La Liga Ligue1 Transfer News

အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ရွှေ့ကွက်ကို ပီအက်စ်ဂျီတို့ ဘယ်လိုပေါက်ကွဲလိုက်ကြသလဲ

ခီလီယန် အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်အသင်းဘက်က ကမ်းလှမ်းမှုနဲ့ ချဉ်းကပ်ကြိုးစားမှုတွေဟာ လုံးဝကို လေးစားမှုမရှိတဲ့ လုပ်ရပ်လို့ ပီအက်စ်ဂျီအသင်းဘက်က စွပ်စွဲလိုက်ပြီး နောက်ဆုံးလုပ်ရပ်တစ်ခုဖြစ်တဲ့ ကစားသမားနဲ့ ဆွေးနွေးခွင့် ပေးဖို့ တောင်းဆိုလိုက်တာကိုပါ တော်တော်လေး ဒေါသထွက်နေခဲ့ကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ယူရိုသန်း ၁၆၀ တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့အပြီးမှာ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက ပေါက်ကွဲနေပြီး ပြီးခဲ့တဲ့ အချိန်တွေအတွင်းမှာ တွေ့ကြုံခဲ့ရတဲ့ သူတို့အပေါ် စော်ကားတယ်လို့ ခံစားရသမျှကို ပြင်သစ်သတင်းဌာန လေကိပ် L’Équipe နဲ့ တွေ့ဆုံမှုမှာ ဖွင့်ချလိုက်ပါတယ်။

“ခီလီယန် အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်နေပြီး ကျွန်တော်တို့ကတော့ သူ့ကို ဆွဲထားမှာ မဟုတ်ပါဘူး။ သူ့အတွက် ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပြီး ကျွန်တော်တို့ လိုချင်တဲ့ ပမာဏကို ရခဲ့မယ်ဆိုရင် ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲတော့ စောင့်ကြည့်ရမှာပါ။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကျွန်တော်တို့အပေါ် လေးစားမှုမထား၊ မမှန်မကန်၊ တရားမဝင်၊ လက်မခံနိုင်စရာကိစ္စတွေလည်း လုပ်ခဲ့ပါတယ်”

“ယူရိုသန်း ၁၆၀ နဲ့တော့ သူ့ကို မရနိုင်ပါဘူး။ သူသာ အသင်းက ထွက်ချင်ရင် သူ့ကို လိုချင်တဲ့ အသင်းက တောင်းတဲ့အတိုင်း ပေးရပါလိမ့်မယ်။ သူတို့နဲ့ စကားထပ်ပြောဖို့ အစီအစဉ်မရှိပါဘူး။ ပြောင်းရွှေ့ကြေးထပ်တိုးပြီး ကမ်းလှမ်းလာမလားတော့ မသိဘူး။ ကျွန်တော်ပြောနိုင်တာကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စရိုက်ကို မကြိုက်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူ့ရဲ့ မိသားစုတွေနဲ့ လူတိုင်းကို လိုက်ပြီး ကြိုးစားနေခဲ့တယ်လေ…”

“ကျွန်တော်တို့အနေနဲ့ အမ်ဘာပေကို ထွက်တော့လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ လူတွေက ပြောတာတော့ ကျွန်တော်က ရောင်းချင်ပြီး နက်ဆာ(အယ်လ်ခယ်လိုင်ဖီ)က ပယ်ချတယ်တဲ့။ ဒီလိုမဟုတ်ပါဘူး၊ တကယ်က ကျွန်တော်တို့ နှစ်ယောက်စလုံး စိတ်တူကိုယ်တူ ငြင်းထားကြတာပါ။ ဒါပေမယ့် ကစားသမားက ထွက်လိုတယ်ဆိုရင်တော့ ဆိုဈေးက ကျွန်တော်တို့ရဲ့ သတ်မှတ်ချက်တစ်ခုတည်းပါ”

