Other Leagues Premier League

အာဆင်နယ်ပစ်မှတ်ဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်လိမ့်မယ်လို့ ချီးကျူးခဲ့တဲ့ ဂန္ထဝင်နောက်ခံလူ

အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ ဖီယင်နု လူငယ်ကွင်းလယ်လူ အော်ကွန် ကော့ချူးဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပြီး သွားရောက်ကစားတာနဲ့ အောင်မြင်မှု ရရှိမှာဖြစ်တယ်လို့ ဒတ်ခ်ျဂန္ထဝင်နောက်ခံလူ ယာ့ပ် စတမ်းက ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဗီ၊ မန်ချက်စတာယူနိုက်တက်၊ လာဇီယို၊ အေစီမီလန်နဲ့ အိုင်းယက်စ်အသင်းတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဒတ်ခ်ျဂန္ထဝင်ဟာ ဖီယင်နုအသင်းကို ၂၀၁၉ ခုနှစ်ထဲမှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်ပြီး ၁၈ ပွဲ ကိုင်တွယ်ပြီးချိန်မှာတော့ အသင်းကနေ နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။



ဒါ့အပြင် စတမ်းက သူ့ရဲ့အသက်အရွယ်နဲ့ တည်ဆောက်ပုံကြောင့် ဖီယင်နုမှာ ကစားခွင့် မရချိန်မှာ သူကတော့ ယုံကြည်ခဲ့လို့ နေရာပေးခဲ့ပြီး အသင်းကြီးမှာ ကစားစေခဲ့ကြောင်း၊ အခုတော့ သူဟာ ဒတ်ခ်ျလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ ဖီယင်နု လူငယ်ကွင်းလယ်လူ အော်ကွန် ကော့ချူးဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပြီး သွားရောက်ကစားတာနဲ့ အောင်မြင်မှု ရရှိမှာဖြစ်တယ်လို့ ဒတ်ချ်ဂန္ထဝင်နောက်ခံလူ ယာ့ပ် စတမ်းက ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဗီ၊ မန်ချက်စတာယူနိုက်တက်၊ လာဇီယို၊ အေစီမီလန်နဲ့ အိုင်းယက်စ်အသင်းတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဒတ်ချ်ဂန္ထဝင်ဟာ ဖီယင်နုအသင်းကို ၂၀၁၉ ခုနှစ်ထဲမှာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်ပြီး ၁၈ ပွဲ ကိုင်တွယ်ပြီးချိန်မှာတော့ အသင်းကနေ နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

စတမ်းက သူတို့ရဲ့ တူရကီလူငယ်ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်မှာဖြစ်ကြောင်းနဲ့ သူဟာ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သင်ယူလိုစိတ်ရှိသူ၊ အမြဲတမ်းတိုးတက်အောင် ကြိုးစားနေသူဖြစ်လို့ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်သူလည်းဖြစ်တယ်လို့ ပြောပါတယ်။

“သူ့ကိုယ်သူ ကျေနပ်ပြီး ပျော်နေတာမျိုး မတွေ့ရဖူးဘူးဗျ။ သူဂိုးမသွင်းနိုင်ရင်၊ ဒါမှမဟုတ် သူ့ရဲ့ ပေးပို့မှုတွေက ထိရောက်မှု မရှိခဲ့ရင် စိတ်ပျက်နေတတ်တယ်။ ဒါကလည်း သူ့ရဲ့ ပိုကောင်းအောင် ကြိုးစားချင်စိတ်ကြောင့်ဖြစ်မှာပါ။ ပရီးမီးယားလိဂ်ကို သွားမယ်ဆိုရင်တော့ သူ့အနေနဲ့ အသားကျဖို့ ကြိုတင်ပြင်ဆင်ရနိုင်ပြီး အမြန်နှုန်းနဲ့ ကြံ့ခိုင်မှုတွေကို ပိုတွက်ထားရပါလိမ့်မယ်”လို့ စတမ်းက ဆိုပါတယ်။

ဒါ့အပြင် စတမ်းက သူ့ရဲ့အသက်အရွယ်နဲ့ တည်ဆောက်ပုံကြောင့် ဖီယင်နုမှာ ကစားခွင့် မရချိန်မှာ သူကတော့ ယုံကြည်ခဲ့လို့ နေရာပေးခဲ့ပြီး အသင်းကြီးမှာ ကစားစေခဲ့ကြောင်း၊ အခုတော့ သူဟာ ဒတ်ချ်လိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.