Premier League Transfer News

ဟာရီကိန်း စပါးစ်မှာ ဆက်နေမယ်ဆိုလို့ ဘယ်သူတွေအပေါ် သက်ရောက်မှုရှိနိုင်သလဲ

ပရီးမီးယားလိဂ်ရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့ဖြစ်လာနိုင်တဲ့ ဟာရီကိန်းကတော့ တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ဆက်နေတော့မယ်လို့ အတည်ပြုလိုက်တဲ့အတွက် ငွေသုံးစွဲမယ့် မန်ချက်စတာစီးတီးတို့ နောက်ကောက်ကျခဲ့ရသလို အပြောင်းအရွှေ့ကာလမှာ ငြိမ်သက်နေတဲ့ တခြားအသင်းတွေနဲ့ တိုက်စစ်မှူးတွေရဲ့ အပြောင်းအရွှေ့တွေ လှုပ်ခတ်လာတော့မှာပါ။

ဟာရီကိန်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရိသတ်တွေရဲ့ ကွင်းထဲက ကြိုဆိုမှုနဲ့ လူမှုမီဒီယာတွေပေါ်က မက်ဆေ့တွေက သူ့အတွက် အထောက်အကူဖြစ်ခဲ့ပြီး ဒါတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီနွေရာသီမှာ တော့တင်ဟမ်မှာ ဆက်နေပြီး အသင်းပေါ် တစ်ရာရာခိုင်နှုန်း အာရုံစိုက်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့အပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက်တော့ သတင်းဆိုး ဖြစ်ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ လောဘတက်လွန်းတဲ့ အေးဂျင့် မီနို ရိုင်ယိုလာရဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၅၀ နဲ့ အေးဂျင့်ကြေး ယူရိုသန်း ၄၀ ပေးချေရမယ့် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းအပေါ် ကမ်းလှမ်းမှုမျိုးကိုလည်း လုပ်ဖို့ မရေရာချိန်မှာ ဈေးကွက်ထဲက ရေတိုအသုံးပြုနိုင်မယ့် ဝါရင့်တိုက်စစ်မှူးတွေကို ခေါ်ယူမလား၊ ဈေးရော အသက်အရွယ်ပါ သင့်တော်မယ့် လူငယ်ကစားသမားတွေကို ကြိုးစားမလားတော့ စိတ်ဝင်စားစရာပါ။

လက်ရှိဈေးကွက်ထဲမှာတော့ ဟာရီကိန်းကို ယှဉ်နိုင်ပြီး ဂွါဒီယိုလာရဲ့ ကစားကွက်မှာ အံဝင်နိုင်မယ့် ကစားသမားထဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း၊ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရှိနေပြီး ဒီထဲမှာတော့ ဂျာမန်ကလပ်ရဲ့ ပိုလန်သားကတော့ မရှိမဖြစ် တန်ဖိုးထားဆဲအဆင့်မှာ ရှိနေလို့ ခေါ်ယူဖို့က ကျန်တဲ့ နှစ်ဦးထက် ခက်ခဲဖို့လည်း ရှိနေပါတယ်။

အာဆင်နယ်ကတော့ အူဘာမီယန်းကို လိုချင်တဲ့ အသင်းရှိရင် ပေါင် ၂၅ သန်းနဲ့ လက်လွှတ်သွားမယ်လို့ သတင်းတွေထွက်နေပြီး ဂျူဗင်တပ်စ် အသင်းကလည်း ယူရို ၂၅ သန်းရရင် ရော်နယ်လ်ဒိုကို လက်လွှတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံအသင်းက ကစားသမားတချို့ကို ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်နေတာကြောင့် အပြောင်းအရွှေ့က ဖြစ်ပေါ်နိုင်နေတာပါ။

မန်ချက်စတာစီးတီးတို့အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှာ အထောင်ကစားနိုင်တဲ့ သုံးဦးရှိတယ်လို့ ဂျေဆူးစ်၊ စတာလင်နဲ့ ဖယ်ရန် တောရက်စ်တို့ကို ရည်ညွှန်းပြောကြားထားခဲ့ပေမယ့် ဒီလောက်တော့ တကယ်တမ်း မိုက်မဲမှာ မဟုတ်ဘဲ ရီးရဲလ်ဆိုစီဒက်ရဲ့ အလက်ဇန်းဒါး အီဆက်ကိုလည်း ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ကြိုးစားလာနိုင်ပါတယ်။

ဒါကြောင့် ဟာရီကိန်းက စလိုက်တဲ့ လှုပ်ခတ်မှုက မန်စီးတီးတို့ကို အချိန်တစ်ပတ်လောက်ပဲ ကျန်တော့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အခက်တွေ့စေခဲ့ပြီး ဒီကြားထဲမှာတော့ ဂျူဗင်တပ်စ်နဲ့ အာဆင်နယ်တို့ပဲ အစွံထုတ်သွားနိုင်မလား၊ ဂွါဒီယိုလာအနေနဲ့ မတူညီတဲ့ ပစ်မှတ်တွေကို အချိန်တို အတွင်းမှာ ရှာဖွေနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ အႀကီးမားဆုံး အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္တဲ့ ဟာရီကိန္းကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ဆက္ေနေတာ့မယ္လို႔ အတည္ျပဳလိုက္တဲ့အတြက္ ေငြသုံးစြဲမယ့္ မန္ခ်က္စတာစီးတီးတို႔ ေနာက္ေကာက္က်ခဲ့ရသလို အေျပာင္းအေ႐ႊ႕ကာလမွာ ၿငိမ္သက္ေနတဲ့ တျခားအသင္းေတြနဲ႔ တိုက္စစ္မႉးေတြရဲ႕ အေျပာင္းအေ႐ႊ႕ေတြ လႈပ္ခတ္လာေတာ့မွာပါ။

