Match Report Premier League

ဝက်စ်ဘရွန်းကို အနိုင်ယူပြီး ကာရာဘောင်းဖလားမှာ ပရိသတ်တွေကို နှစ်သိမ့်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားကို စောစောစီးစီး ထွက်ခဲ့ရတဲ့ အကျိုးဆက်အဖြစ် လိဂ်ချန်ပီယံရှစ်က ဝက်စ်ဘရွန်းအသင်းနဲ့ အဝေးကွင်း ဟောသွန်းမှာ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကနေ စတင်ကစားခဲ့ရပြီး စနော့ဂရက်စ်နဲ့ ဇိုဟိုးတို့သာ စီနီယာကစားသမား ပါဝင်ပြီး လူငယ်တွေနဲ့ ပွဲထွက်ခဲ့တဲ့ တစ်ဖက်အသင်းကို တိုက်စစ်မှူး အူဘာမီယန်းရဲ့ ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ နှစ်ပွဲဆက် ပရီးမီးယားလိဂ် အရှုံးနဲ့ မွန်းကျပ်နေမှုတွေကို ဖြေသိမ့်ပေးခဲ့ပါတယ်။

ဂိုးသမား ရမ်းစ်ဒေးလ် ပွဲဦးထွက်အဖြစ် ပါဝင်လာပြီး ကွင်းလယ်မှာလည်း လူသစ်ကစားသမား အော်ဒီဂွါဒ် ပါဝင်လာခဲ့သလို ကိုလာစီနက်ချ်ကို ဗဟိုခံစစ်မှာ ကစားခိုင်းခဲ့ပြီး တာဗာရက်စ်ကတော့ ဘယ်နောက်ခံလူနေရာမှာ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ အယ်လ်နန်နီနဲ့ ချာကာတို့ တွဲကစားချိန်မှာ တိုက်စစ်မှာတော့ ဆာကာက ဘယ်ခြမ်း၊ ပေပေက ညာခြမ်းမှာ အူဘာမီယန်းရဲ့ နောက်က ကစားလာခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့အနေနဲ့ အော်ဒီဂွါဒ် ပါဝင်လာတာနဲ့အညီ ပိုမိုကောင်းမွန်တဲ့ ကစားကွက်ကို တည်ဆောက်နိုင်ခဲ့ကြပြီး ဘောလုံး ဖြန့်ဝေမှုနဲ့ ဖန်တီးမှုပိုင်းမှာ လမ်းကြောင်းတွေ ပိုများလာခဲ့သလို ပွဲချိန် ၆ မိနစ်မှာ ပေပေရဲ့ အဝေးဘောကို အူဘာမီယန်း လိုက်လံရယူပြီး ပြန်တင်ပေးရာမှာ အိုင်ဗရီကို့စ်သားက ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂါဘွန်သားရဲ့ ဖြတ်တင်ဘောက ဂိုးစည်းကို ကျော်နေခဲ့တာကြောင့် အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ ဝက်စ်ဘရွန်းဘက်က ဖဲလိုးစ်ရဲ့ ကန်သွင်းချက်ကို ရမ်းစ်ဒေးလ် ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ပွဲချိန် ၁၆ မိနစ်မှာတော့ ဆာကာက သူ့ရဲ့ မအောင်မြင်လိုက်တဲ့ ပေးပို့မှုကနေ ဘောလုံးပျက်တာကို လိုက်လံလုယူပြီး တစ်ဖက်နောက်ခံလူတွေကို ကျော်ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမားပုတ်လို့ ပြန်ထွက်လာတာကို အူဘာမီယန်းက ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ အဝေးကွင်းမှာ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ ချာကာ မ,တင်ပေးလိုက်တဲ့ ဘောလုံးကို အူဘာမီယန်းပြေးလိုက်ပေမယ့် ဂိုးသမား အထွက်စောလို့ ရှင်းထုတ်နိုင်ခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာတော့ အယ်လ်နန်နီ ပေးတဲ့ ဘောလုံးကို ပေပေ တစ်ကိုယ်တော်အစွမ်းနဲ့ ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့တာကို နောက်ကနေ ပါလာခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ကပဲ သူ့ရဲ့ ဒုတိယမြောက်ဂိုးအဖြစ် ကန်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တာဗာရက်စ် ပေးတဲ့ ဘောလုံးကို ဆာကာ ထိုးပေးခဲ့ရာမှာ အူဘာမီယန်းက သူ့ရဲ့ ဟက်ထရစ်အခွင့်အရေးအဖြစ် ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ခဲ့ပေမယ့် ကျော်ကန်ရာမှာ မလွတ်ခဲ့တာကြောင့် ငြိပြီး ပြန်ကျလာတာကို ချက်ချင်းပဲ ကြုံသလို ပြန်ချိုးပေးရာမှာ ညာခြမ်းက ပေပေက ဒုတိယမြောက်ဂိုးနဲ့ အပြန်အလှန်အဖြစ် သွင်းယူပြီး ပထမပိုင်းအပြီးမှာ အာဆင်နယ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန်မိနစ် ၅၀ မှာတော့ အာဆင်နယ်တို့ နောက်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဆာကာက ဘောလုံးဆွဲယူလာပြီး အတွင်းနဲ့ ချိတ်ဆက်ခဲ့ရာမှာ အော်ဒီဂွါဒ်က နောက်ပေါက်နဲ့ ချပေးရာမှာ အူဘာမီယန်း လူကျွံနေခဲ့ပေမယ့် မလှုပ်ဘဲ ရပ်နေခဲ့တာကြောင့် ဝက်စ်ဘရွန်းတို့ အငိုက်မိသွားခဲ့ပြီး ဒါကို ဆာကာကပဲ လိုက်လံရယူပြီး ဂိုးသမားနဲ့ အတွေ့မှာ ညာခြေနဲ့ ကန်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဝက်စ်ဘရွန်းတိုက်စစ်မှူး ဇိုဟိုးရဲ့ ပြင်းထန်အားပါတဲ့ ခေါင်းတိုက်ချက်ကို ရမ်းစ်ဒေးလ် ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး တစ်မိနစ်အကြာမှာတော့ အော်ဒီဂွါဒ် လဲကျပြီး ဘောလုံးပျက်ရာကနေ ဂိုးဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ဂါ့ဒ်နာ-ဟစ်ခ်မန်းရဲ့ အနီးကပ်ကန်ချက်ကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပိတ်ဆို့အစွမ်းပြသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ တာဗာရက်စ်နဲ့ အာဆင်နယ်ဘယ်ခြမ်းတို့ နားလည်မှု အနည်းငယ်လိုနေတာကို တွေ့ရသလို အော်ဒီဂွါဒ်ရဲ့ နေရာယူပုံတွေကလည်း ကွင်းလယ်မှာ တိုက်စစ်ပိုင်းနဲ့ ဝေးနေတာကြောင့် တန်ပြန်တိုက်စစ်တွေကို မြန်မြန်ဆန်ဆန် စတင်နိုင်ခြင်းတော့ မရှိခဲ့တာပါ။ ပွဲချိန် မိနစ် ၆၀ မှာတော့ အသင်းနဲ့ အငှားနောက်ပိုင်း အပြီးသတ် ပြောင်းရွှေ့မှုမှာ ပထမဆုံးပွဲထွက်ကစားတဲ့ နော်ဝေသားကို မိတ်လန်းနိုင်းလ်စ်နဲ့ လူစားလဲသွားခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ အာဆင်နယ်တို့ ပဉ္စမမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဘရွန်းရဲ့ တိုက်စစ်ကို ပေပေက ဖြတ်တောက်ရယူပြီး ကွင်းလယ်ကို ထည့်ပေးခဲ့ရာမှာ လူစားဝင်လာပြီး အရင်ပွဲတွေကလို မဟုတ်ဘဲ ကွင်းလယ်မှာ ကစားနေခဲ့တာ နှစ်မိနစ်သာရှိသေးတဲ့ မိတ်လန်းနိုင်းလ်စ်က ဘယ်ခြမ်းကို ခင်းပေးရာမှာ အူဘာမီယန်းက သူ့ရဲ့ ဟက်ထရစ်ဂိုးအဖြစ် ညာခြမ်းအဝေးတိုင်ဘက်ကို ကန်သွင်းရယူသွားခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ချာကာအစား လူစားဝင်လာခဲ့တဲ့ လာကာဇက်က