International Match Report

လျှပ်စစ် ဆန်းချက်ဇ်အစွမ်းနဲ့ စူပါကိုပါ အီတာလီယာဖလားရခဲ့တဲ့ အင်တာ မီလန်

အင်တာမီလန်တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ဟာ ဗုဒ္ဓဟူးနေ့ညက ဆန်စီရိုမှာ ကစားခဲ့တဲ့ အီတလီ စူပါဖလားပြိုင်ပွဲအဖြစ် အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း အင်တာအတွက် အချိန်ပို နောက်ဆုံးမိနစ်မှာ နောက်ကျအနိုင်ဂိုးသွင်းယူပေးပြီး ၁၁ နှစ်အတွင်း အီတလီ စူပါဖလားပြိုင်ပွဲမှာ ပထမဆုံးအောင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။

အိမ်ကွင်း ပရိသတ်တွေဟာ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် လူဦးရေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခြင်းခံခဲ့ရပြီး လူစားဝင်ကစားပေးခဲ့တဲ့ ချီလီကြယ်ပွင့်က မိနစ် ၁၂၀ မှာ ဂျူဗင်တပ်နောက်ခံကစားသမားတွေကြားကနေ အနိုင်ဂိုးကို သွင်းယူပေးသွားတဲ့အချိန်မှာ ပျော်ရွှင်မှုတွေနဲ့ တစ်ကွင်းလုံး အောင်ပွဲခံသံတွေ ညံသွားခဲ့တာဖြစ်ပါတယ်။

“ချန်ပီယံတစ်ယောက်က ကစားရလေလေ သူက ပိုပိုကောင်းအောင်ကစားနိုင်လေဖြစ်ပြီး ဘယ်သူမှ မလုပ်နိုင်တဲ့အရာတွေကိုလည်း လုပ်နိုင်ပါတယ်”
” ဒီနေ့မှာ အဲဒီလိုမျိုး ကျွန်တော်လုပ်နိုင်ခဲ့တယ်။ ကျွန်တော် ထင်ခဲ့တာက ကျွန်တော် ပွဲထွက်ကစားရလိမ့်မယ်လို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ပုံမှန်ခြေစွမ်းမှာ ရှိနေခဲ့လို့ပါ။ ကျွန်တော် နည်းပြကို လေးစားပေမယ့် ကျွန်တော် နိုင်ပွဲရဖို့အတွက် ဆာလောင်နေခဲ့တယ်။ အရန်ခုံကနေ လူစားလဲခွင့်နဲ့ ပွဲထွက်ခွင့်ရတာနဲ့ ဆာလောင်ငတ်မွတ်စွာ(အောင်မြင်မှု)နဲ့ လှောင်အိမ်ထဲက ထွက်လာတဲ့ ခြင်္သေ့တစ်ကောင်လို ခံစားခဲ့ရတယ်”လို့ ဆန်းချက်ဇ်က ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ အရန်ခုံကနေ ပွဲထွက်ခဲ့ပြီးနောက် Mediaset ကို ပြောကြားခဲ့ပါတယ်။

မက်ကန်နီက တူရင်ကလပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းအတွက် လော်တာရို မာတီနက်ဇ်က ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် ချေပဂိုးကို ပြန်လည်သွင်းယူသွားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပွဲက ပိုလို့တောင် ကြမ်းတမ်းလာခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုတို့မှာ လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဆန်းချက်ဇ်က အင်တာမီလန်တို့အတွက် ၂၀၁၀ နောက်ပိုင်း အီတလီ စူပါဖလား ၆ ကြိမ်မြောက် အောင်ပွဲ ရရှိစေမယ့် သွင်းဂိုးကို မသွင်းယူခင်အချိန်အထိ ပင်နယ်တီ အဆုံးအဖြတ် ခံယူရဖို့ ကျိန်းသေနေပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

