Bundesliga Match Report Other

ဘိုင်ယန်၃-၁ ဒေါ့မန် ပြည်တွင်းဆူပါဖလားလုပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ ချက်

ဒေါ့မန်ကို အမှားတွေလုပ်စေခဲ့တဲ့ ဘိုင်ယန်

ရာသီကြိုပြင်ဆင်မှုတွေမှာ အားရစရာမရှိခဲ့သလို ဘွန်ဒက်လီဂါအဖွင့်ပွဲမှာ မိုချန်ဂလာဘတ်ကို သရေသာရခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာဒီနေ့ပွဲမှာတော့ ပုံမှန်ခြေစွမ်းကို ပြန်ရလာခဲ့တယ်။ ဆစ်ဂနယ် အီဒူနာကွင်းထဲမှာ နည်းပြ နာဂယ်စ်မန်းရဲ့ လုပ်ပုံကိုင်ပုံတွေကို ပွဲကြည့်စင်မှာ ရှိနေတဲ့ ဘိုင်ယန်အမှုဆောင်ချုပ် အိုလီဗာခန်းကလည်း စောင့်ကြည့်နေခဲ့တာပါ။

တန်ပိုအမြင့်နှုန်းနဲ့ ကစားသွားတဲ့ ဘိုင်ယန်က ဒေါ့မန်ကို အမှားတွေကျူးလွန်စေခဲ့ပြီး ပွဲအစ ၁၅ မိနစ်မှာတင် ကင်စလေ ကိုးမန်းရဲ့ အဖွင့်ဂိုးကို ရခဲ့တာက အကျိုးဖြစ်ခဲ့သလို ဂိုးသမား နော်ယာရဲ့လက်စွမ်းပြ ကာကွယ်မှုတွေကလည်း အတော်လေးအဖိုးတန်ခဲ့ပြီး ဘွန်ဒက်လီဂါဖလားကို ၁၀ နှစ်ဆက် ရယူမယ့် ဂျာမန်ဘီလူးကြီးရဲ့ အိပ်မက်တွေလည်း ဆက်လက်ရှင်သန်လာခဲ့ပါတယ်။

လီဗန်ဒေါ့ဗ်စကီး ၂-၀ ဟာလန်း

ဒီပွဲမစခင်မှာ ကွယ်လွန်သူ ဘိုင်ယန်ဂန္ထဝင်တိုက်စစ်မှူးကြီး ဂတ်မူလာအတွက် ဆုတောင်းဂုဏ်ပြုသွားခဲ့ကြပြီး လီဗန်ဒေါ့ဗ်စကီးနဲ့ ဟာလန်းတို့ရဲ့တိုက်ပွဲကလည်း အထူးအာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ၅ မိနစ်မှာပဲ မန်နူယယ်လ် အာကန်ဂျီရဲ့ အမှားကနေဆင့် ပိုလန်သားရဲ့ဂိုးနဲ့ ဘိုင်ယန်တို့ ဆက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဟာလန်းကတော့ အချိတ်အဆက်မမိတဲ့ တိုက်စစ်မှာ အထီးကျန်နေခဲ့ပြီး ဘိုင်ယန်ဂိုးပေါက်နဲ့ စိတ်ကောက်နေခဲ့သလို ဖြစ်နေခဲ့သလို နော်ယာရဲ့ကာကွယ်မှုတွေကြောင့်လည်း နစ်နာခဲ့ပါသေးတယ်။ လူငယ်လေး နော်ဝေသားခြေစွမ်းမပြနိုင်ချိန်မှာ အသက် ၃၂ နှစ်သား လီဗန်ဒေါ့ဗ်စကီးကတော့ တဦးတည်း ၂ ဂိုးသွင်းယူသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဖရန့်ဖတ်ကို နိုင်သလို ပြန်မလုပ်ပြနိုင်ခဲ့တဲ့ ဒေါ့မန်နည်းပြ မာကိုရို့စ်ဆာ

ဒေါ့မန်နည်းပြ မာကိုရို့စ်ကတော့ ပြီးခဲ့တဲ့ ဖရန့်ဖတ်နဲ့ပွဲစဥ်မှာ ၅-၂ နဲ့ ဂိုးပြတ်ခြေပြတ်ကစားခဲ့သလိုမျိုး ဘိုင်ယန်ကိုတော့ မစွမ်းနိုင်ခဲ့တာ တွေ့ရပြီး ခံစစ်ပိုင်းက အမှားအယွင်းတွေများသလို မတ်ဟမ်းမဲလ်စ်နဲ့ ရာဖေးလ် ဂွာရဲရိုးတို့ရဲ့ ဗဟိုခံစစ်အတွဲက ဟာကွက်တွေများနေခဲ့တာပါ။

