Analysis Premier League

လူကာကူးရဲ့ သာလွန်ထင်ရှားမှုနဲ့ အာဆင်နယ် 0-2 ချဲလ်ဆီးပွဲအပြီး ပြောစရာ 7 ချက်

လူကာကူးရဲ့ သာလွန်ထင်ရှား အင်အားကြီးမားမှု
အာဆင်နယ်တို့အနေနဲ့ လူကာကူးကို ဒီနေ့မှာ ဖောင်းမဖြစ်ဘဲ ဘောလုံးလုယူဖို့ ခက်ခဲခဲ့သလို ဂိုးကို ကျောပေးပြီး ဘောလုံးကို ကိုင်ထားတိုင်း ဝင်ရောက်နှောင့်ယှက်နိုင်ခြင်းလည်း မရှိခဲ့တာပါ။ အင်တာမီလန်မှာ ကွန်တီက သင်ပေးလိုက်တဲ့လို့ တခုတ်တရ ထုတ်ပြောခဲ့တဲ့ သူ့ရဲ့ စွမ်းရည်ဟာ သွင်းဂိုးကို ထည့်မတွက်ရင်တောင်မှ သိသာထင်ရှားခဲ့ပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ထည်ကလည်း တစ်ဖက်နောက်တန်းတွေကို ပြိုလဲစေခဲ့သလို လန်ဒန်ဒါဘီမှာ ချဲလ်ဆီးတို့အတွက် နောက်တစ်ကြိမ် ပွဲဦးထွက်မှုမှာ အချိန်ကိုက် နေရာယူမှုတွေနဲ့ လှပခဲ့ပါတယ်။

လီဗာပူးလ်ထက် ပိုလွယ်ခဲ့တဲ့ ချဲလ်ဆီး
အားနာနာနဲ့ပဲ ပြောရရင်တော့ ပြီးခဲ့တဲ့ စနေနေ့က ဘန်လေကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အားထုတ်မှုလောက်တောင် ချဲလ်ဆီးတို့ ဒီနေ့မှာ ကစားအား မသုံးခဲ့ရဘဲ အာဆင်နယ်ကို အလွယ်တကူ အနိုင်ယူခဲ့တာပါ။ အမ်းမရိတ်သား ဂန်းနားတွေရဲ့ ခံစစ်က ဘန်ဝှိုက် မပါဝင်မှုနဲ့အတူ ဆိုးရွားလွန်းပြီး ပါဘလို မာရီလို မန်စီးတီးက ပစ်ပယ်ထားခဲ့သူက အရတော်လှပြီထင်ပြီး ဘောနပ်စ် တစ်လှေကြီးနဲ့ ခေါ်ယူခဲ့တဲ့ နည်းပြ အာတီတာရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုတွေနဲ့အတူ ဒီနေ့ပွဲမှာ နေရာလွတ်တွေ အများကြီးနဲ့ ချဲလ်ဆီးတို့ ကစားရချောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်ခြမ်းက သုံးမရခဲ့တဲ့ အာဆင်နယ်
ဒီနေ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ညာခြမ်းဟာ အာဆင်နယ်ဘယ်ခြမ်းကို လွတ်လွတ်လပ်လပ် ဖိကစားပြီး တိုက်စစ်ဆင်ခဲ့သလို နှစ်ဂိုးစလုံးကိုလည်း ဒီဘက်နေရာလွတ်တွေကနေပဲ သွင်းယူသွားခဲ့တာပါ။ တိုက်စစ်ကစားတဲ့ ဆာကာရဲ့ ယုံကြည်မှု ပျောက်ဆုံးနေပုံက အက်ဇ်ပီလီကွေတာနဲ့ ဂျိမ်းစ်တို့နှစ်ဦးကို ဖိအားကင်းမဲ့စေသလို ကိုယ့်နေရာကိုယ်မနေဘဲ 3 Back အစွန်လူနဲ့မှားပြီး ခဏခဏအတွင်း ဝင်နေခဲ့တဲ့ တီယာနီကြောင့်လည်း ဒုတိယဂိုးက လွယ်ကူခဲ့တာဖြစ်သလိုသူဒဏ်ရာရသွားလို့ နူနို တာဗာရက်စ်ကို ထည့်သွင်းလိုက်ပြန်တော့လည်း သူတို့ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူးလို့ပဲ ဆိုရပါမယ်။

