Bundesliga Premier League Transfer News UCL&UEL

အသင်းနဲ့ မတန်အောင် ကောင်းလွန်းနေလို့ ထိန်းဖို့ခက်နေတဲ့ ကစားသမား ၅ ဦး

ဒီနေ့ခေတ် ဘောလုံးလောကမှာ အသင်းငယ် အသင်းလတ်တွေရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကတော့ သူတို့အသင်းတွေမှာ ပုံမှန် ကစားခွင့်နဲ့ တောက်ပလာတဲ့ ကစားသမားကောင်းတွေကို အသင်းကြီးတွေက ရန်ရှာတတ်တာပဲဖြစ်ပါတယ်။ ခြေစွမ်းအရလည်း သူတို့အသင်းမှာ ထူးချွန်ထင်ရှားလွန်းနေချိန်မှာ အင်အားကြီး ဟဲဗီးဝိတ်တွေရဲ့ ဆွဲဆောင်မှုကို တွန်းလှန်ဖို့ ခက်ရပြီး ပိုင်ဆိုင်ရတာကို သောကပွားရတဲ့ ကစားသမား ၅ ဦးကို ဖော်ပြလိုက်ပါတယ်။

၅။ ဒက်ကလန် ရိုက်စ် (ဝက်စ်ဟမ်း)
အင်္ဂလိပ်လူငယ်တွေထဲက ကွင်းလယ်အဖျက်ပိုင်းမှာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ ရိုက်စ်ဟာ ဒီနေရာနဲ့ ဒီဂုဏ်ပုဒ်ကို လွယ်လွယ်နဲ့ ရရှိခဲ့တာတာတော့ မဟုတ်ဘဲ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ခွာပြီးနောက်ပိုင်း ဝက်စ်ဟမ်းမှာ ကြိုးစားရုန်းကန်ခဲ့ရသလို တဖြည်းဖြည်းချင်း ထင်ပေါ်လာနိုင်ခဲ့တဲ့နောက် လက်ထောက်အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူခဲ့ရတာပါ။

လက်ရှိမှာ အသင်းဟောင်း ချဲလ်ဆီးအပါအဝင် မန်ချက်စတာနှစ်သင်းကပါ စိတ်ဝင်စားနေတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူအတွက် ဟမ်းမားတွေဘက်က ပေါင်သန်း ၈၀ အထိ ပေးချေရမယ်လို့ သတိပေးထားပြီး ကစားသမားရဲ့ တက်လမ်းကိုတော့ အဟန့်အတားဖြစ်စေသလို ခေါ်ယူမယ့် အသင်းကြီးတွေဆီ သွားရောက်တောက်ပရမယ့် အခွင့်အရေးကိုလည်း နစ်နာစေခဲ့ပါတယ်။

၄။ ဆွန်ဟောင်မင် (တော့တင်ဟမ်ဟော့စပါးစ်)
ဘွန်ဒက်စ်လီဂါရဲ့ ဟမ်းဘတ်၊ လေဗာကူဆင်အသင်းတွေကနေ တောက်ပလာခဲ့တဲ့ ကိုရီးယားသားအတွက် စပါးစ်အသင်းကို ပြောင်းခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပြီး အသင်းနဲ့ ၆ ရာသီ ကစားခဲ့အပြီးမှာ ၁၀၈ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းမှာ ငယ်မွေးခြံပေါက်တိုက်စစ်မှူး ဟာရီကိန်းနဲ့ အတွဲညီခဲ့ပြီး ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျမှုကိုလည်း ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၁၇ ဂိုး ရရှိနိုင်ခဲ့တာပါ။

စပါးစ်တို့အတွက် ကံကောင်းနေတာကတော့ အာရှသားတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ အလုပ်လုပ်ခွင့် ပါမစ်အတွက် ဗြိတိန်မှာ ရှုပ်ထွေးနိုင်သလို ဥရောပအသင်းကြီးတွေကလည်း သူ့လောက်တောင် ခြေမမှန်တဲ့ နာမည်ကြီး ကစားသမားတွေအတွက် အချိန်ကုန်နေခဲ့တာဖြစ်ပြီး ဝှိုက်ဟတ်လိန်းက ခွဲခွာဖို့က ထင်သလောက် မလှုပ်ခတ်ပေမယ့် ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းက ချန်ပီယံအသင်းတစ်သင်းမှာ ရှိနေသင့်တာလည်းဖြစ်ပါတယ်။

