Analysis UCL&UEL

မက်ဆီနဲ့ PSG ရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ဖျက်ဆီးသွားနိုင်တဲ့ အသင်းကြီး ၅ သင်း

ပီအက်စ်ဂျီအသင်းကို လီယွန်နယ် မက်ဆီ ရောက်ရှိလာခဲ့ချိန်မှာ တိုက်စစ်က အင်အားတောင့်တင်းလွန်းသွားပြီး သူတို့ကို ရင်ဆိုင်ရဲတဲ့အသင်း ရှိပါ့မလားလို့ မီဒီယာတွေက မြှောက်ပင့်နေကြပေမယ့် ပြီးခဲ့တဲ့ ရာသီတွေကထက် ခံစစ်ပိုင်းမှာ အရွယ်လွန် ဆာဂျီယို ရာမို့စ်နဲ့ တိုက်စစ်အသားပေး Wing Back အက်ရှ်ရက်ဖ် ဟာကီမီတို့ ရောက်လာကြချိန်မှာတော့ ထူးထူးခြားခြား တိုးတက်လာတယ်လို့ မပြောနိုင်သေးဘဲဖြစ်နေခဲ့ပါတယ်။

အီတလီရဲ့ ရွှေလက်ရှင် ဂျန်လွီဂီ ဒွန်နာရမ်မာကို စောင့်ကြည့်ရဖို့ ရှိနေပေမယ့် မားကင်ညို့စ်၊ ကင်ပမ်ဘီ၊ ရာမို့စ်တို့ရဲ့ အတွဲအဖက်တွေက ထင်သလောက် မာကျောခြင်း မရှိသေးသလို ပါးပါးနပ်နပ် မကစားတတ်တဲ့ ကွင်းလယ်အဖျက်တွေကလည်း သူတို့ကို ကျစ်လျစ်သိပ်သည်းအောင်တော့ မကူညီနိုင်သေးချိန်မှာ ပြင်သစ်မြေမှာ ခြေစွာနိုင်ပေမယ့် ချန်ပီယံလိဂ်မှာတော့ အသင်းကြီး ၅ သင်းက သူတို့ကို ထိုးနှက်အနိုင်ယူသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၅။ အက်သလက်တီကို မက်ဒရစ်
ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဘဏ္ဏာရေးဆိုင်ရာ ကျဆုံးခန်းဟာ မက်ဒရစ်မြို့ရဲ့ ဒုတိယအသင်းအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ အက်သလက်တီကိုတို့အတွက် လာလီဂါကောင်းကင်က နေတစ်စင်းဖြစ်ဖို့ အခွင့်အရေးလို့ ဆိုနေကြတာပါ။ နည်းပြ ဆီမီယွန်နီအနေနဲ့ တစ်နိုင်ငံတည်းသား ပိုချက်တီနိုကို ထိုးနှက်နိုင်ဖို့ အခွင့်အရေးရှိနေပြီး နှစ်တိုင်း ခံစစ်သမားကောင်းတွေ ထွက်ခွာသွားကြပေမယ့် ဘယ်သူရောက်လာလာ ကျစ်လျစ်မာကျောတဲ့ ပုံစံကောင်းမပျက်အောင် ရိုက်သွင်းထားနိုင်ခဲ့တဲ့ ဆယ်နှစ်တာ ပဲ့ကိုင်ရှင် ၅၁ နှစ်သား လူမိုက်ကြီးအနေနဲ့ မက်ဆီကို ထိန်းချုပ်နိုင်မြဲပုံစံနဲ့အတူ ပီအက်စ်ဂျီတိုက်စစ် ဘယ်လောက်ကောင်းကောင်း ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ အနိုင်ယူနိုင်စွမ်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

