Other Premier League Transfer News

ကာလနဂါးကြီး နိုးလာသလို အပြောင်းအရွှေ့ Deadline အမီ တကျော့ပြန်အသက်ဝင်လာတဲ့ လီဗာပူးလ်

အီဘရာဟီမာ ကိုနေတာကို ခေါ်ယူပြီး နွေရာသီတလျှောက်လုံး ခြေငြိမ်နေခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ Deadline မတိုင်ခင်မှာတော့ မိုက်ကယ် အက်ဒ်ဝါ့ဒ်ရဲ့ မှော်အစွမ်းနဲ့ ကစားသမားတွေချစ်ခင်ယုံကြည်တဲ့ နည်းပြကလော့ပ်ရဲ့ အရည်အချင်းပေါင်းစည်းကာ အန်ဖီးလ်မြေမှာ လူသစ်ထပ်ဖြည့်သွားဖို့ အတည်တကျပြင်ဆင်လာပြီး အိပ်ပျော်နေရာကနေ နိုးလာပြီလို့ ဆိုရမယ့်အချိန်မှာ အပြောင်းအရွှေ့သတင်းကောင်းတွေလည်း ကြားလာရပြီဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ကိုနေတာကို ခေါ်ယူပြီးနောက် တခြားကစားသမားသစ်ထပ်မံခေါ်ယူဖို့ FFP လွတ်ကင်းအောင်နဲ့ အသင်း၏ ဘဏ္ဍာရေးကို ထိန်းညှိဖို့ မလိုအပ်တဲ့ (သို့) အသင်းပြောင်းချင်တဲ့ ကစားသမားတွေ ကိစ္စကို တစိုက်မတ်မတ် ဆောင်ရွက်နေခဲ့ပါတယ်။ အသင်းကြီးအရန်လူစာရင်းမှ လစာတပတ် ၈ သောင်းပေးနေရတဲ့ဆွစ်ဇာလန်သား ရှာကျီရီကိုတော့ ပြင်သစ်လီဂူးဝမ်းက လိုင်ယွန်အသင်းဆီ ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ရာ အပြောင်းအရွှေ့ဟာ ဖြစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

၂ ရာသီပေါင်းမှာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် ၂၁ ပွဲသာ ကစားပေးထားရတဲ့ အသက် ၂၉ နှစ်သားအတွက် လီဗာပူးလ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၉.၅သန်းကို လိုင်ယွန်ဘက်က သဘောတူခဲ့ပြီး ဆေးစစ်မှုအောင်မြင်ခဲ့တဲ့နောက်မှာတော့ ရှာကျီရီကို ၂၀၂၄ ထိ လိုင်ယွန်အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုလိုက်ကြောင်း အသင်းပိုင် မီဒီယာမှ တရားဝင်ကြေငြာသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ရှာကျီရီအပါအဝင်ကစားသမား ၆ ဦးရောင်းချမှုမှ ပေါင် ၄၂.၉ သန်း ရရှိထားပြီး အိတ်ဖောင်းနေကာ အသင်းနဲ့စာချုပ်သက်တမ်း ထပ်မတိုးပဲ PSGအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတဲ့ ဗိုင်နယ်လ်ဒွမ်ရဲ့လစာ တပတ် ပေါင် ၉ သောင်းအပါအဝင် ယခုအပြောင်းအရွှေ့မှာ စုစုပေါင်း ကစားသမား ၇ ဦး၏လစာ တပတ် ပေါင် ၄ သိန်းနီးပါး (၃၈၈၀၀၀) သက်သာသွားတဲ့အတွက် FFPနဲ့ပါ မညိစွန်းတော့ပဲ ကစားသမားသစ်ခေါ်ယူဖို့ အဆင်ပြေသွားပြီဖြစ်တဲ့အတွက် Deadline day မတိုင်ခင် ကစားသစ်တွေ ခေါ်ယူဖို့ အားစိုက် လုပ်ဆောင်နေပါတော့တယ်။

