Match Report Premier League

အန်းဖီးလ်မှာ ဘန်လေကို အမှားအယွင်းမရှိ အနိုင်ယူပြီး အောင်ပွဲခံခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ခံစစ်ပိတ်ကစားတတ်တဲ့ ဘန်လေကို အိမ်ကွင်းမှာ ကျော်ဖြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ အမှားအယွင်းမရှိ ခရီးဆက်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ ဖာမီနိုကို အရန်ခုံမှာပဲ ဆက်လက်ချန်လှပ်ထားတဲ့ ယာဂန် ကလော့ပ်အနေနဲ့ ကွင်းလယ်က ဗိုင်နယ်လ်ဒွမ်ရဲ့ ကွက်လပ်ကို လူငယ်ကစားသမား ဟာဗီ အဲလီးယော့နဲ့ စမ်းသပ်သုံးစွဲပြီး ၄-၃-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့တာပါ။

စောစောစီးစီးမှာပဲ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖရီးကစ်ကို ဂျိုတာ ခေါင်းတိုက်ခဲ့ပေမယ့် ဘားကျော်သွားခဲ့ပြီး ဒီနေ့မှာတော့ လီဗာပူးလ်တို့ရဲ့ ကွင်းလယ်က ပေးပို့မှုတွေက သပ်ရပ်မှု နည်းနေခဲ့သလို ဆာလားနဲ့ မာနေးတို့ကလည်း သိပ်ပြီး အစေးမကပ်တဲ့ ပုံစံကို ပြသနေခဲ့လို့ သွင်းဂိုးတွေ လျော့နည်းခဲ့ရတာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ အန်းဖီးလ်ပရိသတ်တွေ အော်ဟစ်အားပေးဖို့ အဖွင့်ဂိုးကို ရှာဖွေနိုင်ခဲ့ပြီး ရောဘတ်ဆန် မကစားနိုင်ချိန်မှာ Line-up ရပြီး ရွှေဖြစ်နေခဲ့တဲ့ ဂရိဘယ်နောက်ခံလူ ဆီမီကတ်စ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို ဂျိုတာက နောက်ခံလူကို ခွာထွက်ပြီး အနီးကပ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဘန်လေရဲ့ Pressing တွေက လီဗာပူးလ်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာ ဂျက်ခ် ကော့ခ် လုယူပေးတဲ့ ဘောလုံးကို မက်နီးလ် ကန်သွင်းရာမှာ ဂိုးသမား အယ်လစ်ဆန် ကာကွယ်ခဲ့ရသလို သိပ်မကြာခင်မှာတော့ ဆာလားရဲ့ ကန်ချက်ကို နစ်ခ် ပုပ်က ပုတ်ထုတ်သွားခဲ့ပါတယ်။

ကွင်းလယ်ညာခြမ်းမှာ ကစားတဲ့ ၁၈ နှစ်သား အဲလီးယော့ကတော့ ပြေးအား၊ ကစားအားနဲ့ ချိတ်ဆက်ကစားပုံတွေ ကောင်းမွန်ပေမယ့် အတွေ့အကြုံ နုသေးတာကြောင့် ဘောလုံးဖြန့်ဝေမှုတွေက တစ်ဆင့်လိုနေခဲ့သလို ပွဲချိန် ၂၅ မိနစ်မှာလည်း ဆာလားရဲ့ သွင်းဂိုးမှာ သူပေးလိုက်တဲ့ တိုင်မင်က စက္ကန့်ပိုင်းလေး နောက်ကျနေခဲ့လို့ လူကျွံဘောအဖြစ် တစ်ဂိုးနစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်း ပိုင်ဆိုင်နိုင်ခဲ့ပြီး အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ဘောလုံးဖြန့်ဝေမှုပိုင်းမှာ တစ်သင်းလုံးအနေနဲ့ ၇၈ ရာခိုင်နှုန်းသာ တိကျခဲ့တဲ့အထိ အားနည်းခဲ့သလို အဆုံးသတ်ပိုင်းတွေမှာတော့ ၁၀ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တိုက်စစ်မှူးသုံးယောက် သိပ်အစေးမကပ်တာနဲ့အတူ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး နောက်ခံလူ လိုးတန်ရဲ့ လီဗာပူးလ်နောက်ခံလူနှစ်ဦးကို တစ်ကိုယ်တော်ကျော်ဖြတ်မှုနဲ့ ပေးတဲ့ ဘောလုံးကနေ အက်ရှ်လီ ဘန်းစ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဘန်လေတို့ ဘဲဥမကွဲဘဲဖြစ်ခဲ့ရပြီး မာနေးကလည်း တိုက်စစ်မြားဦးကနေ အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့တာကြောင့် ရလဒ်မပြောင်းဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ တန်ပြန်တိုက်စစ်ကနေ အဲလီးယော့ရဲ့ ဖြတ်တင်ဘောကို ဆာလား ရင်ဘတ်နဲ့ ထိန်းပြီး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား မကာကွယ်နိုင်တဲ့ ထောင့်ကို သွားတဲ့ ဘောလုံးကို တောင်ပံကစားသမား မက်နီးလ်က ဖျက်ထုတ်သွားနိုင်ခဲ့သလို ၆၂ မိနစ်မှာ လွတ်နေတဲ့ ဆာလားကို မပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကန်ခဲ့တဲ့ မာနေးရဲ့ ကန်ချက်ကိုလည်း နစ်ခ် ပုပ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယဂိုးထပ်ရခဲ့ပြီး အဲလီးယော့ ပေးတဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က သူ့ကို တက်လုဖို့ ကြိုးစားတဲ့ တာကော့ဗ်စကီးရဲ့ ဘေးကနေ ဝိုက်ပြီး ခင်းပေးခဲ့ရာမှာ ဂိုးရှေ့က တစ်ယောက်တည်း လွတ်နေတဲ့ မာနေးက ဒါကို အပြည့်အဝ အသုံးချနိုင်ခဲ့ပြီး ဂိုးသမား နစ်ခ် ပုပ်ကို အနိုင်ယူသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂျိုတာအစား ဖာမီနို၊ ကီးတားအစား သီယာဂိုတို့ ဝင်ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းရဲ့ အဆုံးသတ်ပိုင်းနဲ့ Final Touch တွေမှာ လိုအပ်ချက်တွေ များနေခဲ့တာကြောင့် ဂိုးရဖို့တော့ ခက်နေခဲ့သလို ၁၇ ကြိမ်ကန်ရာမှာ ၇ ကြိမ် ဂိုးပေါက်တည့်မှုနဲ့ ကျေနပ်ခဲ့ရပြီး ဘန်လေရဲ့ ပြန်လည်ထိုးဖောက်မှုတွေကိုလည်း အယ်လစ်ဆန်နဲ့ ဗန်ဒိုက်တို့ ပိတ်ဆို့သွားနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် စနေနေ့ အစောဆုံးပွဲကို ကစားခဲ့ရတဲ့ လီဗာပူးလ်အသင်းအနေနဲ့ နှစ်ပွဲကစား နှစ်ပွဲနိုင် ၆ မှတ် စုဆောင်းနိုင်ခဲ့ပြီး တခြားအသင်းတွေ မကစားခင်မှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်ကို ဂိုးကွာခြားချက် ၅ ဂိုးနဲ့ တက်လှမ်းနိုင်ခဲ့ပြီး