“အခု သူတို့လုပ်နေတဲ့ ဗျူဟာက ကျွန်တော်တို့ မငြင်းငြင်းအောင် လုပ်နေသလိုပဲ။ လုပ်နိုင်သမျှ ကြိုးစားမှုတွေကို ပရမ်းပတာတွေ လျှောက်လုပ်ပြီး အမ်ဘာပေကို နောက်ဆုံးမှာ တစ်နှစ်စောင့်ရင်း အလွတ်နဲ့ ခေါ်နိုင်ဖို့ မျှော်နေသလိုပါပဲ။ ဒါပေမယ့် ခီလီယန်က ကျွန်တော်တို့ကို ဘယ်တော့မှ အလွတ်နဲ့ မထွက်ဘူးလို့ ကတိပေးထားတာပါ”

“ကျွန်တော်တို့အနေနဲ့ အမ်ဘာပေအတွက် ကြီးကြီးမားမားနှစ်ခု ကမ်းလှမ်းပေးခဲ့ပါတယ်။ အသင်းရဲ့ ရည်မှန်းချက်ကို ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကစားသမားကောင်းတွေကို ခေါ်ယူပေးတာက တစ်ခုဖြစ်ပြီး တစ်ခုကတော့ ဒီကစားသမားတွေထက် သူ့ကို ပိုပြီး အရေးပါကြောင်းကို ပြသမယ့် တန်ဖိုးထားမှုပါ။ (စာချုပ်သစ်ကို ဆိုလိုဟန်ရှိသည်) သူက ကျွန်တော်တို့ရဲ့ စီမံကိန်းတွေအတွက် ဗဟိုပြုရမယ့်သူပါပဲ။ ဒါပေမယ့် သူကတော့ စီမံကိန်းအထက်မှာ ရှိမနေဘူးပေါ့လေ”လို့ ရီးရဲလ်မက်ဒရစ်ရဲ့ အပြုအမူတွေကို လီယိုနာကိုက ပြစ်တင်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပအတြက္ ရီးရဲလ္မက္ဒရစ္အသင္းဘက္က ကမ္းလွမ္းမႈနဲ႔ ခ်ဥ္းကပ္ႀကိဳးစားမႈေတြဟာ လုံးဝကို ေလးစားမႈမရွိတဲ့ လုပ္ရပ္လို႔ ပီအက္စ္ဂ်ီအသင္းဘက္က စြပ္စြဲလိုက္ၿပီး ေနာက္ဆုံးလုပ္ရပ္တစ္ခုျဖစ္တဲ့ ကစားသမားနဲ႔ ေဆြးေႏြးခြင့္ ေပးဖို႔ ေတာင္းဆိုလိုက္တာကိုပါ ေတာ္ေတာ္ေလး ေဒါသထြက္ေနခဲ့ၾကတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ ယူ႐ိုသန္း ၁၆၀ တန္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့အၿပီးမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ လီယိုနာဒိုက ေပါက္ကြဲေနၿပီး ၿပီးခဲ့တဲ့ အခ်ိန္ေတြအတြင္းမွာ ေတြ႕ႀကဳံခဲ့ရတဲ့ သူတို႔အေပၚ ေစာ္ကားတယ္လို႔ ခံစားရသမွ်ကို ျပင္သစ္သတင္းဌာန ေလကိပ္ L’Équipe နဲ႔ ေတြ႕ဆုံမႈမွာ ဖြင့္ခ်လိုက္ပါတယ္။

“ခီလီယန္ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္ေနၿပီး ကြၽန္ေတာ္တို႔ကေတာ့ သူ႔ကို ဆြဲထားမွာ မဟုတ္ပါဘူး။ သူ႔အတြက္ ပထမအႀကိမ္ ကမ္းလွမ္းမႈကို ပယ္ခ်ထားခဲ့ၿပီး ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ပမာဏကို ရခဲ့မယ္ဆိုရင္ ေရွ႕ဆက္ၿပီး ဘာေတြျဖစ္မလဲေတာ့ ေစာင့္ၾကည့္ရမွာပါ။ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ကြၽန္ေတာ္တို႔အေပၚ ေလးစားမႈမထား၊ မမွန္မကန္၊ တရားမဝင္၊ လက္မခံႏိုင္စရာကိစၥေတြလည္း လုပ္ခဲ့ပါတယ္”

