Ligue1 Other Transfer News

အမ်ဘာပေဟာ PSGအသင်းကို မခန့်လေးစားလုပ်နေတာမဟုတ်ဘူးလို့ ကာကွယ်သွားတဲ့ အွန်နရီ

ပီအက်စ်ဂျီတိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေဟာ ဒီနွေဈေးကွက်မှာ ဆန်တီယာဂို ဘာနေဗျူးကို အသည်းအသန်ပြောင်းရွှေ့ချင်နေတာကြောင့် အသင်းအပေါ် မခန့်လေးစားပြုမူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြင်သစ်တနိုင်ငံတည်းသားချင်းဖြစ်တဲ့ ဂန်းနားဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီက ပယ်ချသွားခဲ့ပြီး အသက် ၂၂ နှစ်သားဘက်က ကာကွယ်ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အနာဂတ်လှုပ်ခတ်နေတဲ့ အမ်ဘာပေရဲ့သတင်းတွေဟာ ပွထနေပြီး မက်လောက်ဖွယ်ရာလစာနဲ့ ပီအက်စ်ဂျီအသင်းရဲ့ နှစ်ရှည်စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ ဖော်ပြခံထားရမှုမှာ အခုလိုစွပ်စွဲမှုတွေ ရှိလာခဲ့တာဖြစ်ပြီး အွန်နရီကတော့ ပြင်သစ်သားအနေနဲ့ ပါရီမြို့မှာ ပျော်ရွှင်နေကြောင်း ယုံကြည်နေပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်တနှစ်သာ ကျန်ရှိတော့ပြီး လာမယ့်နွေမှာ အလွတ်ထွက်ခွာခွင့်ရမယ့် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စနက်တွေအပြင် လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ကလည်း မျက်စိကျလာခဲ့ပြီလို့ သိရချိန်မှာ ဘာနေဗျူးတာဝန်ရှိသူတွေက သူ့ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ငွေလုံးခနဲပေးပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းတွေက ဆက်တိုက်ဟော့နေတာပါ။

” အမ်ဘာပေ ဘာတွေကြုံနေရသလဲဆိုတာကို ကျွန်တော်တကယ်မသိပါဘူး။ ဒါကြောင့် ထင်ကြေးတွေကို လျှောက်ပြောနေရတာက လွယ်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူဟာ ပီအက်စ်ဂျီအသင်းမှာ ရှိနေဆဲပါ။ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေဆဲပါ။ အသင်းမြက်ခင်းစိမ်းမှာ လမ်းလျှောက်နေဆဲပါ”

” သူ့ထုံးစံအတိုင်း ပြေးလွှားမှုတွေပြုလုပ်ပြီး အသင်းဖော်တွေအတွက် ဂိုးတွေဖန်တီးပေးနေဆဲပါ။ ပြီးတော့ သူ ဂိုးတွေသွင်းနေတယ်။ ကျွန်တော် ဒါကိုတော့ ကောင်းကောင်းသိရှိထားပါတယ်။ ပြီးတော့ သူ့ရဲ့စာချုပ်အပေါ်မှာလည်း လေးစားဂုဏ်ယူမှုအပြည့်အဝရှိပါတယ်။ ဆိုးရွားတဲ့အလုပ်တွေကို လုပ်မနေကြောင်း ကွင်းထဲမှာ သက်သေပြနေပါတယ်။”

” ဒါကြောင့် ခင်ဗျားတို့ စိတ်ချထားလို့ရပါတယ်။ ကျွန်တော်ပြောနေကျအတိုင်း သိပ်ကောင်းမွန်ပြီး ထူးချွန်တဲ့ကစားသမားတယောက်ကို သေးမွှားတဲ့အပြစ်တွေ လိုက်ရှာနေကြတာ ခင်ဗျားတို့ထုံးစံပါ။ ပီအက်စ်ဂျီမှာ သူဆက်နေမယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ သူ့အတွက် အခြေအနေကောင်းမှာပါ။

“ဒါကြောင့် အနာဂတ်ကို ဆက်စောင့်ကြည့်ကြတာပေါ့။ ပီအက်စ်ဂျီမှာ တစုံတယောက်အပေါ် သူကလန်ကဆန်တုံ့ပြန်နေတာလားဆိုရင်တော့ ဒီလိုဖြစ်ရပ်မျိုးကို တွေ့မြင်နေခြင်းမရှိပါဘူး။ ဒါကြောင့် ခင်ဗျားတို့ပြောချင်ရာ ဆက်ပြောနေလို့ရပါတယ်။ လက်ရှိအသင်းအတွက် သူက အကောင်းဆုံးပေးဆပ်နေတာမို့ပါ” လို့ အွန်နရီကတော့ အမ်ဘာပေရဲ့အနာဂတ်အတွက် အဖွသတင်းတွေရဲ့ လိုရာဖော်ပြမှုကို ပညာသားပါပါတုံ့ပြန်သွားပြီး မက်ဆီနဲ့အတူတွဲဖက်ကစားဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္စ္ဂ်ီတိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပဟာ ဒီေႏြေဈးကြက္မွာ ဆန္တီယာဂို ဘာေနဗ်ဴးကို အသည္းအသန္ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ အသင္းအေပၚ မခန႔္ေလးစားျပဳမူေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ျပင္သစ္တႏိုင္ငံတည္းသားခ်င္းျဖစ္တဲ့ ဂန္းနားဂႏၴဝင္တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီက ပယ္ခ်သြားခဲ့ၿပီး အသက္ ၂၂ ႏွစ္သားဘက္က ကာကြယ္ေပးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာ အနာဂတ္လႈပ္ခတ္ေနတဲ့ အမ္ဘာေပရဲ႕သတင္းေတြဟာ ပြထေနၿပီး မက္ေလာက္ဖြယ္ရာလစာနဲ႔ ပီအက္စ္ဂ်ီအသင္းရဲ႕ ႏွစ္ရွည္စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်သြားခဲ့တယ္လို႔ ေဖာ္ျပခံထားရမႈမွာ အခုလိုစြပ္စြဲမႈေတြ ရွိလာခဲ့တာျဖစ္ၿပီး အြန္နရီကေတာ့ ျပင္သစ္သားအေနနဲ႔ ပါရီၿမိဳ႕မွာ ေပ်ာ္႐ႊင္ေနေၾကာင္း ယုံၾကည္ေနပါတယ္။

