Analysis Article Premier League

နာမည်ကြီးသလောက် ခံစားခွင့်မရှိဘဲ လစာနည်းပါးနေခဲ့တဲ့ ကမ္ဘာကျော် ၇ ဦး

ကမ္ဘာကျော်ဘောလုံးသမားဖြစ်လာရင်တော့ အားလုံးထက် ဝင်ငွေအကောင်းဆုံး အလုပ်တခုအဖြစ် ယူဆခံထားရပြီး သာမန်လူတွေ လိုက်မမီနိုင်တဲ့ ဝင်ငွေကလည်း အတော်လေး မက်မောဖွယ်ရာ ကောင်းလှပါတယ်။ ဒါပေမယ့် လုပ်ရတာနဲ့ ပြန်ရတာနဲ့ မတန်အောင်ဖြစ်နေပြီး ခြေစွမ်းပြသလောက် အကျိုးခံစားခွင့်မရှိတဲ့ လစာနည်း ကစားသမားတွေအတွက်ကတော့ မခံချင်စရာဖြစ်နေချိန်မှာ ဒီထဲကနေ အသင်းတွေဘက်က အမေ့ခံထားသူ ၇ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

ဒက်ကလန် ရိုက်စ် (ဝက်စ်ဟမ်း)
မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေက အပြိုင်လိုက်နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ Talk Sport နဲ့ The Sun သတင်းတွေရဲ့ ဖော်ပြချက်အရ တပတ်လုပ်ခ ပေါင် ၆၂၀၀၀ သာ ရရှိနေတယ်လို့ သိရပါတယ်။

ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်အဖျက်ကစားသမား စာရင်းမှာ ထည့်သွင်းခံထားရတဲ့ အင်္ဂလန်သားက ယူရို ၂၀၂၀ မှာလည်း အင်္ဂလန်လက်ရွေးစင်အတွက် ဗိုလ်လုပွဲအထိ ရောက်အောင် စွမ်းဆောင်ပေးခဲ့သလို ဟမ်းမားတို့ကတော့ သူ့ကို လစာနှစ်ဆပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေပါတယ်။

မက် တော်မီနေး (မန်ချက်စတာယူနိုက်တက်)
အကယ်ဒမီကနေ မန်ချက်စတာယူနိုက်တက်ရဲ့ စီနီယာအသင်းကြီးဆီ တိုးပေါက်လာခဲ့တဲ့ ကွင်းလယ်လူ မက်တော်မီနေးကတော့ တပတ်လုပ်ခ ပေါင် ၂ သောင်းသာ ရရှိရာကနေ ပေါင် ၇၂၀၀၀ အထိ တိုးမြင့်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပြီး သူ့အနေနဲ့ သရဲနီတို့အတွက် ၁၃၄ ပွဲကစားထားပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ပွဲထွက်တနေရာကို ရယူထားသူပါ။

ဒါပေမယ့် Sports Bible ရဲ့ ဖော်ပြချက်မှာတော့ လစာတိုးဖို့ မရှိသေးဘူးလို့ သိရပြီး ဖရက်ဒ်နဲ့အတူတွဲပြီး ခြေစွမ်းပြနေသလ်ု မက်ဖရက်ဒ်အတွဲအဖြစ် နာမည်ကောင်းနေချိန်မှာ ပွဲမကစားရဘဲ တပတ်ပေါင် ၇၅၀၀၀ ရနေတဲ့ ဖီးလ်ဂျုံးစ်နဲ့တော့ နှိုင်းယှဉ်မှုလည်း ရှိနေတာကြောင့် ယူနိုက်တက်တို့ဘက်က စီစဉ်ရဦးမှာပါ။

