Article Premier League

ပေါမိုက်တေလေဘဝကနေ ဒေးဗစ်မွိုက်စ်ကြောင့် ဟမ်းမားတွေအကြိုက် ဂိုးသွင်းစက်ဖြစ်လာသူ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ၂ မှာ လက်စတာစီးတီးအသင်းကို ၄-၁ နဲ့ သာသာယာယာ အနိုင်ကစားသွားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး မီခေးလ် အန်တိုနီယိုဟာ ဒီတစ်ပတ်ရဲ့ လူပြောအများဆုံး သူရဲကောင်းတစ်ဦးဖြစ်လာခဲ့သလို ဟမ်းမားပရိသတ်တွေရဲ့ နှလုံးသည်းပွတ်ကို ဆွဲကိုင်လှုပ်နိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ရပ်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

မြေခွေးတွေကို နောက်ကျဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့ အန်တိုနီယိုဟာ ဝက်စ်ဟမ်းအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် အီတလီသား ပေါ်လို ဒီကာနီယိုရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၄၇ ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး သွင်းဂိုး ၄၉ ဂိုးနဲ့အတူ ရပ်တည်သွားခဲ့ပြီး ကလပ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားတွေဖြစ်တဲ့ ဗစ်ဝက်ဆန် (၃၂၆ ဂိုး)၊ ဂျော့ဖ်ဟတ်စ် (၂၄၇ ဂိုး)ကို မမီသေးပေမယ့် ပရိသတ်တွေ ကာလရှည်တောင့်တနေတဲ့ တိုက်စစ်မှူးစစ်စစ်အဖြစ် အရသာတွေ့စရာလည်း ဖြစ်ခဲ့တာပါ။

အဲဒီပွဲမှာ အင်္ဂလန်သားဟာ သူ့ရဲ့ရုပ်ပုံကို ထုဆစ်ထားတဲ့ ပုံတူကတ်ပြားကို အလံလိုလွှင့်ပြီး ပရိသတ်တွေရှေ့ အကြီးအကျယ်အောင်ပွဲခံသွားခဲ့သလို လန်ဒန်ကွင်းလုံးပြည့် သူ့ရဲ့အမည်နာမဟာ တုန်ဟီးသွားခဲ့ပြီး “ဂိုးသွင်းမယ်၊ သမိုင်းလှအောင်ရေးမယ်၊ အောင်ပွဲခံမယ်”လို့လည်း ပွဲအပြီးမှာ ကြုံးဝါးသွားခဲ့သလို သူ့ရဲ့ လားရာကို ကြည့်ရင်တော့ နည်းပြ ဒေးဗစ်မွိုက်စ်က အဓိကအသက်ကယ်ဆေးဖြစ်ခဲ့တယ်ဆိုရင် မမှားနိုင်ပါဘူး။

အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ၆နှစ်က နော်တင်ဟမ်ဖောရက်စ်အသင်းကနေ အပ်တန်ပါ့ခ်ဆီ ပေါင် ၇ သန်းနဲ့ မထင်မရှားနဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီယိုဟာ နီကီဆာ ဂျီလာဗစ်၊ အဲလက်စ် ဆောင်း၊ ဗစ်တာ မော့ဆက်စ်တို့နဲ့အတူ အပြောင်းအရွှေ့ Deadline dayမှာ ခိုဝင်လာခဲ့ပေမယ့် မျက်နှာမရလှသလို ရောက်ခါစက မန်စီးတီးနဲ့ပွဲမှာလည်း ဝင်ကစားပြီး “ကိုယ်ပျောက်လူသား”ဖြစ်နေခဲ့လို့ မန်ချက်စတာမှာ လူတစ်ယောက် ပျောက်နေတယ်လို့ တိုင်ချက်ဖွင့်ပေးဖို့ ပရိသတ်တစ်ဦးဆီက အကူအညီတောင်းခံရပြီး အဲဒီလူရဲ့ဓာတ်ပုံက သူကိုယ်တိုင်ဖြစ်နေတဲ့အထိ အလှောင်ပြောင်ခံခဲ့ရဖူးတာပါ။

အန်တိုနီယိုက ဘောလုံးကို သိပ်ချစ်မြတ်နိုးပေမယ့် သူ့ကစားသမားဘဝအစကတော့ အတော်လေးနာကျည်းစရာရှိပြီး အပျော်တမ်းလိဂ်တခုမှာ ဝင်တိုးခဲ့ရပြီး တနင်္ဂနွေပွဲမှာ ဝင်မကစားရတဲ့အခါမျိုးဆို လန်ဒန်တောင်ပိုင်းက အမေ့အိမ်ပြန်ပြီး ညစာအတူ ကပ်စားခဲ့ရတဲ့ ရက်တွေကလည်း မနည်းခဲ့တာပါ။