“ယူ႐ိုသန္း ၁၆၀ နဲ႔ေတာ့ သူ႔ကို မရႏိုင္ပါဘူး။ သူသာ အသင္းက ထြက္ခ်င္ရင္ သူ႔ကို လိုခ်င္တဲ့ အသင္းက ေတာင္းတဲ့အတိုင္း ေပးရပါလိမ့္မယ္။ သူတို႔နဲ႔ စကားထပ္ေျပာဖို႔ အစီအစဥ္မရွိပါဘူး။ ေျပာင္းေ႐ႊ႕ေၾကးထပ္တိုးၿပီး ကမ္းလွမ္းလာမလားေတာ့ မသိဘူး။ ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ ရီးရဲလ္မက္ဒရစ္ရဲ႕ စ႐ိုက္ကို မႀကိဳက္ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ သူ႔ရဲ႕ မိသားစုေတြနဲ႔ လူတိုင္းကို လိုက္ၿပီး ႀကိဳးစားေနခဲ့တယ္ေလ…”

“ကြၽန္ေတာ္တို႔အေနနဲ႔ အမ္ဘာေပကို ထြက္ေတာ့လို႔ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူး။ လူေတြက ေျပာတာေတာ့ ကြၽန္ေတာ္က ေရာင္းခ်င္ၿပီး နက္ဆာ(အယ္လ္ခယ္လိုင္ဖီ)က ပယ္ခ်တယ္တဲ့။ ဒီလိုမဟုတ္ပါဘူး၊ တကယ္က ကြၽန္ေတာ္တို႔ ႏွစ္ေယာက္စလုံး စိတ္တူကိုယ္တူ ျငင္းထားၾကတာပါ။ ဒါေပမယ့္ ကစားသမားက ထြက္လိုတယ္ဆိုရင္ေတာ့ ဆိုေဈးက ကြၽန္ေတာ္တို႔ရဲ႕ သတ္မွတ္ခ်က္တစ္ခုတည္းပါ”

“အခု သူတို႔လုပ္ေနတဲ့ ဗ်ဴဟာက ကြၽန္ေတာ္တို႔ မျငင္းျငင္းေအာင္ လုပ္ေနသလိုပဲ။ လုပ္ႏိုင္သမွ် ႀကိဳးစားမႈေတြကို ပရမ္းပတာေတြ ေလွ်ာက္လုပ္ၿပီး အမ္ဘာေပကို ေနာက္ဆုံးမွာ တစ္ႏွစ္ေစာင့္ရင္း အလြတ္နဲ႔ ေခၚႏိုင္ဖို႔ ေမွ်ာ္ေနသလိုပါပဲ။ ဒါေပမယ့္ ခီလီယန္က ကြၽန္ေတာ္တို႔ကို ဘယ္ေတာ့မွ အလြတ္နဲ႔ မထြက္ဘူးလို႔ ကတိေပးထားတာပါ”

“ကြၽန္ေတာ္တို႔အေနနဲ႔ အမ္ဘာေပအတြက္ ႀကီးႀကီးမားမားႏွစ္ခု ကမ္းလွမ္းေပးခဲ့ပါတယ္။ အသင္းရဲ႕ ရည္မွန္းခ်က္ကို ျပသတဲ့အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္လအတြင္းမွာ ကစားသမားေကာင္းေတြကို ေခၚယူေပးတာက တစ္ခုျဖစ္ၿပီး တစ္ခုကေတာ့ ဒီကစားသမားေတြထက္ သူ႔ကို ပိုၿပီး အေရးပါေၾကာင္းကို ျပသမယ့္ တန္ဖိုးထားမႈပါ။ (စာခ်ဳပ္သစ္ကို ဆိုလိုဟန္ရွိသည္) သူက ကြၽန္ေတာ္တို႔ရဲ႕ စီမံကိန္းေတြအတြက္ ဗဟိုျပဳရမယ့္သူပါပဲ။ ဒါေပမယ့္ သူကေတာ့ စီမံကိန္းအထက္မွာ ရွိမေနဘူးေပါ့ေလ”လို႔ ရီးရဲလ္မက္ဒရစ္ရဲ႕ အျပဳအမူေတြကို လီယိုနာကိုက ျပစ္တင္ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.