Premier League

မန်ချက်စတာယူနိုက်တက်နဲ့ ၁၉ သင်းဖန်တွေ ထိတ်လန့်အံ့ဩစေဖို့ ဖီးလ်ဂျုံးစ် ပြန်လာတော့မလား

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဖီးလ် ဂျုံးစ်အနေနဲ့ သူ့ရဲ့ ၁၈ လတာ အနားယူခဲ့ရတဲ့ ဒူးဒဏ်ရာကနေ ပြန်လာနိုင်ဖို့ ကြံ့ခိုင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းရဲ့ ရာသီသစ် ပြင်ဆင်မှုတွေမှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လာဖို့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အသင်းကို ၂၀၁၁ ခုနှစ်ကတည်းက ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ခေါ်ယူမှုအဖြစ် ဂန္ထဝင်နည်းပြကြီးရဲ့ အမွေဖြစ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ သူ့ရဲ့ ကျောနံပါတ် ၄ ကိုလည်း ဘယ်သူ့မှ မပေးဘူးလို့ ဆုပ်ကိုင်ထားခဲ့ပြီး ဦးစားပေးအနေအထားမှာ ရှိနေတဲ့ ကစားသမားသစ် ရာဖေးလ် ဗာရွန်းတောင်မှ နံပါတ် ၁၉ ကိုပဲ ရယူသွားခဲ့ရတာလည်းဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ အကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုခံခဲ့ရဖူးတဲ့ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ဘန်လေနဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာ မိနစ် ၃၀ ဝင်ရောက်ကစားခဲ့ပြီး ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုကနေ ပြန်လာနိုင်ခဲ့သလို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက်တော့ သူ့ကို အစီအစဉ်တွေမှာ ဘယ်လိုထည့်သွင်းရမလဲဆိုတာ ခေါင်းစားစရာဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၂၄ ပွဲ ကစားထားပြီး ၆ ဂိုးသွင်းယူထားခဲ့သလို အသင်းအတွက် သွေးမြေကျတဲ့အထိ ပေးဆပ်ဖို့ အဆင်သင့်ရှိသူဖြစ်ပေမယ့် သူ့ရဲ့ အာရုံစူးစိုက်မှု၊ ပွဲအပေါ် ဖတ်ရှုနားလည်နိုင်မှုနဲ့ တည်ငြိမ်မှုတွေကတော့ ပြောစရာဖြစ်ခဲ့ပြီး တွဲဖက် ခရစ္စ စမောလင်းနဲ့ဆို ပရိသတ်တွေအားလုံး တုန်လှုပ်သွားခဲ့ကြရတဲ့အထိ ခံစစ်မှာ အမှားအယွင်းများခဲ့ကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘလက်ဘန်းနောက်ခံလူဟောင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်မှူးစာရင်းမှာ မက်ဂွိုင်းယား၊ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဘိုင်လီတို့ရဲ့နောက်မှာ ပဉ္စမဦးစားပေး ဗဟိုနောက်ခံလူအဖြစ် တန်းစီရမှာဖြစ်ပြီး ကစားခွင့်ရဖို့အတွက် နည်းပြ ဆိုးလ်ရှားရဲ့ အရန်အသင်းပွဲစဉ်တွေမှာ စမ်းသပ်မယ့် စာမေးပွဲတွေကိုလည်း ကျော်ဖြတ်ရဦးမှာဖြစ်ပါတယ်။

“ထရိန်နင်မှာ သူ့ရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတွေကတော့ သဘောကျစရာပါပဲ။ ဒါပေမယ့် သူ့အပေါ် ဝန်မပိစေဖို့တော့ လိုပါတယ်။ သူကတော့ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကျွန်တော်တို့ အလောတကြီးလုပ်ဆောင်ဖို့တော့ မသင့်ပါဘူး။ ပြောရရင်တော့ အရန်သင်းပွဲ၊ ယူ-၂၃ ပွဲ၊ ကွင်းပိတ်ခြေစမ်းပွဲတွေကို ဖြတ်ကျော်ပြီးမှ တစ်ဆင့်ချင်း တက်လှမ်းလာရပါလိမ့်မယ်”လို့ နည်းပြ ဆိုးလ်ရှားက ဖီးလ်ဂျုံးစ်အတွက် စကားဆိုခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့ရဲ့ အမေ့ခံ ကစားသမားကို မေ့လက်စနဲ့ မေ့ပစ်လိုက်ဖို့ ဆန္ဒရှိနေပြီး အစကတည်းကမှ အာရုံစူးစိုက်မှု အမြင့်မားဆုံးအနေအထားမှာ မရှိဘဲ အမှားလုပ်တတ်တဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားတစ်ယောက် ဖီးလ်ဂျုံးစ်နဲ့ဆို ကယောင်ကတမ်းတွေဖြစ်ကုန်တော့မှာ စိုးရိမ်နေကြသလို ကျန်တဲ့ ၁၉ သင်းပရိသတ်တွေကလည်း ဘယ်လိုအိုးနင်းခွက်နင်းတွေ မြင်ရဦးမလဲဆိုတာကို မျှော်လင့်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဖီးလ္ ဂ်ဳံးစ္အေနနဲ႔ သူ႔ရဲ႕ ၁၈ လတာ အနားယူခဲ့ရတဲ့ ဒူးဒဏ္ရာကေန ျပန္လာႏိုင္ဖို႔ ႀကံ့ခိုင္ေရး လုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္ေနၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာ အသင္းရဲ႕ ရာသီသစ္ ျပင္ဆင္မႈေတြမွာ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပါဝင္လာဖို႔ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