၄။ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်ကလည်း ဟန်ချက်မညီတဲ့ ဘာစီလိုနာလိုအသင်းမျိုးတွေကို ထိုးနှက်ရာမှာ ကျွမ်းကျင်ပြီး ပြင်သစ်ဘာစီလိုနာလိုဖြစ်လာတဲ့ ပီအက်စ်ဂျီကလည်း သူတို့ရဲ့ ကျွမ်းကျင်တဲ့ တွက်နေကျ ပုစ္ဆာတစ်ပုဒ်လိုပဲ ဖြစ်နေဦးမှာပါ။ နည်းပြသစ် ဂျူလီယန် နာဂဲလ်စ်မန်းကတော့ အသင်းနဲ့ ဂျာမန် ဆူပါဖလားကို စတင်ရယူထားပြီး ကစားသမားကောင်းတွေနဲ့ လျင်မြန်တောင့်တင်းဆဲ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားချိန်မှာ ပီအက်စ်ဂျီနဲ့ပွဲမှာ အဆင်သင့် အဆုံးသတ်ခွင့်ရမယ့် ပိုလန်သားကြီး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက အကောင်းဆုံးဆုရရင်လည်း အံ့ဩဖို့ မရှိပါဘူး။

၃။ လီဗာပူးလ်
လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ရဲ့ Gegenpress ကစားဟန်ကတော့ အသင်းတိုင်းကို အသက်ရှူကျပ်သွားအောင် မမောမပန်းနဲ့ ဖိအားပေးတဲ့ ပုံစံဖြစ်ပြီး ပိုချက်တီနိုနဲ့ ၁၁ ကြိမ် တွေ့ဆုံမှုမှာ ၆ ပွဲနိုင် ၄ ပွဲသရေနဲ့ တစ်ပွဲသာ ရှုံးထားခဲ့တာပါ။ ပီအက်စ်ဂျီနဲ့ ပိုချက်တီနိုဟာ စပါးစ်နဲ့ ပိုချက်တီနိုလို ရင်းနှီးအသားကျတဲ့ အဆင့်ကိုလည်း မရောက်သေးတာကြောင့် လိုအပ်ချက်တွေများနေသေးပြီး ဆာလား၊ မာနေး၊ ဂျိုတာ၊ ဖာမီနိုတို့လို ကစားသမားတွေက ဗန်ဒိုက်တို့ နောက်တန်းက ကြံ့ကြံ့ခံထိန်းချုပ်ပြီး အလျင်အမြန်ပေးပို့လာမယ့် ဘောလုံးတွေကို အဆုံးသတ်ပြသွားခဲ့ရင် ဘာစီလိုနာတောင် အငိုက်မိခဲ့ချိန်မှာ ပါရီသားတွေက ဘာသားနဲ့ ထုထားတာလဲလို့ မေးချင်မိပါတယ်။

၂။ ချဲလ်ဆီး
၃-၄-၃ ကစားကွက်နဲ့ ချန်ပီယံလိဂ်မှာ သရဖူဆောင်းခဲ့တဲ့ သောမတ်စ် တူဟယ်လ်ရဲ့ ချဲလ်ဆီးက ဒီနှစ်မှာလည်း ပိုအသားကျပြီး တိုက်စစ်မှူးသစ် ရိုမီလူ လူကာကူးနဲ့ ပိုကောင်းလာဖို့ပဲ ရှိနေတာပါ။ ပြီးခဲ့တဲ့နှစ်က ကျည်မထွက်ဘဲ ဂျမ်းဖြစ်တာများတဲ့ တိုက်စစ်မှာ တီမို ဗာနာကို ကစားကွက်ချောင်ဖို့သာ သုံးစွဲပြီး မောင့်၊ ပူလီရှစ်ချ်၊ အိုဒွိုင်းတို့လို လျင်မြန်တဲ့ ကစားသမားတွေရဲ့ အတိုးအလှုပ်နဲ့ ဘယ်ခြေတစ်ပေါက် လျှမ်းလျှမ်းတောက် ဇီးယက်ရှ်တို့သာ ပေါင်းလိုက်ရင် ပိုချက်တီနိုတို့အုပ်စု ဒုက္ခတွေ့နိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ လူကာကူးတို့ ချဲလ်ဆီးပဲ စားသွားဦးမှာပါ။

