြားလိမ့္မယ္လို႔ အခိုင္အမာယုံၾကည္ေနေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက ဘိုင္ယန္ေလဗာကူဆင္အသင္းကေန အဲဒီအခ်ိန္က ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၇၂ သန္းနဲ႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ေခၚယူျခင္းကို ခံခဲ့ရတဲ့ အသက္ ၂၁ ႏွစ္သားဟာ ပရီးမီးယားလိဂ္တာထြက္ရာသီမွာေတာ့ နည္းျပေဟာင္း ဖရန္႔ လမ္းပတ္ရဲ႕လက္ေအာက္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရၿပီး ပထမဆုံး ပရီးမီးယားလိဂ္ ၂၂ ပြဲမွာ တဂိုးသာရခဲ့တဲ့အထိ အ​ေျခအေနဆိုးကို ရင္ဆိုင္ခဲ့ရပါတယ္။

နည္းျပသစ္ တူဟယ္လ္ေရာက္ရွိလာခ်ိန္မွာေတာ့ သူ႔ရဲခ်ယ္လ္ဆီးကစားသမားဘဝဟာ ႀကီးမားတဲ့ အခ်ိဳးအေကြ႕တခုျဖစ္သြားခဲ့တယ္လို႔ ဆိုႏိုင္သလို ပြဲထြက္ခြင့္အခိုင္အမာနဲ႔ ေျခစြမ္းကို တဆင့္ျမႇင့္တက္ႏိုင္ခဲ့သလို ေနာက္ဆုံး မန္စီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ရဲ႕ တလုံးတည္းေသာအႏိုင္ဂိုးရွင္အျဖစ္လည္း ဥေရာပဖလားကို သရဖူေဆာင္းႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္သြားခဲ့ျခင္းလည္း ျဖစ္ပါတယ္။

” ကြၽန္ေတာ့္အျမင္မွာေတာ့ ခိုင္ဟာဗတ္ဇ္ဟာ ေနာက္တဆင့္တက္သြားၿပီလို႔ အမွန္တကယ္ယူဆထားပါတယ္။ အခုခ်ိန္မွာ သူဟာ ဂီယာ နံပါတ္ ၃ အဆင့္ေရာက္ရွိေနပါၿပီ။ ၿပီးရင္ ဂီယာ နံပါတ္ ၄ ကို အရွိန္ျမႇင့္မယ္။ ဒီထက္ပိုၿပီး ဂီယာအဆင့္ ၅ အျမင့္ဆုံးအထိ တက္သြားပါလိမ့္မယ္။ သူဟာ တကယ့္ကိုၿပီးျပည့္စုံတဲ့ ကစားသမားေကာင္းႀကီးတေယာက္ျဖစ္လာေတာ့မွာပါ”

” သူ႔ခႏၶာကိုယ္ကို အခုထက္ပိုထြားက်ိဳင္းလာေအာင္ လုပ္ႏိုင္ၿပီဆိုရင္ အခုထက္ပိုသန္မာလာၿပီး ႀကီးမားလာတာနဲ႔အမွ် ပိုၿပီယုံၾကည္မႈအားေကာင္းလာမယ္လို႔ ျမင္ပါတယ္။ သူက ေဘာလုံးနဲ႔အတူ ဆြဲေျပးတဲ့ေနရာမွာ ဆရာတဆူျဖစ္ထားၿပီးသားပါ။ ခံယူခ်က္ပိုျမင့္မားလာေတာ့မယ္လို႔ တြက္ဆမိပါတယ္”

” ခင္ဗ်ားၾကည့္လိုက္ဗ်ာ။ လာမယ့္ ၂ ႏွစ္အတြင္းမွာ သူက စတမ္းဖို႔ဒ္ဘရစ္ခ်္က သူရဲေကာင္းတဦးထက္ ပိုသာလြန္သြားမယ္လို႔ ေျပာခ်င္ပါတယ္။ အီဒင္ ဟာဇက္ကို ခ်ယ္လ္ဆီးတို႔ေမြးထုတ္ႏိုင္ခဲ့သလိုမ်ိဳး ဟာဗက္ဇ္ဟာလည္း အႀကီးအက်ယ္ျဖစ္ထြန္းလာပါလိမ့္မယ္” လို႔ နဗီးလ္က သူ႔ရဲ႕အျမင္ကို ထုတ္ေဖာ္ရွင္းျပခဲ့တာပါ။

ခိုင္ဟာဗတ္ဇ္ကေတာ့ ဒီရာသီသစ္မွာ သူ႔ရဲ႕ရည္မွန္းခ်က္နဲ႔ ပတ္သက္ၿပီး “လက္ရွိအခ်ိန္မွာ အရာအားလုံးက အေပါင္းလကၡဏာေဆာင္ေနပါတယ္။ အခုရာသီအဖြင့္မွာ ကြၽန္ေတာ္တို႔အသင္းရဲ႕ရလဒ္ေတြက လွပခဲ့ပါတယ္။ ဒီလိုသာေရွ႕ဆက္သြားႏိုင္ဖို႔သာလိုအပ္ပါတယ္။ ဥေရာပစူပါဖလားကို ရယူအၿပီးမွာ ပရီးမီးယားလိဂ္အဖြင့္ပြဲကိုလည္း ကြၽန္ေတာ္တို႔ အႏိုင္ကစားထားႏိုင္ခဲ့ပါတယ္”

” ဒါဟာ နိဒါန္းပဲရွိေသးသလို အေရွ႕မွာ မာေက်ာတဲ့ စိန္ေခၚမႈေတြက ေစာင့္ႀကိဳေနပါေသးတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အသင္းဟာ ေရွ႕ဆက္ရပါမယ္။ အမဲလိုက္သူေတြလိုေပါ့ဗ်ာ။ ပြဲေတြကို ဆက္တိုင္ႏိုင္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဖလားယူႏိုင္ခဲ့တဲ့ အရသာက သိပ္ေကာင္းတာပါ။ ”

“ဒါေၾကာင့္ ေနာက္ထပ္ဆုဖလားေတြကို ထပ္သိမ္းပိုက္ဖို႔ ပိုၿပီးေလာဘႀကီးတတ္လာသလို အခုထက္ပိုၿပီး ဆာေလာင္တတ္လာပါၿပီ။ ဒါဟာ ကြၽန္ေတာ္တို႔ကို ေစာင့္ႀကိဳေနတဲ့ အခုရာသီသစ္မွာ အသင္းရဲ႕အဓိကပန္းတိုင္ျဖစ္ပါတယ္။ ” လို႔ ခ်ယ္လ္ဆီးအသင္းပရိသတ္ေတြကို ကတိေပးသြားခဲ့သလို အာဆင္နယ္အသင္းကို အမ္းမရိတ္စ္ႏိုင္ပြဲရယူခဲ့အၿပီးမွာေတာ့ သူဆာေလာင္မြတ္သိပ္ေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ဒီရာသီမွာ အရယူသြားႏိုင္ဖို႔လည္း နံပါတ္ ၁ အသင္းအျဖစ္ ေရပန္းစားလာခဲ့တာကလည္း ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.