Article Other Serie A

အသက် ၃၆ နှစ်သားအထိ ကျန်းမာနုပျိုပြီး အဆီပိုတကျပ်သားမရှိတဲ့ ရော်နယ်လ်ဒိုရဲ့ လျှို့ဝှက်ချက်များ

ဘောလုံးလောကမှာ ကစားသမားအတော်များများ အသက် ၃၀ တန်းထဲဝင်လာတာနဲ့ အေး​အေးဆေးဆေးအနားယူသွားဖို့သာ စိတ်ကူးရှိနေချိန်မှာ ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုတော့ ဒီလိုလူစာရင်းထဲမှာ မြင်တွေ့ရမှာမဟုတ်သလို သူ့ရဲ့နေ့စဥ်ဘဝနဲ့ လူနေမှုဘဝကို ကျန်းမာရေး၊ နုပျိုမှု၊ ကြံ့ခိုင်မှုတို့နဲ့ ဆက်စပ်ပြီး အကောင်းဆုံးတည်ဆောက်နိုင်ထားတာကိုလည်း တွေ့ရပါတယ်။

လက်ရှိ အသက် ၃၆ နှစ်သားအရွယ်အထိ ကမ္ဘာ့အဆင့် ထိပ်တန်း ၃ ဦးထဲမှာ ရပ်တည်ပြီး အံ့အားသင့်ဖွယ်ရာ သွင်းဂိုး၊ ခြေစွမ်းတွေနဲ့ သက်သေပြလို့ လက်မထောင်နိုင်နေသေးတာဟာလည်း သူ့ရဲ့ကျန်းမာရေးကို တစိုက်မတ်မတ်လိုက်စားတဲ့ အကျိုးကျေးဇူးကြောင့်ဖြစ်ပြီး လေ့ကျင့်မှုပုံစံ၊ စားသောက်မှုပုံစံနဲ့ အိပ်စက်မှုပုံစံတွေမှာ ရော်နယ်လ်ဒိုရဲ့ လျှို့ဝှက်ချက်ကို AS သတင်းက ဖော်ထုတ်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အာဟာရဓာတ်စာ
သူ့အတွက်ဆိုရင်တော့ အာဟာရစားသုံးမှုပုံစံက ဘယ်ကစားသမားနဲ့မှ မတူညီပါဘူး။ သူဘာစားမလဲဆိုတာ သေချာရွေးချယ်ပြီးစားသုံးသလို ဘယ်အချိန်မှာ ဘယ်လောက်ပမာဏစားမလဲဆိုတာကိုပါ အတိအကျလိုက်နာသူပါ။ လေ့ကျင့်ချိန်၊ အနားယူချိန်နဲ့ အပန်း​ဖြေချိန်ဆိုပြီး သူ့တနေ့တာကို အပိုင်း ၃ ပိုင်းခွဲထားပါတယ်။

တနေ့မှာ အာဟာရ ၆ နပ်ကို ခွဲစားသလို ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ်တွေ ရရှိဖို့ ပါစတာခေါက်ဆွဲနဲ့ ကြက်သားကို အဓိကစားသုံး​လေ့ရှိတာ​ပါ။ ဒါ့အပြင် ချက်ပြုတ်ရာမှာ ဆီနဲ့ဆားကို လုံးဝအသုံးပြုလေ့မရှိပါဘူး။ အရည်နဲ့ပတ်သက်ရင်တော့ ရေကိုသာ စနစ်တကျသောက်သုံးလေ့ရှိပြီး မနက်စာစားချိနိမှာတော့ နာနတ်သီး သို့ လိမ္မော်သီးစတဲ့ အသီးဖျော်ရည်တမျိုးကို သောက်ပေးတယ်လို့ သိရပါတယ်။

လေ့ကျင့်မှုပုံစံ
ထရိန်နင်အတွက်ဆိုရင်တော့ ရော်နယ်လ်ဒိုက ကိုယ်ပိုင်အစီအစဥ်ဆွဲထားတဲ့အတိုင်း တပတ်ကို Gym ငါးရက်ကစားပြီး ကြွက်သားတောင့်တင်းရေးလေ့ကျင့်ခန်းကို ယူသလို ရေလည်းကူးတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကာယဆရာတွေက ပေါ်တူဂီသားရဲ့ ကျန်းမာကြံ့ခိုင်လိုပြီး အဆီပိုမရှိ၊ ကိုယ်ရည်စစ်ချင်လွန်းတဲ့ စိတ်အားထက်သန်မှုကြောင့် အလွန်အကျွံမလေ့ကျင့်ဖို့လည်း အမြဲထိန်းကျောင်းပေးရတယ်လို့လည်း ဆိုပါတယ်။