အန်ဒီ ရောဘတ်ဆန် (လီဗာပူးလ်)
လီဗာပူးလ်အသင်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ဖလားရော ဥရောပချန်ပီယံလိဂ်ဖလားပါ ဆွတ်ခူးထားပြီး နည်းပြ ယာဂန် ကလော့ပ်ရဲ့ ကစားကွက်မှာ အဓိကကျတဲ့ ဘယ်နောက်ခံလူအဖြစ် အသုံးတော်ခံနေတဲ့ စကော့တလန်သားကတော့ အန်းဖီးလ်ကွင်းမှာ တပတ်လုပ်ခ ပေါင် ၈၃၀၀၀ သာ ရရှိနေတာပါ။

အသင်းရဲ့ လစာအနိမ့်ပါးဆုံး ကစားသမားစာရင်းထဲလည်း ပါဝင်နေတဲ့ ရောဘတ်ဆန်ဟာ အရန်ခုံပေါ်က ရှာကျီရီ၊ ဒီဗော့ခ် အော်ရီဂီတို့ထက်ကို ခံစားခွင့် လျော့နည်းနေပြီး လီဗာပူးလ်ရဲ့ အောင်မြင်မှုမှာ အခရာကျခဲ့သူမို့ သူ့အတွက် ထိုက်တန်တဲ့ စာချုပ်နဲ့ လစာမျိုးရသင့်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေသလို ထရန့် အလက်ဇန်ဒါး အာနိုးလ်လို တပတ်ပေါင် ၆ သောင်းကနေ ၃ ဆပိုရခဲ့တဲ့ စာချုပ်မျိုးကိုလည်း မျှော်လင့်ခံထားရပါတယ်။

ဘူကာယို ဆာကာ (အာဆင်နယ်)
တပတ် ပေါင် ၃၀၀၀၀ သာ ရရှိနေတဲ့ အမ်းမရိတ် ငရုတ်သီးလေးရဲ့ လစာဟာ မကြာခင်ကပဲ သက်တမ်းတိုးထားတဲ့ စာချုပ်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ အနာဂတ်မှာ တောက်ပလာမယ့် ခြေစွမ်းခြေစကြောင့် အခုထက်ပိုကောင်းတဲ့ လုပ်ခမျိုးရသင့်တယ်လို့ မှတ်ချက်ပေးခံထားရပါတယ်။

ပြီးခဲ့တဲ့ရာသီက အီမီးလ် စမစ်ရိုးနဲ့ တွဲဖက်ပြီး အာဆင်နယ်နည်းပြ မီခေးလ် အာတီတာကို ထိုင်ခုံမလှုပ်အောင် ကယ်တင်ပေးခဲ့တဲ့ ၁၉ နှစ်သားလေးဟာ ပုံမှန်ပွဲကစားခွင့်တောင် အနိုင်နိုင်ဖြစ်နေတဲ့ အရန်ကစားသမား မိုဟာမက် အယ်လ်နန်နီ၊ ဆီဒရစ် ဆွာရက်စ်တို့ထက်လည်း လစာနည်းပါးနေလို့ မေးခွန်းထုတ်ခံထားရပါတယ်။

ဖီးလ် ဖိုဒန် (မန်ချက်စတာစီးတီး)
မန်စီးတီးအကယ်ဒမီထုတ်ကုန်လေးဟာ ဥရောပရဲ့ အလားအလာအကောင်းဆုံး ရွှေလူငယ်လေးလို့ ဂုဏ်ပြုခံထားရပြီး လက်ရှိမှာတော့ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ လက်အောက်မှာ ပထမလူစာရင်းထဲ အားကိုခံထားရပေမယ့် တပတ်ပေါင် ၂ သောင်း ၉ ထောင် ရရှိနေသေးတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာစီးတီးတာဝန်ရှိသူတွေက အင်္ဂလန်လူငယ်လေးကို ၂၀၂၇ ခုနှစ်အထိ အီတီဟတ်မှာ ထိန်းထားနိုင်မယ့် နှစ်ရှည်စာချုပ်သစ်တရပ်ကို ပြင်ဆင်နေပြီး အခုလစာကို ၃ ဆတိုးပေးသွားမှာဖြစ်သလို တရားဝင်ကြေငြာသွားဖို့တော့ အနည်းငယ်ကြာနေဦးမယ်လို့ သိရပါတယ်။

