Premier League

ဂန်းနားတို့ရဲ့အစွန့်ပစ်ခံဖြစ်ခဲ့ရတဲ့ ကာဇိုလာကို အတူယူပြီး ဘယ်လိုအားထုတ်ကြိုးစားခဲ့သလဲဆိုတာကို ပြောပြလာတဲ့ စမစ်ရိုး

အာဆင်နယ်အသင်းရဲ့ အကယ်ဒမီထုတ်ကုန် လူငယ်သွေးသစ် ကွင်းလယ်လူတဦးဖြစ်သလို အသင်းမှာ နှစ်ရှည်စာချုပ်အချုပ်ခံထားရပြီး ဂန်းနားတို့ရဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်ခံထားရတဲ့ စမစ်ရိုးက သူ့အနေနဲ့ ငယ်စဥ်က လေ့ကျင့်ရေးအစီအစဥ်မှာ ဆန်တီ ကာဇိုလာကို ဘယ်လောက်ထိ အားကျခဲ့ရသလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။

အမ်းမရိတ်စ်ကွင်းကြီးမှာ နှစ်ပေါင်းများစွာကြာတဲ့အထိ ပရိသတ်ရဲ့အသည်းစွဲကစားသမားဖြစ်ခဲ့တဲ့ ကာဇိုလာဟာ ဂန်းနားကစားသမားဘဝနှောင်းပိုင်းကာလတွေမှာ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်မှုကို အပြင်းအထန်ခံစားခဲ့ရပြီး အသင်းတာဝန်ရှိသူတွေက ၂၀၁၇-၁၈ ရာသီအကုန် မေလ ၂၀၁၈ စာချုပ်ကုန်ဆုံးချိန်မှာ စပိန်သားကြီးကို စာချုပ်သက်တမ်းထပ်မတိုးတော့တဲ့ အသင်းကနေ ထွက်ခွာမယ့် စာရင်းထဲ ထည့်သွင်းခဲ့တဲ့အတွက် အာဆင်နယ်အသင်းကနေ ထွက်ခဲ့ရပြီး အသင်းလက်မဲ့ဖြစ်ခဲ့ရပါတယ်။

ဂန်းနားတို့နဲ့ ဇာတ်သိမ်းမလှဘဲ အစွန့်ပစ်ခံဖြစ်ခဲ့ရပေမယ့် ကာဇိုလာဟာ အာဆင်နယ်အကယ်ဒမီက လူငယ်ကြယ်ပွင့်​လေးတွေအတွက်တော့ သူ့ရဲ့မှော်ဆန်တဲ့ခြေစွမ်းကြောင့် စံပြပုဂ္ဂိုလ်တဦးအဖြစ် စွဲထင်ကျန်ရစ်ခဲ့စေသလို စမစ်ရိုးအတွက်တော့ သူက ငယ်ဘဝသူရဲကောင်းတဦးလည်းဖြစ်ခဲ့တာပါ။

” အသင်းကြီးနဲ့တွဲပြီး ပထမဆုံးအကြိမ် လေ့ကျင့်ရေးဆင်းခွင့်ရတာ ကျွန်တော့်အသက် ၁၇ နှစ်သားမှာပေါ့ဗျာ။ ကျွန်တော့်ရှေ့မှာ မီးဆွတ် အိုဇေးလ်နဲ့ ဆန်တီ ကာဇိုလာတို့ပေါ့ဗျာ။ ကြယ်မြင်လမြင်သလိုကို ခံစားလိုက်ရတာပါပဲ။ အဲဒီအချိန်မှာ ကာဇိုလာလုပ်ပြခဲ့တဲ့အကွက်တခုက ကျွန်တော့်မျက်လုံးကိုတောင် မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်”