အသင္းကို ၂၀၁၁ ခုႏွစ္ကတည္းက ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေခၚယူမႈအျဖစ္ ဂႏၴဝင္နည္းျပႀကီးရဲ႕ အေမြျဖစ္ခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ သူ႔ရဲ႕ ေက်ာနံပါတ္ ၄ ကိုလည္း ဘယ္သူ႔မွ မေပးဘူးလို႔ ဆုပ္ကိုင္ထားခဲ့ၿပီး ဦးစားေပးအေနအထားမွာ ရွိေနတဲ့ ကစားသမားသစ္ ရာေဖးလ္ ဗာ႐ြန္းေတာင္မွ နံပါတ္ ၁၉ ကိုပဲ ရယူသြားခဲ့ရတာလည္းျဖစ္ပါတယ္။

ဖာဂူဆန္ရဲ႕ အေကာင္းဆုံးကစားသမားျဖစ္လာႏိုင္တယ္လို႔ မွတ္ခ်က္ျပဳခံခဲ့ရဖူးတဲ့ အဂၤလန္သားဟာ ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ ကြင္းပိတ္ေျခစမ္းပြဲမွာ မိနစ္ ၃၀ ဝင္ေရာက္ကစားခဲ့ၿပီး ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈကေန ျပန္လာႏိုင္ခဲ့သလို နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ေတာ့ သူ႔ကို အစီအစဥ္ေတြမွာ ဘယ္လိုထည့္သြင္းရမလဲဆိုတာ ေခါင္းစားစရာျဖစ္လာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ၂၂၄ ပြဲ ကစားထားၿပီး ၆ ဂိုးသြင္းယူထားခဲ့သလို အသင္းအတြက္ ေသြးေျမက်တဲ့အထိ ေပးဆပ္ဖို႔ အဆင္သင့္ရွိသူျဖစ္ေပမယ့္ သူ႔ရဲ႕ အာ႐ုံစူးစိုက္မႈ၊ ပြဲအေပၚ ဖတ္ရႈနားလည္ႏိုင္မႈနဲ႔ တည္ၿငိမ္မႈေတြကေတာ့ ေျပာစရာျဖစ္ခဲ့ၿပီး တြဲဖက္ ခရစၥ စေမာလင္းနဲ႔ဆို ပရိသတ္ေတြအားလုံး တုန္လႈပ္သြားခဲ့ၾကရတဲ့အထိ ခံစစ္မွာ အမွားအယြင္းမ်ားခဲ့ၾကတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဘလက္ဘန္းေနာက္ခံလူေဟာင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခံစစ္မႉးစာရင္းမွာ မက္ဂြိဳင္းယား၊ ဗာ႐ြန္း၊ လင္ဒီေလာ့ဖ္၊ ဘိုင္လီတို႔ရဲ႕ေနာက္မွာ ပၪၥမဦးစားေပး ဗဟိုေနာက္ခံလူအျဖစ္ တန္းစီရမွာျဖစ္ၿပီး ကစားခြင့္ရဖို႔အတြက္ နည္းျပ ဆိုးလ္ရွားရဲ႕ အရန္အသင္းပြဲစဥ္ေတြမွာ စမ္းသပ္မယ့္ စာေမးပြဲေတြကိုလည္း ေက်ာ္ျဖတ္ရဦးမွာျဖစ္ပါတယ္။

“ထရိန္နင္မွာ သူ႔ရဲ႕ ျပင္းျပင္းထန္ထန္ ႀကိဳးစားအားထုတ္မႈေတြကေတာ့ သေဘာက်စရာပါပဲ။ ဒါေပမယ့္ သူ႔အေပၚ ဝန္မပိေစဖို႔ေတာ့ လိုပါတယ္။ သူကေတာ့ ျပန္လာဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ ကြၽန္ေတာ္တို႔ အေလာတႀကီးလုပ္ေဆာင္ဖို႔ေတာ့ မသင့္ပါဘူး။ ေျပာရရင္ေတာ့ အရန္သင္းပြဲ၊ ယူ-၂၃ ပြဲ၊ ကြင္းပိတ္ေျခစမ္းပြဲေတြကို ျဖတ္ေက်ာ္ၿပီးမွ တစ္ဆင့္ခ်င္း တက္လွမ္းလာရပါလိမ့္မယ္”လို႔ နည္းျပ ဆိုးလ္ရွားက ဖီးလ္ဂ်ဳံးစ္အတြက္ စကားဆိုခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ အေမ့ခံ ကစားသမားကို ေမ့လက္စနဲ႔ ေမ့ပစ္လိုက္ဖို႔ ဆႏၵရွိေနၿပီး အစကတည္းကမွ အာ႐ုံစူးစိုက္မႈ အျမင့္မားဆုံးအေနအထားမွာ မရွိဘဲ အမွားလုပ္တတ္တဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားတစ္ေယာက္ ဖီးလ္ဂ်ဳံးစ္နဲ႔ဆို ကေယာင္ကတမ္းေတြျဖစ္ကုန္ေတာ့မွာ စိုးရိမ္ေနၾကသလို က်န္တဲ့ ၁၉ သင္းပရိသတ္ေတြကလည္း ဘယ္လိုအိုးနင္းခြက္နင္းေတြ ျမင္ရဦးမလဲဆိုတာကို ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.