မေဆန်မောင့် (ချဲလ်ဆီး)
အင်္ဂလန်လက်ရွေးစင်နဲ့ ချဲလ်ဆီးအသင်းရဲ့ အဓိက ဖန်တီးမှု အင်အားဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ပတ်လုပ်ခ ပေါင် ၇၆၀၀၀ သာ ရရှိနေတယ်ဆိုတာကတော့ ရယ်စရာကောင်းသလိုဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းက ပြီးခဲ့တဲ့ ရာသီမှာ တူဟယ်လ်နဲ့အတူ ပြောင်းလဲသွားတဲ့ အသင်းနဲ့ ချန်ပီယံလိဂ်မှာလည်း တော်တော့်ကို အခရာရော အထာပါ ကျခဲ့သူပါ။

ဒါပေမယ့် ဘိုင်ယန်ရောက်မှာ ကြောက်လို့ လစာပစ်ပေးလိုက်ပြီး လက်ရှိမှာ ဘယ်ချောင်အိပ်နေမှန်းမသိတဲ့ CHO ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းနဲ့ ယှဉ်ရင် အခန်းကဏ္ဍနဲ့ လုပ်ခနှုန်းထားက တခြားစီဖြစ်နေပြီး အရန်ခုံ အပူပေးသူ တောင်ပံသမားရဲ့ ပေါင် ၁၂၀၀၀၀ ဆိုတဲ့ တစ်ပတ်စာငွေကို မေဆန်မောင့်အနေနဲ့ လိုက်မီသင့်တာတော့ ချဲလ်ဆီးတို့ စဉ်းစားသင့်နေတာပဲဖြစ်ပါတယ်။

ဆွန်ဟောင်မင် (တော့တင်ဟမ်ဟော့စပါးစ်)
ပေးရဖို့ဆို ကျစ်ထားပြီး ရဖို့ဆိုရင် ချစ်တီးထက်ဆိုးတဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ဟာရီကိန်းပြီးရင် အကောင်းဆုံးနဲ့ အတောက်ပဆုံးကြယ်ပွင့် ဆွန်ဟောင်မင်ရရှိနေတဲ့ တစ်ပတ်လုပ်ခက ပေါင် ၁၄၀၀၀၀ သာဖြစ်သလို သူ့ရဲ့ ခြေစွမ်းနဲ့ ယှဉ်ရင် နည်းပါးလွန်းတဲ့ လစာငွေဖြစ်နေပြီး သွင်းဂိုးတွေက လှောင်ပြောင်ပြနေပါလိမ့်မယ်။

အေးဂျင့်တောင်းပေးတိုင်းရတဲ့ လစာငွေစာရင်းမှာ အသင်းနဲ့ အခန်းကဏ္ဍမြင့်မားခြင်းမရှိဘဲ တစ်ပတ်ကို ပေါင်နှစ်သိန်း ရရှိနေတဲ့ ကွင်းလယ်အဖျက်ကစားသမား တွန်ဂီး အန်ဒွမ်ဘီလီနဲ့ ယှဉ်ကြည့်ရင် ဟောင်မင်အိုပါးရဲ့ ခံစားခွင့်က တော်တော်လေး မကျေနပ်စရာဖြစ်နေပြီး ဟာရီကိန်းသာ ထွက်ခွာသွားရင် အသင်းကို ဦးဆောင်ရမယ့်သူအတွက် နှစ်သိန်းအထက်မှာပဲ ဖြစ်သင့်နေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကမာၻေက်ာ္ေဘာလုံးသမားျဖစ္လာရင္ေတာ့ အားလုံးထက္ ဝင္ေငြအေကာင္းဆုံး အလုပ္တခုအျဖစ္ ယူဆခံထားရၿပီး သာမန္လူေတြ လိုက္မမီႏိုင္တဲ့ ဝင္ေငြကလည္း အေတာ္ေလး မက္ေမာဖြယ္ရာ ေကာင္းလွပါတယ္။ ဒါေပမယ့္ လုပ္ရတာနဲ႔ ျပန္ရတာနဲ႔ မတန္ေအာင္ျဖစ္ေနၿပီး ေျခစြမ္းျပသေလာက္ အက်ိဳးခံစားခြင့္မရွိတဲ့ လစာနည္း ကစားသမားေတြအတြက္ကေတာ့ မခံခ်င္စရာျဖစ္ေနခ်ိန္မွာ ဒီထဲကေန အသင္းေတြဘက္က အေမ့ခံထားသူ ၇ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

