Premier League

တစ်သက်လုံးအတွက် ရည်ရွယ်ပြီး ပြန်လာခဲ့တာဆိုတဲ့ နံပါတ် ၉ ပိုင်ရှင် လူကာကူးရဲ့စကား

ချဲလ်ဆီးအသင်းကို အင်တာမီလန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကတော့ သူဟာ ဒီအသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်ရောက်လာခဲ့တာဟာ တစ်သက်လုံးအတွက် စိတ်နှလုံးကို ရင်းနှီးမြှုပ်နှံပြီး ရောက်ရှိလာတာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ထွားကျိုင်းမြင့်မားတဲ့ တိုက်စစ်မှူးကြီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းသစ်နဲ့အတူ ထရိန်နင် စတင်ဆင်းခဲ့ပြီဖြစ်ပြီး အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ တမ်မီ အေဘရာဟမ်ရဲ့ ကျောနံပါတ် ၉ ကိုလည်း စောင့်ဆိုင်းရယူသွားခဲ့သလို ရာသီသစ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန် ဖမ်းစားနိုင်ဖို့လည်း ရည်ရွယ်နေပါတယ်။

“ဒီအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာက ကျွန်တော့်ဘဝအတွက် မှန်ကန်တဲ့ ပြောင်းရွှေ့မှုပါပဲ။ ပိုမိုတိုးပွားလာခဲ့တဲ့ ရင့်ကျက်မှုနဲ့ အတွေ့အကြုံတွေက ချဲလ်ဆီးအသင်းကို အကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။ နည်းပြအနေနဲ့ အသင်းအတွက် မတူကွဲပြားတဲ့ အားဖြည့်မှုမျိုး အလိုရှိနေချိန်မှာ ကျွန်တော်ဟာ အသင်းက လက်ရှိကစားသမားတွေထက် ထူးခြားတာမျိုးကို ပြသနိုင်ပါလိမ့်မယ်”လို့ လူကာကူးက ဆိုလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ဘယ်လ်ဂျီယမ်သားရဲ့ အတွေ့အကြုံ၊ အင်တိုက်အားတိုက် ကစားပုံနဲ့ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့အတိုင်း ဂိုးသွင်းနှုန်းကောင်းကောင်းတွေကို အလိုရှိနေတာဖြစ်ပြီး သုံးပွဲကို နှစ်ဂိုးသွင်းယူနိုင်တဲ့ တစ်ပွဲပျမ်းမျှ ၀.၆၇ ဂိုး ရှာဖွေမှုကိုလည်း လက်ရှိ ဟင်ဟာတောက်ကျွတ် တီမို ဗာနာရဲ့နေရာမှာ အစားထိုးသွားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ဘာကိုမှ ထပ်ပြီး သက်သေပြစရာမရှိတော့ဘူးလို့တော့ ထင်တာပါပဲ။ အခု အတွေ့အကြုံကလည်း တော်တော်စုံနေပြီလို့ ပြောရမှာပေါ့လေ။ နည်းဗျူဟာပိုင်းထက် နည်းစနစ်ပိုင်းကို တိတိကျကျ လုပ်ဆောင်တဲ့ နေရာမှာ သွားကစားခဲ့ပြီးပြီဆိုတော့ ဒါတွေကို အခြေခံပြီး ပရီးမီးယားလိဂ်မှာ ပိုခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်နေပါတယ်”

“အီတလီမှာ ကစားခဲ့ရတဲ့ မိနစ်တစ်မိနစ်ချင်းကိုလည်း သဘောကျမိပြီး အဲ့ဒီမှာ ကစားခဲ့ရတာက ကျွန်တော့်ကို ပိုမိုပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်စေပါတယ်။ ပရီးမီးယားလိဂ်ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေဖြစ်ပြီး ပိုကောင်းလာတဲ့ ကစားသမားတွေကြားမှာ စိန်ခေါ်မှုတွေအတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပြီလို့ ပြောချင်ပါတယ်”လို့ လူကာကူးက ပရိသတ်တွေဆီ သတင်းစကားပေးလိုက်တာပါ။

စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ နံပါတ် ၉ တိုက်စစ်မှူးသစ် ဖြစ်လာခဲ့တဲ့ လူကာကူးကို စောင့်ကြည့်သူတွေနဲ့ ပရိသတ်တွေက အနည်းဆုံးအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ ဂိုးသွင်းနှုန်းထက် ပိုမိုရရှိနိုင်ဖို့ မျှော်လင့်ထားကြပြီး ဘယ်လ်ဂျီယမ်သားကြီးအနေနဲ့ လာမယ့် ဆူပါဆန်းဒေး အာဆင်နယ်နဲ့ပွဲစဉ်ကစလို့ သက်သေပြဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကို အင္တာမီလန္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ တစ္ေက်ာ့ျပန္ ေရာက္ရွိလာခဲ့တဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကေတာ့ သူဟာ ဒီအသင္းနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ ျပန္ေရာက္လာခဲ့တာဟာ တစ္သက္လုံးအတြက္ စိတ္ႏွလုံးကို ရင္းႏွီးျမႇဳပ္ႏွံၿပီး ေရာက္ရွိလာတာ ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔က အင္တာဗ်ဴးမွာ ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ထြားက်ိဳင္းျမင့္မားတဲ့ တိုက္စစ္မႉးႀကီးဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က အသင္းသစ္နဲ႔အတူ ထရိန္နင္ စတင္ဆင္းခဲ့ၿပီျဖစ္ၿပီး အသင္းကေန ထြက္ခြာသြားခဲ့တဲ့ တမ္မီ ေအဘရာဟမ္ရဲ႕ ေက်ာနံပါတ္ ၉ ကိုလည္း ေစာင့္ဆိုင္းရယူသြားခဲ့သလို ရာသီသစ္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို တစ္ေက်ာ့ျပန္ ဖမ္းစားႏိုင္ဖို႔လည္း ရည္႐ြယ္ေနပါတယ္။