ချဲလ်ဆီးရဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်နဲ့ ခံစစ်ရှေ့မှာ ကျဆုံးခဲ့တဲ့ လူငယ်အဖွဲ့
ခံစစ်ပိုင်းမှာ သီယာဂို ဆေးလ်ဗားနဲ့ ကွင်းလယ်မှာ အန်ဂိုလို ကွန်တေတို့ကို မထည့်ဘဲ ပွဲထွက်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ကစားကွက်က တည်ငြိမ် ရင့်ကျက်မှု အပြည့်အဝရှိခဲ့ပြီး အာဆင်နယ်ရဲ့ တိုက်စစ်တွေကို အလွယ်တကူပဲ ကာကွယ်ဖြတ်တောက်နိုင်ခဲ့တာပါ။ ချာကာနဲ့ ပေပေကလွဲရင် ဆမ်ဘီ လိုကွန်ဂါ၊ စမစ်ရိုး၊ ဆာကာ၊ မာတီနယ်လီတို့ ၄ ဦးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အိမ်ရှင်ကစားသမား ၆ ဦးအဖွဲ့ဟာ ချဲလ်ဆီးရဲ့ ကမ္ဘာ့အဆင့် မာကျောမှုကို ပျော့ပျောင်းဖို့ မလုပ်နိုင်ခဲ့ဘဲ သာမန်အားဖြင့် ပြိုင်ဘက်ကို ဘောလုံးပေးကိုင်တတ်တဲ့ တစ်ဖက်အသင်းဆီမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း ပေးမိတဲ့အထိ ကျဆုံးခဲ့ကြတာဖြစ်ပါတယ်။

ဆင်နဲ့ ဆိတ်လို အထောင်တိုက်စစ်မှူးချင်း ကွာခြားမှု
ချဲလ်ဆီးအသင်းက အထောင်တိုက်စစ်မှူးသစ် လူကာကူးနဲ့ အမ်းမရိတ်မှာ ကွင်းမရွေးဘဲ သွားကြမ်းခဲ့ချိန်မှာ အာဆင်နယ်ကတော့ တောင်ပံမှာ ပိုအသားကျတဲ့ လူငယ်တိုက်စစ်မှူး မာတီနယ်လီကို အထောင်ပို့ခဲ့ပြီး ပွဲထွက်လာခဲ့ကြတာပါ။ လူကာကူးနဲ့ အာဆင်နယ်နောက်တန်းက ငှက်ပျောတောထဲ ဆင်ဝင်ရမ်းသလိုဖြစ်နေကြချိန်မှာ မာတီနယ်လီနဲ့ ချဲလ်ဆီးနောက်တန်းကတော့ နေ့ကလေးထိန်းကျောင်းပဲဖြစ်နေခဲ့ပါတယ်။ နေရာယူမှုအမျိုးမျိုးနဲ့ တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ ခြေစွမ်းကို ဘယ်လ်ဂျီယမ်သားကြီးက ပြသခဲ့ချိန်မှာ ဘရာဇီးလ်သားလေးနဲ့ ဒုတိယပိုင်းမှာ ဝင်လာတဲ့ ဂါဘွန်ကပ္ပတိန်ကတော့ နှိုင်းယှဉ်ရရင် ဆင်နဲ့ ဆိတ်လို ကွာခြားနေခဲ့ကြပါတယ်။

ခန့်မှန်းဖို့ မလွယ်တဲ့ တူဟယ်လ်ရဲ့ နည်းစနစ်
ဒီနေ့ပွဲမှာ တူဟယ်လ်ရဲ့ လူရွေးချယ်မှုနဲ့ နည်းစနစ်ပိုင်းက တော်တော်လေး Flexible ဖြစ်ခဲ့ပြီး ၃-၄-၃ လား၊ ၄-၃-၃ လား၊ ၃-၅-၂ လား မေးယူရအောင် ကစားကွက်အရှင်ဖြစ်ခဲ့ပြီး တစ်ဖက်အသင်းနဲ့ ပွဲရှိန်အပေါ် ဖတ်ရှုပြီး ကစားနိုင်တဲ့ အသိဉာဏ်မြင့်မားတဲ့ ဂျော်ဂျင်ညို၊ အက်ဇ်ပီလီကွေတာနဲ့ မေဆန်မောင့်တို့လို ကစားသမားက ကစားကွက်ကို ဖြည့်ဆည်းပြောင်းလဲသွားခဲ့ကြတာပါ။ စုစည်းမှုနဲ့ နေရာယူပုံတွေကလည်း ချန်ပီယံဖြစ်ဖို့ကောင်းတဲ့ အသင်းတစ်သင်းရဲ့ အသွေးအမွေးမျိုးဖြစ်နေပြီး ဟာဗတ်ဇ်အစား တီမို ဗာနာနဲ့ လူကာကူးတို့ တွဲကစားလာခဲ့ရင် ပရိသတ်တွေ ပိုပြီးရင်ခုန်ရဦးမယ် ထင်ပါတယ်။