ပထမပိုင်းက ဘိုင်ယန်တိုက်စစ်ရဲ့ ၆၀ ရာခိုင်နှုန်းက အားပျော့နေတဲ့ ဖဲလစ် ပက်စ်လက်ခ်ရဲ့အခြမ်းကနေ ပစ်မှတ်ထားထိုးဖောက်ခဲ့တာဖြစ်ပြီး ၇၅ မိနစ်မှာ အသင်းခေါင်းဆောင် မာကိုရူးစ်ရဲ့ ချေပဂိုးကြောင့် အိမ်ရှင်ပရိသတ်တွေ ပျော်ရွှင်ခဲ့ရပေမယ့် အရန်ခုံထလာတဲ့ လူသစ်တောင်ပံတိုက်စစ်မှူး ဒွန်ညယ် မာလန်ကလည်း ခြေမပေါ်ခဲ့သလို နောက်တပတ် ဖရိုင်းဘတ်နဲ့ ကစားရမယ့်ပွဲစဥ်မှာ နည်းပြ မာကိုရို့စ်တယောက် ဖိအားများသွားခဲ့ပြီလို့ ဆိုရမှာပါ။

သာမန်လူတွေကြားထဲ နတ်ဘုရားတပါးအလား လက်စွမ်းပြတဲ့ နွိုင်ယာ

ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ ဂိုးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျာမန်သားကတော့ ဒီနေ့ပွဲမှာ မကုန်ခမ်းသေးတဲ့ သူ့လက်စွမ်းတွေကို နတ်ဘုရားတပါးအလား ထုတ်ပြသွားခဲ့ပြီး ဘိုင်ယန်ရဲ့ အနိုင် ၃ မှတ်မှာ အတော်လေးအရေးပါခဲ့တဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၁၉ မိနစ်မှာ မာကိုရူးစ်ရဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ဂိုးရနိုင်မယ့် ကန်သွင်းချက်ကို ခြေစွမ်းပြ ကာကွယ်ပေးသွားခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်း ဂိုးမပေးရပဲ တစ်ဂိုးသက်သာခဲ့ပါတယ်။ပွဲချိန် ၁၉ မိနစ်မှာ မာကိုရူးစ်ရဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်ဂိုးရနိုင်မယ့် ကန်သွင်းချက်ကို ခြေစွမ်းပြ ကာကွယ်ပေးသွားခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်း ဂိုးမပေးရပဲ တစ်ဂိုးသက်သာခဲ့ပါတယ်။

ဟာလန်းကို ကောင်းကောင်းထိန်းသွားတဲ့ အူပါမီကာနို+နစ်ကလပ်စ် ဆူလားအတွဲ

ပြောစရာမလိုဘဲ အတွဲအဖက်မိနေတဲ့ ဘိုင်ယန်ဗဟိုခံစစ်က အူပါမီကာနို+နစ်ကလပ်စ် ဆူလား အတွဲရဲ့ နားလည်မှုက ဒီပွဲရဲ့အသက်လို့လည်း ဆိုနိုင်ပြီး ကြံ့ခိုင်မှုပိုင်းအရရော လျင်မြန်မှုပိုင်းအရပါ အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ချိတ်ဆက်ပြီး ဂိုးမုဆိုး ဟာလန်းကို အပိုင်နိုင်ဆုံး ထိန်းချုပ်ကစားပြသွားခဲ့တာပါ။

ဆန်ချိုကို မေ့လိုက်လို့ရပြီ
ဒေါ့မန်ရဲ့ ခံစစ်က ဗွေဖောက်ခဲ့သလောက် တိုက်စစ်ပိုင်းက​တော့ အထူးချီးကျူးစရာဖြစ်ခဲ့ပြီး နည်းပြ မာကိုရို့စ်တယောက် ကျေနပ်ရတဲ့ ကစားပုံဖြစ်ခဲ့သလို အိုးထရက်ဖို့ဒ်မှာ နားခိုရာရှာသွားတဲ့ ဂျေဒန် ဆန်ချိူကို မေ့လိုက်လို့ရပြီဖြစ်သလို နွိုင်ယာရဲ့လက်စွမ်းကြောင့်သာ မဟုတ်ရင် လီဗန်ဒေါ့ဗ်စကီးရဲ့ ခေါင်းတိုက်ဂိုးမတိုင်မီ ဒေါ့မန်တို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်စွမ်းအထိ တိုက်စစ်ကစားအားက ထိရောက်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.