Premier League

ျမန္ျမန္ျပန္ကစားတာ ေကာင္းေပမယ့္ က်န္းမာေရးလိုအပ္ခ်က္ေတြကို ထည့္ထြက္ဖို႔ လာေပါ့တ္ သတိေပး

မန္ခ်က္စတာစီးတီးေနာက္ခံလူ ေအးမရစ္ လာေပါ့တ္က ပရီးမီးယားလိဂ္ကို အျမန္ဆုံး ျပန္လည္ကစားႏုိင္ဖို႔ လုပ္ေဆာင္ေနတာကို သေဘာက်ေပမယ့္ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ လိုအပ္ခ်က္ေတြ၊ စည္းမ်ဥ္းစည္းကမ္း ခ်မွတ္ထားမွဳေတြကိုေတာ့ ကၽြမ္းက်င္သူေတြထံကေန အတိအက် လုိက္နာသင့္တယ္လုိ႔ ဆုိလိုက္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဘီလ္ဘာအုိေနာက္ခံလူေဟာင္းက ေဘာလုံးေလာကအေနနဲ႔ ျပန္လည္ကစားဖို႔ဆုိရင္ ကၽြမ္းက်င္သူေတြဆီက ေဘးကင္းစိတ္ခ်ရေၾကာင္း ေထာက္ခံခ်က္ကို ရယူသင့္တယ္လို႔လည္း ဆုိခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ Project Restart အတြက္ စိတ္အားထက္သန္တဲ့ ပုံစံထက္ စိုးရိမ္တဲ့ ပုံစံကိုပဲ ျပသသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္အေနနဲ႔ လာမယ့္ဇြန္လအတြင္းမွာ လက္က်န္ပြဲစဥ္ေတြကို ျပန္လည္က်င္းပႏုိင္ဖို႔ စီစဥ္လုပ္ေဆာင္ေနၿပီး ၿပဳိင္ပြဲဝင္အသင္းေတြရဲ႕ ကြင္းေတြထဲက ႀကီးမားၿပီး လုံၿခဳံစိတ္ခ်ရသလို ခ်မွတ္ထားတဲ့ ေဘးကင္းေရးမူဝါဒေတြနဲ႔ ကိုက္ညီမယ့္ ကြင္း ၈ ကြင္း သို႔မဟုတ္ ၁၀ ကြင္းမွာပဲ က်င္းပဖို႔ ရည္ရြယ္ထားပါတယ္။

“ကၽြန္ေတာ္တုိ႔အတြက္ေတာ့ တစ္ပတ္အတြင္း ျပန္စတာနဲ႔ တစ္လအတြင္း ျပန္စတာက ကြာေတာ့ ကြာတာေပါ့ေလ။ အျမန္ဆုံးျပန္စတာက ေကာင္းေပမယ့္ အားလုံးက်န္းမာဖို႔ကေတာ့ ပုိၿပီး အေရးပါပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ ကၽြမ္းက်င္သူေတြက ဘာေျပာမလဲဆုိတာကိုပဲ ေစာင့္ေမွ်ာ္ေနပါတယ္။ သူတုိ႔ေတြဟာ ကိုယ့္အလုပ္ကုိယ္ အေကာင္းဆုံးလုပ္ေနၾကသူေတြျဖစ္ၿပီး ျဖစ္သင့္တာကို ဆုံးျဖတ္ေပးၾကပါလိမ့္မယ္”လုိ႔ လာေပါ့တ္က ဆုိပါတယ္။