ဝက်စ်ဟမ်းမှာလည်း တောင်ပံမှာထွက်ပြီး လိုသုံးအဖြစ် ကစားရသလို လူမရှိလို့ အရေးပေါ် နောက်ခံအစွန်လူအဖြစ် အသုံးတော်ခံခဲ့ရသလို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ နည်းပြ ပယ်လီဂရီနီရဲ့နေရာမှာ အစားထိုးခဲ့တဲ့ နည်းပြသစ် ဒေးဗစ်မွိုက်စ်ရောက်ရှိလာချိန်မှာတော့ သူ့ဘဝအတွက် ကြီးမားတဲ့ထောင့်ချိုးတခုကို ရောက်ရှိခဲ့တာပါ။

အဲဒီမတိုင်ခင် ၄ ရက်မှာတော့ အန်တိုနီယိုက ခရစ္စမတ်ညမှာ နှင်းလူသားလို ဝတ်ဆင်ပြီး သူရဲ့ ပေါင် ၂၁၀၀၀၀ တန် လန်ဘိုဂီနီကားကို မောင်းနေရင်း လန်ဒန်တောင်ပိုင်းက မိသားစုနေအိမ်တစ်ခုရှေ့မှာ ဂိုဒေါင်ကို ဝင်ကျုံးပြီး ဘဝပျက်နေခဲ့သေးတဲ့အဖြစ်ကလည်း သူ့အတွက်တော့ ရယ်စရာကောင်းပြီး မနေ့တစ်နေ့ကလိုပါပဲ။

ဒေးဗစ်မွိုက်စ်အပြင် သူ့ရဲ့နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ စတူးဝပ် ပီယာ့စ်တို့က အသက် ၃၁ နှစ်အရွယ် ကစားသမားရဲ့ အရည်အချင်းအစစ်အမှန်ကို တွေ့မြင်ခဲ့လို့ လမ်းကြောင်းမှန်ပေါ်တင်ပေးခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးနေရာကနေ အထောင်ကစားဖို့ ပြောင်းလဲပေးနိုင်ခဲ့တာပါ။

ရုပ်ပိုင်းကြံ့ခိုင်မှုအားကောင်းပြီး မြန်ဆန်လှတဲ့အပြင် အရပ်နဲ့မလိုက်အောင် အမြင့်ဘောအားသာချက်ရှိခဲ့လို့ တိုက်စစ်ပိုင်းမှာ အလုပ်ဖြစ်ခဲ့ပြီး သူ့ရဲ့နေရာသစ်ဖြစ်တဲ့ ၆ ကိုက်စည်းထဲက အဓိကနေရာယူကစားတဲ့ ဂိုးမုဆိုးအဖြစ် ပွဲဦးထွက် ၂ ပွဲမှာတင် ၃ ဂိုးသွင်းယူကာ မွိုက်စ်လက်အောက်မှာတော့ ၄၃ ပွဲကစားပြီး ပရီးမီးယားလိဂ်ဂိုး ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လူသန်ကြီး အန်တိုနီယိုလို့ ဝက်စ်ဟမ်းပရိသတ်တွေက သီချင်းလုပ်ဆိုရပြီး ကိုယ့်ရုပ်ပုံနဲ့ကိုယ် အောင်ပွဲခံယူနိုင်တဲ့ လန်ဒန်ကွင်းကြီးရဲ့ သူရဲကောင်းဖြစ်လာခဲ့သလို ပရမ်းပတာ စနိုးမန်းအဖြစ်ကနေ ဂိုးသွင်းသူရဲကောင်းအဖြစ် မြင်တွေ့ရတာဟာ အနီရောင်အသားစားသုံးမှုကို စွန့်လွှတ်ပြီး အိပ်စက်မှုပုံစံကောင်းကို အတိအကျလိုက်နာခဲ့တာကြောင့်ဖြစ်သလို သူ့ခြေစွမ်းကို မတည်ငြိမ်အောင် နှိပ်စက်ခဲ့တဲ့ ကြွက်သားပြဿနာတွေကိုပါ ကျော်လွှားနိုင်ခဲ့တာကို သူကိုယ်တိုင်က အားပါးတရရှိနေခဲ့ပါတယ်။