၃။ ဟာရီကိန်း (တော့တင်ဟမ်ဟော့စပါးစ်)
ဟာရီကိန်းကတော့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အကယ်ဒမီရဲ့ လွတ်သွားတဲ့ ငါးကြီးဖြစ်ပြီး စပါးစ်အသင်းရဲ့ အကယ်ဒမီကနေ အင်္ဂလန်အသင်းရဲ့ ကပ္ပတိန်အဖြစ်အထိ တက်လှမ်းနိုင်ခဲ့တာပါ။ အသင်းအတွက် ပုံမှန်စတင် ကစားခွင့်ရတဲ့ ၂၀၁၄-၁၅ ရာသီမှာ ပရီးမီးယားလိဂ်တစ်ရာသီ သွင်းဂိုး ၂၁ ဂိုး ရရှိခဲ့ပြီး အချိန်တိုအတွင်းမှာ စပါးစ်အသင်းရဲ့ ပရိသတ်အချစ်တော်ဖြစ်လာသလို လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၃၃၆ ပွဲမှာ ၂၂၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာစီးတီးရဲ့ ဆွဲဆောင်မှုမှာ ကစားသမားရဲ့ စိတ်ဝိညာဉ်က အစ်တီဟတ်ကို ရောက်ရှိနေပြီး ကိုယ်ကြီးကသာ စပါးစ်အသင်းမှာ ကျန်နေတာဖြစ်လို့ အသင်းတာဝန်ရှိသူတွေအတွက် စိတ်ပျက်ရစေပြီး ဒန်နီယယ်လ် လီဗိုင်းရဲ့ ရောင်းရမယ့်အတူတူ ညစ်တွန်းတွန်းနေတဲ့ ပေါင်သန်း ၁၅၀ ဆိုတဲ့ တောင်းဆိုမှုက တစ်ဖက်က ကမ်းလှမ်းတဲ့ ပေါင် ၁၂၅ သန်းနဲ့ သိပ်မကွာတော့တာမို့ ဟာရီကိန်းအနေနဲ့ သူ့ကစားသမားဘဝမှာ မရဖူးတဲ့ အသင်းလိုက်အောင်မြင်မှုတွေကို ရယူနိုင်မလား စောင့်ကြည့်ရမှာပါ။

၂။ ရစ်ချာလစ်ဆန် (အဲဗာတန်)
ဝတ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ တစ်ရာသီသာ ကစားပြီး အဲဗာတန်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂွတ်ဒီဆန်ပါ့ခ်မှာလည်း သူမှသူပဲဖြစ်အောင် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ပြီး တွဲဖက်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကလည်း သူပါမှ ခြေစွမ်းပိုကောင်းသလို ဂိုးတွေ သွင်းယူနိုင်တာကို အားလုံးအသိပဲဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကိုပါအမေရိကမှာရော အိုလံပစ်ပွဲမှာပါ ဆက်တိုက် ဒိုင်ခံကစားပေးခဲ့ရတဲ့ ရစ်ချာလစ်ဆန်ဟာ အသက် ၂၄ နှစ်အရွယ်မှာ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်နေခဲ့ပြီး ကိုဗစ်ရောဂါပျံ့နှံ့မှုမှာ ဥရောပအသင်းကြီးတွေရဲ့ ဝင်ငွေတွေ လျော့ကျပြီး ဘဏ္ဏာရေး ထိခိုက်နေခဲ့လို့သာ ဂွတ်ဒီဆန်ပါ့ခ်မှာ ဆက်ရှိနေနိုင်တာဖြစ်သလို မဟုတ်ရင်တော့ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်တဲ့ အသင်းကြီးတစ်သင်းမှာ မြင်ရတာ ကြာလှတော့မှာလည်းဖြစ်ပါတယ်။

၁။ အာလင်း ဟားလန်း (ဒေါ့မွန်)
နော်ဝေကလပ် ဘရင်နာမှာ ကစားသမားဘဝ စတင်ခဲ့ပြီး မယ်လ်မိုမှ ပိုပြီး လူမြင်လာခဲ့တဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့ ဟားလန်းကို ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းက ခေါ်ယူခဲ့ပေမယ့် တစ်နှစ်ပြည့်အောင်တောင် ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ဒေါ့မွန်ကို ပြန်လည်ရောင်းချခဲ့ရတာဖြစ်သလို သူ့ရဲ့ ပြည်တွင်းရော ချန်ပီယံလိဂ်မှာပါ ဂိုးတွေ သွင်းပြနေတဲ့ ခြေစွမ်းက တစ်ပွဲမှာ တစ်ဂိုးထက်တောင် ပိုခဲ့သေးတာဖြစ်ပါတယ်။

