Other Premier League Transfer News

ကိန်းဆိတ်သုဉ်းချိန်မှာ စပါးစ်ပရိသတ်တွေအတွက် ဆွန်က ဘာကြောင့်အားကိုးစရာဖြစ်လာသလဲ

ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ စပါးစ်အသင်းကနေ ထွက်ခွာလိုစိတ်ပြင်းပြနေပြီး မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကစားလိုနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ သူဆန္ဒပြငြင်းဆန်ထားတဲ့ အသင်းနဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပြန်လည်ပူးပေါင်းလာခဲ့ပြီဖြစ်ပေမယ့် မလေးမစား လုပ်ဆောင်ခဲ့တယ်လို့ ယူဆထားတဲ့ မြောက်လန်ဒန်ပရိသတ်တွေရဲ့ အချစ်တွေကတော့ ဆိတ်သုဥ်းခဲ့ပြီဖြစ်ပါတယ်။

ဒီနေရာမှာ စပါးစ်ဥက္ကဌလီဗိုင်းအနေနဲ့ ကိန်းရဲ့အထောင်တိုက်စစ်မှူးနေရာကို ဘယ်သူနဲ့ ရေရှည်အစားထိုးသွားမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချမှတ်သွားရဖွယ်ရှိနေပြီး မကြာခင်ကမှ ၄ နှစ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးထားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဆွန်ဟောင်မင်က အဖြေတခုဖြစ်လာဖွယ် ရှိနေပါတယ်။

ကိန်းဟာ ကြာသာပတေးနေ့မှာ ကစားမယ့် စပါးစ်အသင်းရဲ့ ယူရိုပါ ကွန်ဖရန့်စ်လိဂ်ပြိုင်ပွဲလူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် ဒါဟာ အချိန်မရွေး အပြောင်းအလဲတခုဖြစ်သွားနိုင်သလို ပါကို့စ်ဒက်စ်ဖာရဲရားနဲ့ပွဲမှာ ဝင်ကစားခွင့်ရခဲ့ရင်တောင်မှ သူ့ရဲ့စပါးစ်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လာဖို့လည်း ရှိနေသေးတာပါ။

မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ စပါးစ်အသင်းရဲ့လူစာရင်းမှာ ချန်လှပ်ခံထားရတဲ့ ကိန်းဟာ သူမရှိတဲ့ သူ့အသင်းဟာ လက်ရှိ EPL ချန်ပီယံအသင်းကို ဘယ်လိုသူတင်ကိုယ်တင်ယှဥ်ကစားနိုင်သလဲဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အင်္ဂလန်သားရဲ့ ဗဟိုတိုက်စစ်မှူးနေရာကို ဝင်ကစားသွားခဲ့ ဆွန်ဟောင်မင်ရဲ့ဂိုးနဲ့ပဲ စပါးစ်တို့ အနိုင်ရသွားခဲ့ပါတယ်။

” ကိန်းရေ… မင်းဒီပွဲကို ကြည့်နေရဲ့လားဟေ့” လို့ ဝှိုက်ဟတ်လိန်းကွင်းထဲမှာ စပါးစ်ပရိသတ်တွေရဲ့ မေတ္တာပို့သသံတွေကို ကိန်းတယောက် လက်ခံရရှိပြီးနောက်ပိုင်းမှာ ငယ်မွေးခြံပေါက်မဟုတ်ပေမယ့် အသင်းအပေါ် ကိန်းထက်ပိုချစ်ပြီး ပိုသစ္စာခံနိုင်တဲ့ ဆွန်ဟောင်မင်ကို အထောင်တိုက်စစ်မှူးနေရာမှာ အပိုင်စားနေရာပေးပြီး ပွဲထုတ်သွားဖို့လည်း တောင်းဆိုသွားခဲ့ကြတာပါ။

