Other Premier League

“ချယ်လ်ဆီးကနေ ထွက်သွား” လို့ မာန်မဲခဲ့တဲ့ ပရိသတ်ကို တီမို ဗာနာ ဘယ်လို (လေးစားမှုရှိရှိ) တုံ့ပြန်သွားခဲ့လဲ?

ချယ်လ်ဆီးအသင်းဟာ လာမယ့် စူပါဆန်းဒေးမှာကစားမယ့် အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါညီပွဲမတိုင်မီ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပရိသတ်တွေကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကြီးထဲကို ဖိတ်ခေါ်ပြီး တံခါးဖွင့်လေ့ကျင့်မှုအဖြစ် ကြည့်ရှုအားပေးစေခဲ့သလို ချယ်လ်ဆီးတိုက်စစ်မှူး တီမို ဗာနာဟာလည်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဥ်မှာ ပူးပေါင်းနေခဲ့ခြင်းဖြစ်ပါတယ်။

ဒီအချိန်မှာ ပရိသတ်တဦးရဲ့ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခြင်းကို ခံခဲ့ရပြီး အဆိုပါ ချယ်လ်ဆီးပရိသတ်ဆိုသူဟာ ပွဲကြည့်စင်မှာ ရှိနေတဲ့ အားပေးသူတွေအတွက် စကားပြောဆိုခွင့်ပေးခဲ့ချိန်မှာ မိုက်ကိုယူပြီး “ချယ်လ်ဆီးကနေ အမြန်ဆုံးဒိုးလိုက်ပါတော့ တီဗို ဗာနာရေ” လို့ အော်ဟစ်ပြောဆိုသွားခဲ့တာပါ။

ဒီပရိသတ်ကိုတော့ ချယ်လ်ဆီးပရိသတ်တွေက ဗာနာဘက်က ရပ်တည်ပြီး ပြန်ပြီးတုံ့ပြန်ကာ ဝိုင်းဝန်းလှောင်ပြောင်သွားခဲ့ကြသလို တချို့ဆိုရင် ရန်စောင်ဖို့ ကြိုးစားခဲ့တာတောင် တွေ့ရသလို ဒါဟာ အသက် ၂၅ နှစ်သားအတွက် အတွေ့အကြုံတခုလည်း ဖြစ်ခဲ့သလို ပရိသတ်အချစ်ကို သိမ်းပိုက်ထားနိုင်ပြီလားလို့ မေးခွန်းထုတ်ရတော့မှာပါ။

ဂျာမန်တိုက်စစ်မှူးဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စိတ်ဆိုးဒေါသထွက်ခြင်းမရှိခဲ့ဘဲ လူမှုကွန်ရက်မှာ ” ဒီနေ့လာအားပေးတဲ့ အပြာရောင်တို့ကို အထူးကျေးဇူးတင်ပါတယ်။ အချစ်တွေပေးလို့လည်း အရမ်းကျေနပ်မိပါတယ်” လို့ အေးအေးလူလူပဲ ရေးသားတုံ့ပြန်သွားခဲ့ပြီး ပရိသတ်အပေါ် လေးစားမှုအပြည့်ရှိကြောင်း ပြသသွားခဲ့ပါတယ်။

ပေါင်သန်း ၅၀ တန် ဗာနာဟာ လက်ရှိမှာတော့ ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ညွှန်ကြားမှုအောက်မှာ ပေါင်သန်း ၁၀၀ တန် ရိုမီလူ လူကာကူးနဲ့ တွဲဖက်ပြီး တိုက်စစ်ကို ဦးဆောင်းသွားရဖို့ ရှိနေသလို သူတို့အတွဲအပေါ် မျှော်လင့်ချက်တွေဟာလည်း မြောက်လန်ဒန်ရပ်ဝန်းမှာ အတော်လေးတောက်ပလွန်းနေတာပါ။

ဗာနာက “ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောတတ်သူပါ။ အသင်းဖော်နဲ့ အဓိကအကျဆုံး အချိတ်အဆက်က စကားပြောဆိုဆက်သွယ်ဖို့ပါ။ ကျွန်တော့်လူတွေ ကျွန်တော့်ဆီက ဘာလိုချင်လဲ အမြဲမေးဖြစ်ပါတယ်။ လူကာကူးနဲ့လည်း ဒီလိုမျိုးနားလည်မှုတည်ဆောက်သွားမှာဖြစ်ပါတယ်။