အိပ်စက်မှုပုံစံ
အိပ်ရးဝဖို့ကတော့ အားကစားသမားတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။ ရော်နယ်လ်ဒိုက တညကို အိပ်ချိန် ၈ နာရီရှိတယ်လို့ သိရပြီး နေ့စဥ်အိပ်ယာဝင်ချိန်နဲ့ အိပ်ယာထချိန်ကို ပုံသေအလေ့အကျင့်လုပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၄ ကြိမ်မြောက် အစားစားပြီးချိန်မှာ တရေးတမော အိပ်စက်အနားယူသေးသလို ဒီလို နေ့ခင်းပိုင်း တရေးအိပ်ခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်လို့လည်း သိရှိရပါသေးတယ်။

အမြင့်ဆုံးမှာရှိရမယ့် စိတ်စွမ်းအား
ရော်နယ်လ်ဒိုလို ဘဝကိုဖြတ်သန်းမယ်ဆိုရင်တော့ စိတ်စွမ်းအားကတော့ အထက်သန်ဆုံးရှိနေဖို့ လိုအပ်တာပါ။ သူကတော့ ဒီအချက်ကို အကောင်းဆုံးပိုင်ဆိုင်ထားသလို ဘောလုံးလောကမှာ သက်တမ်းအရှည်ဆုံး ကစားသွားနိုင်ဖို့ ပစ်မှတ်ထားနေသလို ဘယ်ကစားသမားမှ တော်ရုံလိုက်မလုပ်နိုင်တဲ့ သူ့ရဲ့စားသောက်နေထိုင်မှုပုံစံကတော့ အတော်ကြီးထူးခြားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဘာလုံးေလာကမွာ ကစားသမားအေတာ္မ်ားမ်ား အသက္ ၃၀ တန္းထဲဝင္လာတာနဲ႔ ေအး​ေအးေဆးေဆးအနားယူသြားဖို႔သာ စိတ္ကူးရွိေနခ်ိန္မွာ ေပၚတူဂီ GOAT ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုေတာ့ ဒီလိုလူစာရင္းထဲမွာ ျမင္ေတြ႕ရမွာမဟုတ္သလို သူ႔ရဲ႕ေန႔စဥ္ဘဝနဲ႔ လူေနမႈဘဝကို က်န္းမာေရး၊ ႏုပ်ိဳမႈ၊ ႀကံ့ခိုင္မႈတို႔နဲ႔ ဆက္စပ္ၿပီး အေကာင္းဆုံးတည္ေဆာက္ႏိုင္ထားတာကိုလည္း ေတြ႕ရပါတယ္။

လက္ရွိ အသက္ ၃၆ ႏွစ္သားအ႐ြယ္အထိ ကမာၻ႔အဆင့္ ထိပ္တန္း ၃ ဦးထဲမွာ ရပ္တည္ၿပီး အံ့အားသင့္ဖြယ္ရာ သြင္းဂိုး၊ ေျခစြမ္းေတြနဲ႔ သက္ေသျပလို႔ လက္မေထာင္ႏိုင္ေနေသးတာဟာလည္း သူ႔ရဲ႕က်န္းမာေရးကို တစိုက္မတ္မတ္လိုက္စားတဲ့ အက်ိဳးေက်းဇူးေၾကာင့္ျဖစ္ၿပီး ေလ့က်င့္မႈပုံစံ၊ စားေသာက္မႈပုံစံနဲ႔ အိပ္စက္မႈပုံစံေတြမွာ ေရာ္နယ္လ္ဒိုရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို AS သတင္းက ေဖာ္ထုတ္သြားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အာဟာရဓာတ္စာ
သူ႔အတြက္ဆိုရင္ေတာ့ အာဟာရစားသုံးမႈပုံစံက ဘယ္ကစားသမားနဲ႔မွ မတူညီပါဘူး။ သူဘာစားမလဲဆိုတာ ေသခ်ာေ႐ြးခ်ယ္ၿပီးစားသုံးသလို ဘယ္အခ်ိန္မွာ ဘယ္ေလာက္ပမာဏစားမလဲဆိုတာကိုပါ အတိအက်လိုက္နာသူပါ။ ေလ့က်င့္ခ်ိန္၊ အနားယူခ်ိန္နဲ႔ အပန္း​ေျဖခ်ိန္ဆိုၿပီး သူ႔တေန႔တာကို အပိုင္း ၃ ပိုင္းခြဲထားပါတယ္။