ဒါဟာ ပရိသတ်တွေရဲ့ဆန္ဒဖြစ်ပြီး ငြင်းပယ်လို့မရသလို ကိန်းရဲ့လုပ်ရပ်ကို စိတ်မပြေသေးတဲ့ ဥက္ကဋ္ဌ လီဗိုင်းကလည်း မန်စီးတီးကို ထုတ်မရောင်းခဲ့ရင်တောင်မှ အရင်လို ဖူးဖူးမှုတ်ခံဘဝကို ပြန်ပေးအပ်သွားဖို့ မရှိတော့သလို အီတီဟက်ဘက်က ကျေနပ်လောက်ဖွယ်ရာ ပေါင်သန်း ၁၅၀ ကို လုံးခနဲပေးရင်တော့ က,ပြီးတောင် လက်ခံသွားဖို့လည်းရှိနေကြောင်း သိရပါတယ်။

ဒီနေရာမှာတော့ ရာသီကြိုမှာ တောက်လျှောက်ခြေစွမ်းပြခဲ့သလို မန်စီးတီးကို တလုံးတည်းသော အနိုင်ဂိုးသွားခဲ့တဲ့အပြင် စပါးစ်အတွက် အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်ခဲ့တဲ့ ၅၅ ပွဲမှာ သွင်းဂိုး+ဖန်တီးမှုစုစုပေါင်း ၄၉ ဂိုးရယူထားတဲ့ ဆွန်ဟောင်မင်က ​ပရိသတ်တွေအတွက် မျှော်လင့်ချက်အသစ်တခုအဖြစ် အားကိုးစရာဖြစ်သွားခဲ့တာလည်း မဆန်းဘူးလို့ ဆိုရမှာပါ။

Tottenham’s Son Heung-min, left, and Tottenham’s Harry Kane celebrate at the end of the English Premier League soccer match between Southampton and Tottenham Hotspur at St. Mary’s Stadium in Southampton, England, Sunday, Sept. 20, 2020. (Justin Tallis/Pool via AP)

မြောက်လန်ဒန်ရဲ့နှလုံးသားတွေကို သိမ်းပိုက်လိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားသားက ကိန်းထက် အလုံးအထည်မလျော့ဘူးလို့ ယူဆခံထားရပြီး သူရဲ့အားသာချက်တွေဖြစ်တဲ့ လောင်မြိုက်နေတဲ့ ပြေးအား၊ ဘယ်ခြေညာခြေမရွေး ဂိုးသွင်းနိုင်စွမ်းအပြင် ပြိုင်ဘက်ဧရိယာထဲ တဦးချင်းတိုက်ပွဲမှာလည်း ကျော်ဖြတ်နိုင်စွမ်းတွေက သူ့ကို ယုံကြည်ရပြီး ပြီးပြည်စုံတဲ့ တိုက်စစ်မှူးအသွင်ပြောင်းလဲပေးလိုက်ပြီလို့ စိတ်ချခံထားရပါသေးတယ်။

ဒါကြောင့် ကိန်းဆိတ်သုဥ်းမယ့်ခေတ်မှာ မြောက်လန်ဒန်ရပ်ဝန်းမှာတော့ ဆွန်ရဲ့ ဘုန်းမီးနေလတောက်ပမှုတွေကို ဆက်လက်မျှော်လင့်စရာဖြစ်လာခဲ့ပြီး ဒီရာသီမှာ စပါးစ်နည်းပြ နူနို အက်စပီရီတို ဆန်းတို့စ်ပုံဖော်လို့ အသက်သွင်းသွားမယ့် ကစားကွက်မှာ အဓိကအထောင်တိုက်စစ်မှူးအဖြစ် အသုံးတော်ခံလာရဖို့ ရှိနေသလို ကိန်းမပါတဲ့အနာဂတ်သစ်မှာ ဘုရင်တပါးလို တင်မြှောက်ခံသွားဖို့ ရှိနေကြောင်းလည်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ငယ္ဘဝကလပ္အသင္းျဖစ္တဲ့ စပါးစ္အသင္းကေန ထြက္ခြာလိုစိတ္ျပင္းျပေနၿပီး မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ကစားလိုေနတဲ့ တိုက္စစ္မႉး ဟာရီကိန္းဟာ သူဆႏၵျပျငင္းဆန္ထားတဲ့ အသင္းနဲ႔ ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္လည္ပူးေပါင္းလာခဲ့ၿပီျဖစ္ေပမယ့္ မေလးမစား လုပ္ေဆာင္ခဲ့တယ္လို႔ ယူဆထားတဲ့ ေျမာက္လန္ဒန္ပရိသတ္ေတြရဲ႕ အခ်စ္ေတြကေတာ့ ဆိတ္သုဥ္းခဲ့ၿပီျဖစ္ပါတယ္။