ဝက်စ်ဘရွန်းရဲ့ Pressing ကို ကျော်ဖြတ်ပြီး ချပေးခဲ့ရာမှာ ပေပေက လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့ပေမယ့် ဂိုးသမားကို ကျော်ကန်တာမှာ နည်းနည်းများသွားခဲ့လို့ ဘားတန်းထိထွက်ခဲ့ပြီး တစ်မိနစ်အကြာမှာတော့ တန်ပြန်တိုက်စစ်ကနေ အကြွေးပြန်ဖန်တီးပေးတဲ့ ပေပေရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို လာကာဇက်က ကန်သွင်းပြီး ခြောက်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အူဘာမီယန်းအစား မာတီနယ်လီ ဝင်လာခဲ့ပြီး အာဆင်နယ်တို့ ကစားအားလျှော့ချသွားခဲ့သလို ဆာကာက Attacking Midfield နေရာ ပြောင်းကစားပြီး ကစားကွက် စမ်းသပ်သွားခဲ့ပေမယ့် လူခေါ်ဖို့ မရေရာသေးတဲ့ ညာနောက်ခံမှာ ချိမ်းဘားစ် အလုပ်မဖြစ်သေးတာကို မိတ်လန်းနိုင်းလ်စ်နဲ့ စမ်းသပ်ဖို့ကို အာတီတာ ပျက်ကွက်ဆဲဖြစ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဟောသွန်းကွင်းမှာ ဝက်စ်ဘရွန်းလူငယ်တွေအပေါ် ခြောက်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံရင်း ကာရာဘောင်းဖလားရဲ့ တတိယအဆင့်ကို တက်ရောက်သွားခဲ့သလို ရှေ့နှစ်ပွဲမှာ နှစ်ပွဲလုံးရှုံးပြီး တစ်ဂိုးမှ မသွင်းနိုင်ခဲ့လို့ ဂိုးငတ်နေခဲ့တဲ့ ပရိသတ်တွေကိုတော့ နှစ်သိမ့်သွားနိုင်ခဲ့ကြောင်းနဲ့ လာမယ့် စနေနေ့မှာ အစောဆုံးပွဲအဖြစ် ကစားမယ့် မန်စီးတီးနဲ့ပွဲအတွက်တော့ အဓိက ကစားသမားတချို့ကို မျှော်လင့်နိုင်မှာကြောင့် အပေါင်းလက္ခဏာဆောင်သွားနိုင်ခဲ့ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားကို ေစာေစာစီးစီး ထြက္ခဲ့ရတဲ့ အက်ိဳးဆက္အျဖစ္ လိဂ္ခ်န္ပီယံရွစ္က ဝက္စ္ဘ႐ြန္းအသင္းနဲ႔ အေဝးကြင္း ေဟာသြန္းမွာ ၿပိဳင္ပြဲရဲ႕ ဒုတိယအဆင့္ကေန စတင္ကစားခဲ့ရၿပီး စေနာ့ဂရက္စ္နဲ႔ ဇိုဟိုးတို႔သာ စီနီယာကစားသမား ပါဝင္ၿပီး လူငယ္ေတြနဲ႔ ပြဲထြက္ခဲ့တဲ့ တစ္ဖက္အသင္းကို တိုက္စစ္မႉး အူဘာမီယန္းရဲ႕ ဦးေဆာင္မႈနဲ႔အတူ ၿပီးခဲ့တဲ့ ႏွစ္ပြဲဆက္ ပရီးမီးယားလိဂ္ အရႈံးနဲ႔ မြန္းက်ပ္ေနမႈေတြကို ေျဖသိမ့္ေပးခဲ့ပါတယ္။

ဂိုးသမား ရမ္းစ္ေဒးလ္ ပြဲဦးထြက္အျဖစ္ ပါဝင္လာၿပီး ကြင္းလယ္မွာလည္း လူသစ္ကစားသမား ေအာ္ဒီဂြါဒ္ ပါဝင္လာခဲ့သလို ကိုလာစီနက္ခ်္ကို ဗဟိုခံစစ္မွာ ကစားခိုင္းခဲ့ၿပီး တာဗာရက္စ္ကေတာ့ ဘယ္ေနာက္ခံလူေနရာမွာ ပြဲထြက္ခဲ့ပါတယ္။ ကြင္းလယ္မွာ အယ္လ္နန္နီနဲ႔ ခ်ာကာတို႔ တြဲကစားခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာကာက ဘယ္ျခမ္း၊ ေပေပက ညာျခမ္းမွာ အူဘာမီယန္းရဲ႕ ေနာက္က ကစားလာခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာ အာဆင္နယ္တို႔အေနနဲ႔ ေအာ္ဒီဂြါဒ္ ပါဝင္လာတာနဲ႔အညီ ပိုမိုေကာင္းမြန္တဲ့ ကစားကြက္ကို တည္ေဆာက္ႏိုင္ခဲ့ၾကၿပီး ေဘာလုံး ျဖန႔္ေဝမႈနဲ႔ ဖန္တီးမႈပိုင္းမွာ လမ္းေၾကာင္းေတြ ပိုမ်ားလာခဲ့သလို