Premier League

ပရီးမီးယားလိဂ္အသင္းတစ္သင္းကို ဒတ္ခ်္ထိပ္တန္းေဘာလုံးသမားေဟာင္းေတြ စုေပါင္းဝယ္ယူဖို႔ စီစဥ္

လက္ရွိေဘာလုံးေလာကမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မွဳေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ဒင္းနစၥ ဘားကမ့္ဦးေဆာင္တဲ့ နယ္သာလန္ေဘာလုံးေလာကက ထိပ္တန္းကစားသမားေဟာင္းေတြနဲ႔ နည္းျပေတြ စုေပါင္းထားတဲ့ လုပ္ငန္းစုတစ္ခုအေနနဲ႔ ပရီးမီးယားလိဂ္ကလပ္ အသင္းတစ္သင္းကို ဝယ္ယူသြားဖို႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။

ေမရာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဒီလုပ္ငန္းစုကို ဒတ္ခ်္ေဘာလုံးေအးဂ်င့္တစ္ဦးျဖစ္တဲ့ ေရာ့ဘ္ ယန္ဆင္က ကိုယ္စားလွယ္အျဖစ္ ေဆာင္ရြက္ေနၿပီး သူတုိ႔ရဲ႕ အဖြဲ႕အစည္းကုိ အေမရိကန္အေျခစိုက္ ေပါင္ ၃.၂ ဘီလီယံ တန္ဖိုးရွိတဲ့ ဝက္ဆာမန္း မီဒီယာအုပ္စုနဲ႔ ပူးေပါင္းၿပီး အေကာင္အထည္ေဖာ္သြားဖို႔ ရွိေနတယ္လုိ႔လည္း ဆုိပါတယ္။

လက္ရွိသူတုိ႔ရဲ႕ ဒတ္ခ်္ေဘာလုံးအင္အားစုကိုေတာ့ အုိင္းယက္စ္နဲ႔ အာဆင္နယ္ကစားသမားေဟာင္း ဘားကမ့္က ဦးေဆာင္ေနၿပီး ေရႊေရာင္ မ်ဳိးဆက္ ေဘာလုံးအသင္းမွာ ပါဝင္ခဲ့ၿပီး နည္းျပေတြအျဖစ္ ေဆာင္ရြက္ေနၾကၿပီျဖစ္တဲ့ ေရာ္နယ္လ္ ကိုးမန္း၊ ဖိလစ္ ကိုကူးတို႔ ပါဝင္ေနသလို ဒီယာ့ခ္ ေကာ့တ္၊ ဟင္းနရစ္ လာဆင္တုိ႔လည္း ပါဝင္တယ္လုိ႔ သိရပါတယ္။

ဒီအဖြဲ႕အစည္းကို ကိုယ္စားျပဳေနတဲ့ ေအးဂ်င့္ ယန္ဆင္ကေတာ့ ဒီစီးပြားေရးက်ဆင္းမွဳအေျခအေနမွာ ကလပ္အသင္းေတြရဲ႕ တန္ဖိုးသတ္မွတ္ ေတာင္းဆုိမွဳကလည္း ေလ်ာ့က်ေနႏိုင္တာေၾကာင့္ သူတုိ႔ေတြ ဝယ္ယူဖို႔ လုပ္ေဆာင္ေနေပမယ့္ ပထမက ကမ္းလွမ္းမွဳတစ္ခုကိုေတာ့ ႏုိင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူေတြဆီ လက္လႊတ္ခဲ့ရတယ္လုိ႔ဆုိၿပီး ဒါက နယူးကာဆယ္လ္ယူႏုိက္တက္ျဖစ္ႏုိင္ေၾကာင္းလည္း ခန္႔မွန္းေနၾကပါတယ္။