ဘာစီလိုနာအသင်းက ဒီလအတွင်း ရှင်းထုတ်လိုနေတဲ့ အန်ဖီးလ်တပ်သားဟောင်း ဖီလစ်ပီ ကော်တင်ညိုကို နည်းပြ ယာဂင် ကလော့ပ်က တကျော့ပြန်ခေါ်ယူသွားဖို့ မျက်စိကျနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပြီး ဘရာဇီးလ်သားရဲ့ အနာဂတ်ကို သုံးသပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကတ်တလန်အသင်းဆီ စကားတီးခေါက်စုံစမ်းမှုတွေ ရှိခဲ့ပြီး ဘာစီလိုနာအသင်းက လစာလျှော့ချဖို့ ဗိုက်နာဈေးနဲ့ ကမ်းလှမ်းလာဖို့ ရှိနေချိန်မှာ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဘက်က အသာစီးနဲ့ ဝယ်ယူနိုင်ခြေအတွက်တော့ စိတ်ဝင်စားမှုတချို့ရှိလာခဲ့ပြီး နည်းပြ ကလော့ပ်ရဲ့ နောက်ဆုံးအတည်ပြုချက်နဲ့ ဆုံးဖြတ်သွားဖွယ်ရှိနေကြာင်း သိထားရပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ပီအက်စ်ဂျီ အသင်းက ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် စိတ်မဝင်စားပဲ ပါရီကနေပြောင်းရွှေ့ချင်နေတယ်လို့ သိရပြီး ယခုတပတ်အတွင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်အသင်းတစ်သင်းက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းဆက်သွယ်ထားတယ်လို့ သတင်းများအရ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အမ်ဘာပေကို ခေါ်ယူဖို့ အစဉ်အမြဲစိတ်ဝင်စားနေတယ်ဆိုပေမယ့် နောက်နှစ်နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ အမ်ဘာပေ စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ခေါ်ယူဖို့ပဲ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

အမြဲခြေစွမ်းပြ ဂိုးတွေသွင်းပေးနေပေမယ့် အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းကို မက်ဆီရောက်လာချိန်မှာတော့ ပြီးခဲ့တဲ့ပွဲမှာ ကွင်းထဲကပရိသတ်အချို့ရဲအသင်းကနေ မြန်မြန်ဒိုးတော့ဆိုတဲ့ ဖိအားပေး မောင်းထုတ်မှုတွေကို တဆင့်တိုး ရရှိလာခဲ့တဲ့အတွက် ယခုနွေရာသီအပြောင်းအရွှေ့မှာ ချက်ချင်းအသင်းပြောင်းရွှေ့ဖြစ်သွားဖွယ်ရှိနေပါတယ်။

ဒီပြင်သစ်တိုက်စစ်မှူးကိုခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ ပရီးမီးယားကလပ်အသင်းဟာ ဘဏ်ထဲမှာ ကစားသမားရောင်းချငွေအပြင် ကစားသမားလုပ်ခလစာပေးမှုတွေ လျော့ချထားနိုင်တဲ့ လီဗာပူးလ်အသင်းဖြစ်တယ်လို့ သိရှိရပြီး နည်းပြ ကလော့ပ်နဲ့ ကစားသမားတို့ရဲ့အဆင်ပြေရင်းနှီးတဲ့ဆက်ဆံရေးရှိကြတဲ့အတွက် Deadline day မပိတ်ခင် အမ်ဘာပေတစ်ယောက် အန်းလ်ဖီးကို ရောက်ရှိလာတော့မလား ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်ဟာ တိုက်စစ်မှူး မိုဆာလားကိုလည်း စာချုပ်သစ်တရပ်ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ကလော့ပ် တရားဝင်အတည်ပြုသွားခဲ့ပြီး ၂၀၂၃ မှာ သက်တမ်းကုန်ဆုံးမယ့် ဖာရိုးဘုရင်ကြီးကို ဖာဘင်ညို၊ အယ်လစ်ဆွန် ဘက်ခါ၊ ဗန်ဒိုက်နဲ့ အာနိုးလ်တို့လို ကျေနပ်လောက်ဖွယ် နှစ်ရှည်စာချုပ်ချုပ်မယ်လို့ သိရပါတယ်။

” မိုက ဘောလုံးခံယူချက်ပိုင်းအရရော စိတ်ခံစားမှုပိုင်းအရပါ အန်ဖီးမှာ ဆက်နေဖို့ အကောင်းဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ စကားပြောဆိုမှုတွေ ပြုလုပ်နေပါပြီ။ အပြီးသတ်စာချုပ်တိုးပြီးတာနဲ့ ခင်ဗျားတို့သိရမှာပါ။ အသင်းဘက်ကရော ကစားသမားဘက်ကပါ ညှိညှိနှိုင်းနှိုင်း အလုပ်လုပ်သွားကြမှာပါ” လို့ ကလော့ပ်က အသင်းရဲ့ဝက်ဘ်ဆိုက်မှာ ပြောသွားခဲ့တာပါ။

