Premier League

ကိန်းအပါအဝင် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ၃ ဦးထဲက ဂွာဒီယိုလာ ဘယ်သူ့ကို ခေါ်ယူနိုင်မှာလဲ?

ဒီလအစောပိုင်းက ဂျက်ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ကြေး ပေါင်သန်း ၁၀၀ နဲ့ အားဖြည့်ထားပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွာဒီယိုလာက အပြောင်းအရွှေ့တံခါးမပိတ်ခင် လာမယ့် ၂ ပတ်အတွင်း အထောင်တိုက်စစ်မှူးတဦးကို ထပ်မံခေါ်ယူဖို့ သေချာနေပြီလို့ သတင်းထွက်လာခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်မှာ ဝှိုက်ဟတ်လိန်းမှာ ဂိုးမသွင်းနိုင်ဘဲ စိတ်ပျက်ဖွယ်ရာ ရှုံးနိမ့်သွားခဲ့လို့ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ဟာကွက်က ပိုကြီးမားလာသလို ပပ်ရဲ့ကစားကွက်ဖော်ဆောင်မှုအတွက် မဟာအားနည်းချက်တခုအဖြစ်လည်း ရှူမြင်ခံလာရတာကြောင့် နံပါတ်တစ်ပစ်မှတ်အဖြစ် စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို အရ ခေါ်ထုတ်ဖို့ ဦးစားပေးဆောင်ရွက်နေပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ချန်ပီယံအဖြစ် အောင်ပွဲခံဖို့အပြင် ပြီးခဲ့တဲ့ရာသီက ရောက်လုနီးမှ လက်ပန်းကျခဲ့ရတဲ့ ချန်ပီယံလိဂ်ဖလားကိုပါ သိမ်းပိုက်ဖို့ ပြင်ဆင်လာတဲ့ မန်စီးတီးရဲ့ အခုရာသီသစ်မှာတော့ တိုက်စစ်အပေါက်ကိုဖြည့်ဖို့ အီတီဟတ်ဆီ နာမည်အထွက်ဆုံးက ကိန်းလို့သာ ဆိုရမှာပါ။

စ​ပါးစ်ကစားသမားဟောင်း အလန်ဟက်တန်ကတော့ ကိန်းကို ရောင်းထုတ်ချိန်တန်နေပြီလို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းသွားခဲ့ပြီး အသက် ၂၈ အရွယ် ကစားသမားဘဝ အမြင့်ဆုံးခြေစွမ်းရနေချိန်မှာ အချိန်အခါကောင်းနဲ့ စျေးကောင်းကောင်းကို ငွေထုပ်ပိုက်ပစ်လိုက်ဖို့ အကြံပေးသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် တဖက်မှာတော့ စပါးစ်ဥက္ကဌလီဗိုင်းရဲ့စျေးကိုင်မှုကိုတော့ အားလုံးသိရှိပြီးဖြစ်သလို မပြေလည်နိုင်သေးတဲ့ အပြောင်းအရွှေ့ဇာတ်ကားရှည်ကြီးအဖြစ် လိပ်ခဲတည်းလည်းအနေအထားမှာ ရှိနေသလို သူ့ဘက်က ခေါင်းတချက်ငြိမ့်မှသာ ကိန်းနဲ့ မန်စီးတီးပူးပေါင်းဖို့ အထမြောက်လာမှာဖြစ်သလို တောင်းဆိုထားတဲ့စျေးကလည်း ပေါင်သန်း ၁၆၀ ကို လုံးဝအညှိမခံတော့တာပါ။

ဈေးကိုင်လွန်းတဲ့ လီဗိုင်းကြောင့် အရန်ပြင်ဆင်ထားမှု

မန်စီးတီးဘက်က လုပ်စရာရှိတာကတော့ သန်း ၁၆၀ ကို ပက်ခနဲပေးမလား၊ ဒါမှမဟုတ် အစားထိုးတိုက်စစ်မှူးကို ရှာဖွေသွားမလားဆိုတဲ့ ရွေးချယ်မှုဖြစ်ပြီး အားကစားဒါရိုက်တာ ဘီဂီရီစတိန်းနဲ့အတူ နည်းပြ ဂွာဒီယိုလာတို့ရဲ့ ပစ်မှတ်မှာ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကလည်း အဆုံးအဖြတ်တခုဖြစ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ ၂၁ ဂိုးသွင်းထားတဲ့ ​ဆာဘီးယားသားဟာ အသက် ၂၁ အရွယ်သာရှိသေးသလို အသက် ၂၈ နှစ်သား ကိန်းထက်စာရင် ရေရှည်ပိုအားကိုးချင်စရာကောင်းနေသလို အက်သလက်တီကို မက်ဒရစ်အသင်းကလည်း သူ့ကို လိုက်နေသလို ယူရိုသန်း ၇၀ နဲ့အတူ အပိုထပ်ဆောင်းကြေးတွေနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာပါ။