ဒီေနရာမွာ စပါးစ္ဥကၠဌလီဗိုင္းအေနနဲ႔ ကိန္းရဲ႕အေထာင္တိုက္စစ္မႉးေနရာကို ဘယ္သူနဲ႔ ေရရွည္အစားထိုးသြားမလဲဆိုတဲ့ ဆုံးျဖတ္ခ်က္ကို အျမန္ဆုံးခ်မွတ္သြားရဖြယ္ရွိေနၿပီး မၾကာခင္ကမွ ၄ ႏွစ္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးထားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ဆြန္ေဟာင္မင္က အေျဖတခုျဖစ္လာဖြယ္ ရွိေနပါတယ္။

ကိန္းဟာ ၾကာသာပေတးေန႔မွာ ကစားမယ့္ စပါးစ္အသင္းရဲ႕ ယူ႐ိုပါ ကြန္ဖရန္႔စ္လိဂ္ၿပိဳင္ပြဲလူစာရင္းမွာ ေ႐ြးခ်ယ္ခံထားရေပမယ့္ ဒါဟာ အခ်ိန္မေ႐ြး အေျပာင္းအလဲတခုျဖစ္သြားႏိုင္သလို ပါကို႔စ္ဒက္စ္ဖာရဲရားနဲ႔ပြဲမွာ ဝင္ကစားခြင့္ရခဲ့ရင္ေတာင္မွ သူ႔ရဲ႕စပါးစ္ကစားသမားဘဝ ေနာက္ဆုံးပြဲျဖစ္လာဖို႔လည္း ရွိေနေသးတာပါ။

မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ပုဂၢိဳလ္ေရးအေၾကာင္းျပခ်က္နဲ႔ စပါးစ္အသင္းရဲ႕လူစာရင္းမွာ ခ်န္လွပ္ခံထားရတဲ့ ကိန္းဟာ သူမရွိတဲ့ သူ႔အသင္းဟာ လက္ရွိ EPL ခ်န္ပီယံအသင္းကို ဘယ္လိုသူတင္ကိုယ္တင္ယွဥ္ကစားႏိုင္သလဲဆိုတာ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရၿပီး အဂၤလန္သားရဲ႕ ဗဟိုတိုက္စစ္မႉးေနရာကို ဝင္ကစားသြားခဲ့ ဆြန္ေဟာင္မင္ရဲ႕ဂိုးနဲ႔ပဲ စပါးစ္တို႔ အႏိုင္ရသြားခဲ့ပါတယ္။

” ကိန္းေရ… မင္းဒီပြဲကို ၾကည့္ေနရဲ႕လားေဟ့” လို႔ ဝႈိက္ဟတ္လိန္းကြင္းထဲမွာ စပါးစ္ပရိသတ္ေတြရဲ႕ ေမတၱာပို႔သသံေတြကို ကိန္းတေယာက္ လက္ခံရရွိၿပီးေနာက္ပိုင္းမွာ ငယ္ေမြးၿခံေပါက္မဟုတ္ေပမယ့္ အသင္းအေပၚ ကိန္းထက္ပိုခ်စ္ၿပီး ပိုသစၥာခံႏိုင္တဲ့ ဆြန္ေဟာင္မင္ကို အေထာင္တိုက္စစ္မႉးေနရာမွာ အပိုင္စားေနရာေပးၿပီး ပြဲထုတ္သြားဖို႔လည္း ေတာင္းဆိုသြားခဲ့ၾကတာပါ။