အေးဂျင့် ရိုင်ယိုလာရဲ့ ခလောက်ဆန်မှုကြောင့် ပရီးမီးယားလိဂ်ကို မရောက်လိုက်ဘဲ ဒေါ့မွန်ကို ရွေးချယ်ခဲ့တဲ့ နော်ဝေသားဟာ ဂျာမန်မြေမှာလည်း ၆၂ ပွဲကစား ၆၂ ဂိုး သွင်းယူထားပြီး ဂိုးသွင်းနှုန်းက မြင့်မားလွန်းနေသလို သူ့ရဲ့ အဆင့်အတန်းဟာ အကောင်းဆုံး ဒုတိယတွေလောက်နဲ့ ကျေနပ်ရတဲ့ လက်ရှိအသင်းမျိုးနဲ့တော့ အံဝင်ခြင်း မရှိသေးဘဲ ပိုမိုကြီးမြတ်တဲ့ အဆင့်ကို တက်လှမ်းဖို့အတွက် ဒီရာသီမဟုတ်ရင်တောင် နောက်ရာသီမှာတော့ စာချုပ်လျော်ကြေး ယူရို ၇၅ သန်းနဲ့အတူ အကောင်အထည်ပေါ်လာတော့မှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ေခတ္ ေဘာလုံးေလာကမွာ အသင္းငယ္ အသင္းလတ္ေတြရဲ႕ ႀကဳံေတြ႕ေနရတဲ့ ျပႆနာတစ္ခုကေတာ့ သူတို႔အသင္းေတြမွာ ပုံမွန္ ကစားခြင့္နဲ႔ ေတာက္ပလာတဲ့ ကစားသမားေကာင္းေတြကို အသင္းႀကီးေတြက ရန္ရွာတတ္တာပဲျဖစ္ပါတယ္။ ေျခစြမ္းအရလည္း သူတို႔အသင္းမွာ ထူးခြၽန္ထင္ရွားလြန္းေနခ်ိန္မွာ အင္အားႀကီး ဟဲဗီးဝိတ္ေတြရဲ႕ ဆြဲေဆာင္မႈကို တြန္းလွန္ဖို႔ ခက္ရၿပီး ပိုင္ဆိုင္ရတာကို ေသာကပြားရတဲ့ ကစားသမား ၅ ဦးကို ေဖာ္ျပလိုက္ပါတယ္။

၅။ ဒက္ကလန္ ႐ိုက္စ္ (ဝက္စ္ဟမ္း)
အဂၤလိပ္လူငယ္ေတြထဲက ကြင္းလယ္အဖ်က္ပိုင္းမွာ အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္တဲ့ ႐ိုက္စ္ဟာ ဒီေနရာနဲ႔ ဒီဂုဏ္ပုဒ္ကို လြယ္လြယ္နဲ႔ ရရွိခဲ့တာတာေတာ့ မဟုတ္ဘဲ ခ်ဲလ္ဆီးအကယ္ဒမီကေန ထြက္ခြာၿပီးေနာက္ပိုင္း ဝက္စ္ဟမ္းမွာ ႀကိဳးစား႐ုန္းကန္ခဲ့ရသလို တျဖည္းျဖည္းခ်င္း ထင္ေပၚလာႏိုင္ခဲ့တဲ့ေနာက္ လက္ေထာက္အသင္းေခါင္းေဆာင္အျဖစ္ပါ တာဝန္ယူခဲ့ရတာပါ။

လက္ရွိမွာ အသင္းေဟာင္း ခ်ဲလ္ဆီးအပါအဝင္ မန္ခ်က္စတာႏွစ္သင္းကပါ စိတ္ဝင္စားေနတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္လူအတြက္ ဟမ္းမားေတြဘက္က ေပါင္သန္း ၈၀ အထိ ေပးေခ်ရမယ္လို႔ သတိေပးထားၿပီး ကစားသမားရဲ႕ တက္လမ္းကိုေတာ့ အဟန႔္အတားျဖစ္ေစသလို ေခၚယူမယ့္ အသင္းႀကီးေတြဆီ သြားေရာက္ေတာက္ပရမယ့္ အခြင့္အေရးကိုလည္း နစ္နာေစခဲ့ပါတယ္။

