La Liga Ligue1 Other Transfer News

အမ်ဘာပေကို ရီးရဲလ်ရောက်အောင် PSG နဲ့ မက်ဆီဖန်တွေ ဘယ်လိုမောင်းထုတ်နေကြလဲ

ပြီးခဲ့တဲ့ သောကြာနေ့ညက ကစားသွားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဥ် ၃ မှာ နာမည်ကြီး PSG အသင်းက ဘရက်စ်အသင်းကို အဝေးကွင်းမှာ လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့သလို ဒီပွဲမှာ ပါရီကနေ မက်ဒရစ်မြို့ကို အမြန်ဆုံးထွက်ခွာချင်နေပါတယ်ဆိုတဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကလည်း မိနစ် ၈၀ အထိ ပွဲထွက်စားခဲ့ပြီး အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကိုလည်း ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ကွင်းလယ်လူ အန်ဒါ ဟာရဲရားက ကိုက် ၂၀ အကွာကနေ Volley ဆွဲယူကန်သွင်းပြီး သူ့အတွက် PSG မှာ ရှားရှားပါးပါးသွင်းဂိုးနဲ့ အဖွင့်ဦးဆောင်ခဲ့သလို ၃၆ မိနစ်မှာ အမ်ဘာပေရဲ့ အားပါလွန်းတဲ့ ခေါင်းတိုက်ချက်က အ​တော်လေးကောင်းမွန်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ခဲ့ကာ ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုး အသာစီးနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ အီဒရီဆာ ဂယ်ယီရဲ့ ၃၅ ကိုက်အကွာက ကန်သွင်းချက်၊ မိနစ် ၈၀ မှာ အမ်ဘာပေနေရာ လူစားဝင်လာတဲ့ အန်ဟဲလ် ဒီမာရီယာတို့ရဲ့ ဂိုးတွေနဲ့အတူ PSG အသင်းက ၂-၄ နဲ့ ပွဲသိမ်းနိုင်ခဲ့ပြီး ပြင်သစ်လီဂူးဝမ်း အဖွင့် ၃ ပွဲမှာ အနိုင် ၉ မှတ်၊ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနိုအတွက် လှပသွားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ PSG အသင်းမှာ နေမာအပါအဝင် လူသစ်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ဆာဂျီယို ရာမို့စ်နဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာတို့ လွဲချော်နေချိန်မှာတောင် ခြေစွမ်းထက်လွန်းနေတာကို မြင်တွေ့ခဲ့ရပြီး တဖက်မှာတော့ စိတ်မကောင်းစရာအနေနဲ့ အမ်ဘာပေကို ရီးရဲလ်ရောက်အောင် PSG ပရိသတ်နဲ့ မက်ဆီပရိသတ်တွေက မောင်းထုတ်သွားခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

မက်ဆီရောက်လာခဲ့ပြီဖြစ်လို့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ရဲ့ MNM တိုက်စစ်အတွဲကို ပုံဖော်သွားမယ်လို့ ကတိပေးထားခဲ့တဲ့ PSG ဥက္ကဋ္ဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီအတွက်တော့ အကျပ်ရိုက်စရာ အနေအထားတရပ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က PSG ပရိသတ်တချို့ရဲ့ ကွင်းထဲက လှောင်ပြောင်ခြင်းကို ခံစားခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဒီနေ့ပွဲမှာတော့ အသင်းကနေ မြန်မြန်ဒိုးတော့ဆိုတဲ့ မောင်းထုတ်မှုတွေကို တဆင့်တိုး ရရှိလာခဲ့တာပါ။

ဒီပွဲမှာ အမ်ဘာပေရဲ့ စွမ်း​ဆောင်ရည်က အတော်လေး ထင်ရှားခဲ့ပြီး အခုအချိန်ထိ ပါရီမြို့မှာ စာချုပ်သစ် လက်မခံသေးလို့ စိတ်နာနေတဲ့ PSG ပရိသတ်တွေက သူ့ရဲ့မရေရာတဲ့ အနာဂတ်ကို ဆက်လက်သည်းခံဖွယ်မရှိတော့ကြောင်း ပြသခဲ့တာလည်းဖြစ်သလို အသင်းအတွက် ဂိုးပေါင်း ၁၃၃ ဂိုး သွင်းယူပေးထားတဲ့ ပြင်သစ်သားကို သံယောဇဉ်အပြတ်ပဲဆိုပြီး မက်ဆီကြောင့် ငါးစိမ်းမြင် ငါးကင်ပစ်သလို ဆက်ဆံသွားခဲ့ကြတယ်လို့လည်း ဆိုနိုင်ပါတယ်။

PSG၊ ရီးရဲလ်မက်ဒရစ်၊ အမ်ဘာပေတို့ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်းအရ ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆက်လက်ရှုစားရဦးမှာဖြစ်ပြီး နောက်ဆုံးသတင်းတွေအရ ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေပါ ရှိလာခဲ့လို့ ပြင်သစ်သားကို ဆက်ထိန်းထားဖို့ မတတ်နိုင်တော့တဲ့ PSG အသင်းဟာ ဘဏ်ထဲမှာ ပေါင်သန်း ၂၅၀ လောက် ဥထားတဲ့ ဘာနေဗျူးတာဝန်ရှိသူတွေနဲ့ လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ အထမြောက်ဖို့ လုံးပန်းနေကြပြီလို့လည်း ဖော်ပြခံထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ေသာၾကာေန႔ညက ကစားသြားခဲ့တဲ့ ျပင္သစ္လီဂူးဝမ္း ပြဲစဥ္ ၃ မွာ နာမည္ႀကီး PSG အသင္းက ဘရက္စ္အသင္းကို အေဝးကြင္းမွာ ေလးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ယူသြားခဲ့သလို ဒီပြဲမွာ ပါရီကေန မက္ဒရစ္ၿမိဳ႕ကို အျမန္ဆုံးထြက္ခြာခ်င္ေနပါတယ္ဆိုတဲ့ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကလည္း မိနစ္ ၈၀ အထိ ပြဲထြက္စားခဲ့ၿပီး အသင္းအတြက္ ဒုတိယ ဦးေဆာင္ဂိုးကိုလည္း ေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ကြင္းလယ္လူ အန္ဒါ ဟာရဲရားက ကိုက္ ၂၀ အကြာကေန Volley ဆြဲယူကန္သြင္းၿပီး သူ႔အတြက္ PSG မွာ ရွားရွားပါးပါးသြင္းဂိုးနဲ႔ အဖြင့္ဦးေဆာင္ခဲ့သလို ၃၆ မိနစ္မွာ အမ္ဘာေပရဲ႕ အားပါလြန္းတဲ့ ေခါင္းတိုက္ခ်က္က အ​ေတာ္ေလးေကာင္းမြန္ခဲ့ၿပီး ၂ ဂိုးျပတ္ဦးေဆာင္ခဲ့ကာ ပထမပိုင္းမွာ ၂ ဂိုး ၁ ဂိုး အသာစီးနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကြင္းလယ္လူ အီဒရီဆာ ဂယ္ယီရဲ႕ ၃၅ ကိုက္အကြာက ကန္သြင္းခ်က္၊ မိနစ္ ၈၀ မွာ အမ္ဘာေပေနရာ လူစားဝင္လာတဲ့ အန္ဟဲလ္ ဒီမာရီယာတို႔ရဲ႕ ဂိုးေတြနဲ႔အတူ PSG အသင္းက ၂-၄ နဲ႔ ပြဲသိမ္းႏိုင္ခဲ့ၿပီး ျပင္သစ္လီဂူးဝမ္း အဖြင့္ ၃ ပြဲမွာ အႏိုင္ ၉ မွတ္၊ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုအတြက္ လွပသြားခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ PSG အသင္းမွာ ေနမာအပါအဝင္ လူသစ္ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဂ်န္လြီဂီ ဒြန္နာရမ္မာတို႔ လြဲေခ်ာ္ေနခ်ိန္မွာေတာင္ ေျခစြမ္းထက္လြန္းေနတာကို ျမင္ေတြ႕ခဲ့ရၿပီး တဖက္မွာေတာ့ စိတ္မေကာင္းစရာအေနနဲ႔ အမ္ဘာေပကို ရီးရဲလ္ေရာက္ေအာင္ PSG ပရိသတ္နဲ႔ မက္ဆီပရိသတ္ေတြက ေမာင္းထုတ္သြားခဲ့ၾကတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