ဒါ့အျပင္ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္တႏွစ္သာ က်န္ရွိေတာ့ၿပီး လာမယ့္ေႏြမွာ အလြတ္ထြက္ခြာခြင့္ရမယ့္ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ စနက္ေတြအျပင္ လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ကလည္း မ်က္စိက်လာခဲ့ၿပီလို႔ သိရခ်ိန္မွာ ဘာေနဗ်ဴးတာဝန္ရွိသူေတြက သူ႔ကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေငြလုံးခနဲေပးၿပီး ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနေၾကာင္းလည္း သတင္းေတြက ဆက္တိုက္ေဟာ့ေနတာပါ။

” အမ္ဘာေပ ဘာေတြႀကဳံေနရသလဲဆိုတာကို ကြၽန္ေတာ္တကယ္မသိပါဘူး။ ဒါေၾကာင့္ ထင္ေၾကးေတြကို ေလွ်ာက္ေျပာေနရတာက လြယ္ပါတယ္။ ကြၽန္ေတာ့္အျမင္မွာေတာ့ သူဟာ ပီအက္စ္ဂ်ီအသင္းမွာ ရွိေနဆဲပါ။ အသင္းနဲ႔အတူ ေလ့က်င့္ေရးဆင္းေနဆဲပါ။ အသင္းျမက္ခင္းစိမ္းမွာ လမ္းေလွ်ာက္ေနဆဲပါ”

” သူ႔ထုံးစံအတိုင္း ေျပးလႊားမႈေတြျပဳလုပ္ၿပီး အသင္းေဖာ္ေတြအတြက္ ဂိုးေတြဖန္တီးေပးေနဆဲပါ။ ၿပီးေတာ့ သူ ဂိုးေတြသြင္းေနတယ္။ ကြၽန္ေတာ္ ဒါကိုေတာ့ ေကာင္းေကာင္းသိရွိထားပါတယ္။ ၿပီးေတာ့ သူ႔ရဲ႕စာခ်ဳပ္အေပၚမွာလည္း ေလးစားဂုဏ္ယူမႈအျပည့္အဝရွိပါတယ္။ ဆိုး႐ြားတဲ့အလုပ္ေတြကို လုပ္မေနေၾကာင္း ကြင္းထဲမွာ သက္ေသျပေနပါတယ္။”

” ဒါေၾကာင့္ ခင္ဗ်ားတို႔ စိတ္ခ်ထားလို႔ရပါတယ္။ ကြၽန္ေတာ္ေျပာေနက်အတိုင္း သိပ္ေကာင္းမြန္ၿပီး ထူးခြၽန္တဲ့ကစားသမားတေယာက္ကို ေသးမႊားတဲ့အျပစ္ေတြ လိုက္ရွာေနၾကတာ ခင္ဗ်ားတို႔ထုံးစံပါ။ ပီအက္စ္ဂ်ီမွာ သူဆက္ေနမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ထားပါတယ္။ သူ႔အတြက္ အေျခအေနေကာင္းမွာပါ။

“ဒါေၾကာင့္ အနာဂတ္ကို ဆက္ေစာင့္ၾကည့္ၾကတာေပါ့။ ပီအက္စ္ဂ်ီမွာ တစုံတေယာက္အေပၚ သူကလန္ကဆန္တုံ႔ျပန္ေနတာလားဆိုရင္ေတာ့ ဒီလိုျဖစ္ရပ္မ်ိဳးကို ေတြ႕ျမင္ေနျခင္းမရွိပါဘူး။ ဒါေၾကာင့္ ခင္ဗ်ားတို႔ေျပာခ်င္ရာ ဆက္ေျပာေနလို႔ရပါတယ္။ လက္ရွိအသင္းအတြက္ သူက အေကာင္းဆုံးေပးဆပ္ေနတာမို႔ပါ” လို႔ အြန္နရီကေတာ့ အမ္ဘာေပရဲ႕အနာဂတ္အတြက္ အဖြသတင္းေတြရဲ႕ လိုရာေဖာ္ျပမႈကို ပညာသားပါပါတုံ႔ျပန္သြားၿပီး မက္ဆီနဲ႔အတူတြဲဖက္ကစားဖို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.