ဒက္ကလန္ ႐ိုက္စ္ (ဝက္စ္ဟမ္း)
မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔လို ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးေတြက အၿပိဳင္လိုက္ေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကေတာ့ Talk Sport နဲ႔ The Sun သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ တပတ္လုပ္ခ ေပါင္ ၆၂၀၀၀ သာ ရရွိေနတယ္လို႔ သိရပါတယ္။

ဥေရာပရဲ႕ အေကာင္းဆုံး ကြင္းလယ္အဖ်က္ကစားသမား စာရင္းမွာ ထည့္သြင္းခံထားရတဲ့ အဂၤလန္သားက ယူ႐ို ၂၀၂၀ မွာလည္း အဂၤလန္လက္ေ႐ြးစင္အတြက္ ဗိုလ္လုပြဲအထိ ေရာက္ေအာင္ စြမ္းေဆာင္ေပးခဲ့သလို ဟမ္းမားတို႔ကေတာ့ သူ႔ကို လစာႏွစ္ဆေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ေနပါတယ္။

မက္ ေတာ္မီေနး (မန္ခ်က္စတာယူႏိုက္တက္)
အကယ္ဒမီကေန မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စီနီယာအသင္းႀကီးဆီ တိုးေပါက္လာခဲ့တဲ့ ကြင္းလယ္လူ မက္ေတာ္မီေနးကေတာ့ တပတ္လုပ္ခ ေပါင္ ၂ ေသာင္းသာ ရရွိရာကေန ေပါင္ ၇၂၀၀၀ အထိ တိုးျမင့္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရၿပီး သူ႔အေနနဲ႔ သရဲနီတို႔အတြက္ ၁၃၄ ပြဲကစားထားၿပီး အသင္းရဲ႕ အေရးပါတဲ့ ကစားသမားအျဖစ္ ပြဲထြက္တေနရာကို ရယူထားသူပါ။

ဒါေပမယ့္ Sports Bible ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ လစာတိုးဖို႔ မရွိေသးဘူးလို႔ သိရၿပီး ဖရက္ဒ္နဲ႔အတူတြဲၿပီး ေျခစြမ္းျပေနသလ္ု မက္ဖရက္ဒ္အတြဲအျဖစ္ နာမည္ေကာင္းေနခ်ိန္မွာ ပြဲမကစားရဘဲ တပတ္ေပါင္ ၇၅၀၀၀ ရေနတဲ့ ဖီးလ္ဂ်ဳံးစ္နဲ႔ေတာ့ ႏႈိင္းယွဥ္မႈလည္း ရွိေနတာေၾကာင့္ ယူႏိုက္တက္တို႔ဘက္က စီစဥ္ရဦးမွာပါ။

အန္ဒီ ေရာဘတ္ဆန္ (လီဗာပူးလ္)
လီဗာပူးလ္အသင္းနဲ႔အတူ အဂၤလန္ပရီးမီးယားလိဂ္ဖလားေရာ ဥေရာပခ်န္ပီယံလိဂ္ဖလားပါ ဆြတ္ခူးထားၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ကစားကြက္မွာ အဓိကက်တဲ့ ဘယ္ေနာက္ခံလူအျဖစ္ အသုံးေတာ္ခံေနတဲ့ စေကာ့တလန္သားကေတာ့ အန္းဖီးလ္ကြင္းမွာ တပတ္လုပ္ခ ေပါင္ ၈၃၀၀၀ သာ ရရွိေနတာပါ။