သူ့ရဲ့အဓိကအားသာချက်က​တော့ အာလင်း ဟာလန်းလက်သစ်ဖြစ်လာမယ်လို့ အခိုင်အမာဂုဏ်ပြုခံထားရတဲ့ ဂိုးသွင်းခြေမျိုးကို ပိုင်ဆိုင်ထားပြီး ဒေါ့မန်မှာ တောက်ပလာခဲ့တဲ့ နော်ဝေသားရဲ့ခြေရာအတိုင်း တထပ်တည်းနင်းနိုင်မယ်လို့ ဂျူဗင်တပ်စ်ဂန္ထဝင်ကြီး အလက်ဆီယို တက်ခီနာဒီကလည်း ထောက်ခံချက်ပေးထားခဲ့တာလည်း ရှိနေပါတယ်။

မထင်မှတ်ပဲဖြစ်လာနိုင်တဲ့ အချိုးအကွေ့တစ်ခု

The Mirror သတင်းရဲ့ နောက်ဆုံးဖော်ပြချက်မှာတော့ ဒီအပြောင်းအရွှေ့မှာ အချိုးအကွေ့တခုဖြစ်လာနိုင်ဖွယ်လည်း ရှိနေပြီး အဲဒါဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးဘက်က စာရင်းသွင်းထားသလို ပေါ်တူဂီသားဘက်ကတော့ သူ့ရဲ့အပြောင်းအရွှေ့ကောလဟလအကြောင်း ရေးသားမှုတွေကို ရှုံ့ချထားခဲ့တာကြောင့် အခြေအနေတရပ်ကိုတော့ အတိုင်းအတာတခုအထိ ဆက်လက်စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီလအေစာပိုင္းက ဂ်က္ဂရီးလစ္ရွ္ကို ၿဗိတိန္စံခ်ိန္တင္ေၾကး ေပါင္သန္း ၁၀၀ နဲ႔ အားျဖည့္ထားၿပီးျဖစ္တဲ့ မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြာဒီယိုလာက အေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္ လာမယ့္ ၂ ပတ္အတြင္း အေထာင္တိုက္စစ္မႉးတဦးကို ထပ္မံေခၚယူဖို႔ ေသခ်ာေနၿပီလို႔ သတင္းထြက္လာခဲ့ၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အဖြင့္မွာ ဝႈိက္ဟတ္လိန္းမွာ ဂိုးမသြင္းႏိုင္ဘဲ စိတ္ပ်က္ဖြယ္ရာ ရႈံးနိမ့္သြားခဲ့လို႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္ဟာကြက္က ပိုႀကီးမားလာသလို ပပ္ရဲ႕ကစားကြက္ေဖာ္ေဆာင္မႈအတြက္ မဟာအားနည္းခ်က္တခုအျဖစ္လည္း ရႉျမင္ခံလာရတာေၾကာင့္ နံပါတ္တစ္ပစ္မွတ္အျဖစ္ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို အရ ေခၚထုတ္ဖို႔ ဦးစားေပးေဆာင္႐ြက္ေနပါတယ္။

ပရီးမီးယားလိဂ္ေနာက္ဆုံး ၅ ႏွစ္အတြင္း ၄ ႀကိမ္ေျမာက္ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံဖို႔အျပင္ ၿပီးခဲ့တဲ့ရာသီက ေရာက္လုနီးမွ လက္ပန္းက်ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ဖလားကိုပါ သိမ္းပိုက္ဖို႔ ျပင္ဆင္လာတဲ့ မန္စီးတီးရဲ႕ အခုရာသီသစ္မွာေတာ့ တိုက္စစ္အေပါက္ကိုျဖည့္ဖို႔ အီတီဟတ္ဆီ နာမည္အထြက္ဆုံးက ကိန္းလို႔သာ ဆိုရမွာပါ။