” ကျွန်တော့်အနေနဲ့ အသင်းရဲ့ကစားကွက်နဲ့ လိုက်လျောညီထွေအောင် အတတ်နိုင်ဆုံး အားစိုက်ကစားမှာပါ။ အသင်းကို ကူညီဖို့ လုပ်နိုင်သမျှ အကုန်လုံးလုပ်ဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့မှာ ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်ကစားဟန်ရှိပါတယ်။ ” လို့လည်း တိုက်စရာသီသသစ် လူကာကူးကို ကြိုဆိုရင်း ရာသီသစ်မှာ ဘယ်လ်ဂျီယမ်သားနဲ့အတူ ပွဲကြမ်းဖို့ သူ့စိတ်ကို အဆင်သင့်ပြင်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ စူပါဆန္းေဒးမွာကစားမယ့္ အာဆင္နယ္အသင္းနဲ႔ လန္ဒန္ဒါညီပြဲမတိုင္မီ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ပရိသတ္ေတြကို စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းႀကီးထဲကို ဖိတ္ေခၚၿပီး တံခါးဖြင့္ေလ့က်င့္မႈအျဖစ္ ၾကည့္ရႈအားေပးေစခဲ့သလို ခ်ယ္လ္ဆီးတိုက္စစ္မႉး တီမို ဗာနာဟာလည္း အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ ပူးေပါင္းေနခဲ့ျခင္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ပရိသတ္တဦးရဲ႕ ႐ိုင္း႐ိုင္းစိုင္းစိုင္း ေစာ္ကားျခင္းကို ခံခဲ့ရၿပီး အဆိုပါ ခ်ယ္လ္ဆီးပရိသတ္ဆိုသူဟာ ပြဲၾကည့္စင္မွာ ရွိေနတဲ့ အားေပးသူေတြအတြက္ စကားေျပာဆိုခြင့္ေပးခဲ့ခ်ိန္မွာ မိုက္ကိုယူၿပီး “ခ်ယ္လ္ဆီးကေန အျမန္ဆုံးဒိုးလိုက္ပါေတာ့ တီဗို ဗာနာေရ” လို႔ ေအာ္ဟစ္ေျပာဆိုသြားခဲ့တာပါ။

ဒီပရိသတ္ကိုေတာ့ ခ်ယ္လ္ဆီးပရိသတ္ေတြက ဗာနာဘက္က ရပ္တည္ၿပီး ျပန္ၿပီးတုံ႔ျပန္ကာ ဝိုင္းဝန္းေလွာင္ေျပာင္သြားခဲ့ၾကသလို တခ်ိဳ႕ဆိုရင္ ရန္ေစာင္ဖို႔ ႀကိဳးစားခဲ့တာေတာင္ ေတြ႕ရသလို ဒါဟာ အသက္ ၂၅ ႏွစ္သားအတြက္ အေတြ႕အႀကဳံတခုလည္း ျဖစ္ခဲ့သလို ပရိသတ္အခ်စ္ကို သိမ္းပိုက္ထားႏိုင္ၿပီလားလို႔ ေမးခြန္းထုတ္ရေတာ့မွာပါ။

ဂ်ာမန္တိုက္စစ္မႉးဟာ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ စိတ္ဆိုးေဒါသထြက္ျခင္းမရွိခဲ့ဘဲ လူမႈကြန္ရက္မွာ ” ဒီေန႔လာအားေပးတဲ့ အျပာေရာင္တို႔ကို အထူးေက်းဇူးတင္ပါတယ္။ အခ်စ္ေတြေပးလို႔လည္း အရမ္းေက်နပ္မိပါတယ္” လို႔ ေအးေအးလူလူပဲ ေရးသားတုံ႔ျပန္သြားခဲ့ၿပီး ပရိသတ္အေပၚ ေလးစားမႈအျပည့္ရွိေၾကာင္း ျပသသြားခဲ့ပါတယ္။

ေပါင္သန္း ၅၀ တန္ ဗာနာဟာ လက္ရွိမွာေတာ့ ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ၫႊန္ၾကားမႈေအာက္မွာ ေပါင္သန္း ၁၀၀ တန္ ႐ိုမီလူ လူကာကူးနဲ႔ တြဲဖက္ၿပီး တိုက္စစ္ကို ဦးေဆာင္းသြားရဖို႔ ရွိေနသလို သူတို႔အတြဲအေပၚ ေမွ်ာ္လင့္ခ်က္ေတြဟာလည္း ေျမာက္လန္ဒန္ရပ္ဝန္းမွာ အေတာ္ေလးေတာက္ပလြန္းေနတာပါ။

ဗာနာက “ကြၽန္ေတာ္က ပြင့္ပြင့္လင္းလင္းေျပာတတ္သူပါ။ အသင္းေဖာ္နဲ႔ အဓိကအက်ဆုံး အခ်ိတ္အဆက္က စကားေျပာဆိုဆက္သြယ္ဖို႔ပါ။ ကြၽန္ေတာ့္လူေတြ ကြၽန္ေတာ့္ဆီက ဘာလိုခ်င္လဲ အၿမဲေမးျဖစ္ပါတယ္။ လူကာကူးနဲ႔လည္း ဒီလိုမ်ိဳးနားလည္မႈတည္ေဆာက္သြားမွာျဖစ္ပါတယ္။

” ကြၽန္ေတာ့္အေနနဲ႔ အသင္းရဲ႕ကစားကြက္နဲ႔ လိုက္ေလ်ာညီေထြေအာင္ အတတ္ႏိုင္ဆုံး အားစိုက္ကစားမွာပါ။ အသင္းကို ကူညီဖို႔ လုပ္ႏိုင္သမွ် အကုန္လုံးလုပ္ေဆာင္သြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔မွာ ကိုယ္ပိုင္စတိုင္လ္၊ ကိုယ္ပိုင္ကစားဟန္ရွိပါတယ္။ ” လို႔လည္း တိုက္စရာသီသသစ္ လူကာကူးကို ႀကိဳဆိုရင္း ရာသီသစ္မွာ ဘယ္လ္ဂ်ီယမ္သားနဲ႔အတူ ပြဲၾကမ္းဖို႔ သူ႔စိတ္ကို အဆင္သင့္ျပင္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.