အုိင္းယက္စ္လူငယ္နည္းျပေဟာင္း ဘားကမ့္ပ္၊ ဟယ္လ္ဆင္ေဘာ့နည္းျပ လာဆင္၊ ဒါဘီနည္းျပ ကိုကူး၊ ဖီယင္ႏုလူငယ္နည္းျပ ေကာ့တ္နဲ႔ နယ္သာလန္လက္ေရြးစင္နည္းျပ ကိုးမန္းတုိ႔ ပါဝင္ေနတဲ့ အုပ္စုႀကီးအေနနဲ႔ အဂၤလန္ႏုိင္ငံမွာ အုိင္းယက္စ္လို အသင္းတစ္သင္းကို တည္ေဆာက္သြားဖို႔ ထင္ေၾကးေပးေနၾကၿပီး လာမယ့္ရာသီမွာ သူတုိ႔ေတြ စတင္ႏုိင္ၾကမလားဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်ရှိဘောလုံးလောကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒင်းနစ္စ ဘားကမ့်ဦးဆောင်တဲ့ နယ်သာလန်ဘောလုံးလောကက ထိပ်တန်းကစားသမားဟောင်းတွေနဲ့ နည်းပြတွေ စုပေါင်းထားတဲ့ လုပ်ငန်းစုတစ်ခုအနေနဲ့ ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းကို ဝယ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မေရာသတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဒီလုပ်ငန်းစုကို ဒတ်ချ်ဘောလုံးအေးဂျင့်တစ်ဦးဖြစ်တဲ့ ရော့ဘ် ယန်ဆင်က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေပြီး သူတို့ရဲ့ အဖွဲ့အစည်းကို အမေရိကန်အခြေစိုက် ပေါင် ၃.၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဝက်ဆာမန်း မီဒီယာအုပ်စုနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်သွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိသူတို့ရဲ့ ဒတ်ချ်ဘောလုံးအင်အားစုကိုတော့ အိုင်းယက်စ်နဲ့ အာဆင်နယ်ကစားသမားဟောင်း ဘားကမ့်က ဦးဆောင်နေပြီး ရွှေရောင် မျိုးဆက် ဘောလုံးအသင်းမှာ ပါဝင်ခဲ့ပြီး နည်းပြတွေအဖြစ် ဆောင်ရွက်နေကြပြီဖြစ်တဲ့ ရော်နယ်လ် ကိုးမန်း၊ ဖိလစ် ကိုကူးတို့ ပါဝင်နေသလို ဒီယာ့ခ် ကော့တ်၊ ဟင်းနရစ် လာဆင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီအဖွဲ့အစည်းကို ကိုယ်စားပြုနေတဲ့ အေးဂျင့် ယန်ဆင်ကတော့ ဒီစီးပွားရေးကျဆင်းမှုအခြေအနေမှာ ကလပ်အသင်းတွေရဲ့ တန်ဖိုးသတ်မှတ် တောင်းဆိုမှုကလည်း လျော့ကျနေနိုင်တာကြောင့် သူတို့တွေ ဝယ်ယူဖို့ လုပ်ဆောင်နေပေမယ့် ပထမက ကမ်းလှမ်းမှုတစ်ခုကိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဆီ လက်လွှတ်ခဲ့ရတယ်လို့ဆိုပြီး ဒါက နယူးကာဆယ်လ်ယူနိုက်တက်ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းနေကြပါတယ်။

အိုင်းယက်စ်လူငယ်နည်းပြဟောင်း ဘားကမ့်ပ်၊ ဟယ်လ်ဆင်ဘော့နည်းပြ လာဆင်၊ ဒါဘီနည်းပြ ကိုကူး၊ ဖီယင်နုလူငယ်နည်းပြ ကော့တ်နဲ့ နယ်သာလန်လက်ရွေးစင်နည်းပြ ကိုးမန်းတို့ ပါဝင်နေတဲ့ အုပ်စုကြီးအနေနဲ့ အင်္ဂလန်နိုင်ငံမှာ အိုင်းယက်စ်လို အသင်းတစ်သင်းကို တည်ဆောက်သွားဖို့ ထင်ကြေးပေးနေကြပြီး လာမယ့်ရာသီမှာ သူတို့တွေ စတင်နိုင်ကြမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.