“ကျွန်တော်က အခုတော့ သူငယ်နှပ်စား ချာတိတ်လေး မဟုတ်တော့ပါဘူး။ ယုံကြည်မှုအပြည့်ထားပြီး တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်လာခဲ့တယ်။ ကျွန်တော့်အတွက် ပိုပြီးကောင်းအောင်လုပ်နိုင်မယ့်အရာတွေကို တွေ့ရှိလာခဲ့ပြီး အရင်ကတော့ စားချင်ရာတွေ စားပစ်ခဲ့ပေမယ့် အခုတော့ အာဟာရစားသုံးမှုပုံစံကိုပါ ပြောင်းလဲပစ်လိုက်ပါပြီ”

“အချိန်နဲ့အခါနဲ့ အာဟာရပြည့်ဝအောင် သေချာလေးစားသောက်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကျွန်တော့်ဆီမှာ မကြံ့ခိုင်မှုတွေ၊ ဒဏ်ရာတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတောင် မရှိတော့တာကို သတိပြုမိလာတယ်။ တံကောက်ကြောဒဏ်ရာတွေဆိုတာ လုံးဝမရှိတော့တာ အရမ်းသိသာသွားတယ်”လို့ အန်တိုနီယိုက ပြောပြသွားခဲ့ပြီး ဒီနှစ် ပရီးမီးယားလိဂ် ၂ ပွဲမှာ ၄ ဂိုးသွင်းထားတဲ့ တိုက်စစ်မှူးအနေနဲ့ ရေပန်းစားသူတွေကို ကျော်တက်ပြီး ရွှေဖိနပ်ကိုပါ ရယူသွားမလားဆိုတာကတော့ စိတ်လှုပ်ရှားစရာဖြစ်နေကြောင်းလည်း ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ မွာ လက္စတာစီးတီးအသင္းကို ၄-၁ နဲ႔ သာသာယာယာ အႏိုင္ကစားသြားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းရဲ႕ တိုက္စစ္မႉး မီေခးလ္ အန္တိုနီယိုဟာ ဒီတစ္ပတ္ရဲ႕ လူေျပာအမ်ားဆုံး သူရဲေကာင္းတစ္ဦးျဖစ္လာခဲ့သလို ဟမ္းမားပရိသတ္ေတြရဲ႕ ႏွလုံးသည္းပြတ္ကို ဆြဲကိုင္လႈပ္ႏိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းတစ္ရပ္ကိုလည္း ပိုင္ဆိုင္သြားခဲ့ပါတယ္။

ေျမေခြးေတြကို ေနာက္က်ဂိုး ၂ ဂိုးသြင္းယူခဲ့တဲ့ အန္တိုနီယိုဟာ ဝက္စ္ဟမ္းအသင္းရဲ႕ စံခ်ိန္တင္ဂိုးသြင္းရွင္ အီတလီသား ေပၚလို ဒီကာနီယိုရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၄၇ ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ၿပီး သြင္းဂိုး ၄၉ ဂိုးနဲ႔အတူ ရပ္တည္သြားခဲ့ၿပီး ကလပ္ရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး ကစားသမားေတြျဖစ္တဲ့ ဗစ္ဝက္ဆန္ (၃၂၆ ဂိုး)၊ ေဂ်ာ့ဖ္ဟတ္စ္ (၂၄၇ ဂိုး)ကို မမီေသးေပမယ့္ ပရိသတ္ေတြ ကာလရွည္ေတာင့္တေနတဲ့ တိုက္စစ္မႉးစစ္စစ္အျဖစ္ အရသာေတြ႕စရာလည္း ျဖစ္ခဲ့တာပါ။

အဲဒီပြဲမွာ အဂၤလန္သားဟာ သူ႔ရဲ႕႐ုပ္ပုံကို ထုဆစ္ထားတဲ့ ပုံတူကတ္ျပားကို အလံလိုလႊင့္ၿပီး ပရိသတ္ေတြေရွ႕ အႀကီးအက်ယ္ေအာင္ပြဲခံသြားခဲ့သလို လန္ဒန္ကြင္းလုံးျပည့္ သူ႔ရဲ႕အမည္နာမဟာ တုန္ဟီးသြားခဲ့ၿပီး “ဂိုးသြင္းမယ္၊ သမိုင္းလွေအာင္ေရးမယ္၊ ေအာင္ပြဲခံမယ္”လို႔လည္း ပြဲအၿပီးမွာ ႀကဳံးဝါးသြားခဲ့သလို သူ႔ရဲ႕ လားရာကို ၾကည့္ရင္ေတာ့ နည္းျပ ေဒးဗစ္မြိဳက္စ္က အဓိကအသက္ကယ္ေဆးျဖစ္ခဲ့တယ္ဆိုရင္ မမွားႏိုင္ပါဘူး။