ဒါ့အပြင် နည်းပြ ကလော့ပ်ဟာ အခုလာမယ့်ရာသီသစ်မှာလည်း ရှာကျီရီရဲ့နေရာမှာ ဟာဗေး အဲလီးယော့ကို စီနီယာလူစာရင်းထဲ တင်သွင်းလာဖို့ ရှိနေပြီး ရာသီကြိုမှာ အထူးခြေစွမ်းပြပြီး ဖမ်းစားနိုင်ခဲ့တဲ့ အသက် ၁၆ နှစ်သားလေး ကိုင်ဒီ ဂေါ်ဒန်ကိုလည်း လိဂ်ဖလားနဲ့ FA ဖလားတွေမှာ ပွဲထုတ်သွားဖို့လည်း စီစဉ်နေပါတယ်။

ဖေဖော်ဝါရီလက ဒါဘီကောင်တီအသင်းကနေ ပေါင် ၃ သန်းနဲ့ အန်ဖီးလ်ကို ပူးပေါင်းခဲ့တဲ့ တောင်ပံကစားသမားမှာ ယူ-ယူ၁၈၊ ယူ ၂၃ အသင်းတွေမှာ ပွဲဦးထွက်ကစားနိုင်ခဲ့ပြီးဖြစ်သလို ကလော့ပ်ရဲ့အနာဂတ်စီမံမှုမှာ ရေရှည်အဆင့် အဓိကအစိတ်အပိုင်းဖြစ်လာဖို့လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အီဘရာဟီမာ ကိုေနတာကို ေခၚယူၿပီး ေႏြရာသီတေလွ်ာက္လုံး ေျခၿငိမ္ေနခဲ့တဲ့ လီဗာပူးလ္အသင္းဟာ အေျပာင္းအေ႐ႊ႕ Deadline မတိုင္ခင္မွာေတာ့ မိုက္ကယ္ အက္ဒ္ဝါ့ဒ္ရဲ႕ ေမွာ္အစြမ္းနဲ႔ ကစားသမားေတြခ်စ္ခင္ယုံၾကည္တဲ့ နည္းျပကေလာ့ပ္ရဲ႕ အရည္အခ်င္းေပါင္းစည္းကာ အန္ဖီးလ္ေျမမွာ လူသစ္ထပ္ျဖည့္သြားဖို႔ အတည္တက်ျပင္ဆင္လာၿပီး အိပ္ေပ်ာ္ေနရာကေန ႏိုးလာၿပီလို႔ ဆိုရမယ့္အခ်ိန္မွာ အေျပာင္းအေ႐ႊ႕သတင္းေကာင္းေတြလည္း ၾကားလာရၿပီျဖစ္ပါတယ္။

လီဗာပူးအသင္းအေနနဲ႔ ကိုေနတာကို ေခၚယူၿပီးေနာက္ တျခားကစားသမားသစ္ထပ္မံေခၚယူဖို႔ FFP လြတ္ကင္းေအာင္နဲ႔ အသင္း၏ ဘ႑ာေရးကို ထိန္းညႇိဖို႔ မလိုအပ္တဲ့ (သို႔) အသင္းေျပာင္းခ်င္တဲ့ ကစားသမားေတြ ကိစၥကို တစိုက္မတ္မတ္ ေဆာင္႐ြက္ေနခဲ့ပါတယ္။ အသင္းႀကီးအရန္လူစာရင္းမွ လစာတပတ္ ၈ ေသာင္းေပးေနရတဲ့ဆြစ္ဇာလန္သား ရွာက်ီရီကိုေတာ့ ျပင္သစ္လီဂူးဝမ္းက လိုင္ယြန္အသင္းဆီ ေရာင္းထုတ္ဖို႔ ျပင္ဆင္ခဲ့ရာ အေျပာင္းအေ႐ႊ႕ဟာ ျဖစ္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။