” သူက ကစားသမားနှစ်ယောက်ကို ကျော်ဖြတ်လိမ်ခေါက်ပြခဲ့ပြီး နှစ်ယောက်စလုံး မြေပေါ်မှာ ဖင်ထိုင်လျက် ပြိုလဲကျသွားခဲ့တာပါ။ ကျွန်တော့်ဘဝမှာ ပထမဆုံးဖြစ်ဖူးတဲ့ အရူးအမူးခံစားချက်မျိုးပါပဲဗျာ။ လူတိုင်းပြောတဲ့အတိုင်းပါပဲ။ သူက တကယ့်အကောင်းဆုံးကစားသမားပါ။ မယုံကြည်နိုင်လောက်ဖွယ်ရာပါ” လို့ စမစ်ရိုးက သူ့ရဲ့ငယ်ဘဝက ကာဇိုလာရဲ့ပုံရိပ်ကို ပြန်လည်ပုံဖော်သွားခဲ့ပါတယ်။

အာဆင်နယ်ကနေထွက်ခွာလာရပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ကာဇိုလာကို ၂၀၁၈ ဂျွန်လ ၅ ရက်နေ့မှာ အသင်းဟောင်း ဗီလာရီးရဲလ်အသင်းက သူတို့အသင်းနဲ့အတူ လာရောက်လေ့ကျင်ခန်းဆင်းဖို့ ဖိတ်ခေါ်တဲ့အတွက် အဝါရောင်ရေငုတ်သင်္ဘောတွေဆီကို ပြန်ရောက်ခဲ့ပါတယ်။ ဒီနောက် ၂၀၁၈ ဂျူလိုင် ၁၇ ရက်နေ့မှာ ဟာကျူလပ်စ်အသင်းနဲ့ ချစ်ကြည်ရေးခြေစွမ်းပွဲမှာ ဗီလာရီးရဲလ်အသင်းဘက်ကနေပြီး ပါဝင်ကစားပြီး ၆၃၆ ရက် ဘောလုံး မကစားရခြင်းကို အဆုံးသတ်နိုင်ခဲကာ ဗီလာရီးရဲလ်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီနှစ်ရာသီမှ ဗီလာရီးရဲလအသင်းအတွက်ာ ၂၂ ဂိုးသွင်းယူ ၊ ၁၉ ဂိုးဖန်းတီးမှုပေးနိုင်ခဲ့အထိ ခြေစွမ်းတဖန်ပြန်ပြခဲ့နိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်နဲ့စာချုပ်ကုန်ဆုံးချိန်မှာတော့ ကာတာကလပ် Al Sadd ကိုပြောင်းရွှေ့ကစားနေတဲ့ လက်ရှိ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကာဇိုလာဟာ ကာတာနိုင်ငံမှာ ကစားသမားဘဝနေဝင်ချိန်ကို အေးချမ်းစွာဖြတ်သန်းနေသလို ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေကို မျက်ဖြူဆိုက်စေတဲ့အထိ တောက်ပခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်ကြီးရဲ့ ခြေစွမ်းဟာ စမစ်ရိုးအတွက်တော့ အတော်လေးလွှမ်းမိုးမှုကြီးမားခဲ့တယ်လို့ ဆိုရမှာပါ။

နွေရာသီတလျှောက်လုံး ကွင်းလယ်ဖန်တီးရှင်တဦးကို ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ မာတင် အိုဒီဂါ့ဒ်ကို ဖြည့်တင်းထားတဲ့ နည်းပြ မီခေးလ် အာတီတာအတွက်တော့ နော်ဝေသားထက်စာရင် စမစ်ရိုးကသာ ကာဇိုလာလက်သစ်ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေသလို စပိန်သားလို အထူးအောင်မြင်တဲ့ အကောင်းဆုံးအချိန်အခါက ကစားသမားဘဝခြေစွမ်းကို တထပ်တည်းခြေရာနင်းပြီး လိုက်မီသွားလိမ့်မယ်လို့လည်း မျှော်မှန်းခံထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီထုတ္ကုန္ လူငယ္ေသြးသစ္ ကြင္းလယ္လူတဦးျဖစ္သလို အသင္းမွာ ႏွစ္ရွည္စာခ်ဳပ္အခ်ဳပ္ခံထားရၿပီး ဂန္းနားတို႔ရဲ႕ ဂႏၴဝင္ေက်ာနံပါတ္ ၁၀ ကို ယုံယုံၾကည္ၾကည္နဲ႔ ေပးအပ္ခံထားရတဲ့ စမစ္႐ိုးက သူ႔အေနနဲ႔ ငယ္စဥ္က ေလ့က်င့္ေရးအစီအစဥ္မွာ ဆန္တီ ကာဇိုလာကို ဘယ္ေလာက္ထိ အားက်ခဲ့ရသလဲဆိုတာကို ေျပာျပသြားခဲ့ပါတယ္။

