Premier League

မန်စီးတီးနဲ့ပွဲအတွက် အာတီတာနဲ့ အာဆင်နယ်ကို အသက်ကယ်ဆေး ဖော်ပေးခဲ့တဲ့ ကီးယွန်း

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအသင်းကို ဂိုးမပြတ်ပေမယ့် ခြေအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရတာကို ပရိသတ်တွေသာမက ကစားသမားဟောင်းတွေ၊ ဂန္ထဝင်တွေကလည်း စိတ်ပျက်နေကြပြီး လူမှုမီဒီယာတွေထက်မှာ ပေါက်ကွဲနေခဲ့ကြသလို အင်တာမီလန် နည်းပြဟောင်း အန်တိုနီယို ကွန်တီကိုပါ လက်ရှိနည်းပြ မီခယ်လ် အာတီတာနေရာမှာ ခန့်အပ်ဖို့ တောင်းဆိုလာခဲ့ကြတာပါ။

ဒါပေမယ့် အာတီတာနဲ့ အသင်းရဲ့ သွားနေတဲ့ လမ်းစဉ်အပေါ် စေတနာ အနည်းငယ် ကျန်သေးပြီး စိတ်ရှည်သည်းခံမှု ခပ်ပါးပါး ရှိနေသေးပုံရတဲ့ နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းကတော့ ပြီးခဲ့တဲ့ ပွဲမှာ အာတီတာတစ်ယောက် ဘာတွေ မှားခဲ့တယ်ဆိုတာနဲ့ ရှေ့ဆက်မယ့် မန်ချက်စတာစီးတီးနဲ့ ပွဲအတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ ထောက်ပြအကြံပေးလာခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားကွက်ကို ၄-၂-၃-၁ ပုံစံနဲ့ ခင်းကျင်းရာမှာ ပါဘလို မာရီနဲ့ ရော့ဘ် ဟိုးလ်ဒင်းတို့က ချဲလ်ဆီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ထိန်းချုပ်ဖို့ တာဝန်ပေးခံခဲ့ရပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ဖရိုဖရဲခံစစ်မှာ နှစ်ဂိုးပေးခဲ့ရသလို ဒီအချိန်မှာ ဘောလုံးကျွမ်းကျင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်းကီးန်ကတော့ ချဲလ်ဆီးတို့ တကယ်သွင်းရင် ၇ ဂိုးအထိ ရနိုင်တယ်လို့ ပြောခဲ့တာပါ။

ကီးယွန်းကတော့ အသင်းဖော် ကပ္ပတိန်ဟောင်း တိုနီ အက်ဒမ်စ်နဲ့အတူ Premier League Productions အစီအစဉ်မှာ ဆွေးနွေးခဲ့ကြပြီး အာဆင်နယ်နောက်တန်းဟာ လူကာကူးကို ဒီပွဲမှာ သက်တောင့်သက်သာ ကစားနိုင်အောင် ကူညီသွားခဲ့ကြတယ်လို့ ထောက်ပြလိုက်သလို ကိုယ့်ထက် ထွားကျိုင်းသန်မာတဲ့ ကစားသမားကို မလိုအပ်ဘဲ လူကပ်ပြီး ကစားခဲ့တာကိုလည်း မှားယွင်းခဲ့တယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ လုပ်နေကျ ပုံစံတွေအားလုံးက ဒီနေ့မှာ ပျောက်ဆုံးနေခဲ့တယ်။ အချိန်တန်မှ နေရာလွတ်တွေကို လိုက်ပိတ်ပြီး ဖျက်ထုတ်ဖို့နဲ့ ကွင်းလယ်ကနေ ဘောလုံးလမ်းကြောင်းတွေကို တားဆီးဖို့လည်း ပျက်ကွက်နေခဲ့တယ်။ နောက်တန်းနဲ့ ခံစစ်ကြားက နေရာလွတ်တွေကို မပေးဘူးဆိုရင် အသင်းတစ်သင်းရဲ့ ခံစစ်က ပိုပြီး ကျစ်လျစ်မာကျောမှာဖြစ်ပေမယ့် ကျွန်တော်တို့အသင်းကတော့ ဒါမျိုး မလုပ်ခဲ့ဘူးလေ”လို့ ကီးယွန်းက ထောက်ပြလိုက်ပါတယ်။