၂ ရာသီေပါင္းမွာ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္ ၂၁ ပြဲသာ ကစားေပးထားရတဲ့ အသက္ ၂၉ ႏွစ္သားအတြက္ လီဗာပူးလ္ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉.၅သန္းကို လိုင္ယြန္ဘက္က သေဘာတူခဲ့ၿပီး ေဆးစစ္မႈေအာင္ျမင္ခဲ့တဲ့ေနာက္မွာေတာ့ ရွာက်ီရီကို ၂၀၂၄ ထိ လိုင္ယြန္အသင္းနဲ႔ ၃ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ေၾကာင္း အသင္းပိုင္ မီဒီယာမွ တရားဝင္ေၾကျငာသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ရွာက်ီရီအပါအဝင္ကစားသမား ၆ ဦးေရာင္းခ်မႈမွ ေပါင္ ၄၂.၉ သန္း ရရွိထားၿပီး အိတ္ေဖာင္းေနကာ အသင္းနဲ႔စာခ်ဳပ္သက္တမ္း ထပ္မတိုးပဲ PSGအသင္းသို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားတဲ့ ဗိုင္နယ္လ္ဒြမ္ရဲ႕လစာ တပတ္ ေပါင္ ၉ ေသာင္းအပါအဝင္ ယခုအေျပာင္းအေ႐ႊ႕မွာ စုစုေပါင္း ကစားသမား ၇ ဦး၏လစာ တပတ္ ေပါင္ ၄ သိန္းနီးပါး (၃၈၈၀၀၀) သက္သာသြားတဲ့အတြက္ FFPနဲ႔ပါ မညိစြန္းေတာ့ပဲ ကစားသမားသစ္ေခၚယူဖို႔ အဆင္ေျပသြားၿပီျဖစ္တဲ့အတြက္ Deadline day မတိုင္ခင္ ကစားသစ္ေတြ ေခၚယူဖို႔ အားစိုက္ လုပ္ေဆာင္ေနပါေတာ့တယ္။

ဘာစီလိုနာအသင္းက ဒီလအတြင္း ရွင္းထုတ္လိုေနတဲ့ အန္ဖီးလ္တပ္သားေဟာင္း ဖီလစ္ပီ ေကာ္တင္ညိဳကို နည္းျပ ယာဂင္ ကေလာ့ပ္က တေက်ာ့ျပန္ေခၚယူသြားဖို႔ မ်က္စိက်ေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပလာၿပီး ဘရာဇီးလ္သားရဲ႕ အနာဂတ္ကို သုံးသပ္ေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ကတ္တလန္အသင္းဆီ စကားတီးေခါက္စုံစမ္းမႈေတြ ရွိခဲ့ၿပီး ဘာစီလိုနာအသင္းက လစာေလွ်ာ့ခ်ဖို႔ ဗိုက္နာေဈးနဲ႔ ကမ္းလွမ္းလာဖို႔ ရွိေနခ်ိန္မွာ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြဘက္က အသာစီးနဲ႔ ဝယ္ယူႏိုင္ေျခအတြက္ေတာ့ စိတ္ဝင္စားမႈတခ်ိဳ႕ရွိလာခဲ့ၿပီး နည္းျပ ကေလာ့ပ္ရဲ႕ ေနာက္ဆုံးအတည္ျပဳခ်က္နဲ႔ ဆုံးျဖတ္သြားဖြယ္ရွိေနၾကာင္း သိထားရပါတယ္။

ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပကို ပီအက္စ္ဂ်ီ အသင္းက ၅ ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ စိတ္မဝင္စားပဲ ပါရီကေနေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရၿပီး ယခုတပတ္အတြင္းမွာ အဂၤလန္ပရီးမီးယားလိဂ္အသင္းတစ္သင္းက သူ႔ကို ေခၚယူဖို႔ ကမ္းလွမ္းဆက္သြယ္ထားတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အမ္ဘာေပကို ေခၚယူဖို႔ အစဥ္အၿမဲစိတ္ဝင္စားေနတယ္ဆိုေပမယ့္ ေနာက္ႏွစ္ေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ အမ္ဘာေပ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပဲ ေခၚယူဖို႔ပဲ ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

အၿမဲေျခစြမ္းျပ ဂိုးေတြသြင္းေပးေနေပမယ့္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းကို မက္ဆီေရာက္လာခ်ိန္မွာေတာ့ ၿပီးခဲ့တဲ့ပြဲမွာ ကြင္းထဲကပရိသတ္အခ်ိဳ႕ရဲအသင္းကေန ျမန္ျမန္ဒိုးေတာ့ဆိုတဲ့ ဖိအားေပး ေမာင္းထုတ္မႈေတြကို တဆင့္တိုး ရရွိလာခဲ့တဲ့အတြက္ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ခ်က္ခ်င္းအသင္းေျပာင္းေ႐ႊ႕ျဖစ္သြားဖြယ္ရွိေနပါတယ္။