“ဒီအသင္းကို ျပန္လည္ေရာက္ရွိလာခဲ့တာက ကြၽန္ေတာ့္ဘဝအတြက္ မွန္ကန္တဲ့ ေျပာင္းေ႐ႊ႕မႈပါပဲ။ ပိုမိုတိုးပြားလာခဲ့တဲ့ ရင့္က်က္မႈနဲ႔ အေတြ႕အႀကဳံေတြက ခ်ဲလ္ဆီးအသင္းကို အက်ိဳးျပဳႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ေနပါတယ္။ နည္းျပအေနနဲ႔ အသင္းအတြက္ မတူကြဲျပားတဲ့ အားျဖည့္မႈမ်ိဳး အလိုရွိေနခ်ိန္မွာ ကြၽန္ေတာ္ဟာ အသင္းက လက္ရွိကစားသမားေတြထက္ ထူးျခားတာမ်ိဳးကို ျပသႏိုင္ပါလိမ့္မယ္”လို႔ လူကာကူးက ဆိုလိုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ဘယ္လ္ဂ်ီယမ္သားရဲ႕ အေတြ႕အႀကဳံ၊ အင္တိုက္အားတိုက္ ကစားပုံနဲ႔ အင္တာမီလန္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့အတိုင္း ဂိုးသြင္းႏႈန္းေကာင္းေကာင္းေတြကို အလိုရွိေနတာျဖစ္ၿပီး သုံးပြဲကို ႏွစ္ဂိုးသြင္းယူႏိုင္တဲ့ တစ္ပြဲပ်မ္းမွ် ၀.၆၇ ဂိုး ရွာေဖြမႈကိုလည္း လက္ရွိ ဟင္ဟာေတာက္ကြၽတ္ တီမို ဗာနာရဲ႕ေနရာမွာ အစားထိုးသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ ဘာကိုမွ ထပ္ၿပီး သက္ေသျပစရာမရွိေတာ့ဘူးလို႔ေတာ့ ထင္တာပါပဲ။ အခု အေတြ႕အႀကဳံကလည္း ေတာ္ေတာ္စုံေနၿပီလို႔ ေျပာရမွာေပါ့ေလ။ နည္းဗ်ဴဟာပိုင္းထက္ နည္းစနစ္ပိုင္းကို တိတိက်က် လုပ္ေဆာင္တဲ့ ေနရာမွာ သြားကစားခဲ့ၿပီးၿပီဆိုေတာ့ ဒါေတြကို အေျခခံၿပီး ပရီးမီးယားလိဂ္မွာ ပိုေျခစြမ္းျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္”

“အီတလီမွာ ကစားခဲ့ရတဲ့ မိနစ္တစ္မိနစ္ခ်င္းကိုလည္း သေဘာက်မိၿပီး အဲ့ဒီမွာ ကစားခဲ့ရတာက ကြၽန္ေတာ့္ကို ပိုမိုျပည့္စုံတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေစပါတယ္။ ပရီးမီးယားလိဂ္ကိုလည္း မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနျဖစ္ၿပီး ပိုေကာင္းလာတဲ့ ကစားသမားေတြၾကားမွာ စိန္ေခၚမႈေတြအတြက္ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာခ်င္ပါတယ္”လို႔ လူကာကူးက ပရိသတ္ေတြဆီ သတင္းစကားေပးလိုက္တာပါ။

စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ နံပါတ္ ၉ တိုက္စစ္မႉးသစ္ ျဖစ္လာခဲ့တဲ့ လူကာကူးကို ေစာင့္ၾကည့္သူေတြနဲ႔ ပရိသတ္ေတြက အနည္းဆုံးအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ ျပသခဲ့တဲ့ ေျခစြမ္းနဲ႔ ဂိုးသြင္းႏႈန္းထက္ ပိုမိုရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ထားၾကၿပီး ဘယ္လ္ဂ်ီယမ္သားႀကီးအေနနဲ႔ လာမယ့္ ဆူပါဆန္းေဒး အာဆင္နယ္နဲ႔ပြဲစဥ္ကစလို႔ သက္ေသျပဖို႔ အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.