ျပင္သစ္လက္ေရြးစင္ေနာက္ခံလူက သူ႕အေနနဲ႔ တကယ္တမ္းေတာ့ ေဘာလုံးကစားရတာကို လြမ္းေနၿပီျဖစ္ၿပီး သူ႕ဘဝမွာ ဒီေလာက္ၾကာေအာင္ မကစားဘဲ မေနဖူးေၾကာင္း၊ ျမက္ခင္းျပင္ေတြေပၚကို ျပန္လည္ေျခခ်ဖို႔နဲ႔ ခ်န္ပီယံလိဂ္ကို ျပန္လည္ကစားခြင့္ကိုလည္း အျမန္ဆုံး ရရွိခ်င္ေၾကာင္း ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာက အိမ္မွာ ခ်စ္သူရယ္၊ ေၾကာင္တစ္ေကာင္ရယ္နဲ႔ပဲ ေနရတာ အရမ္းပ်င္းဖို႔ေကာင္းေၾကာင္းလည္း ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးနောက်ခံလူ အေးမရစ် လာပေါ့တ်က ပရီးမီးယားလိဂ်ကို အမြန်ဆုံး ပြန်လည်ကစားနိုင်ဖို့ လုပ်ဆောင်နေတာကို သဘောကျပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ၊ စည်းမျဉ်းစည်းကမ်း ချမှတ်ထားမှုတွေကိုတော့ ကျွမ်းကျင်သူတွေထံကနေ အတိအကျ လိုက်နာသင့်တယ်လို့ ဆိုလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘီလ်ဘာအိုနောက်ခံလူဟောင်းက ဘောလုံးလောကအနေနဲ့ ပြန်လည်ကစားဖို့ဆိုရင် ကျွမ်းကျင်သူတွေဆီက ဘေးကင်းစိတ်ချရကြောင်း ထောက်ခံချက်ကို ရယူသင့်တယ်လို့လည်း ဆိုခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ Project Restart အတွက် စိတ်အားထက်သန်တဲ့ ပုံစံထက် စိုးရိမ်တဲ့ ပုံစံကိုပဲ ပြသသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ လာမယ့်ဇွန်လအတွင်းမှာ လက်ကျန်ပွဲစဉ်တွေကို ပြန်လည်ကျင်းပနိုင်ဖို့ စီစဉ်လုပ်ဆောင်နေပြီး ပြိုင်ပွဲဝင်အသင်းတွေရဲ့ ကွင်းတွေထဲက ကြီးမားပြီး လုံခြုံစိတ်ချရသလို ချမှတ်ထားတဲ့ ဘေးကင်းရေးမူဝါဒတွေနဲ့ ကိုက်ညီမယ့် ကွင်း ၈ ကွင်း သို့မဟုတ် ၁၀ ကွင်းမှာပဲ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။

“ကျွန်တော်တို့အတွက်တော့ တစ်ပတ်အတွင်း ပြန်စတာနဲ့ တစ်လအတွင်း ပြန်စတာက ကွာတော့ ကွာတာပေါ့လေ။ အမြန်ဆုံးပြန်စတာက ကောင်းပေမယ့် အားလုံးကျန်းမာဖို့ကတော့ ပိုပြီး အရေးပါပါတယ်။ ကျွန်တော်တို့ကတော့ ကျွမ်းကျင်သူတွေက ဘာပြောမလဲဆိုတာကိုပဲ စောင့်မျှော်နေပါတယ်။ သူတို့တွေဟာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နေကြသူတွေဖြစ်ပြီး ဖြစ်သင့်တာကို ဆုံးဖြတ်ပေးကြပါလိမ့်မယ်”လို့ လာပေါ့တ်က ဆိုပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူက သူ့အနေနဲ့ တကယ်တမ်းတော့ ဘောလုံးကစားရတာကို လွမ်းနေပြီဖြစ်ပြီး သူ့ဘဝမှာ ဒီလောက်ကြာအောင် မကစားဘဲ မနေဖူးကြောင်း၊ မြက်ခင်းပြင်တွေပေါ်ကို ပြန်လည်ခြေချဖို့နဲ့ ချန်ပီယံလိဂ်ကို ပြန်လည်ကစားခွင့်ကိုလည်း အမြန်ဆုံး ရရှိချင်ကြောင်း ပြောကြားခဲ့ပြီး မန်ချက်စတာက အိမ်မှာ ချစ်သူရယ်၊ ကြောင်တစ်ကောင်ရယ်နဲ့ပဲ နေရတာ အရမ်းပျင်းဖို့ကောင်းကြောင်းလည်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.