ရှင်နည်းရာ အဂ္ဂလူထွက်တဲ့ အာဆင်နယ်
နည်းပြတစ်ယောက် ထိုင်ခုံလှုပ်တဲ့အထိ အသင်းရဲ့ ပုံစံနဲ့ ရလဒ်တွေက ဆိုးရွားလာခဲ့ရင် ကယ်တင်ဖို့ ခက်ခဲပါတယ်။ အာဆင်နယ်မှာ ကံဆိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ထွက်ရဖို့ နီးလာတဲ့ အာတီတာရဲ့ အသင်းမှာ အဖျားအနာနဲ့ ဒဏ်ရာတွေက ပေါများလာတာပါ။ ကိုဗစ်ကြောင့် ဘန်ဝှိုက်အပါအဝင် ကစားသမား ၅ ဦးလောက်ကို ဆုံးရှုံးထားခဲ့ရသလို တောင့်တင်းတဲ့ လူစာရင်းကို ထုတ်ဖို့ ခက်ခဲစေပြီး ချဲလ်ဆီးနဲ့ပွဲမှာတော့ တိုက်စစ်မှူး မာတီနယ်လီနဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီတို့ကပါ ဒဏ်ရာတွေ ရသွားခဲ့ကြလို့ လာမယ့် မန်ချက်စတာစီးတီးနဲ့ပွဲအတွက် ပရိသတ်တွေ ရင်လေးနေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူကာကူးရဲ႕ သာလြန္ထင္ရွား အင္အားႀကီးမားမႈ
အာဆင္နယ္တို႔အေနနဲ႔ လူကာကူးကို ဒီေန႔မွာ ေဖာင္းမျဖစ္ဘဲ ေဘာလုံးလုယူဖို႔ ခက္ခဲခဲ့သလို ဂိုးကို ေက်ာေပးၿပီး ေဘာလုံးကို ကိုင္ထားတိုင္း ဝင္ေရာက္ေႏွာင့္ယွက္ႏိုင္ျခင္းလည္း မရွိခဲ့တာပါ။ အင္တာမီလန္မွာ ကြန္တီက သင္ေပးလိုက္တဲ့လို႔ တခုတ္တရ ထုတ္ေျပာခဲ့တဲ့ သူ႔ရဲ႕ စြမ္းရည္ဟာ သြင္းဂိုးကို ထည့္မတြက္ရင္ေတာင္မွ သိသာထင္ရွားခဲ့ၿပီး ႀကံ့ခိုင္ေတာင့္တင္းတဲ့ ကိုယ္လုံးကိုယ္ထည္ကလည္း တစ္ဖက္ေနာက္တန္းေတြကို ၿပိဳလဲေစခဲ့သလို လန္ဒန္ဒါဘီမွာ ခ်ဲလ္ဆီးတို႔အတြက္ ေနာက္တစ္ႀကိမ္ ပြဲဦးထြက္မႈမွာ အခ်ိန္ကိုက္ ေနရာယူမႈေတြနဲ႔ လွပခဲ့ပါတယ္။