ဟာရီကိန္းအေနနဲ႔ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ပရိသတ္ေတြရဲ႕ ကြင္းထဲက ႀကိဳဆိုမႈနဲ႔ လူမႈမီဒီယာေတြေပၚက မက္ေဆ့ေတြက သူ႔အတြက္ အေထာက္အကူျဖစ္ခဲ့ၿပီး ဒါေတြကို ေက်းဇူးတင္တဲ့အေနနဲ႔ ဒီေႏြရာသီမွာ ေတာ့တင္ဟမ္မွာ ဆက္ေနၿပီး အသင္းေပၚ တစ္ရာရာခိုင္ႏႈန္း အာ႐ုံစိုက္ေတာ့မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့အၿပီးမွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာအတြက္ေတာ့ သတင္းဆိုး ျဖစ္ခဲ့ရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေလာဘတက္လြန္းတဲ့ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာရဲ႕ တစ္ႏွစ္လုပ္ခ ယူ႐ိုသန္း ၅၀ နဲ႔ ေအးဂ်င့္ေၾကး ယူ႐ိုသန္း ၄၀ ေပးေခ်ရမယ့္ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းအေပၚ ကမ္းလွမ္းမႈမ်ိဳးကိုလည္း လုပ္ဖို႔ မေရရာခ်ိန္မွာ ေဈးကြက္ထဲက ေရတိုအသုံးျပဳႏိုင္မယ့္ ဝါရင့္တိုက္စစ္မႉးေတြကို ေခၚယူမလား၊ ေဈးေရာ အသက္အ႐ြယ္ပါ သင့္ေတာ္မယ့္ လူငယ္ကစားသမားေတြကို ႀကိဳးစားမလားေတာ့ စိတ္ဝင္စားစရာပါ။

လက္ရွိေဈးကြက္ထဲမွာေတာ့ ဟာရီကိန္းကို ယွဥ္ႏိုင္ၿပီး ဂြါဒီယိုလာရဲ႕ ကစားကြက္မွာ အံဝင္ႏိုင္မယ့္ ကစားသမားထဲမွာ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္း၊ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးနဲ႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရွိေနၿပီး ဒီထဲမွာေတာ့ ဂ်ာမန္ကလပ္ရဲ႕ ပိုလန္သားကေတာ့ မရွိမျဖစ္ တန္ဖိုးထားဆဲအဆင့္မွာ ရွိေနလို႔ ေခၚယူဖို႔က က်န္တဲ့ ႏွစ္ဦးထက္ ခက္ခဲဖို႔လည္း ရွိေနပါတယ္။

အာဆင္နယ္ကေတာ့ အူဘာမီယန္းကို လိုခ်င္တဲ့ အသင္းရွိရင္ ေပါင္ ၂၅ သန္းနဲ႔ လက္လႊတ္သြားမယ္လို႔ သတင္းေတြထြက္ေနၿပီး ဂ်ဴဗင္တပ္စ္ အသင္းကလည္း ယူ႐ို ၂၅ သန္းရရင္ ေရာ္နယ္လ္ဒိုကို လက္လႊတ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းက ကစားသမားတခ်ိဳ႕ကို ျပန္လည္ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕က ျဖစ္ေပၚႏိုင္ေနတာပါ။

မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မွာ အေထာင္ကစားႏိုင္တဲ့ သုံးဦးရွိတယ္လို႔ ေဂ်ဆူးစ္၊ စတာလင္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို ရည္ၫႊန္းေျပာၾကားထားခဲ့ေပမယ့္ ဒီေလာက္ေတာ့ တကယ္တမ္း မိုက္မဲမွာ မဟုတ္ဘဲ ရီးရဲလ္ဆိုစီဒက္ရဲ႕ အလက္ဇန္းဒါး အီဆက္ကိုလည္း ေပါင္သန္း ၇၀ ဝန္းက်င္နဲ႔ ေခၚယူသြားဖို႔ ႀကိဳးစားလာႏိုင္ပါတယ္။

ဒါေၾကာင့္ ဟာရီကိန္းက စလိုက္တဲ့ လႈပ္ခတ္မႈက မန္စီးတီးတို႔ကို အခ်ိန္တစ္ပတ္ေလာက္ပဲ က်န္ေတာ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အခက္ေတြ႕ေစခဲ့ၿပီး ဒီၾကားထဲမွာေတာ့ ဂ်ဴဗင္တပ္စ္နဲ႔ အာဆင္နယ္တို႔ပဲ အစြံထုတ္သြားႏိုင္မလား၊ ဂြါဒီယိုလာအေနနဲ႔ မတူညီတဲ့ ပစ္မွတ္ေတြကို အခ်ိန္တို အတြင္းမွာ ရွာေဖြႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.