ဒီျပင္သစ္တိုက္စစ္မႉးကိုေခၚယူဖို႔ ကမ္းလွမ္းထားတဲ့ ပရီးမီးယားကလပ္အသင္းဟာ ဘဏ္ထဲမွာ ကစားသမားေရာင္းခ်ေငြအျပင္ ကစားသမားလုပ္ခလစာေပးမႈေတြ ေလ်ာ့ခ်ထားႏိုင္တဲ့ လီဗာပူးလ္အသင္းျဖစ္တယ္လို႔ သိရွိရၿပီး နည္းျပ ကေလာ့ပ္နဲ႔ ကစားသမားတို႔ရဲ႕အဆင္ေျပရင္းႏွီးတဲ့ဆက္ဆံေရးရွိၾကတဲ့အတြက္ Deadline day မပိတ္ခင္ အမ္ဘာေပတစ္ေယာက္ အန္းလ္ဖီးကို ေရာက္ရွိလာေတာ့မလား ရင္ခုန္စြာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္ဟာ တိုက္စစ္မႉး မိုဆာလားကိုလည္း စာခ်ဳပ္သစ္တရပ္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း ကေလာ့ပ္ တရားဝင္အတည္ျပဳသြားခဲ့ၿပီး ၂၀၂၃ မွာ သက္တမ္းကုန္ဆုံးမယ့္ ဖာ႐ိုးဘုရင္ႀကီးကို ဖာဘင္ညိဳ၊ အယ္လစ္ဆြန္ ဘက္ခါ၊ ဗန္ဒိုက္နဲ႔ အာႏိုးလ္တို႔လို ေက်နပ္ေလာက္ဖြယ္ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္မယ္လို႔ သိရပါတယ္။

” မိုက ေဘာလုံးခံယူခ်က္ပိုင္းအရေရာ စိတ္ခံစားမႈပိုင္းအရပါ အန္ဖီးမွာ ဆက္ေနဖို႔ အေကာင္းဆုံးအေနအထားကို ေရာက္ရွိေနပါတယ္။ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနပါၿပီ။ အၿပီးသတ္စာခ်ဳပ္တိုးၿပီးတာနဲ႔ ခင္ဗ်ားတို႔သိရမွာပါ။ အသင္းဘက္ကေရာ ကစားသမားဘက္ကပါ ညႇိညႇိႏႈိင္းႏႈိင္း အလုပ္လုပ္သြားၾကမွာပါ” လို႔ ကေလာ့ပ္က အသင္းရဲ႕ဝက္ဘ္ဆိုက္မွာ ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ နည္းျပ ကေလာ့ပ္ဟာ အခုလာမယ့္ရာသီသစ္မွာလည္း ရွာက်ီရီရဲ႕ေနရာမွာ ဟာေဗး အဲလီးေယာ့ကို စီနီယာလူစာရင္းထဲ တင္သြင္းလာဖို႔ ရွိေနၿပီး ရာသီႀကိဳမွာ အထူးေျခစြမ္းျပၿပီး ဖမ္းစားႏိုင္ခဲ့တဲ့ အသက္ ၁၆ ႏွစ္သားေလး ကိုင္ဒီ ေဂၚဒန္ကိုလည္း လိဂ္ဖလားနဲ႔ FA ဖလားေတြမွာ ပြဲထုတ္သြားဖို႔လည္း စီစဥ္ေနပါတယ္။

ေဖေဖာ္ဝါရီလက ဒါဘီေကာင္တီအသင္းကေန ေပါင္ ၃ သန္းနဲ႔ အန္ဖီးလ္ကို ပူးေပါင္းခဲ့တဲ့ ေတာင္ပံကစားသမားမွာ ယူ-ယူ၁၈၊ ယူ ၂၃ အသင္းေတြမွာ ပြဲဦးထြက္ကစားႏိုင္ခဲ့ၿပီးျဖစ္သလို ကေလာ့ပ္ရဲ႕အနာဂတ္စီမံမႈမွာ ေရရွည္အဆင့္ အဓိကအစိတ္အပိုင္းျဖစ္လာဖို႔လည္း ရည္႐ြယ္ထားေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.