Premier League

ချဲလ်ဆီးနဲ့ရှုံးပွဲအပြီး အာတီတာကို ကွန်တီနဲ့အစားထိုးဖို့ နာမည်ကြီးအာဆင်နယ်ဖန်တောင်းဆို

အာဆင်နယ်အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေကတည်းက ဆိုးရွားနေခဲ့တဲ့ ပုံစံနဲ့ ပရီးမီးယားလိဂ်ရာသီသစ်အစမှာ ရှုံးပွဲဆက်နေခဲ့မှုတွေကို ပရိသတ်တွေအနေနဲ့ သည်းခံစိတ် ကုန်ဆုံးနေပြီဖြစ်ပြီး ဒီထဲမှာ နာမည်ကြီး အစီအစဉ်တင်ဆက်သူ ပီးယားစ် မော်ဂန်နဲ့ ဘောလုံးကျွမ်းကျင်သူ ကစားသမားဟောင်းတွေပါ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

အဖွင့်ပွဲစဉ်မှာ တန်းတက် ဘရန့်ဖို့ဒ်အသင်းကို ရှုံးနိမ့်ပြီး အသင်းရဲ့ ၄၅ နှစ်တာ စံချိန်ကောင်းကို ကျိုးပျက်စေခဲ့သူ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းရဲ့ မှတ်တမ်းကောင်းတော်တော်များများကို ဖျက်ဆီးခဲ့တာလည်းဖြစ်သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ကနေ တတိယတန်းမှာ ကျင်လည်ခဲ့သမျှ ၁၁၈ ရာသီအတွင်း ပထမဆုံးပွဲစဉ်နှစ်ပွဲကို တစ်ဂိုးမှ မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကိုပါ ရယူသွားခဲ့တာဖြစ်ပါတယ်။

တွစ်တာမှာ ဖာဘရီဇီယို ရိုမာနိုလို နာမည်ကြီး ဂျာနယ်လစ်အပါအဝင် အာဆင်နယ်အမျိုးသမီးအသင်းရဲ့ တရားဝင်အကောင့်ကပါ Follow လုပ်ထားခံရသူ ပီးယားစ် မော်ဂန်ကတော့ Arteta Out လို့ တင်ခဲ့သလို ပွဲအပြီးမှာတော့ ထပ်ပြီး ချဲလ်ဆီးနည်းပြဟောင်း အီတလီသား အန်တိုနီယို ကွန်တီနဲ့ပါ အစားထိုးဖို့ တောင်းဆိုလိုက်တာပါ။

အသင်းရဲ့ ပုံစံက အလယ်အလတ်အဆင့် သာမန်အသင်းတစ်သင်းဖြစ်နေတာ လက်ခံနိုင်စရာမရှိဘူးလို့ အာတီတာနဲ့ တာဝန်ရှိသူအားလုံးကို ရဝမ်ဒါသမ္မတ ပေါလ် ကာဂါမီနဲ့ ပရိသတ်တော်တော်များများကလည်း တိုက်ခိုက်နေကြပြီး ဒီနေ့မှာတော့ အာဆင်နယ်တို့ သမိုင်းဆိုး တစ်ပတ်လည်တဲ့အနေနဲ့ ၁၉၉၂ ခုနှစ်က တစ်ပွဲထက် ပိုကစားအပြီး တန်းဆင်းဇုန်ထဲကို ရောက်ခဲ့တဲ့ ၂၉ နှစ်တာ စံချိန်ကိုလည်း အဆင့် ၁၉ နဲ့ လိုက်မီသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အာတီတာကို ထုတ်ပယ်ဖို့နဲ့ သူ့ရဲ့ နည်းစနစ်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အသင်းပရိသတ်တစ်ဉီးဖြစ်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ရှုတ်ချပြောကြားလိုက်ပြီး ကွန်တီကိုပဲ ထောက်ခံသွားခဲ့သလို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ အသင်းရဲ့ ပေါင်သန်းရာကျော် သုံးစွဲပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်မှ မရဘဲ လူငယ်တွေကိုသာ လျှောက်ခေါ်ခဲ့တဲ့ အပြောင်းအရွှေ့ပေါ်လစီကိုလည်း ညာနောက်ခံလူဟောင်း ဘာကာရီ ဆက်ဂ်ညာနဲ့ ကွင်းလယ်လူဟောင်း အီမာနူယယ်လ် ပီတစ်တို့က ဝေဖန်သွားခဲ့သေးတာပါ။