အေၾကာင္းရင္းကေတာ့ လြန္ခဲ့တဲ့ ၆ႏွစ္က ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကေန အပ္တန္ပါ့ခ္ဆီ ေပါင္ ၇ သန္းနဲ႔ မထင္မရွားနဲ႔ ေရာက္ရွိလာခဲ့တဲ့ အန္တိုနီယိုဟာ နီကီဆာ ဂ်ီလာဗစ္၊ အဲလက္စ္ ေဆာင္း၊ ဗစ္တာ ေမာ့ဆက္စ္တို႔နဲ႔အတူ အေျပာင္းအေ႐ႊ႕ Deadline dayမွာ ခိုဝင္လာခဲ့ေပမယ့္ မ်က္ႏွာမရလွသလို ေရာက္ခါစက မန္စီးတီးနဲ႔ပြဲမွာလည္း ဝင္ကစားၿပီး “ကိုယ္ေပ်ာက္လူသား”ျဖစ္ေနခဲ့လို႔ မန္ခ်က္စတာမွာ လူတစ္ေယာက္ ေပ်ာက္ေနတယ္လို႔ တိုင္ခ်က္ဖြင့္ေပးဖို႔ ပရိသတ္တစ္ဦးဆီက အကူအညီေတာင္းခံရၿပီး အဲဒီလူရဲ႕ဓာတ္ပုံက သူကိုယ္တိုင္ျဖစ္ေနတဲ့အထိ အေလွာင္ေျပာင္ခံခဲ့ရဖူးတာပါ။

အန္တိုနီယိုက ေဘာလုံးကို သိပ္ခ်စ္ျမတ္ႏိုးေပမယ့္ သူ႔ကစားသမားဘဝအစကေတာ့ အေတာ္ေလးနာက်ည္းစရာရွိၿပီး အေပ်ာ္တမ္းလိဂ္တခုမွာ ဝင္တိုးခဲ့ရၿပီး တနဂၤေႏြပြဲမွာ ဝင္မကစားရတဲ့အခါမ်ိဳးဆို လန္ဒန္ေတာင္ပိုင္းက အေမ့အိမ္ျပန္ၿပီး ညစာအတူ ကပ္စားခဲ့ရတဲ့ ရက္ေတြကလည္း မနည္းခဲ့တာပါ။

ဝက္စ္ဟမ္းမွာလည္း ေတာင္ပံမွာထြက္ၿပီး လိုသုံးအျဖစ္ ကစားရသလို လူမရွိလို႔ အေရးေပၚ ေနာက္ခံအစြန္လူအျဖစ္ အသုံးေတာ္ခံခဲ့ရသလို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၉ ရက္ေန႔မွာ နည္းျပ ပယ္လီဂရီနီရဲ႕ေနရာမွာ အစားထိုးခဲ့တဲ့ နည္းျပသစ္ ေဒးဗစ္မြိဳက္စ္ေရာက္ရွိလာခ်ိန္မွာေတာ့ သူ႔ဘဝအတြက္ ႀကီးမားတဲ့ေထာင့္ခ်ိဳးတခုကို ေရာက္ရွိခဲ့တာပါ။

အဲဒီမတိုင္ခင္ ၄ ရက္မွာေတာ့ အန္တိုနီယိုက ခရစၥမတ္ညမွာ ႏွင္းလူသားလို ဝတ္ဆင္ၿပီး သူရဲ႕ ေပါင္ ၂၁၀၀၀၀ တန္ လန္ဘိုဂီနီကားကို ေမာင္းေနရင္း လန္ဒန္ေတာင္ပိုင္းက မိသားစုေနအိမ္တစ္ခုေရွ႕မွာ ဂိုေဒါင္ကို ဝင္က်ဳံးၿပီး ဘဝပ်က္ေနခဲ့ေသးတဲ့အျဖစ္ကလည္း သူ႔အတြက္ေတာ့ ရယ္စရာေကာင္းၿပီး မေန႔တစ္ေန႔ကလိုပါပဲ။

ေဒးဗစ္မြိဳက္စ္အျပင္ သူ႔ရဲ႕နည္းျပအဖြဲ႕ဝင္ျဖစ္တဲ့ စတူးဝပ္ ပီယာ့စ္တို႔က အသက္ ၃၁ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ အရည္အခ်င္းအစစ္အမွန္ကို ေတြ႕ျမင္ခဲ့လို႔ လမ္းေၾကာင္းမွန္ေပၚတင္ေပးခဲ့ၿပီး ဝက္စ္ဟမ္းအသင္းရဲ႕ ေရွ႕တန္းတိုက္စစ္မႉးေနရာကေန အေထာင္ကစားဖို႔ ေျပာင္းလဲေပးႏိုင္ခဲ့တာပါ။