လာမယ့် တစ်ပတ်မှာတော့ ကာရာဘောင်းဖလား ဒုတိယအဆင့်အဖြစ် ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမယ့် ပွဲစဉ်မှာတော့ နည်းပြ အာတီတာအနေနဲ့ မန်ချက်စတာစီးတီးကို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ကီးယွန်းအနေနဲ့ အကြံဉာဏ်ပေးလိုက်ပြီး ဒီပွဲကစလို့ အာဆင်နယ်အသင်းအနေနဲ့ နောက်တန်း ၅ ယောက်ထားပြီး ကစားသင့်နေပြီလို့ ပြောသွားခဲ့ပါတယ်။

ကီးယွန်းက ဒီကစားကွက်မျိုးနဲ့မှ လက်ရှိချန်ပီယံ မန်စီးတီးကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပြီး ကွင်းထဲမှာ အဓိက ကစားသမားတွေ ပွဲမထုတ်နိုင်တာကို နားလည်စာနာပေမယ့် လာမယ့်ပွဲတွေမှာ ပြီးခဲ့တဲ့ အဖွင့်ပွဲနှစ်ပွဲထက်တော့ ပိုကောင်းတဲ့ ပုံစံကို ပြသရလိမ့်မယ်လို့လည်း သတိပေးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂) လန္ဒန္ဒါဘီမွာ ခ်ဲလ္ဆီးအသင္းကို ဂိုးမျပတ္ေပမယ့္ ေျခအျပတ္အသတ္နဲ႔ ရႈံးနိမ့္ခဲ့ရတာကို ပရိသတ္ေတြသာမက ကစားသမားေဟာင္းေတြ၊ ဂႏၴဝင္ေတြကလည္း စိတ္ပ်က္ေနၾကၿပီး လူမႈမီဒီယာေတြထက္မွာ ေပါက္ကြဲေနခဲ့ၾကသလို အင္တာမီလန္ နည္းျပေဟာင္း အန္တိုနီယို ကြန္တီကိုပါ လက္ရွိနည္းျပ မီခယ္လ္ အာတီတာေနရာမွာ ခန႔္အပ္ဖို႔ ေတာင္းဆိုလာခဲ့ၾကတာပါ။

ဒါေပမယ့္ အာတီတာနဲ႔ အသင္းရဲ႕ သြားေနတဲ့ လမ္းစဥ္အေပၚ ေစတနာ အနည္းငယ္ က်န္ေသးၿပီး စိတ္ရွည္သည္းခံမႈ ခပ္ပါးပါး ရွိေနေသးပုံရတဲ့ ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းကေတာ့ ၿပီးခဲ့တဲ့ ပြဲမွာ အာတီတာတစ္ေယာက္ ဘာေတြ မွားခဲ့တယ္ဆိုတာနဲ႔ ေရွ႕ဆက္မယ့္ မန္ခ်က္စတာစီးတီးနဲ႔ ပြဲအတြက္ ဘယ္လိုျပင္ဆင္ရမယ္ဆိုတာ ေထာက္ျပအႀကံေပးလာခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားကြက္ကို ၄-၂-၃-၁ ပုံစံနဲ႔ ခင္းက်င္းရာမွာ ပါဘလို မာရီနဲ႔ ေရာ့ဘ္ ဟိုးလ္ဒင္းတို႔က ခ်ဲလ္ဆီးရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ထိန္းခ်ဳပ္ဖို႔ တာဝန္ေပးခံခဲ့ရေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ ဖ႐ိုဖရဲခံစစ္မွာ ႏွစ္ဂိုးေပးခဲ့ရသလို ဒီအခ်ိန္မွာ ေဘာလုံးကြၽမ္းက်င္သူတစ္ဦးအျဖစ္ ေဆာင္႐ြက္ေနတဲ့ ႐ြိဳင္းကီးန္ကေတာ့ ခ်ဲလ္ဆီးတို႔ တကယ္သြင္းရင္ ၇ ဂိုးအထိ ရႏိုင္တယ္လို႔ ေျပာခဲ့တာပါ။