၄။ ဆြန္ေဟာင္မင္ (ေတာ့တင္ဟမ္ေဟာ့စပါးစ္)
ဘြန္ဒက္စ္လီဂါရဲ႕ ဟမ္းဘတ္၊ ေလဗာကူဆင္အသင္းေတြကေန ေတာက္ပလာခဲ့တဲ့ ကိုရီးယားသားအတြက္ စပါးစ္အသင္းကို ေျပာင္းခဲ့တာက မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈျဖစ္ခဲ့ၿပီး အသင္းနဲ႔ ၆ ရာသီ ကစားခဲ့အၿပီးမွာ ၁၀၈ ဂိုး သြင္းယူထားႏိုင္ခဲ့ပါတယ္။ အသင္းမွာ ငယ္ေမြးၿခံေပါက္တိုက္စစ္မႉး ဟာရီကိန္းနဲ႔ အတြဲညီခဲ့ၿပီး ဥေရာပအသင္းႀကီးေတြရဲ႕ မ်က္စိက်မႈကိုလည္း ရယူႏိုင္ခဲ့သလို ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ ၁၇ ဂိုး ရရွိႏိုင္ခဲ့တာပါ။

စပါးစ္တို႔အတြက္ ကံေကာင္းေနတာကေတာ့ အာရွသားတစ္ေယာက္ျဖစ္တဲ့ သူ႔ရဲ႕ အလုပ္လုပ္ခြင့္ ပါမစ္အတြက္ ၿဗိတိန္မွာ ရႈပ္ေထြးႏိုင္သလို ဥေရာပအသင္းႀကီးေတြကလည္း သူ႔ေလာက္ေတာင္ ေျခမမွန္တဲ့ နာမည္ႀကီး ကစားသမားေတြအတြက္ အခ်ိန္ကုန္ေနခဲ့တာျဖစ္ၿပီး ဝႈိက္ဟတ္လိန္းက ခြဲခြာဖို႔က ထင္သေလာက္ မလႈပ္ခတ္ေပမယ့္ ဆြန္ေဟာင္မင္ရဲ႕ ေျခစြမ္းက ခ်န္ပီယံအသင္းတစ္သင္းမွာ ရွိေနသင့္တာလည္းျဖစ္ပါတယ္။

၃။ ဟာရီကိန္း (ေတာ့တင္ဟမ္ေဟာ့စပါးစ္)
ဟာရီကိန္းကေတာ့ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အကယ္ဒမီရဲ႕ လြတ္သြားတဲ့ ငါးႀကီးျဖစ္ၿပီး စပါးစ္အသင္းရဲ႕ အကယ္ဒမီကေန အဂၤလန္အသင္းရဲ႕ ကပၸတိန္အျဖစ္အထိ တက္လွမ္းႏိုင္ခဲ့တာပါ။ အသင္းအတြက္ ပုံမွန္စတင္ ကစားခြင့္ရတဲ့ ၂၀၁၄-၁၅ ရာသီမွာ ပရီးမီးယားလိဂ္တစ္ရာသီ သြင္းဂိုး ၂၁ ဂိုး ရရွိခဲ့ၿပီး အခ်ိန္တိုအတြင္းမွာ စပါးစ္အသင္းရဲ႕ ပရိသတ္အခ်စ္ေတာ္ျဖစ္လာသလို လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံ ၃၃၆ ပြဲမွာ ၂၂၁ ဂိုး သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးရဲ႕ ဆြဲေဆာင္မႈမွာ ကစားသမားရဲ႕ စိတ္ဝိညာဥ္က အစ္တီဟတ္ကို ေရာက္ရွိေနၿပီး ကိုယ္ႀကီးကသာ စပါးစ္အသင္းမွာ က်န္ေနတာျဖစ္လို႔ အသင္းတာဝန္ရွိသူေတြအတြက္ စိတ္ပ်က္ရေစၿပီး ဒန္နီယယ္လ္ လီဗိုင္းရဲ႕ ေရာင္းရမယ့္အတူတူ ညစ္တြန္းတြန္းေနတဲ့ ေပါင္သန္း ၁၅၀ ဆိုတဲ့ ေတာင္းဆိုမႈက တစ္ဖက္က ကမ္းလွမ္းတဲ့ ေပါင္ ၁၂၅ သန္းနဲ႔ သိပ္မကြာေတာ့တာမို႔ ဟာရီကိန္းအေနနဲ႔ သူ႔ကစားသမားဘဝမွာ မရဖူးတဲ့ အသင္းလိုက္ေအာင္ျမင္မႈေတြကို ရယူႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