စူပါကိုပါ အီတာလီယာဖလားဟာ စီးရီးအေ ချန်ပီယံနဲ့ အီတလီဖလား ချန်ပီယံတို့ကြား ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိတဲ့အသင်းကို နှစ်စဉ် ဆုချီးမြှင့်နေတာဖြစ်ပြီး အင်တာမီလန် နည်းပြ အင်ဇာဂီဟာ ၎င်းရဲ့ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီကလည်း စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အင်တာနဲ့ ၁၁ မှတ်အကွာ တူရင်မှာ စိတ်ပျက်ဖွယ် နည်းပြ ဒုတိယသက်တမ်းရဲ့ ပထမဆုံး ဆုဖလားအဖြစ် ရယူဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး စီးရီးအေ ၈ ပွဲဆက်တိုက်နိုင်ပွဲရယူပြီး ယှဉ်ပြိုင်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ ပွဲကို ခြေအသာနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်အသင်းက သိပ်မကြာမီမှာ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၂၅ မိနစ်မှာ မက်ကန်နီက ၆ ကိုက်ကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ၁၀ မိနစ်လောက်သာ ခံခဲ့ပြိး ဒီ မတ်တီယာ ဒီ ရှီယိုက ဂျက်ကို ကို ပင်နယ်တီ ဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့အတွက် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် မာတီနက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူပြီး အင်တာမီလန်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒန်ဇယ်လ် ဒမ်ဖရီးစ်ဟာ ဒုတိယပိုင်းမှာ ခေါင်းတိုက်ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ရာမှာ ဂျူဗင်တပ်ဂိုးသမား မတ်တီယာ ပယ်ရင်က ပုတ်ထုတ်ခဲ့ပြီးနောက် ဂိုးတိုင်ကို သွားထိခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာမီမှာပဲ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အချိန်ပိုကစားရတဲ့ အီတလီ စူပါဖလားပွဲစဉ်ဖြစ်လာခဲ့ပြီး ၂ ဖက်စလုံးဟာ မောပန်းနွမ်းနယ်နေခဲ့တာကြောင့် အခွင့်အရေးဖန်တီးဖို့ ရုန်းကန်နေခဲ့ရတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူတဲ့အထိ သွားရတော့မယ်လို့ အားလုံးက ထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခဲ့တဲ့ အခိုက်အတန့်က ဂျူဗင်တပ်အတွက် ပေးဆပ်ရမှု ဖြစ်ခဲ့ပြီး အဲလက် ဆန်ဒရိုက ပယ်ရင်ကို ရင်ဘတ်နဲ့ နောက်ပြန်ချပေးဖို့ ကြိုးပမ်းခဲ့ချိန်မှာ မတ်တဲအို ဒါမီယန်က ဆန်းချက်ဇ် ဂိုးသွင်းနိုင်အောင် အားမပါတဲ့ ပေးပို့မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အင္တာမီလန္တိုက္စစ္မႉး အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ ဗုဒၶဟူးေန႔ညက ဆန္စီရိုမွာ ကစားခဲ့တဲ့ အီတလီ စူပါဖလားၿပိဳင္ပြဲအျဖစ္ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း အင္တာအတြက္ အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ ေနာက္က်အနိုင္ဂိုးသြင္းယူေပးၿပီး ၁၁ ႏွစ္အတြင္း အီတလီ စူပါဖလားၿပိဳင္ပြဲမွာ ပထမဆုံးေအာင္ပြဲရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

အိမ္ကြင္း ပရိသတ္ေတြဟာ ကိုဗစ္ ကန႔္သတ္ခ်က္ေတြေၾကာင့္ လူဦးေရ ၅၀ ရာခိုင္ႏႈန္းအထိ ေလၽွာ့ခ်ျခင္းခံခဲ့ရၿပီး လူစားဝင္ကစားေပးခဲ့တဲ့ ခ်ီလီၾကယ္ပြင့္က မိနစ္ ၁၂၀ မွာ ဂ်ဴဗင္တပ္ေနာက္ခံကစားသမားေတြၾကားကေန အနိုင္ဂိုးကို သြင္းယူေပးသြားတဲ့အခ်ိန္မွာ ေပ်ာ္ရႊင္မႈေတြနဲ႔ တစ္ကြင္းလုံး ေအာင္ပြဲခံသံေတြ ညံသြားခဲ့တာျဖစ္ပါတယ္။

“ခ်န္ပီယံတစ္ေယာက္က ကစားရေလေလ သူက ပိုပိုေကာင္းေအာင္ကစားႏိုင္ေလျဖစ္ၿပီး ဘယ္သူမွ မလုပ္ႏိုင္တဲ့အရာေတြကိုလည္း လုပ္ႏိုင္ပါတယ္”
” ဒီေန႔မွာ အဲဒီလိုမ်ိဳး ကြၽန္ေတာ္လုပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ ထင္ခဲ့တာက ကြၽန္ေတာ္ ပြဲထြက္ကစားရလိမ့္မယ္လို႔ပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ပုံမွန္ေျခစြမ္းမွာ ရွိေနခဲ့လို႔ပါ။ ကြၽန္ေတာ္ နည္းျပကို ေလးစားေပမယ့္ ကြၽန္ေတာ္ ႏိုင္ပြဲရဖို႔အတြက္ ဆာေလာင္ေနခဲ့တယ္။ အရန္ခုံကေန လူစားလဲခြင့္နဲ႔ ပြဲထြက္ခြင့္ရတာနဲ႔ ဆာေလာင္ငတ္မြတ္စြာ(ေအာင္ျမင္မႈ)နဲ႔ ေလွာင္အိမ္ထဲက ထြက္လာတဲ့ ျခေသၤ့တစ္ေကာင္လို ခံစားခဲ့ရတယ္”လို႔ ဆန္းခ်က္ဇ္က ဂ်ဴဗင္တပ္နဲ႔ပြဲစဥ္မွာ အရန္ခုံကေန ပြဲထြက္ခဲ့ၿပီးေနာက္ Mediaset ကို ေျပာၾကားခဲ့ပါတယ္။