လာမယ့်ပွဲစဉ်(၃) ချဲလ်ဆီးနဲ့ အိမ်ကွင်းမှာ ဆက်မကစားရခင် အမှားအယွင်းမရှိ ရမှတ်ပြည့် ရယူထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ခံစစ္ပိတ္ကစားတတ္တဲ့ ဘန္ေလကို အိမ္ကြင္းမွာ ေက်ာ္ျဖတ္အႏိုင္ယူၿပီး ပရီးမီးယားလိဂ္မွာ အမွားအယြင္းမရွိ ခရီးဆက္ႏိုင္ခဲ့ပါတယ္။ တိုက္စစ္မွာ ဖာမီႏိုကို အရန္ခုံမွာပဲ ဆက္လက္ခ်န္လွပ္ထားတဲ့ ယာဂန္ ကေလာ့ပ္အေနနဲ႔ ကြင္းလယ္က ဗိုင္နယ္လ္ဒြမ္ရဲ႕ ကြက္လပ္ကို လူငယ္ကစားသမား ဟာဗီ အဲလီးေယာ့နဲ႔ စမ္းသပ္သုံးစြဲၿပီး ၄-၃-၃ ပုံစံနဲ႔ ပြဲထြက္လာခဲ့တာပါ။

ေစာေစာစီးစီးမွာပဲ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ဖရီးကစ္ကို ဂ်ိဳတာ ေခါင္းတိုက္ခဲ့ေပမယ့္ ဘားေက်ာ္သြားခဲ့ၿပီး ဒီေန႔မွာေတာ့ လီဗာပူးလ္တို႔ရဲ႕ ကြင္းလယ္က ေပးပို႔မႈေတြက သပ္ရပ္မႈ နည္းေနခဲ့သလို ဆာလားနဲ႔ မာေနးတို႔ကလည္း သိပ္ၿပီး အေစးမကပ္တဲ့ ပုံစံကို ျပသေနခဲ့လို႔ သြင္းဂိုးေတြ ေလ်ာ့နည္းခဲ့ရတာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ အန္းဖီးလ္ပရိသတ္ေတြ ေအာ္ဟစ္အားေပးဖို႔ အဖြင့္ဂိုးကို ရွာေဖြႏိုင္ခဲ့ၿပီး ေရာဘတ္ဆန္ မကစားႏိုင္ခ်ိန္မွာ Line-up ရၿပီး ေ႐ႊျဖစ္ေနခဲ့တဲ့ ဂရိဘယ္ေနာက္ခံလူ ဆီမီကတ္စ္ရဲ႕ တိက်တဲ့ ျဖတ္တင္ေဘာကို ဂ်ိဳတာက ေနာက္ခံလူကို ခြာထြက္ၿပီး အနီးကပ္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာ ဘန္ေလရဲ႕ Pressing ေတြက လီဗာပူးလ္တို႔ကို ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဂ်က္ခ္ ေကာ့ခ္ လုယူေပးတဲ့ ေဘာလုံးကို မက္နီးလ္ ကန္သြင္းရာမွာ ဂိုးသမား အယ္လစ္ဆန္ ကာကြယ္ခဲ့ရသလို သိပ္မၾကာခင္မွာေတာ့ ဆာလားရဲ႕ ကန္ခ်က္ကို နစ္ခ္ ပုပ္က ပုတ္ထုတ္သြားခဲ့ပါတယ္။

ကြင္းလယ္ညာျခမ္းမွာ ကစားတဲ့ ၁၈ ႏွစ္သား အဲလီးေယာ့ကေတာ့ ေျပးအား၊ ကစားအားနဲ႔ ခ်ိတ္ဆက္ကစားပုံေတြ ေကာင္းမြန္ေပမယ့္ အေတြ႕အႀကဳံ ႏုေသးတာေၾကာင့္ ေဘာလုံးျဖန႔္ေဝမႈေတြက တစ္ဆင့္လိုေနခဲ့သလို ပြဲခ်ိန္ ၂၅ မိနစ္မွာလည္း ဆာလားရဲ႕ သြင္းဂိုးမွာ သူေပးလိုက္တဲ့ တိုင္မင္က စကၠန႔္ပိုင္းေလး ေနာက္က်ေနခဲ့လို႔ လူကြၽံေဘာအျဖစ္ တစ္ဂိုးနစ္နာခဲ့ရပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၆ ရာခိုင္ႏႈန္း ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး အသာစီးနဲ႔ ဖိကစားႏိုင္ခဲ့ေပမယ့္ ေဘာလုံးျဖန႔္ေဝမႈပိုင္းမွာ တစ္သင္းလုံးအေနနဲ႔ ၇၈ ရာခိုင္ႏႈန္းသာ တိက်ခဲ့တဲ့အထိ အားနည္းခဲ့သလို အဆုံးသတ္ပိုင္းေတြမွာေတာ့ ၁၀ ႀကိမ္မွာ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး တိုက္စစ္မႉးသုံးေယာက္ သိပ္အေစးမကပ္တာနဲ႔အတူ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ေနာက္ခံလူ လိုးတန္ရဲ႕ လီဗာပူးလ္ေနာက္ခံလူႏွစ္ဦးကို တစ္ကိုယ္ေတာ္ေက်ာ္ျဖတ္မႈနဲ႔ ေပးတဲ့ ေဘာလုံးကေန အက္ရွ္လီ ဘန္းစ္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ဘန္ေလတို႔ ဘဲဥမကြဲဘဲျဖစ္ခဲ့ရၿပီး မာေနးကလည္း တိုက္စစ္ျမားဦးကေန အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့တာေၾကာင့္ ရလဒ္မေျပာင္းဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ တန္ျပန္တိုက္စစ္ကေန အဲလီးေယာ့ရဲ႕ ျဖတ္တင္ေဘာကို ဆာလား ရင္ဘတ္နဲ႔ ထိန္းၿပီး ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား မကာကြယ္ႏိုင္တဲ့ ေထာင့္ကို သြားတဲ့ ေဘာလုံးကို ေတာင္ပံကစားသမား မက္နီးလ္က ဖ်က္ထုတ္သြားႏိုင္ခဲ့သလို ၆၂ မိနစ္မွာ လြတ္ေနတဲ့ ဆာလားကို မေပးဘဲ တစ္ကိုယ္ေကာင္းဆန္ဆန္ ကန္ခဲ့တဲ့ မာေနးရဲ႕ ကန္ခ်က္ကိုလည္း နစ္ခ္ ပုပ္က ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဂိုးထပ္ရခဲ့ၿပီး အဲလီးေယာ့ ေပးတဲ့ ေဘာလုံးကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က သူ႔ကို တက္လုဖို႔ ႀကိဳးစားတဲ့ တာေကာ့ဗ္စကီးရဲ႕ ေဘးကေန ဝိုက္ၿပီး ခင္းေပးခဲ့ရာမွာ ဂိုးေရွ႕က တစ္ေယာက္တည္း လြတ္ေနတဲ့ မာေနးက ဒါကို အျပည့္အဝ အသုံးခ်ႏိုင္ခဲ့ၿပီး ဂိုးသမား နစ္ခ္ ပုပ္ကို အႏိုင္ယူသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂ်ိဳတာအစား ဖာမီႏို၊ ကီးတားအစား သီယာဂိုတို႔ ဝင္ကစားခဲ့ေပမယ့္ တိုက္စစ္ပိုင္းရဲ႕ အဆုံးသတ္ပိုင္းနဲ႔ Final Touch ေတြမွာ လိုအပ္ခ်က္ေတြ မ်ားေနခဲ့တာေၾကာင့္ ဂိုးရဖို႔ေတာ့ ခက္ေနခဲ့သလို ၁၇ ႀကိမ္ကန္ရာမွာ ၇ ႀကိမ္ ဂိုးေပါက္တည့္မႈနဲ႔ ေက်နပ္ခဲ့ရၿပီး ဘန္ေလရဲ႕ ျပန္လည္ထိုးေဖာက္မႈေတြကိုလည္း အယ္လစ္ဆန္နဲ႔ ဗန္ဒိုက္တို႔ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ စေနေန႔ အေစာဆုံးပြဲကို ကစားခဲ့ရတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ၆ မွတ္ စုေဆာင္းႏိုင္ခဲ့ၿပီး တျခားအသင္းေတြ မကစားခင္မွာ ပရီးမီးယားလိဂ္ရဲ႕ အမွတ္ေပးဇယားထိပ္ကို ဂိုးကြာျခားခ်က္ ၅ ဂိုးနဲ႔ တက္လွမ္းႏိုင္ခဲ့ၿပီး လာမယ့္ပြဲစဥ္(၃) ခ်ဲလ္ဆီးနဲ႔ အိမ္ကြင္းမွာ ဆက္မကစားရခင္ အမွားအယြင္းမရွိ ရမွတ္ျပည့္ ရယူထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.