ဒီအချိန်မှာ ပီးယားစ် မော်ဂန်ကတော့ အာဆင်နယ်ပရိသတ်တွေထဲက နောက်ဆုံး တိုက်ခိုက်လိုက်သူဖြစ်ပြီး “လက်ရှိမှာ အရှုံးတစ်မျိုးတည်းသာရှိနေတဲ့ ဆိုးရွားမှုတွေကနေ ကျွန်တော်တို့ကို ကယ်တင်ဖို့ ဒီလူကို ဘာပဲပေးရပေးရ ခေါ်ယူပေးပါ”လို့ အင်တာမီလန်အသင်းနဲ့ လမ်းခွဲထားတဲ့ အသင်းလက်ကိုင်မရှိနည်းပြ အန်တိုနီယို ကွန်တီရဲ့ ပုံနဲ့ တွစ်တာမှာ တင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ကွန်တီဟာ စီးရီးအေမှာတော့ ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့နဲ့အတူ အမှတ်ပေးချန်ပီယံဆု ၄ ကြိမ် ဆွတ်ခူးထားနိုင်ပြီး အင်္ဂလန်နဲ့ လန်ဒန်မြေကို တစ်ကျော့ပြန် ခြေချဖို့ အခက်အခဲမရှိသူလည်းဖြစ်သလို အာဆင်နယ်အသင်းရဲ့ လက်ရှိလူစာရင်းနဲ့ အသင်းကို လမ်းကြောင်းမှန်ပေါ်ကို ပြန်တင်ပေးနိုင်မယ့်သူအဖြစ် ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ရာသီႀကိဳပြဲစဥ္ေတြကတည္းက ဆိုး႐ြားေနခဲ့တဲ့ ပုံစံနဲ႔ ပရီးမီးယားလိဂ္ရာသီသစ္အစမွာ ရႈံးပြဲဆက္ေနခဲ့မႈေတြကို ပရိသတ္ေတြအေနနဲ႔ သည္းခံစိတ္ ကုန္ဆုံးေနၿပီျဖစ္ၿပီး ဒီထဲမွာ နာမည္ႀကီး အစီအစဥ္တင္ဆက္သူ ပီးယားစ္ ေမာ္ဂန္နဲ႔ ေဘာလုံးကြၽမ္းက်င္သူ ကစားသမားေဟာင္းေတြပါ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

အဖြင့္ပြဲစဥ္မွာ တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းကို ရႈံးနိမ့္ၿပီး အသင္းရဲ႕ ၄၅ ႏွစ္တာ စံခ်ိန္ေကာင္းကို က်ိဳးပ်က္ေစခဲ့သူ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းရဲ႕ မွတ္တမ္းေကာင္းေတာ္ေတာ္မ်ားမ်ားကို ဖ်က္ဆီးခဲ့တာလည္းျဖစ္သလို ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ကေန တတိယတန္းမွာ က်င္လည္ခဲ့သမွ် ၁၁၈ ရာသီအတြင္း ပထမဆုံးပြဲစဥ္ႏွစ္ပြဲကို တစ္ဂိုးမွ မသြင္းႏိုင္ဘဲ ရႈံးနိမ့္ခဲ့တဲ့ မွတ္တမ္းဆိုးကိုပါ ရယူသြားခဲ့တာျဖစ္ပါတယ္။

တြစ္တာမွာ ဖာဘရီဇီယို ႐ိုမာႏိုလို နာမည္ႀကီး ဂ်ာနယ္လစ္အပါအဝင္ အာဆင္နယ္အမ်ိဳးသမီးအသင္းရဲ႕ တရားဝင္အေကာင့္ကပါ Follow လုပ္ထားခံရသူ ပီးယားစ္ ေမာ္ဂန္ကေတာ့ Arteta Out လို႔ တင္ခဲ့သလို ပြဲအၿပီးမွာေတာ့ ထပ္ၿပီး ခ်ဲလ္ဆီးနည္းျပေဟာင္း အီတလီသား အန္တိုနီယို ကြန္တီနဲ႔ပါ အစားထိုးဖို႔ ေတာင္းဆိုလိုက္တာပါ။