ဒါဟာ ပရိသတ္ေတြရဲ႕ဆႏၵျဖစ္ၿပီး ျငင္းပယ္လို႔မရသလို ကိန္းရဲ႕လုပ္ရပ္ကို စိတ္မေျပေသးတဲ့ ဥကၠ႒ လီဗိုင္းကလည္း မန္စီးတီးကို ထုတ္မေရာင္းခဲ့ရင္ေတာင္မွ အရင္လို ဖူးဖူးမႈတ္ခံဘဝကို ျပန္ေပးအပ္သြားဖို႔ မရွိေတာ့သလို အီတီဟက္ဘက္က ေက်နပ္ေလာက္ဖြယ္ရာ ေပါင္သန္း ၁၅၀ ကို လုံးခနဲေပးရင္ေတာ့ က,ၿပီးေတာင္ လက္ခံသြားဖို႔လည္းရွိေနေၾကာင္း သိရပါတယ္။

ဒီေနရာမွာေတာ့ ရာသီႀကိဳမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပခဲ့သလို မန္စီးတီးကို တလုံးတည္းေသာ အႏိုင္ဂိုးသြားခဲ့တဲ့အျပင္ စပါးစ္အတြက္ အေထာင္တိုက္စစ္မႉးအျဖစ္ ပြဲထြက္ခဲ့တဲ့ ၅၅ ပြဲမွာ သြင္းဂိုး+ဖန္တီးမႈစုစုေပါင္း ၄၉ ဂိုးရယူထားတဲ့ ဆြန္ေဟာင္မင္က ​ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္အသစ္တခုအျဖစ္ အားကိုးစရာျဖစ္သြားခဲ့တာလည္း မဆန္းဘူးလို႔ ဆိုရမွာပါ။

Tottenham’s Son Heung-min, left, and Tottenham’s Harry Kane celebrate at the end of the English Premier League soccer match between Southampton and Tottenham Hotspur at St. Mary’s Stadium in Southampton, England, Sunday, Sept. 20, 2020. (Justin Tallis/Pool via AP)

ေျမာက္လန္ဒန္ရဲ႕ႏွလုံးသားေတြကို သိမ္းပိုက္လိုက္ၿပီျဖစ္တဲ့ ေတာင္ကိုရီးယားသားက ကိန္းထက္ အလုံးအထည္မေလ်ာ့ဘူးလို႔ ယူဆခံထားရၿပီး သူရဲ႕အားသာခ်က္ေတြျဖစ္တဲ့ ေလာင္ၿမိဳက္ေနတဲ့ ေျပးအား၊ ဘယ္ေျခညာေျခမေ႐ြး ဂိုးသြင္းႏိုင္စြမ္းအျပင္ ၿပိဳင္ဘက္ဧရိယာထဲ တဦးခ်င္းတိုက္ပြဲမွာလည္း ေက်ာ္ျဖတ္ႏိုင္စြမ္းေတြက သူ႔ကို ယုံၾကည္ရၿပီး ၿပီးျပည္စုံတဲ့ တိုက္စစ္မႉးအသြင္ေျပာင္းလဲေပးလိုက္ၿပီလို႔ စိတ္ခ်ခံထားရပါေသးတယ္။

ဒါေၾကာင့္ ကိန္းဆိတ္သုဥ္းမယ့္ေခတ္မွာ ေျမာက္လန္ဒန္ရပ္ဝန္းမွာေတာ့ ဆြန္ရဲ႕ ဘုန္းမီးေနလေတာက္ပမႈေတြကို ဆက္လက္ေမွ်ာ္လင့္စရာျဖစ္လာခဲ့ၿပီး ဒီရာသီမွာ စပါးစ္နည္းျပ ႏူႏို အက္စပီရီတို ဆန္းတို႔စ္ပုံေဖာ္လို႔ အသက္သြင္းသြားမယ့္ ကစားကြက္မွာ အဓိကအေထာင္တိုက္စစ္မႉးအျဖစ္ အသုံးေတာ္ခံလာရဖို႔ ရွိေနသလို ကိန္းမပါတဲ့အနာဂတ္သစ္မွာ ဘုရင္တပါးလို တင္ေျမႇာက္ခံသြားဖို႔ ရွိေနေၾကာင္းလည္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.