မက္ကန္နီက တူရင္ကလပ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး အင္တာမီလန္အသင္းအတြက္ ေလာ္တာရို မာတီနက္ဇ္က ပင္နယ္တီျပစ္ဒဏ္ေဘာကေနတဆင့္ ေခ်ပဂိုးကို ျပန္လည္သြင္းယူသြားခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ပြဲက ပိုလို႔ေတာင္ ၾကမ္းတမ္းလာခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းမႈတို႔မွာ လႊမ္းမိုးထားနိုင္ခဲ့ေပမယ့္ ဆန္းခ်က္ဇ္က အင္တာမီလန္တို႔အတြက္ ၂၀၁၀ ေနာက္ပိုင္း အီတလီ စူပါဖလား ၆ ႀကိမ္ေျမာက္ ေအာင္ပြဲ ရရွိေစမယ့္ သြင္းဂိုးကို မသြင္းယူခင္အခ်ိန္အထိ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရဖို႔ က်ိန္းေသေနပုံ ေပၚခဲ့တာျဖစ္ပါတယ္။

စူပါကိုပါ အီတာလီယာဖလားဟာ စီးရီးေအ ခ်န္ပီယံနဲ႔ အီတလီဖလား ခ်န္ပီယံတို႔ၾကား ယွဥ္ၿပိဳင္ကစားၿပီး အနိုင္ရရွိတဲ့အသင္းကို ႏွစ္စဥ္ ဆုခ်ီးျမႇင့္ေနတာျဖစ္ၿပီး အင္တာမီလန္ နည္းၿပ အင္ဇာဂီဟာ ၎ရဲ့ ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နည္းၿပ အယ္လီဂရီကလည္း စီးရီးေအအမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အင္တာနဲ႔ ၁၁ မွတ္အကြာ တူရင္မွာ စိတ္ပ်က္ဖြယ္ နည္းၿပ ဒုတိယသက္တမ္းရဲ့ ပထမဆုံး ဆုဖလားအျဖစ္ ရယူဖို႔ ပစ္မွတ္ထားခဲ့တာျဖစ္ၿပီး စီးရီးေအ ၈ ပြဲဆက္တိုက္နိုင္ပြဲရယူၿပီး ယွဥ္ၿပိဳင္ခဲ့တဲ့ အင္တာမီလန္အသင္းဟာ ပြဲကို ေျခအသာနဲ႔ စတင္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဂ်ဴဗင္တပ္အသင္းက သိပ္မၾကာမီမွာ ဦးေဆာင္ဂိုးကို သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၂၅ မိနစ္မွာ မက္ကန္နီက ၆ ကိုက္ကေန ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂ်ဴဗင္တပ္အသင္းရဲ့ ဦးေဆာင္ဂိုးဟာ ၁၀ မိနစ္ေလာက္သာ ခံခဲ့ၿပိး ဒီ မတ္တီယာ ဒီ ရွီယိုက ဂ်က္ကို ကို ပင္နယ္တီ ဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တဲ့အတြက္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ မာတီနက္ဇ္က အမွားအယြင္းမရွိ ကန္သြင္းယူၿပီး အင္တာမီလန္အတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒန္ဇယ္လ္ ဒမ္ဖရီးစ္ဟာ ဒုတိယပိုင္းမွာ ေခါင္းတိုက္ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဂ်ဴဗင္တပ္ဂိုးသမား မတ္တီယာ ပယ္ရင္က ပုတ္ထုတ္ခဲ့ၿပီးေနာက္ ဂိုးတိုင္ကို သြားထိခဲ့ၿပီး ဂိုးသြင္းယူနိုင္ဖို႔ အနီးစပ္ဆုံး အေျခအေနထိ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာမီမွာပဲ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အခ်ိန္ပိုကစားရတဲ့ အီတလီ စူပါဖလားပြဲစဥ္ျဖစ္လာခဲ့ၿပီး ၂ ဖက္စလုံးဟာ ေမာပန္းႏြမ္းနယ္ေနခဲ့တာေၾကာင့္ အခြင့္အေရးဖန္တီးဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့အတြက္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူတဲ့အထိ သြားရေတာ့မယ္လို႔ အားလုံးက ထင္မွတ္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ခဲ့တဲ့ အခိုက္အတန႔္က ဂ်ဴဗင္တပ္အတြက္ ေပးဆပ္ရမႈ ျဖစ္ခဲ့ၿပီး အဲလက္ ဆန္ဒရိုက ပယ္ရင္ကို ရင္ဘတ္နဲ႔ ေနာက္ျပန္ခ်ေပးဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္မွာ မတ္တဲအို ဒါမီယန္က ဆန္းခ်က္ဇ္ ဂိုးသြင္းနိုင္ေအာင္ အားမပါတဲ့ ေပးပို႔မႈ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.