Premier League

နယူးကာဆယ္လ္ကစားသမားေတြရဲ႕ ကာကြယ္မွဳကို ရရွိမယ့္ စတိဗ္ ဘ႐ုစ္

ေဆာ္ဒီလုပ္ငန္းရွင္ေတြက လႊဲေျပာင္းရယူဖို႔ ႀကဳိးစားေနတဲ့ နယူးကာဆယ္လ္ယူႏုိက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ စတိဗ္ ဘ႐ုစ္ကို လႊဲေျပာင္းေရးကိစၥရပ္ေတြ ၿပီးေျမာက္တဲ့အခါ နည္းျပသစ္နဲ႔ အစားထိုးဖို႔ အစီအစဥ္က ပရိသတ္ေတြၾကားမွာ ေရပန္းစားေနခဲ့ေပမယ့္ ဒါကို ကစားသမားေတြက ကန္႔ကြက္သြားမယ္လုိ႔ သိရပါတယ္။

နယူးကာဆယ္လ္အသင္းပုိင္ရွင္သစ္ေတြ ျဖစ္လာမယ့္ ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္းနဲ႔ နာမည္ႀကီး စီမံခန္႔ခြဲသူ ယက္ဆာ အယ္လ္႐ူေမယန္တုိ႔ရဲ႕ ျမင့္မားတဲ့ ရည္မွန္းခ်က္ေတြကို ေရာက္ရွိေအာင္ ခပ္ဝဝ ခပ္ဖိုင့္ဖိုင့္နည္းျပႀကီးအေနနဲ႔ ကူညီေပးႏုိင္မွာ မဟုတ္ဘူးလို႔ ထင္ျမင္ေနၾကၿပီး နည္းျပရာထူးတြက္ နာမည္ႀကီးနည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုကို ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

ရလဒ္ပုိင္းေတြမွာ ထူးျခားေကာင္းမြန္ျခင္းမရွိေပမယ့္ ကစားသမားေတြၾကားမွာေတာ့ စတိဗ္ ဘ႐ုစ္ဟာ ရင္းႏွီးတဲ့ ဆက္ဆံေရးနဲ႔ ေထာက္ခံမွဳကို တည္ေဆာက္ထားႏုိင္သူျဖစ္ၿပီး ထိပ္တန္းအသင္းေတြကို ကိုင္တြယ္ခဲ့ဖူးျခင္းမရွိေပမယ့္ ျဖတ္သန္းခဲ့တဲ့ အေတြ႕အႀကဳံေတြအရေတာ့ ေလးစားမွဳတစ္ခုလည္း ရရွိထားသူပါ။

မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူေဟာင္း စတိဗ္ ဘ႐ုစ္ဟာ သူ႕ရဲ႕ နည္းျပဘဝမွာ ကလပ္အသင္း ၁၀ အသင္းထိ ကိုင္တြယ္ခဲ့ဖူးၿပီျဖစ္ၿပီး နယူးကာဆယ္လ္ကေတာ့ သူ႕ရဲ႕အျမင့္မားဆုံးကိုင္တြယ္ဖူးတဲ့ အသင္းလို႔ ဆုိႏုိင္သလို ဒီအသက္ ၅၉ ႏွစ္အရြယ္ နည္းျပအေနနဲ႔ ၂၀၁၉ ရာသီအစကမွ တာဝန္ယူခဲ့တာလည္းျဖစ္ပါတယ္။

နယူးကာဆယ္ပရိသတ္အဖြဲ႕အစည္းတခ်ဳိ႕ကလည္း စတိဗ္ ဘ႐ုစ္ကို ဆက္ရွိေနေစခ်င္တယ္လို႔ သိရေပမယ့္ ကၽြမ္းက်င္သူအမ်ားစုကေတာ့ အသင္းကို ေအာင္ျမင္ေအာင္ ကိုင္တြယ္ႏုိင္မယ့္ ထက္ျမက္တဲ့ နည္းျပကို ခန္႔အပ္တာဟာ ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ လုပ္ရပ္ျဖစ္ၿပီး သူ႕ကို ထုတ္ပယ္ခဲ့ရင္လည္း အခ်ိန္တန္ရင္ေတာ့ ေထာက္ခံမွဳေတြ ရရွိေအာင္လုပ္ေဆာင္သြားႏိုင္လိမ့္မယ္လို႔ သုံးသပ္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဆော်ဒီလုပ်ငန်းရှင်တွေက လွှဲပြောင်းရယူဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ စတိဗ် ဘရုစ်ကို လွှဲပြောင်းရေးကိစ္စရပ်တွေ ပြီးမြောက်တဲ့အခါ နည်းပြသစ်နဲ့ အစားထိုးဖို့ အစီအစဉ်က ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပေမယ့် ဒါကို ကစားသမားတွေက ကန့်ကွက်သွားမယ်လို့ သိရပါတယ်။

နယူးကာဆယ်လ်အသင်းပိုင်ရှင်သစ်တွေ ဖြစ်လာမယ့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်းနဲ့ နာမည်ကြီး စီမံခန့်ခွဲသူ ယက်ဆာ အယ်လ်ရူမေယန်တို့ရဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို ရောက်ရှိအောင် ခပ်ဝဝ ခပ်ဖိုင့်ဖိုင့်နည်းပြကြီးအနေနဲ့ ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်မြင်နေကြပြီး နည်းပြရာထူးတွက် နာမည်ကြီးနည်းပြ မော်ရီစီယို ပိုချက်တီနိုကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ရလဒ်ပိုင်းတွေမှာ ထူးခြားကောင်းမွန်ခြင်းမရှိပေမယ့် ကစားသမားတွေကြားမှာတော့ စတိဗ် ဘရုစ်ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ထောက်ခံမှုကို တည်ဆောက်ထားနိုင်သူဖြစ်ပြီး ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးခြင်းမရှိပေမယ့် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရတော့ လေးစားမှုတစ်ခုလည်း ရရှိထားသူပါ။

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း စတိဗ် ဘရုစ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ကလပ်အသင်း ၁၀ အသင်းထိ ကိုင်တွယ်ခဲ့ဖူးပြီဖြစ်ပြီး နယူးကာဆယ်လ်ကတော့ သူ့ရဲ့အမြင့်မားဆုံးကိုင်တွယ်ဖူးတဲ့ အသင်းလို့ ဆိုနိုင်သလို ဒီအသက် ၅၉ နှစ်အရွယ် နည်းပြအနေနဲ့ ၂၀၁၉ ရာသီအစကမှ တာဝန်ယူခဲ့တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်ပရိသတ်အဖွဲ့အစည်းတချို့ကလည်း စတိဗ် ဘရုစ်ကို ဆက်ရှိနေစေချင်တယ်လို့ သိရပေမယ့် ကျွမ်းကျင်သူအများစုကတော့ အသင်းကို အောင်မြင်အောင် ကိုင်တွယ်နိုင်မယ့် ထက်မြက်တဲ့ နည်းပြကို ခန့်အပ်တာဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုပ်ရပ်ဖြစ်ပြီး သူ့ကို ထုတ်ပယ်ခဲ့ရင်လည်း အချိန်တန်ရင်တော့ ထောက်ခံမှုတွေ ရရှိအောင်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ သုံးသပ်ထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.