အမ္းမရိတ္စ္ကြင္းႀကီးမွာ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ ပရိသတ္ရဲ႕အသည္းစြဲကစားသမားျဖစ္ခဲ့တဲ့ ကာဇိုလာဟာ ဂန္းနားကစားသမားဘဝေႏွာင္းပိုင္းကာလေတြမွာ ဒဏ္ရာျပႆနာေတြရဲ႕ ထိုးႏွက္မႈကို အျပင္းအထန္ခံစားခဲ့ရၿပီး အသင္းတာဝန္ရွိသူေတြက ၂၀၁၇-၁၈ ရာသီအကုန္ ေမလ ၂၀၁၈ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ စပိန္သားႀကီးကို စာခ်ဳပ္သက္တမ္းထပ္မတိုးေတာ့တဲ့ အသင္းကေန ထြက္ခြာမယ့္ စာရင္းထဲ ထည့္သြင္းခဲ့တဲ့အတြက္ အာဆင္နယ္အသင္းကေန ထြက္ခဲ့ရၿပီး အသင္းလက္မဲ့ျဖစ္ခဲ့ရပါတယ္။

ဂန္းနားတို႔နဲ႔ ဇာတ္သိမ္းမလွဘဲ အစြန္႔ပစ္ခံျဖစ္ခဲ့ရေပမယ့္ ကာဇိုလာဟာ အာဆင္နယ္အကယ္ဒမီက လူငယ္ၾကယ္ပြင့္​ေလးေတြအတြက္ေတာ့ သူ႔ရဲ႕ေမွာ္ဆန္တဲ့ေျခစြမ္းေၾကာင့္ စံျပပုဂၢိဳလ္တဦးအျဖစ္ စြဲထင္က်န္ရစ္ခဲ့ေစသလို စမစ္႐ိုးအတြက္ေတာ့ သူက ငယ္ဘဝသူရဲေကာင္းတဦးလည္းျဖစ္ခဲ့တာပါ။

” အသင္းႀကီးနဲ႔တြဲၿပီး ပထမဆုံးအႀကိမ္ ေလ့က်င့္ေရးဆင္းခြင့္ရတာ ကြၽန္ေတာ့္အသက္ ၁၇ ႏွစ္သားမွာေပါ့ဗ်ာ။ ကြၽန္ေတာ့္ေရွ႕မွာ မီးဆြတ္ အိုေဇးလ္နဲ႔ ဆန္တီ ကာဇိုလာတို႔ေပါ့ဗ်ာ။ ၾကယ္ျမင္လျမင္သလိုကို ခံစားလိုက္ရတာပါပဲ။ အဲဒီအခ်ိန္မွာ ကာဇိုလာလုပ္ျပခဲ့တဲ့အကြက္တခုက ကြၽန္ေတာ့္မ်က္လုံးကိုေတာင္ မယုံၾကည္ႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္”

” သူက ကစားသမားႏွစ္ေယာက္ကို ေက်ာ္ျဖတ္လိမ္ေခါက္ျပခဲ့ၿပီး ႏွစ္ေယာက္စလုံး ေျမေပၚမွာ ဖင္ထိုင္လ်က္ ၿပိဳလဲက်သြားခဲ့တာပါ။ ကြၽန္ေတာ့္ဘဝမွာ ပထမဆုံးျဖစ္ဖူးတဲ့ အ႐ူးအမူးခံစားခ်က္မ်ိဳးပါပဲဗ်ာ။ လူတိုင္းေျပာတဲ့အတိုင္းပါပဲ။ သူက တကယ့္အေကာင္းဆုံးကစားသမားပါ။ မယုံၾကည္ႏိုင္ေလာက္ဖြယ္ရာပါ” လို႔ စမစ္႐ိုးက သူ႔ရဲ႕ငယ္ဘဝက ကာဇိုလာရဲ႕ပုံရိပ္ကို ျပန္လည္ပုံေဖာ္သြားခဲ့ပါတယ္။