တေန႔မွာ အာဟာရ ၆ နပ္ကို ခြဲစားသလို ပ႐ိုတိန္းနဲ႔ ကာဘိုဟိုက္ဒရိတ္ေတြ ရရွိဖို႔ ပါစတာေခါက္ဆြဲနဲ႔ ၾကက္သားကို အဓိကစားသုံး​ေလ့ရွိတာ​ပါ။ ဒါ့အျပင္ ခ်က္ျပဳတ္ရာမွာ ဆီနဲ႔ဆားကို လုံးဝအသုံးျပဳေလ့မရွိပါဘူး။ အရည္နဲ႔ပတ္သက္ရင္ေတာ့ ေရကိုသာ စနစ္တက်ေသာက္သုံးေလ့ရွိၿပီး မနက္စာစားခ်ိနိမွာေတာ့ နာနတ္သီး သို႔ လိေမၼာ္သီးစတဲ့ အသီးေဖ်ာ္ရည္တမ်ိဳးကို ေသာက္ေပးတယ္လို႔ သိရပါတယ္။

ေလ့က်င့္မႈပုံစံ
ထရိန္နင္အတြက္ဆိုရင္ေတာ့ ေရာ္နယ္လ္ဒိုက ကိုယ္ပိုင္အစီအစဥ္ဆြဲထားတဲ့အတိုင္း တပတ္ကို Gym ငါးရက္ကစားၿပီး ႂကြက္သားေတာင့္တင္းေရးေလ့က်င့္ခန္းကို ယူသလို ေရလည္းကူးတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ ကာယဆရာေတြက ေပၚတူဂီသားရဲ႕ က်န္းမာႀကံ့ခိုင္လိုၿပီး အဆီပိုမရွိ၊ ကိုယ္ရည္စစ္ခ်င္လြန္းတဲ့ စိတ္အားထက္သန္မႈေၾကာင့္ အလြန္အကြၽံမေလ့က်င့္ဖို႔လည္း အၿမဲထိန္းေက်ာင္းေပးရတယ္လို႔လည္း ဆိုပါတယ္။

အိပ္စက္မႈပုံစံ
အိပ္ရးဝဖို႔ကေတာ့ အားကစားသမားတိုင္းအတြက္ အရမ္းအေရးႀကီးပါတယ္။ ေရာ္နယ္လ္ဒိုက တညကို အိပ္ခ်ိန္ ၈ နာရီရွိတယ္လို႔ သိရၿပီး ေန႔စဥ္အိပ္ယာဝင္ခ်ိန္နဲ႔ အိပ္ယာထခ်ိန္ကို ပုံေသအေလ့အက်င့္လုပ္ထားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ၄ ႀကိမ္ေျမာက္ အစားစားၿပီးခ်ိန္မွာ တေရးတေမာ အိပ္စက္အနားယူေသးသလို ဒီလို ေန႔ခင္းပိုင္း တေရးအိပ္ျခင္းက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတယ္လို႔လည္း သိရွိရပါေသးတယ္။

အျမင့္ဆုံးမွာရွိရမယ့္ စိတ္စြမ္းအား
ေရာ္နယ္လ္ဒိုလို ဘဝကိုျဖတ္သန္းမယ္ဆိုရင္ေတာ့ စိတ္စြမ္းအားကေတာ့ အထက္သန္ဆုံးရွိေနဖို႔ လိုအပ္တာပါ။ သူကေတာ့ ဒီအခ်က္ကို အေကာင္းဆုံးပိုင္ဆိုင္ထားသလို ေဘာလုံးေလာကမွာ သက္တမ္းအရွည္ဆုံး ကစားသြားႏိုင္ဖို႔ ပစ္မွတ္ထားေနသလို ဘယ္ကစားသမားမွ ေတာ္႐ုံလိုက္မလုပ္ႏိုင္တဲ့ သူ႔ရဲ႕စားေသာက္ေနထိုင္မႈပုံစံကေတာ့ အေတာ္ႀကီးထူးျခားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.