လီဗာပူးလ္ထက္ ပိုလြယ္ခဲ့တဲ့ ခ်ဲလ္ဆီး
အားနာနာနဲ႔ပဲ ေျပာရရင္ေတာ့ ၿပီးခဲ့တဲ့ စေနေန႔က ဘန္ေလကို အိမ္ကြင္းမွာ အႏိုင္ယူခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ အားထုတ္မႈေလာက္ေတာင္ ခ်ဲလ္ဆီးတို႔ ဒီေန႔မွာ ကစားအား မသုံးခဲ့ရဘဲ အာဆင္နယ္ကို အလြယ္တကူ အႏိုင္ယူခဲ့တာပါ။ အမ္းမရိတ္သား ဂန္းနားေတြရဲ႕ ခံစစ္က ဘန္ဝႈိက္ မပါဝင္မႈနဲ႔အတူ ဆိုး႐ြားလြန္းၿပီး ပါဘလို မာရီလို မန္စီးတီးက ပစ္ပယ္ထားခဲ့သူက အရေတာ္လွၿပီထင္ၿပီး ေဘာနပ္စ္ တစ္ေလွႀကီးနဲ႔ ေခၚယူခဲ့တဲ့ နည္းျပ အာတီတာရဲ႕ ကိုယ့္ကိုယ္ကို အထင္ႀကီးမႈေတြနဲ႔အတူ ဒီေန႔ပြဲမွာ ေနရာလြတ္ေတြ အမ်ားႀကီးနဲ႔ ခ်ဲလ္ဆီးတို႔ ကစားရေခ်ာင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္ျခမ္းက သုံးမရခဲ့တဲ့ အာဆင္နယ္
ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ညာျခမ္းဟာ အာဆင္နယ္ဘယ္ျခမ္းကို လြတ္လြတ္လပ္လပ္ ဖိကစားၿပီး တိုက္စစ္ဆင္ခဲ့သလို ႏွစ္ဂိုးစလုံးကိုလည္း ဒီဘက္ေနရာလြတ္ေတြကေနပဲ သြင္းယူသြားခဲ့တာပါ။ တိုက္စစ္ကစားတဲ့ ဆာကာရဲ႕ ယုံၾကည္မႈ ေပ်ာက္ဆုံးေနပုံက အက္ဇ္ပီလီေကြတာနဲ႔ ဂ်ိမ္းစ္တို႔ႏွစ္ဦးကို ဖိအားကင္းမဲ့ေစသလို ကိုယ့္ေနရာကိုယ္မေနဘဲ 3 Back အစြန္လူနဲ႔မွားၿပီး ခဏခဏအတြင္း ဝင္ေနခဲ့တဲ့ တီယာနီေၾကာင့္လည္း ဒုတိယဂိုးက လြယ္ကူခဲ့တာျဖစ္သလိုသူဒဏ္ရာရသြားလို႔ ႏူႏို တာဗာရက္စ္ကို ထည့္သြင္းလိုက္ျပန္ေတာ့လည္း သူတို႔ရဲ႕ ျပႆနာကို မေျဖရွင္းႏိုင္ခဲ့ဘူးလို႔ပဲ ဆိုရပါမယ္။

ခ်ဲလ္ဆီးရဲ႕ ကမာၻ႔အဆင့္ ကြင္းလယ္နဲ႔ ခံစစ္ေရွ႕မွာ က်ဆုံးခဲ့တဲ့ လူငယ္အဖြဲ႕
ခံစစ္ပိုင္းမွာ သီယာဂို ေဆးလ္ဗားနဲ႔ ကြင္းလယ္မွာ အန္ဂိုလို ကြန္ေတတို႔ကို မထည့္ဘဲ ပြဲထြက္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားကြက္က တည္ၿငိမ္ ရင့္က်က္မႈ အျပည့္အဝရွိခဲ့ၿပီး အာဆင္နယ္ရဲ႕ တိုက္စစ္ေတြကို အလြယ္တကူပဲ ကာကြယ္ျဖတ္ေတာက္ႏိုင္ခဲ့တာပါ။ ခ်ာကာနဲ႔ ေပေပကလြဲရင္ ဆမ္ဘီ လိုကြန္ဂါ၊ စမစ္႐ိုး၊ ဆာကာ၊ မာတီနယ္လီတို႔ ၄ ဦးနဲ႔ ေပါင္းစပ္ဖြဲ႕စည္းထားတဲ့ အိမ္ရွင္ကစားသမား ၆ ဦးအဖြဲ႕ဟာ ခ်ဲလ္ဆီးရဲ႕ ကမာၻ႔အဆင့္ မာေက်ာမႈကို ေပ်ာ့ေပ်ာင္းဖို႔ မလုပ္ႏိုင္ခဲ့ဘဲ သာမန္အားျဖင့္ ၿပိဳင္ဘက္ကို ေဘာလုံးေပးကိုင္တတ္တဲ့ တစ္ဖက္အသင္းဆီမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၅ ရာခိုင္ႏႈန္း ေပးမိတဲ့အထိ က်ဆုံးခဲ့ၾကတာျဖစ္ပါတယ္။