အာဆင္နယ္ကေနထြက္ခြာလာရၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ ကာဇိုလာကို ၂၀၁၈ ဂြၽန္လ ၅ ရက္ေန႔မွာ အသင္းေဟာင္း ဗီလာရီးရဲလ္အသင္းက သူတို႔အသင္းနဲ႔အတူ လာေရာက္ေလ့က်င္ခန္းဆင္းဖို႔ ဖိတ္ေခၚတဲ့အတြက္ အဝါေရာင္ေရငုတ္သေဘၤာေတြဆီကို ျပန္ေရာက္ခဲ့ပါတယ္။ ဒီေနာက္ ၂၀၁၈ ဂ်ဴလိုင္ ၁၇ ရက္ေန႔မွာ ဟာက်ဴလပ္စ္အသင္းနဲ႔ ခ်စ္ၾကည္ေရးေျခစြမ္းပြဲမွာ ဗီလာရီးရဲလ္အသင္းဘက္ကေနၿပီး ပါဝင္ကစားၿပီး ၆၃၆ ရက္ ေဘာလုံး မကစားရျခင္းကို အဆုံးသတ္ႏိုင္ခဲကာ ဗီလာရီးရဲလ္အသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒီႏွစ္ရာသီမွ ဗီလာရီးရဲလအသင္းအတြက္ာ ၂၂ ဂိုးသြင္းယူ ၊ ၁၉ ဂိုးဖန္းတီးမႈေပးႏိုင္ခဲ့အထိ ေျခစြမ္းတဖန္ျပန္ျပခဲ့ႏိုင္ခဲ့ပါတယ္။

ဗီလာရီးရဲလ္နဲ႔စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာေတာ့ ကာတာကလပ္ Al Sadd ကိုေျပာင္းေ႐ႊ႕ကစားေနတဲ့ လက္ရွိ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ကာဇိုလာဟာ ကာတာႏိုင္ငံမွာ ကစားသမားဘဝေနဝင္ခ်ိန္ကို ေအးခ်မ္းစြာျဖတ္သန္းေနသလို ကမာၻ႔အေကာင္းဆုံးေနာက္ခံလူေတြကို မ်က္ျဖဴဆိုက္ေစတဲ့အထိ ေတာက္ပခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ႀကီးရဲ႕ ေျခစြမ္းဟာ စမစ္႐ိုးအတြက္ေတာ့ အေတာ္ေလးလႊမ္းမိုးမႈႀကီးမားခဲ့တယ္လို႔ ဆိုရမွာပါ။

ေႏြရာသီတေလွ်ာက္လုံး ကြင္းလယ္ဖန္တီးရွင္တဦးကို ရွာေဖြေနၿပီး ရီးရဲလ္မက္ဒရစ္အသင္းကေန မာတင္ အိုဒီဂါ့ဒ္ကို ျဖည့္တင္းထားတဲ့ နည္းျပ မီေခးလ္ အာတီတာအတြက္ေတာ့ ေနာ္ေဝသားထက္စာရင္ စမစ္႐ိုးကသာ ကာဇိုလာလက္သစ္ျဖစ္လာလိမ့္မယ္လို႔ သုံးသပ္မႈေတြရွိေနသလို စပိန္သားလို အထူးေအာင္ျမင္တဲ့ အေကာင္းဆုံးအခ်ိန္အခါက ကစားသမားဘဝေျခစြမ္းကို တထပ္တည္းေျခရာနင္းၿပီး လိုက္မီသြားလိမ့္မယ္လို႔လည္း ေမွ်ာ္မွန္းခံထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.