မက္ဆီေရာက္လာခဲ့ၿပီျဖစ္လို႔ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ရဲ႕ MNM တိုက္စစ္အတြဲကို ပုံေဖာ္သြားမယ္လို႔ ကတိေပးထားခဲ့တဲ့ PSG ဥကၠ႒ နက္ဆာ အယ္လ္ခယ္လိုင္ဖီအတြက္ေတာ့ အက်ပ္႐ိုက္စရာ အေနအထားတရပ္ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္က PSG ပရိသတ္တခ်ိဳ႕ရဲ႕ ကြင္းထဲက ေလွာင္ေျပာင္ျခင္းကို ခံစားခဲ့ရတဲ့ ျပင္သစ္တိုက္စစ္မႉးဟာ ဒီေန႔ပြဲမွာေတာ့ အသင္းကေန ျမန္ျမန္ဒိုးေတာ့ဆိုတဲ့ ေမာင္းထုတ္မႈေတြကို တဆင့္တိုး ရရွိလာခဲ့တာပါ။

ဒီပြဲမွာ အမ္ဘာေပရဲ႕ စြမ္း​ေဆာင္ရည္က အေတာ္ေလး ထင္ရွားခဲ့ၿပီး အခုအခ်ိန္ထိ ပါရီၿမိဳ႕မွာ စာခ်ဳပ္သစ္ လက္မခံေသးလို႔ စိတ္နာေနတဲ့ PSG ပရိသတ္ေတြက သူ႔ရဲ႕မေရရာတဲ့ အနာဂတ္ကို ဆက္လက္သည္းခံဖြယ္မရွိေတာ့ေၾကာင္း ျပသခဲ့တာလည္းျဖစ္သလို အသင္းအတြက္ ဂိုးေပါင္း ၁၃၃ ဂိုး သြင္းယူေပးထားတဲ့ ျပင္သစ္သားကို သံေယာဇဥ္အျပတ္ပဲဆိုၿပီး မက္ဆီေၾကာင့္ ငါးစိမ္းျမင္ ငါးကင္ပစ္သလို ဆက္ဆံသြားခဲ့ၾကတယ္လို႔လည္း ဆိုႏိုင္ပါတယ္။

PSG၊ ရီးရဲလ္မက္ဒရစ္၊ အမ္ဘာေပတို႔ရဲ႕ ၃ ပြင့္ဆိုင္ဇာတ္လမ္းအရ ျဖစ္လာမယ့္ အေျပာင္းအလဲေတြကို ဆက္လက္ရွုစားရဦးမွာျဖစ္ၿပီး ေနာက္ဆုံးသတင္းေတြအရ ပရိသတ္ေတြရဲ႕ ဖိအားေပးမႈေတြပါ ရွိလာခဲ့လို႔ ျပင္သစ္သားကို ဆက္ထိန္းထားဖို႔ မတတ္ႏိုင္ေတာ့တဲ့ PSG အသင္းဟာ ဘဏ္ထဲမွာ ေပါင္သန္း ၂၅၀ ေလာက္ ဥထားတဲ့ ဘာေနဗ်ဴးတာဝန္ရွိသူေတြနဲ႔ လာမယ့္ရက္ပိုင္းအတြင္း အေျပာင္းအေ႐ႊ႕ အထေျမာက္ဖို႔ လုံးပန္းေနၾကၿပီလို႔လည္း ေဖာ္ျပခံထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.