Premier League

ဆာလားရဲ႕ ေအးဂ်င့္ေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြ ပေဟဠိျဖစ္ခဲ့ရ

လီဗာပူးလ္ေရွ႕တန္းလူ မိုဟာမက္ ဆာလားရဲ႕ ေအးဂ်င့္ျဖစ္သူရဲ႕ တြစ္တာပုိ႔စ္ေတြေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ ပေဟဠိျဖစ္ခဲ့ရၿပီး ရာမီ အက္ဘတ္စ္တစ္ေယာက္ ဘာေတြကို ရည္ရြယ္ေနသလဲ မသိေပမယ့္ ပရိသတ္တခ်ဳိ႕ကေတာ့ သူ႕ရဲ႕ကစားသမားအေၾကာင္း အလြန္အက်ဴး ေျပာၾကားေနတာကို မႀကဳိက္ၾကဘူးလို႔ သိရပါတယ္။

ပရိသတ္ေတြအေနနဲ႔ မလိုအပ္ဘဲ ေရးသားေနတဲ့ ဆာလားရဲ႕ အခ်က္အလက္ေတြေၾကာင့္ အက္ဘတ္စ္ကို မန္ခ်က္စတာယူႏုိက္တက္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာလို ျဖစ္ခ်င္ေနတာလားလို႔ ေမးခြန္းထုတ္မွဳေတြလည္း ရွိခဲ့ၿပီး တခ်ဳိ႕ကေတာ့ ႏွစ္သိမ့္စကား ေျပာခဲ့ၾကပါတယ္။




ဘာေတြကို ေပါက္ကြဲေနမွန္း မသိတဲ့ အက္ဘတ္စ္က “၂၀၁၇-၁၈ မွာလည္း ဆာလားက အသင္းအတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းအမ်ားဆုံး၊ ၂၀၁၈-၁၉ မွာလည္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းအမ်ားဆုံး၊ ဒီရာသီမွာလည္း အသင္းအတြက္ ဂိုးသြင္းအမ်ားဆုံး”လို႔ ေရးသားခဲ့ၿပီး အန္းဖီးလ္ကို ေရာက္ကတည္းက ေရႊဖိနပ္ဆုနဲ႔ လြဲေခ်ာ္ခဲ့ဖူးျခင္းမရွိေသးဘူးလို႔လည္း ဆိုခဲ့ပါတယ္။

ဒါ့အျပင္ အက္ဘတ္စ္က ဒီလိုေတြ ေျခစြမ္းျပေနေပမယ့္ သူဟာ တုိက္စစ္မွဴးတစ္ေယာက္မဟုတ္ဘဲ ေတာင္ပံကစားသမားတစ္ေယာက္သာ ျဖစ္ေၾကာင္းလည္း ေထာက္ျပသြားခဲ့ၿပီး ပရိသတ္ေတြကေတာ့ သူ႕ရဲ႕ကစားသမားကို ပိုၿပီး တန္ဖိုးထားၾကဖို႔ ပ႐ိုမိုးရွင္းဆင္းေနတာလားလို႔ ေမးခြန္းထုတ္ခဲ့ၾကသလို ႐ိုင္ယိုလာလို႔ မလုပ္ဖို႔လည္း သတိေပးခဲ့ၾကပါတယ္။

ပရိသတ္ေတြကေတာ့ အက္ဘတ္စ္ကို မင္းအေနနဲ႔ ဆာလားအေၾကာင္း ဒီေလာက္ေျပာစရာမလုိဘူး၊ ငါတုိ႔ဟာ အတူတူရွိၿပီး သူဘယ္ေလာက္ ေကာင္းေၾကာင္းကိုလဲ သိပါတယ္လို႔ ႏွစ္သိမ့္ခဲ့ၾကၿပီး တခ်ဳိ႕ကေတာ့ မီႏုိ ႐ိုင္ယိုလာလို လုပ္ေဆာင္ေနတာကို ရပ္ၿပီး ကစားသမားကို လူမုန္းေအာင္ မလုပ္ဖို႔ သတိေပးခဲ့ၾကသလို အသင္းမွာ ဆက္ရွိေနေစၿပီး မေရာင္းခ်ဖို႔လည္း အသင္းကို တုိက္တြန္းခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်ရှေ့တန်းလူ မိုဟာမက် ဆာလားရဲ့ အေးဂျင့်ဖြစ်သူရဲ့ တွစ်တာပို့စ်တွေကြောင့် လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ပဟေဠိဖြစ်ခဲ့ရပြီး ရာမီ အက်ဘတ်စ်တစ်ယောက် ဘာတွေကို ရည်ရွယ်နေသလဲ မသိပေမယ့် ပရိသတ်တချို့ကတော့ သူ့ရဲ့ကစားသမားအကြောင်း အလွန်အကျူး ပြောကြားနေတာကို မကြိုက်ကြဘူးလို့ သိရပါတယ်။

ပရိသတ်တွေအနေနဲ့ မလိုအပ်ဘဲ ရေးသားနေတဲ့ ဆာလားရဲ့ အချက်အလက်တွေကြောင့် အက်ဘတ်စ်ကို မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ အေးဂျင့် မီနို ရိုင်ယိုလာလို ဖြစ်ချင်နေတာလားလို့ မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပြီး တချို့ကတော့ နှစ်သိမ့်စကား ပြောခဲ့ကြပါတယ်။




ဘာတွေကို ပေါက်ကွဲနေမှန်း မသိတဲ့ အက်ဘတ်စ်က “၂၀၁၇-၁၈ မှာလည်း ဆာလားက အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံး၊ ၂၀၁၈-၁၉ မှာလည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံး၊ ဒီရာသီမှာလည်း အသင်းအတွက် ဂိုးသွင်းအများဆုံး”လို့ ရေးသားခဲ့ပြီး အန်းဖီးလ်ကို ရောက်ကတည်းက ရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့ဖူးခြင်းမရှိသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။

ဒါ့အပြင် အက်ဘတ်စ်က ဒီလိုတွေ ခြေစွမ်းပြနေပေမယ့် သူဟာ တိုက်စစ်မှူးတစ်ယောက်မဟုတ်ဘဲ တောင်ပံကစားသမားတစ်ယောက်သာ ဖြစ်ကြောင်းလည်း ထောက်ပြသွားခဲ့ပြီး ပရိသတ်တွေကတော့ သူ့ရဲ့ကစားသမားကို ပိုပြီး တန်ဖိုးထားကြဖို့ ပရိုမိုးရှင်းဆင်းနေတာလားလို့ မေးခွန်းထုတ်ခဲ့ကြသလို ရိုင်ယိုလာလို့ မလုပ်ဖို့လည်း သတိပေးခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ အက်ဘတ်စ်ကို မင်းအနေနဲ့ ဆာလားအကြောင်း ဒီလောက်ပြောစရာမလိုဘူး၊ ငါတို့ဟာ အတူတူရှိပြီး သူဘယ်လောက် ကောင်းကြောင်းကိုလဲ သိပါတယ်လို့ နှစ်သိမ့်ခဲ့ကြပြီး တချို့ကတော့ မီနို ရိုင်ယိုလာလို လုပ်ဆောင်နေတာကို ရပ်ပြီး ကစားသမားကို လူမုန်းအောင် မလုပ်ဖို့ သတိပေးခဲ့ကြသလို အသင်းမှာ ဆက်ရှိနေစေပြီး မရောင်းချဖို့လည်း အသင်းကို တိုက်တွန်းခဲ့ကြတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.