အသင္းရဲ႕ လစာအနိမ့္ပါးဆုံး ကစားသမားစာရင္းထဲလည္း ပါဝင္ေနတဲ့ ေရာဘတ္ဆန္ဟာ အရန္ခုံေပၚက ရွာက်ီရီ၊ ဒီေဗာ့ခ္ ေအာ္ရီဂီတို႔ထက္ကို ခံစားခြင့္ ေလ်ာ့နည္းေနၿပီး လီဗာပူးလ္ရဲ႕ ေအာင္ျမင္မႈမွာ အခရာက်ခဲ့သူမို႔ သူ႔အတြက္ ထိုက္တန္တဲ့ စာခ်ဳပ္နဲ႔ လစာမ်ိဳးရသင့္တယ္လို႔လည္း ေဝဖန္မႈေတြ ရွိေနသလို ထရန႔္ အလက္ဇန္ဒါး အာႏိုးလ္လို တပတ္ေပါင္ ၆ ေသာင္းကေန ၃ ဆပိုရခဲ့တဲ့ စာခ်ဳပ္မ်ိဳးကိုလည္း ေမွ်ာ္လင့္ခံထားရပါတယ္။

ဘူကာယို ဆာကာ (အာဆင္နယ္)
တပတ္ ေပါင္ ၃၀၀၀၀ သာ ရရွိေနတဲ့ အမ္းမရိတ္ င႐ုတ္သီးေလးရဲ႕ လစာဟာ မၾကာခင္ကပဲ သက္တမ္းတိုးထားတဲ့ စာခ်ဳပ္ျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ အနာဂတ္မွာ ေတာက္ပလာမယ့္ ေျခစြမ္းေျခစေၾကာင့္ အခုထက္ပိုေကာင္းတဲ့ လုပ္ခမ်ိဳးရသင့္တယ္လို႔ မွတ္ခ်က္ေပးခံထားရပါတယ္။

ၿပီးခဲ့တဲ့ရာသီက အီမီးလ္ စမစ္႐ိုးနဲ႔ တြဲဖက္ၿပီး အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာကို ထိုင္ခုံမလႈပ္ေအာင္ ကယ္တင္ေပးခဲ့တဲ့ ၁၉ ႏွစ္သားေလးဟာ ပုံမွန္ပြဲကစားခြင့္ေတာင္ အႏိုင္ႏိုင္ျဖစ္ေနတဲ့ အရန္ကစားသမား မိုဟာမက္ အယ္လ္နန္နီ၊ ဆီဒရစ္ ဆြာရက္စ္တို႔ထက္လည္း လစာနည္းပါးေနလို႔ ေမးခြန္းထုတ္ခံထားရပါတယ္။

ဖီးလ္ ဖိုဒန္ (မန္ခ်က္စတာစီးတီး)
မန္စီးတီးအကယ္ဒမီထုတ္ကုန္ေလးဟာ ဥေရာပရဲ႕ အလားအလာအေကာင္းဆုံး ေ႐ႊလူငယ္ေလးလို႔ ဂုဏ္ျပဳခံထားရၿပီး လက္ရွိမွာေတာ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ပထမလူစာရင္းထဲ အားကိုခံထားရေပမယ့္ တပတ္ေပါင္ ၂ ေသာင္း ၉ ေထာင္ ရရွိေနေသးတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြက အဂၤလန္လူငယ္ေလးကို ၂၀၂၇ ခုႏွစ္အထိ အီတီဟတ္မွာ ထိန္းထားႏိုင္မယ့္ ႏွစ္ရွည္စာခ်ဳပ္သစ္တရပ္ကို ျပင္ဆင္ေနၿပီး အခုလစာကို ၃ ဆတိုးေပးသြားမွာျဖစ္သလို တရားဝင္ေၾကျငာသြားဖို႔ေတာ့ အနည္းငယ္ၾကာေနဦးမယ္လို႔ သိရပါတယ္။