ကီးယြန္းကေတာ့ အသင္းေဖာ္ ကပၸတိန္ေဟာင္း တိုနီ အက္ဒမ္စ္နဲ႔အတူ Premier League Productions အစီအစဥ္မွာ ေဆြးေႏြးခဲ့ၾကၿပီး အာဆင္နယ္ေနာက္တန္းဟာ လူကာကူးကို ဒီပြဲမွာ သက္ေတာင့္သက္သာ ကစားႏိုင္ေအာင္ ကူညီသြားခဲ့ၾကတယ္လို႔ ေထာက္ျပလိုက္သလို ကိုယ့္ထက္ ထြားက်ိဳင္းသန္မာတဲ့ ကစားသမားကို မလိုအပ္ဘဲ လူကပ္ၿပီး ကစားခဲ့တာကိုလည္း မွားယြင္းခဲ့တယ္လို႔ ဆိုလိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ လုပ္ေနက် ပုံစံေတြအားလုံးက ဒီေန႔မွာ ေပ်ာက္ဆုံးေနခဲ့တယ္။ အခ်ိန္တန္မွ ေနရာလြတ္ေတြကို လိုက္ပိတ္ၿပီး ဖ်က္ထုတ္ဖို႔နဲ႔ ကြင္းလယ္ကေန ေဘာလုံးလမ္းေၾကာင္းေတြကို တားဆီးဖို႔လည္း ပ်က္ကြက္ေနခဲ့တယ္။ ေနာက္တန္းနဲ႔ ခံစစ္ၾကားက ေနရာလြတ္ေတြကို မေပးဘူးဆိုရင္ အသင္းတစ္သင္းရဲ႕ ခံစစ္က ပိုၿပီး က်စ္လ်စ္မာေက်ာမွာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔အသင္းကေတာ့ ဒါမ်ိဳး မလုပ္ခဲ့ဘူးေလ”လို႔ ကီးယြန္းက ေထာက္ျပလိုက္ပါတယ္။

လာမယ့္ တစ္ပတ္မွာေတာ့ ကာရာေဘာင္းဖလား ဒုတိယအဆင့္အျဖစ္ ဝက္စ္ဘ႐ြန္းအသင္းကို အေဝးကြင္းမွာ သြားေရာက္ကစားရမယ့္ ပြဲစဥ္မွာေတာ့ နည္းျပ အာတီတာအေနနဲ႔ မန္ခ်က္စတာစီးတီးကို ရင္ဆိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ႏိုင္ေအာင္ ကီးယြန္းအေနနဲ႔ အႀကံဉာဏ္ေပးလိုက္ၿပီး ဒီပြဲကစလို႔ အာဆင္နယ္အသင္းအေနနဲ႔ ေနာက္တန္း ၅ ေယာက္ထားၿပီး ကစားသင့္ေနၿပီလို႔ ေျပာသြားခဲ့ပါတယ္။

ကီးယြန္းက ဒီကစားကြက္မ်ိဳးနဲ႔မွ လက္ရွိခ်န္ပီယံ မန္စီးတီးကို ရင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ေျပာၾကားလိုက္ၿပီး ကြင္းထဲမွာ အဓိက ကစားသမားေတြ ပြဲမထုတ္ႏိုင္တာကို နားလည္စာနာေပမယ့္ လာမယ့္ပြဲေတြမွာ ၿပီးခဲ့တဲ့ အဖြင့္ပြဲႏွစ္ပြဲထက္ေတာ့ ပိုေကာင္းတဲ့ ပုံစံကို ျပသရလိမ့္မယ္လို႔လည္း သတိေပးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.