အသင္းရဲ႕ ပုံစံက အလယ္အလတ္အဆင့္ သာမန္အသင္းတစ္သင္းျဖစ္ေနတာ လက္ခံႏိုင္စရာမရွိဘူးလို႔ အာတီတာနဲ႔ တာဝန္ရွိသူအားလုံးကို ရဝမ္ဒါသမၼတ ေပါလ္ ကာဂါမီနဲ႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလည္း တိုက္ခိုက္ေနၾကၿပီး ဒီေန႔မွာေတာ့ အာဆင္နယ္တို႔ သမိုင္းဆိုး တစ္ပတ္လည္တဲ့အေနနဲ႔ ၁၉၉၂ ခုႏွစ္က တစ္ပြဲထက္ ပိုကစားအၿပီး တန္းဆင္းဇုန္ထဲကို ေရာက္ခဲ့တဲ့ ၂၉ ႏွစ္တာ စံခ်ိန္ကိုလည္း အဆင့္ ၁၉ နဲ႔ လိုက္မီသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ အာတီတာကို ထုတ္ပယ္ဖို႔နဲ႔ သူ႔ရဲ႕ နည္းစနစ္ေတြဟာ လက္ခံႏိုင္စရာ မရွိဘူးလို႔ အသင္းပရိသတ္တစ္ဉီးျဖစ္တဲ့ ပရီးမီးယားလိဂ္ တိုက္စစ္မႉးေဟာင္း ဒါရင္းဘန႔္က ရႈတ္ခ်ေျပာၾကားလိုက္ၿပီး ကြန္တီကိုပဲ ေထာက္ခံသြားခဲ့သလို ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာပဲ အသင္းရဲ႕ ေပါင္သန္းရာေက်ာ္ သုံးစြဲၿပီး ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္မွ မရဘဲ လူငယ္ေတြကိုသာ ေလွ်ာက္ေခၚခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေပၚလစီကိုလည္း ညာေနာက္ခံလူေဟာင္း ဘာကာရီ ဆက္ဂ္ညာနဲ႔ ကြင္းလယ္လူေဟာင္း အီမာႏူယယ္လ္ ပီတစ္တို႔က ေဝဖန္သြားခဲ့ေသးတာပါ။

ဒီအခ်ိန္မွာ ပီးယားစ္ ေမာ္ဂန္ကေတာ့ အာဆင္နယ္ပရိသတ္ေတြထဲက ေနာက္ဆုံး တိုက္ခိုက္လိုက္သူျဖစ္ၿပီး “လက္ရွိမွာ အရႈံးတစ္မ်ိဳးတည္းသာရွိေနတဲ့ ဆိုး႐ြားမႈေတြကေန ကြၽန္ေတာ္တို႔ကို ကယ္တင္ဖို႔ ဒီလူကို ဘာပဲေပးရေပးရ ေခၚယူေပးပါ”လို႔ အင္တာမီလန္အသင္းနဲ႔ လမ္းခြဲထားတဲ့ အသင္းလက္ကိုင္မရွိနည္းျပ အန္တိုနီယို ကြန္တီရဲ႕ ပုံနဲ႔ တြစ္တာမွာ တင္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ကြန္တီဟာ စီးရီးေအမွာေတာ့ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္တို႔နဲ႔အတူ အမွတ္ေပးခ်န္ပီယံဆု ၄ ႀကိမ္ ဆြတ္ခူးထားႏိုင္ၿပီး အဂၤလန္နဲ႔ လန္ဒန္ေျမကို တစ္ေက်ာ့ျပန္ ေျခခ်ဖို႔ အခက္အခဲမရွိသူလည္းျဖစ္သလို အာဆင္နယ္အသင္းရဲ႕ လက္ရွိလူစာရင္းနဲ႔ အသင္းကို လမ္းေၾကာင္းမွန္ေပၚကို ျပန္တင္ေပးႏိုင္မယ့္သူအျဖစ္ ပရိသတ္ေတြနဲ႔ ကြၽမ္းက်င္သူေတြက တစ္ညီတစ္ၫြတ္တည္း သတ္မွတ္ထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.