ေမဆန္ေမာင့္ (ခ်ဲလ္ဆီး)
အဂၤလန္လက္ေ႐ြးစင္နဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက ဖန္တီးမႈ အင္အားဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တစ္ပတ္လုပ္ခ ေပါင္ ၇၆၀၀၀ သာ ရရွိေနတယ္ဆိုတာကေတာ့ ရယ္စရာေကာင္းသလိုျဖစ္ေနခဲ့ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းက ၿပီးခဲ့တဲ့ ရာသီမွာ တူဟယ္လ္နဲ႔အတူ ေျပာင္းလဲသြားတဲ့ အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာလည္း ေတာ္ေတာ့္ကို အခရာေရာ အထာပါ က်ခဲ့သူပါ။

ဒါေပမယ့္ ဘိုင္ယန္ေရာက္မွာ ေၾကာက္လို႔ လစာပစ္ေပးလိုက္ၿပီး လက္ရွိမွာ ဘယ္ေခ်ာင္အိပ္ေနမွန္းမသိတဲ့ CHO ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ယွဥ္ရင္ အခန္းက႑နဲ႔ လုပ္ခႏႈန္းထားက တျခားစီျဖစ္ေနၿပီး အရန္ခုံ အပူေပးသူ ေတာင္ပံသမားရဲ႕ ေပါင္ ၁၂၀၀၀၀ ဆိုတဲ့ တစ္ပတ္စာေငြကို ေမဆန္ေမာင့္အေနနဲ႔ လိုက္မီသင့္တာေတာ့ ခ်ဲလ္ဆီးတို႔ စဥ္းစားသင့္ေနတာပဲျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ (ေတာ့တင္ဟမ္ေဟာ့စပါးစ္)
ေပးရဖို႔ဆို က်စ္ထားၿပီး ရဖို႔ဆိုရင္ ခ်စ္တီးထက္ဆိုးတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ဟာရီကိန္းၿပီးရင္ အေကာင္းဆုံးနဲ႔ အေတာက္ပဆုံးၾကယ္ပြင့္ ဆြန္ေဟာင္မင္ရရွိေနတဲ့ တစ္ပတ္လုပ္ခက ေပါင္ ၁၄၀၀၀၀ သာျဖစ္သလို သူ႔ရဲ႕ ေျခစြမ္းနဲ႔ ယွဥ္ရင္ နည္းပါးလြန္းတဲ့ လစာေငြျဖစ္ေနၿပီး သြင္းဂိုးေတြက ေလွာင္ေျပာင္ျပေနပါလိမ့္မယ္။

ေအးဂ်င့္ေတာင္းေပးတိုင္းရတဲ့ လစာေငြစာရင္းမွာ အသင္းနဲ႔ အခန္းက႑ျမင့္မားျခင္းမရွိဘဲ တစ္ပတ္ကို ေပါင္ႏွစ္သိန္း ရရွိေနတဲ့ ကြင္းလယ္အဖ်က္ကစားသမား တြန္ဂီး အန္ဒြမ္ဘီလီနဲ႔ ယွဥ္ၾကည့္ရင္ ေဟာင္မင္အိုပါးရဲ႕ ခံစားခြင့္က ေတာ္ေတာ္ေလး မေက်နပ္စရာျဖစ္ေနၿပီး ဟာရီကိန္းသာ ထြက္ခြာသြားရင္ အသင္းကို ဦးေဆာင္ရမယ့္သူအတြက္ ႏွစ္သိန္းအထက္မွာပဲ ျဖစ္သင့္ေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.