ဆင္နဲ႔ ဆိတ္လို အေထာင္တိုက္စစ္မႉးခ်င္း ကြာျခားမႈ
ခ်ဲလ္ဆီးအသင္းက အေထာင္တိုက္စစ္မႉးသစ္ လူကာကူးနဲ႔ အမ္းမရိတ္မွာ ကြင္းမေ႐ြးဘဲ သြားၾကမ္းခဲ့ခ်ိန္မွာ အာဆင္နယ္ကေတာ့ ေတာင္ပံမွာ ပိုအသားက်တဲ့ လူငယ္တိုက္စစ္မႉး မာတီနယ္လီကို အေထာင္ပို႔ခဲ့ၿပီး ပြဲထြက္လာခဲ့ၾကတာပါ။ လူကာကူးနဲ႔ အာဆင္နယ္ေနာက္တန္းက ငွက္ေပ်ာေတာထဲ ဆင္ဝင္ရမ္းသလိုျဖစ္ေနၾကခ်ိန္မွာ မာတီနယ္လီနဲ႔ ခ်ဲလ္ဆီးေနာက္တန္းကေတာ့ ေန႔ကေလးထိန္းေက်ာင္းပဲျဖစ္ေနခဲ့ပါတယ္။ ေနရာယူမႈအမ်ိဳးမ်ိဳးနဲ႔ တစ္ဂိုးထက္ ပိုသြင္းႏိုင္တဲ့ ေျခစြမ္းကို ဘယ္လ္ဂ်ီယမ္သားႀကီးက ျပသခဲ့ခ်ိန္မွာ ဘရာဇီးလ္သားေလးနဲ႔ ဒုတိယပိုင္းမွာ ဝင္လာတဲ့ ဂါဘြန္ကပၸတိန္ကေတာ့ ႏႈိင္းယွဥ္ရရင္ ဆင္နဲ႔ ဆိတ္လို ကြာျခားေနခဲ့ၾကပါတယ္။

ခန႔္မွန္းဖို႔ မလြယ္တဲ့ တူဟယ္လ္ရဲ႕ နည္းစနစ္
ဒီေန႔ပြဲမွာ တူဟယ္လ္ရဲ႕ လူေ႐ြးခ်ယ္မႈနဲ႔ နည္းစနစ္ပိုင္းက ေတာ္ေတာ္ေလး Flexible ျဖစ္ခဲ့ၿပီး ၃-၄-၃ လား၊ ၄-၃-၃ လား၊ ၃-၅-၂ လား ေမးယူရေအာင္ ကစားကြက္အရွင္ျဖစ္ခဲ့ၿပီး တစ္ဖက္အသင္းနဲ႔ ပြဲရွိန္အေပၚ ဖတ္ရႈၿပီး ကစားႏိုင္တဲ့ အသိဉာဏ္ျမင့္မားတဲ့ ေဂ်ာ္ဂ်င္ညိဳ၊ အက္ဇ္ပီလီေကြတာနဲ႔ ေမဆန္ေမာင့္တို႔လို ကစားသမားက ကစားကြက္ကို ျဖည့္ဆည္းေျပာင္းလဲသြားခဲ့ၾကတာပါ။ စုစည္းမႈနဲ႔ ေနရာယူပုံေတြကလည္း ခ်န္ပီယံျဖစ္ဖို႔ေကာင္းတဲ့ အသင္းတစ္သင္းရဲ႕ အေသြးအေမြးမ်ိဳးျဖစ္ေနၿပီး ဟာဗတ္ဇ္အစား တီမို ဗာနာနဲ႔ လူကာကူးတို႔ တြဲကစားလာခဲ့ရင္ ပရိသတ္ေတြ ပိုၿပီးရင္ခုန္ရဦးမယ္ ထင္ပါတယ္။

ရွင္နည္းရာ အဂၢလူထြက္တဲ့ အာဆင္နယ္
နည္းျပတစ္ေယာက္ ထိုင္ခုံလႈပ္တဲ့အထိ အသင္းရဲ႕ ပုံစံနဲ႔ ရလဒ္ေတြက ဆိုး႐ြားလာခဲ့ရင္ ကယ္တင္ဖို႔ ခက္ခဲပါတယ္။ အာဆင္နယ္မွာ ကံဆိုးမႈေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး ထြက္ရဖို႔ နီးလာတဲ့ အာတီတာရဲ႕ အသင္းမွာ အဖ်ားအနာနဲ႔ ဒဏ္ရာေတြက ေပါမ်ားလာတာပါ။ ကိုဗစ္ေၾကာင့္ ဘန္ဝႈိက္အပါအဝင္ ကစားသမား ၅ ဦးေလာက္ကို ဆုံးရႈံးထားခဲ့ရသလို ေတာင့္တင္းတဲ့ လူစာရင္းကို ထုတ္ဖို႔ ခက္ခဲေစၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့ တိုက္စစ္မႉး မာတီနယ္လီနဲ႔ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီတို႔ကပါ ဒဏ္ရာေတြ ရသြားခဲ့ၾကလို႔ လာမယ့္ မန္ခ်က္စတာစီးတီးနဲ႔ပြဲအတြက္ ပရိသတ္ေတြ ရင္ေလးေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.