၁။ မန်ချက်စတာစီးတီး
မန်ချက်စတာစီးတီးအသင်းကတော့ ဂွါဒီယိုလာရဲ့ ပြီးခဲ့တဲ့နှစ်က ဖိုင်နယ်ရောက်ခရီးလမ်းမှာ ဆီမီးဖိုင်နယ်အဆင့် နှစ်ကျော့စလုံး ပီအက်စ်ဂျီကို နှစ်ပွဲပေါင်း လေးဂိုး-တစ်ဂိုးနဲ့ တီးခဲ့ပြီး နှစ်ပွဲလုံးမှာ အနီကတ်တစ်ကတ်စီ လက်ဆောင်ပါ ပေါင်းထည့်ပေးခဲ့တာပါ။ ပါရီကစားသမားတွေရဲ့ ကြမ်းတမ်းမှုနဲ့ စိတ်မထိန်းနိုင်မှုတွေက စီးတီးလို အသင်းမျိုးနဲ့အတွေ့မှာ အရှုံးဘက်က ဖြစ်သွားခဲ့ပြီး မာရက်ဇ်က ၃ ဂိုးသွင်းယူထားခဲ့သလို ဒီနှစ်မှာလည်း ပိုကောင်းလာဖို့ ရှိနေသေးတဲ့ ဂွါဒီယိုလာရဲ့ အသင်းအနေနဲ့ ဟာရီကိန်းကိုသာ ရရှိနိုင်ခဲ့ရင် မက်ဆီနဲ့ ချန်ပီယံလိဂ်အိပ်မက်မက်တဲ့ ရေနံသူဌေးတွေ ငိုရဦးဖို့ပဲဖြစ်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းကို လီယြန္နယ္ မက္ဆီ ေရာက္ရွိလာခဲ့ခ်ိန္မွာ တိုက္စစ္က အင္အားေတာင့္တင္းလြန္းသြားၿပီး သူတို႔ကို ရင္ဆိုင္ရဲတဲ့အသင္း ရွိပါ့မလားလို႔ မီဒီယာေတြက ေျမႇာက္ပင့္ေနၾကေပမယ့္ ၿပီးခဲ့တဲ့ ရာသီေတြကထက္ ခံစစ္ပိုင္းမွာ အ႐ြယ္လြန္ ဆာဂ်ီယို ရာမို႔စ္နဲ႔ တိုက္စစ္အသားေပး Wing Back အက္ရွ္ရက္ဖ္ ဟာကီမီတို႔ ေရာက္လာၾကခ်ိန္မွာေတာ့ ထူးထူးျခားျခား တိုးတက္လာတယ္လို႔ မေျပာႏိုင္ေသးဘဲျဖစ္ေနခဲ့ပါတယ္။

အီတလီရဲ႕ ေ႐ႊလက္ရွင္ ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေစာင့္ၾကည့္ရဖို႔ ရွိေနေပမယ့္ မားကင္ညိဳ႕စ္၊ ကင္ပမ္ဘီ၊ ရာမို႔စ္တို႔ရဲ႕ အတြဲအဖက္ေတြက ထင္သေလာက္ မာေက်ာျခင္း မရွိေသးသလို ပါးပါးနပ္နပ္ မကစားတတ္တဲ့ ကြင္းလယ္အဖ်က္ေတြကလည္း သူတို႔ကို က်စ္လ်စ္သိပ္သည္းေအာင္ေတာ့ မကူညီႏိုင္ေသးခ်ိန္မွာ ျပင္သစ္ေျမမွာ ေျခစြာႏိုင္ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ အသင္းႀကီး ၅ သင္းက သူတို႔ကို ထိုးႏွက္အႏိုင္ယူသြားႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