ပြဲခ်ိန္ ၆ မိနစ္မွာ ေပေပရဲ႕ အေဝးေဘာကို အူဘာမီယန္း လိုက္လံရယူၿပီး ျပန္တင္ေပးရာမွာ အိုင္ဗရီကို႔စ္သားက ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဂါဘြန္သားရဲ႕ ျဖတ္တင္ေဘာက ဂိုးစည္းကို ေက်ာ္ေနခဲ့တာေၾကာင့္ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ဝက္စ္ဘ႐ြန္းဘက္က ဖဲလိုးစ္ရဲ႕ ကန္သြင္းခ်က္ကို ရမ္းစ္ေဒးလ္ ပုတ္ထုတ္ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဆာကာက သူ႔ရဲ႕ မေအာင္ျမင္လိုက္တဲ့ ေပးပို႔မႈကေန ေဘာလုံးပ်က္တာကို လိုက္လံလုယူၿပီး တစ္ဖက္ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးသမားပုတ္လို႔ ျပန္ထြက္လာတာကို အူဘာမီယန္းက ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ အေဝးကြင္းမွာ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ခ်ာကာ မ,တင္ေပးလိုက္တဲ့ ေဘာလုံးကို အူဘာမီယန္းေျပးလိုက္ေပမယ့္ ဂိုးသမား အထြက္ေစာလို႔ ရွင္းထုတ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အယ္လ္နန္နီ ေပးတဲ့ ေဘာလုံးကို ေပေပ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ကန္သြင္းရာမွာ တိုင္ထိထြက္ခဲ့တာကို ေနာက္ကေန ပါလာခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ကပဲ သူ႔ရဲ႕ ဒုတိယေျမာက္ဂိုးအျဖစ္ ကန္သြင္းၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန တာဗာရက္စ္ ေပးတဲ့ ေဘာလုံးကို ဆာကာ ထိုးေပးခဲ့ရာမွာ အူဘာမီယန္းက သူ႔ရဲ႕ ဟက္ထရစ္အခြင့္အေရးအျဖစ္ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း ေတြ႕ခဲ့ေပမယ့္ ေက်ာ္ကန္ရာမွာ မလြတ္ခဲ့တာေၾကာင့္ ၿငိၿပီး ျပန္က်လာတာကို ခ်က္ခ်င္းပဲ ႀကဳံသလို ျပန္ခ်ိဳးေပးရာမွာ ညာျခမ္းက ေပေပက ဒုတိယေျမာက္ဂိုးနဲ႔ အျပန္အလွန္အျဖစ္ သြင္းယူၿပီး ပထမပိုင္းအၿပီးမွာ အာဆင္နယ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္မိနစ္ ၅၀ မွာေတာ့ အာဆင္နယ္တို႔ ေနာက္တစ္ဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ဆာကာက ေဘာလုံးဆြဲယူလာၿပီး အတြင္းနဲ႔ ခ်ိတ္ဆက္ခဲ့ရာမွာ ေအာ္ဒီဂြါဒ္က ေနာက္ေပါက္နဲ႔ ခ်ေပးရာမွာ အူဘာမီယန္း လူကြၽံေနခဲ့ေပမယ့္ မလႈပ္ဘဲ ရပ္ေနခဲ့တာေၾကာင့္ ဝက္စ္ဘ႐ြန္းတို႔ အငိုက္မိသြားခဲ့ၿပီး ဒါကို ဆာကာကပဲ လိုက္လံရယူၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ ညာေျခနဲ႔ ကန္သြင္းရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဝက္စ္ဘ႐ြန္းတိုက္စစ္မႉး ဇိုဟိုးရဲ႕ ျပင္းထန္အားပါတဲ့ ေခါင္းတိုက္ခ်က္ကို ရမ္းစ္ေဒးလ္ ပုတ္ထုတ္ကာကြယ္ခဲ့ရၿပီး တစ္မိနစ္အၾကာမွာေတာ့ ေအာ္ဒီဂြါဒ္ လဲက်ၿပီး ေဘာလုံးပ်က္ရာကေန ဂိုးဧရိယာထဲ ဆြဲဝင္လာခဲ့တဲ့ ဂါ့ဒ္နာ-ဟစ္ခ္မန္းရဲ႕ အနီးကပ္ကန္ခ်က္ကိုလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ပိတ္ဆို႔အစြမ္းျပသြားႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ တာဗာရက္စ္နဲ႔ အာဆင္နယ္ဘယ္ျခမ္းတို႔ နားလည္မႈ အနည္းငယ္လိုေနတာကို ေတြ႕ရသလို ေအာ္ဒီဂြါဒ္ရဲ႕ ေနရာယူပုံေတြကလည္း ကြင္းလယ္မွာ တိုက္စစ္ပိုင္းနဲ႔ ေဝးေနတာေၾကာင့္ တန္ျပန္တိုက္စစ္ေတြကို ျမန္ျမန္ဆန္ဆန္ စတင္ႏိုင္ျခင္းေတာ့ မရွိခဲ့တာပါ။ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အသင္းနဲ႔ အငွားေနာက္ပိုင္း အၿပီးသတ္ ေျပာင္းေ႐ႊ႕မႈမွာ ပထမဆုံးပြဲထြက္ကစားတဲ့ ေနာ္ေဝသားကို မိတ္လန္းႏိုင္းလ္စ္နဲ႔ လူစားလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ပၪၥမေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဝက္စ္ဘ႐ြန္းရဲ႕ တိုက္စစ္ကို ေပေပက ျဖတ္ေတာက္ရယူၿပီး ကြင္းလယ္ကို ထည့္ေပးခဲ့ရာမွာ လူစားဝင္လာၿပီး အရင္ပြဲေတြကလို မဟုတ္ဘဲ ကြင္းလယ္မွာ ကစားေနခဲ့တာ ႏွစ္မိနစ္သာရွိေသးတဲ့ မိတ္လန္းႏိုင္းလ္စ္က ဘယ္ျခမ္းကို ခင္းေပးရာမွာ အူဘာမီယန္းက သူ႔ရဲ႕ ဟက္ထရစ္ဂိုးအျဖစ္ ညာျခမ္းအေဝးတိုင္ဘက္ကို ကန္သြင္းရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ခ်ာကာအစား လူစားဝင္လာခဲ့တဲ့ လာကာဇက္က ဝက္စ္ဘ႐ြန္းရဲ႕ Pressing ကို ေက်ာ္ျဖတ္ၿပီး ခ်ေပးခဲ့ရာမွာ ေပေပက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမားကို ေက်ာ္ကန္တာမွာ နည္းနည္းမ်ားသြားခဲ့လို႔ ဘားတန္းထိထြက္ခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ တန္ျပန္တိုက္စစ္ကေန အေႂကြးျပန္ဖန္တီးေပးတဲ့ ေပေပရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို လာကာဇက္က ကန္သြင္းၿပီး ေျခာက္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အူဘာမီယန္းအစား မာတီနယ္လီ ဝင္လာခဲ့ၿပီး အာဆင္နယ္တို႔ ကစားအားေလွ်ာ့ခ်သြားခဲ့သလို ဆာကာက Attacking Midfield ေနရာ ေျပာင္းကစားၿပီး ကစားကြက္ စမ္းသပ္သြားခဲ့ေပမယ့္ လူေခၚဖို႔ မေရရာေသးတဲ့ ညာေနာက္ခံမွာ ခ်ိမ္းဘားစ္ အလုပ္မျဖစ္ေသးတာကို မိတ္လန္းႏိုင္းလ္စ္နဲ႔ စမ္းသပ္ဖို႔ကို အာတီတာ ပ်က္ကြက္ဆဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေဟာသြန္းကြင္းမွာ ဝက္စ္ဘ႐ြန္းလူငယ္ေတြအေပၚ ေျခာက္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံရင္း ကာရာေဘာင္းဖလားရဲ႕ တတိယအဆင့္ကို တက္ေရာက္သြားခဲ့သလို ေရွ႕ႏွစ္ပြဲမွာ ႏွစ္ပြဲလုံးရႈံးၿပီး တစ္ဂိုးမွ မသြင္းႏိုင္ခဲ့လို႔ ဂိုးငတ္ေနခဲ့တဲ့ ပရိသတ္ေတြကိုေတာ့ ႏွစ္သိမ့္သြားႏိုင္ခဲ့ေၾကာင္းနဲ႔ လာမယ့္ စေနေန႔မွာ အေစာဆုံးပြဲအျဖစ္ ကစားမယ့္ မန္စီးတီးနဲ႔ပြဲအတြက္ေတာ့ အဓိက ကစားသမားတခ်ိဳ႕ကို ေမွ်ာ္လင့္ႏိုင္မွာေၾကာင့္ အေပါင္းလကၡဏာေဆာင္သြားႏိုင္ခဲ့ပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.