႐ုပ္ပိုင္းႀကံ့ခိုင္မႈအားေကာင္းၿပီး ျမန္ဆန္လွတဲ့အျပင္ အရပ္နဲ႔မလိုက္ေအာင္ အျမင့္ေဘာအားသာခ်က္ရွိခဲ့လို႔ တိုက္စစ္ပိုင္းမွာ အလုပ္ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ေနရာသစ္ျဖစ္တဲ့ ၆ ကိုက္စည္းထဲက အဓိကေနရာယူကစားတဲ့ ဂိုးမုဆိုးအျဖစ္ ပြဲဦးထြက္ ၂ ပြဲမွာတင္ ၃ ဂိုးသြင္းယူကာ မြိဳက္စ္လက္ေအာက္မွာေတာ့ ၄၃ ပြဲကစားၿပီး ပရီးမီးယားလိဂ္ဂိုး ၂၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လူသန္ႀကီး အန္တိုနီယိုလို႔ ဝက္စ္ဟမ္းပရိသတ္ေတြက သီခ်င္းလုပ္ဆိုရၿပီး ကိုယ့္႐ုပ္ပုံနဲ႔ကိုယ္ ေအာင္ပြဲခံယူႏိုင္တဲ့ လန္ဒန္ကြင္းႀကီးရဲ႕ သူရဲေကာင္းျဖစ္လာခဲ့သလို ပရမ္းပတာ စႏိုးမန္းအျဖစ္ကေန ဂိုးသြင္းသူရဲေကာင္းအျဖစ္ ျမင္ေတြ႕ရတာဟာ အနီေရာင္အသားစားသုံးမႈကို စြန္႔လႊတ္ၿပီး အိပ္စက္မႈပုံစံေကာင္းကို အတိအက်လိုက္နာခဲ့တာေၾကာင့္ျဖစ္သလို သူ႔ေျခစြမ္းကို မတည္ၿငိမ္ေအာင္ ႏွိပ္စက္ခဲ့တဲ့ ႂကြက္သားျပႆနာေတြကိုပါ ေက်ာ္လႊားႏိုင္ခဲ့တာကို သူကိုယ္တိုင္က အားပါးတရရွိေနခဲ့ပါတယ္။

“ကြၽန္ေတာ္က အခုေတာ့ သူငယ္ႏွပ္စား ခ်ာတိတ္ေလး မဟုတ္ေတာ့ပါဘူး။ ယုံၾကည္မႈအျပည့္ထားၿပီး တစိုက္မတ္မတ္ ႀကိဳးစားလုပ္ေဆာင္လာခဲ့တယ္။ ကြၽန္ေတာ့္အတြက္ ပိုၿပီးေကာင္းေအာင္လုပ္ႏိုင္မယ့္အရာေတြကို ေတြ႕ရွိလာခဲ့ၿပီး အရင္ကေတာ့ စားခ်င္ရာေတြ စားပစ္ခဲ့ေပမယ့္ အခုေတာ့ အာဟာရစားသုံးမႈပုံစံကိုပါ ေျပာင္းလဲပစ္လိုက္ပါၿပီ”

“အခ်ိန္နဲ႔အခါနဲ႔ အာဟာရျပည့္ဝေအာင္ ေသခ်ာေလးစားေသာက္ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ့္ဆီမွာ မႀကံ့ခိုင္မႈေတြ၊ ဒဏ္ရာေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္စရာေတာင္ မရွိေတာ့တာကို သတိျပဳမိလာတယ္။ တံေကာက္ေၾကာဒဏ္ရာေတြဆိုတာ လုံးဝမရွိေတာ့တာ အရမ္းသိသာသြားတယ္”လို႔ အန္တိုနီယိုက ေျပာျပသြားခဲ့ၿပီး ဒီႏွစ္ ပရီးမီးယားလိဂ္ ၂ ပြဲမွာ ၄ ဂိုးသြင္းထားတဲ့ တိုက္စစ္မႉးအေနနဲ႔ ေရပန္းစားသူေတြကို ေက်ာ္တက္ၿပီး ေ႐ႊဖိနပ္ကိုပါ ရယူသြားမလားဆိုတာကေတာ့ စိတ္လႈပ္ရွားစရာျဖစ္ေနေၾကာင္းလည္း ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.