၅။ အက္သလက္တီကို မက္ဒရစ္
ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ဘဏၰာေရးဆိုင္ရာ က်ဆုံးခန္းဟာ မက္ဒရစ္ၿမိဳ႕ရဲ႕ ဒုတိယအသင္းအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ရတဲ့ အက္သလက္တီကိုတို႔အတြက္ လာလီဂါေကာင္းကင္က ေနတစ္စင္းျဖစ္ဖို႔ အခြင့္အေရးလို႔ ဆိုေနၾကတာပါ။ နည္းျပ ဆီမီယြန္နီအေနနဲ႔ တစ္ႏိုင္ငံတည္းသား ပိုခ်က္တီႏိုကို ထိုးႏွက္ႏိုင္ဖို႔ အခြင့္အေရးရွိေနၿပီး ႏွစ္တိုင္း ခံစစ္သမားေကာင္းေတြ ထြက္ခြာသြားၾကေပမယ့္ ဘယ္သူေရာက္လာလာ က်စ္လ်စ္မာေက်ာတဲ့ ပုံစံေကာင္းမပ်က္ေအာင္ ႐ိုက္သြင္းထားႏိုင္ခဲ့တဲ့ ဆယ္ႏွစ္တာ ပဲ့ကိုင္ရွင္ ၅၁ ႏွစ္သား လူမိုက္ႀကီးအေနနဲ႔ မက္ဆီကို ထိန္းခ်ဳပ္ႏိုင္ၿမဲပုံစံနဲ႔အတူ ပီအက္စ္ဂ်ီတိုက္စစ္ ဘယ္ေလာက္ေကာင္းေကာင္း ပိတ္ဆို႔ၿပီး တန္ျပန္တိုက္စစ္ေတြနဲ႔ အႏိုင္ယူႏိုင္စြမ္းကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

၄။ ဘိုင္ယန္ျမဴးနစ္
ဘိုင္ယန္ျမဴးနစ္ကလည္း ဟန္ခ်က္မညီတဲ့ ဘာစီလိုနာလိုအသင္းမ်ိဳးေတြကို ထိုးႏွက္ရာမွာ ကြၽမ္းက်င္ၿပီး ျပင္သစ္ဘာစီလိုနာလိုျဖစ္လာတဲ့ ပီအက္စ္ဂ်ီကလည္း သူတို႔ရဲ႕ ကြၽမ္းက်င္တဲ့ တြက္ေနက် ပုစာၦတစ္ပုဒ္လိုပဲ ျဖစ္ေနဦးမွာပါ။ နည္းျပသစ္ ဂ်ဴလီယန္ နာဂဲလ္စ္မန္းကေတာ့ အသင္းနဲ႔ ဂ်ာမန္ ဆူပါဖလားကို စတင္ရယူထားၿပီး ကစားသမားေကာင္းေတြနဲ႔ လ်င္ျမန္ေတာင့္တင္းဆဲ အသင္းတစ္သင္းကို ပိုင္ဆိုင္ထားခ်ိန္မွာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အဆင္သင့္ အဆုံးသတ္ခြင့္ရမယ့္ ပိုလန္သားႀကီး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက အေကာင္းဆုံးဆုရရင္လည္း အံ့ဩဖို႔ မရွိပါဘူး။

၃။ လီဗာပူးလ္
လီဗာပူးနည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ Gegenpress ကစားဟန္ကေတာ့ အသင္းတိုင္းကို အသက္ရႉက်ပ္သြားေအာင္ မေမာမပန္းနဲ႔ ဖိအားေပးတဲ့ ပုံစံျဖစ္ၿပီး ပိုခ်က္တီႏိုနဲ႔ ၁၁ ႀကိမ္ ေတြ႕ဆုံမႈမွာ ၆ ပြဲႏိုင္ ၄ ပြဲသေရနဲ႔ တစ္ပြဲသာ ရႈံးထားခဲ့တာပါ။ ပီအက္စ္ဂ်ီနဲ႔ ပိုခ်က္တီႏိုဟာ စပါးစ္နဲ႔ ပိုခ်က္တီႏိုလို ရင္းႏွီးအသားက်တဲ့ အဆင့္ကိုလည္း မေရာက္ေသးတာေၾကာင့္ လိုအပ္ခ်က္ေတြမ်ားေနေသးၿပီး ဆာလား၊ မာေနး၊ ဂ်ိဳတာ၊ ဖာမီႏိုတို႔လို ကစားသမားေတြက ဗန္ဒိုက္တို႔ ေနာက္တန္းက ႀကံ့ႀကံ့ခံထိန္းခ်ဳပ္ၿပီး အလ်င္အျမန္ေပးပို႔လာမယ့္ ေဘာလုံးေတြကို အဆုံးသတ္ျပသြားခဲ့ရင္ ဘာစီလိုနာေတာင္ အငိုက္မိခဲ့ခ်ိန္မွာ ပါရီသားေတြက ဘာသားနဲ႔ ထုထားတာလဲလို႔ ေမးခ်င္မိပါတယ္။

