Other Leagues Premier League

ေႏြရာသီမွာ ဆဲလ္တစ္တုိက္စစ္မွဴးကို ေပါင္သန္း ၂၀ ေလာက္နဲ႔ ေခၚယူႏုိင္မယ့္ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေဆာင္းရာသီကတည္းက ဆက္သြယ္ေနခဲ့တဲ့ တုိက္စစ္ပစ္မွတ္ ေအာ့ဒ္ဆြန္း ေအဒူယာကို လက္ရွိ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးက်ဆင္းမွဳအေျခအေနေတြအရ လာမယ့္ ေႏြရာသီမွာ ေပါင္သန္း ၂၀ ေလာက္နဲ႔ ေခၚယူႏိုင္ဖို႔ ရွိေနပါတယ္။

ဆဲလ္တစ္အသင္းအေနနဲ႔လည္း လက္ရွိအခ်ိန္မွာ ေဘာလုံးပြဲေတြ ရပ္နားခဲ့ရတာေၾကာင့္ ကြင္းဝင္ေၾကး၊ ႐ုပ္သံအစရွိတဲ့ ဝင္ေငြေတြ အထိနာခဲ့တဲ့အသင္းေတြထဲက တစ္သင္းျဖစ္တာေၾကာင့္ အရင္ကေလာက္ေတာ့ သူတုိ႔ရဲ႕ ျပင္သစ္တုိက္စစ္မွဴးကို ေဈးကိုင္ထားဖို႔ မလြယ္ကူဘူးလို႔ ဆဲလ္တစ္ တုိက္စစ္မွဴးေဟာင္းတစ္ဦးက ဆုိပါတယ္။

ဖရန္႔ မက္ဂါဗီလို႔ အမည္ရတဲ့ တုိက္စစ္မွဴးေဟာင္းက ဆဲလ္တစ္အေနနဲ႔ လက္ရွိအခ်ိန္မွာ ေအဒူယာအတြက္ ေပါင္သန္း ၂၀ ေပးလာတဲ့ အသင္းကို ေရာင္းထုတ္ခဲ့မယ္ဆုိရင္ သူအံ့ၾသမွာ မဟုတ္ဘူးလို႔ ဆုိခဲ့ၿပီး ေဈးကြက္ဖြင့္ခ်ိန္မွာ သူတုိ႔ေတြအေနနဲ႔ အသင္းရဲ႕ ဘဏၰာေရးကို ထိန္းညႇိဖို႔ လုပ္ေဆာင္သြားရမွာျဖစ္ေၾကာင္း သုံးသပ္ခဲ့ပါတယ္။

မက္ဂါဗီက ေအဒူယာကို ၾကည့္ရတာဟာ တစ္ခ်ိန္က ဆဲလ္တစ္အသင္းကေန အာဆင္နယ္ကို ေျပာင္းေရႊ႕သြားခဲ့တဲ့ တုိက္စစ္မွဴးေဟာင္း ခ်ာလီ နစ္ကိုလတ္စ္ (Sky Sports တင္ဆက္သူအျဖစ္ လုပ္ကိုင္ေနသူ)ကို ျပန္ၾကည့္ရသလိုမ်ဳိး နီးနီးစပ္စပ္တူေၾကာင္းလည္း ဆုိခဲ့ၿပီး ေဘာလုံးကို ေျခထဲမွာ အေကာင္းဆုံးကစားႏုိင္တဲ့ အရည္အခ်င္းကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဆဲလ္တစ္အသင္းအတြက္ ဒီရာသီမွာ ၄၅ ပြဲကစား ၂၇ ဂိုး သြင္းယူၿပီး ၁၉ ဂိုး ဖန္တီးထားခဲ့တဲ့ ေအဒူယာရဲ႕ မွတ္တမ္းဟာ ၿပဳိင္ဘက္ ရိန္းဂ်ားစ္တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ ဂ်ာမိန္း ဒီဖိုးနဲ႔ အဲလ္ဖရက္ဒို ေမာ္လီယို႔စ္တုိ႔ထက္ အျပတ္အသတ္ ႏွစ္ဆအထိ အသာရခဲ့တာျဖစ္ၿပီး စေကာ့တလန္ ပရီးမီးယားလိဂ္မွာ တစ္လတာအေကာင္းဆုံးဆုကိုလည္း ႏွစ္ႀကိမ္ဆြတ္ခူးထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဆောင်းရာသီကတည်းက ဆက်သွယ်နေခဲ့တဲ့ တိုက်စစ်ပစ်မှတ် အော့ဒ်ဆွန်း အေဒူယာကို လက်ရှိ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးကျဆင်းမှုအခြေအနေတွေအရ လာမယ့် နွေရာသီမှာ ပေါင်သန်း ၂၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

ဆဲလ်တစ်အသင်းအနေနဲ့လည်း လက်ရှိအချိန်မှာ ဘောလုံးပွဲတွေ ရပ်နားခဲ့ရတာကြောင့် ကွင်းဝင်ကြေး၊ ရုပ်သံအစရှိတဲ့ ဝင်ငွေတွေ အထိနာခဲ့တဲ့အသင်းတွေထဲက တစ်သင်းဖြစ်တာကြောင့် အရင်ကလောက်တော့ သူတို့ရဲ့ ပြင်သစ်တိုက်စစ်မှူးကို ဈေးကိုင်ထားဖို့ မလွယ်ကူဘူးလို့ ဆဲလ်တစ် တိုက်စစ်မှူးဟောင်းတစ်ဦးက ဆိုပါတယ်။

ဖရန့် မက်ဂါဗီလို့ အမည်ရတဲ့ တိုက်စစ်မှူးဟောင်းက ဆဲလ်တစ်အနေနဲ့ လက်ရှိအချိန်မှာ အေဒူယာအတွက် ပေါင်သန်း ၂၀ ပေးလာတဲ့ အသင်းကို ရောင်းထုတ်ခဲ့မယ်ဆိုရင် သူအံ့သြမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပြီး ဈေးကွက်ဖွင့်ချိန်မှာ သူတို့တွေအနေနဲ့ အသင်းရဲ့ ဘဏ္ဏာရေးကို ထိန်းညှိဖို့ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

မက်ဂါဗီက အေဒူယာကို ကြည့်ရတာဟာ တစ်ချိန်က ဆဲလ်တစ်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ချာလီ နစ်ကိုလတ်စ် (Sky Sports တင်ဆက်သူအဖြစ် လုပ်ကိုင်နေသူ)ကို ပြန်ကြည့်ရသလိုမျိုး နီးနီးစပ်စပ်တူကြောင်းလည်း ဆိုခဲ့ပြီး ဘောလုံးကို ခြေထဲမှာ အကောင်းဆုံးကစားနိုင်တဲ့ အရည်အချင်းကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ဆဲလ်တစ်အသင်းအတွက် ဒီရာသီမှာ ၄၅ ပွဲကစား ၂၇ ဂိုး သွင်းယူပြီး ၁၉ ဂိုး ဖန်တီးထားခဲ့တဲ့ အေဒူယာရဲ့ မှတ်တမ်းဟာ ပြိုင်ဘက် ရိန်းဂျားစ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဂျာမိန်း ဒီဖိုးနဲ့ အဲလ်ဖရက်ဒို မော်လီယို့စ်တို့ထက် အပြတ်အသတ် နှစ်ဆအထိ အသာရခဲ့တာဖြစ်ပြီး စကော့တလန် ပရီးမီးယားလိဂ်မှာ တစ်လတာအကောင်းဆုံးဆုကိုလည်း နှစ်ကြိမ်ဆွတ်ခူးထားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.