စ​ပါးစ္ကစားသမားေဟာင္း အလန္ဟက္တန္ကေတာ့ ကိန္းကို ေရာင္းထုတ္ခ်ိန္တန္ေနၿပီလို႔ အသင္းတာဝန္ရွိသူေတြကို တိုက္တြန္းသြားခဲ့ၿပီး အသက္ ၂၈ အ႐ြယ္ ကစားသမားဘဝ အျမင့္ဆုံးေျခစြမ္းရေနခ်ိန္မွာ အခ်ိန္အခါေကာင္းနဲ႔ ေစ်းေကာင္းေကာင္းကို ေငြထုပ္ပိုက္ပစ္လိုက္ဖို႔ အႀကံေပးသြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ဒါေပမယ့္ တဖက္မွာေတာ့ စပါးစ္ဥကၠဌလီဗိုင္းရဲ႕ေစ်းကိုင္မႈကိုေတာ့ အားလုံးသိရွိၿပီးျဖစ္သလို မေျပလည္ႏိုင္ေသးတဲ့ အေျပာင္းအေ႐ႊ႕ဇာတ္ကားရွည္ႀကီးအျဖစ္ လိပ္ခဲတည္းလည္းအေနအထားမွာ ရွိေနသလို သူ႔ဘက္က ေခါင္းတခ်က္ၿငိမ့္မွသာ ကိန္းနဲ႔ မန္စီးတီးပူးေပါင္းဖို႔ အထေျမာက္လာမွာျဖစ္သလို ေတာင္းဆိုထားတဲ့ေစ်းကလည္း ေပါင္သန္း ၁၆၀ ကို လုံးဝအညႇိမခံေတာ့တာပါ။

ေဈးကိုင္လြန္းတဲ့ လီဗိုင္းေၾကာင့္ အရန္ျပင္ဆင္ထားမႈ

မန္စီးတီးဘက္က လုပ္စရာရွိတာကေတာ့ သန္း ၁၆၀ ကို ပက္ခနဲေပးမလား၊ ဒါမွမဟုတ္ အစားထိုးတိုက္စစ္မႉးကို ရွာေဖြသြားမလားဆိုတဲ့ ေ႐ြးခ်ယ္မႈျဖစ္ၿပီး အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းနဲ႔အတူ နည္းျပ ဂြာဒီယိုလာတို႔ရဲ႕ ပစ္မွတ္မွာ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ကလည္း အဆုံးအျဖတ္တခုျဖစ္လာဖြယ္ ရွိေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ရာသီက စီးရီးေအမွာ ၂၁ ဂိုးသြင္းထားတဲ့ ​ဆာဘီးယားသားဟာ အသက္ ၂၁ အ႐ြယ္သာရွိေသးသလို အသက္ ၂၈ ႏွစ္သား ကိန္းထက္စာရင္ ေရရွည္ပိုအားကိုးခ်င္စရာေကာင္းေနသလို အက္သလက္တီကို မက္ဒရစ္အသင္းကလည္း သူ႔ကို လိုက္ေနသလို ယူ႐ိုသန္း ၇၀ နဲ႔အတူ အပိုထပ္ေဆာင္းေၾကးေတြနဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတာပါ။

သူ႔ရဲ႕အဓိကအားသာခ်က္က​ေတာ့ အာလင္း ဟာလန္းလက္သစ္ျဖစ္လာမယ္လို႔ အခိုင္အမာဂုဏ္ျပဳခံထားရတဲ့ ဂိုးသြင္းေျခမ်ိဳးကို ပိုင္ဆိုင္ထားၿပီး ေဒါ့မန္မွာ ေတာက္ပလာခဲ့တဲ့ ေနာ္ေဝသားရဲ႕ေျခရာအတိုင္း တထပ္တည္းနင္းႏိုင္မယ္လို႔ ဂ်ဴဗင္တပ္စ္ဂႏၴဝင္ႀကီး အလက္ဆီယို တက္ခီနာဒီကလည္း ေထာက္ခံခ်က္ေပးထားခဲ့တာလည္း ရွိေနပါတယ္။

မထင္မွတ္ပဲျဖစ္လာႏိုင္တဲ့ အခ်ိဳးအေကြ႕တစ္ခု

The Mirror သတင္းရဲ႕ ေနာက္ဆုံးေဖာ္ျပခ်က္မွာေတာ့ ဒီအေျပာင္းအေ႐ႊ႕မွာ အခ်ိဳးအေကြ႕တခုျဖစ္လာႏိုင္ဖြယ္လည္း ရွိေနၿပီး အဲဒါဟာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးဘက္က စာရင္းသြင္းထားသလို ေပၚတူဂီသားဘက္ကေတာ့ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ေကာလဟလအေၾကာင္း ေရးသားမႈေတြကို ရႈံ႕ခ်ထားခဲ့တာေၾကာင့္ အေျခအေနတရပ္ကိုေတာ့ အတိုင္းအတာတခုအထိ ဆက္လက္ေစာင့္ၾကည့္ရဦးမွာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.