၂။ ခ်ဲလ္ဆီး
၃-၄-၃ ကစားကြက္နဲ႔ ခ်န္ပီယံလိဂ္မွာ သရဖူေဆာင္းခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးက ဒီႏွစ္မွာလည္း ပိုအသားက်ၿပီး တိုက္စစ္မႉးသစ္ ႐ိုမီလူ လူကာကူးနဲ႔ ပိုေကာင္းလာဖို႔ပဲ ရွိေနတာပါ။ ၿပီးခဲ့တဲ့ႏွစ္က က်ည္မထြက္ဘဲ ဂ်မ္းျဖစ္တာမ်ားတဲ့ တိုက္စစ္မွာ တီမို ဗာနာကို ကစားကြက္ေခ်ာင္ဖို႔သာ သုံးစြဲၿပီး ေမာင့္၊ ပူလီရွစ္ခ်္၊ အိုဒြိဳင္းတို႔လို လ်င္ျမန္တဲ့ ကစားသမားေတြရဲ႕ အတိုးအလႈပ္နဲ႔ ဘယ္ေျခတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ ဇီးယက္ရွ္တို့သာ ေပါင္းလိုက္ရင္ ပိုခ်က္တီႏိုတို႔အုပ္စု ဒုကၡေတြ႕ႏိုင္ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ လူကာကူးတို႔ ခ်ဲလ္ဆီးပဲ စားသြားဦးမွာပါ။

၁။ မန္ခ်က္စတာစီးတီး
မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဂြါဒီယိုလာရဲ႕ ၿပီးခဲ့တဲ့ႏွစ္က ဖိုင္နယ္ေရာက္ခရီးလမ္းမွာ ဆီမီးဖိုင္နယ္အဆင့္ ႏွစ္ေက်ာ့စလုံး ပီအက္စ္ဂ်ီကို ႏွစ္ပြဲေပါင္း ေလးဂိုး-တစ္ဂိုးနဲ႔ တီးခဲ့ၿပီး ႏွစ္ပြဲလုံးမွာ အနီကတ္တစ္ကတ္စီ လက္ေဆာင္ပါ ေပါင္းထည့္ေပးခဲ့တာပါ။ ပါရီကစားသမားေတြရဲ႕ ၾကမ္းတမ္းမႈနဲ႔ စိတ္မထိန္းႏိုင္မႈေတြက စီးတီးလို အသင္းမ်ိဳးနဲ႔အေတြ႕မွာ အရႈံးဘက္က ျဖစ္သြားခဲ့ၿပီး မာရက္ဇ္က ၃ ဂိုးသြင္းယူထားခဲ့သလို ဒီႏွစ္မွာလည္း ပိုေကာင္းလာဖို႔ ရွိေနေသးတဲ့ ဂြါဒီယိုလာရဲ႕ အသင္းအေနနဲ႔ ဟာရီကိန္းကိုသာ ရရွိႏိုင္ခဲ့ရင္ မက္ဆီနဲ႔ ခ်န္ပီယံလိဂ္အိပ္မက္မက္တဲ့ ေရနံသူေဌးေတြ ငိုရဦးဖို႔ပဲျဖစ္လာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.