၂။ ရစ္ခ်ာလစ္ဆန္ (အဲဗာတန္)
ဝတ္ဖို႔ဒ္အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔ တစ္ရာသီသာ ကစားၿပီး အဲဗာတန္အသင္းကို ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးဟာ ဂြတ္ဒီဆန္ပါ့ခ္မွာလည္း သူမွသူပဲျဖစ္ေအာင္ ပရိသတ္ေတြရဲ႕ ႏွလုံးသားကို သိမ္းပိုက္ထားႏိုင္ၿပီး တြဲဖက္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကလည္း သူပါမွ ေျခစြမ္းပိုေကာင္းသလို ဂိုးေတြ သြင္းယူႏိုင္တာကို အားလုံးအသိပဲျဖစ္ပါတယ္။

ဘရာဇီးလက္ေ႐ြးစင္အသင္းအတြက္ ကိုပါအေမရိကမွာေရာ အိုလံပစ္ပြဲမွာပါ ဆက္တိုက္ ဒိုင္ခံကစားေပးခဲ့ရတဲ့ ရစ္ခ်ာလစ္ဆန္ဟာ အသက္ ၂၄ ႏွစ္အ႐ြယ္မွာ အေတာက္ပဆုံး ၾကယ္တစ္ပြင့္ျဖစ္ေနခဲ့ၿပီး ကိုဗစ္ေရာဂါပ်ံ႕ႏွံ႔မႈမွာ ဥေရာပအသင္းႀကီးေတြရဲ႕ ဝင္ေငြေတြ ေလ်ာ့က်ၿပီး ဘဏၰာေရး ထိခိုက္ေနခဲ့လို႔သာ ဂြတ္ဒီဆန္ပါ့ခ္မွာ ဆက္ရွိေနႏိုင္တာျဖစ္သလို မဟုတ္ရင္ေတာ့ ခ်န္ပီယံဆုေတြကို ဆြတ္ခူးႏိုင္တဲ့ အသင္းႀကီးတစ္သင္းမွာ ျမင္ရတာ ၾကာလွေတာ့မွာလည္းျဖစ္ပါတယ္။

၁။ အာလင္း ဟားလန္း (ေဒါ့မြန္)
ေနာ္ေဝကလပ္ ဘရင္နာမွာ ကစားသမားဘဝ စတင္ခဲ့ၿပီး မယ္လ္မိုမွ ပိုၿပီး လူျမင္လာခဲ့တဲ့ ဂိုးသြင္းစြမ္းရည္ေတြနဲ႔ ဟားလန္းကို ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းက ေခၚယူခဲ့ေပမယ့္ တစ္ႏွစ္ျပည့္ေအာင္ေတာင္ ထိန္းသိမ္းႏိုင္ျခင္းမရွိဘဲ ေဒါ့မြန္ကို ျပန္လည္ေရာင္းခ်ခဲ့ရတာျဖစ္သလို သူ႔ရဲ႕ ျပည္တြင္းေရာ ခ်န္ပီယံလိဂ္မွာပါ ဂိုးေတြ သြင္းျပေနတဲ့ ေျခစြမ္းက တစ္ပြဲမွာ တစ္ဂိုးထက္ေတာင္ ပိုခဲ့ေသးတာျဖစ္ပါတယ္။

ေအးဂ်င့္ ႐ိုင္ယိုလာရဲ႕ ခေလာက္ဆန္မႈေၾကာင့္ ပရီးမီးယားလိဂ္ကို မေရာက္လိုက္ဘဲ ေဒါ့မြန္ကို ေ႐ြးခ်ယ္ခဲ့တဲ့ ေနာ္ေဝသားဟာ ဂ်ာမန္ေျမမွာလည္း ၆၂ ပြဲကစား ၆၂ ဂိုး သြင္းယူထားၿပီး ဂိုးသြင္းႏႈန္းက ျမင့္မားလြန္းေနသလို သူ႔ရဲ႕ အဆင့္အတန္းဟာ အေကာင္းဆုံး ဒုတိယေတြေလာက္နဲ႔ ေက်နပ္ရတဲ့ လက္ရွိအသင္းမ်ိဳးနဲ႔ေတာ့ အံဝင္ျခင္း မရွိေသးဘဲ ပိုမိုႀကီးျမတ္တဲ့ အဆင့္ကို တက္လွမ္းဖို႔အတြက္ ဒီရာသီမဟုတ္ရင္ေတာင္ ေနာက္ရာသီမွာေတာ့ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၇၅ သန္းနဲ႔အတူ အေကာင္အထည္ေပၚလာေတာ့မွာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.