Premier League

၃.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၁၂ ရက္၊ တနဂၤေႏြေန႔။

၃.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၁၂ ရက္၊ တနဂၤေႏြေန႔၊ ဝါရမိတၱဳငယ္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၁၀:၀၈ အထိ တိထီ ၁၀ လုံး။ ေက်ာ္လွ်င္ ၁၁ လုံး။ ၁၀ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၁ လုံးတြင္ မတယုဂ္၊ လုပ္ငန္းသစ္မ်ား မစတင္ရ၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာအလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၂:၄၁ အထိ ျပဳဗၺဖလဂုဏီနကၡတ္။ ေက်ာ္လွ်င္ ဥတၱရဖလဂုဏီနကၡတ္။ ေန႔လယ္ ၁၃:၀၇ အထိ ဓူဝယုဂ္၊ တည္ၿငိမ္ျခင္း၊ အင္အားရွိျခင္း၊ တစ္သမတ္တည္း ျဖစ္ျခင္း၊ မိမိအား အက်ဳိးေပးလ်က္ရွိေသာ လုပ္ငန္းကို ျမႇင့္တင္ပါ။ သန္ရာသန္ရာ ဖိဖိစီးစီး ေဆာင္ရြက္ပါ။ ေက်ာ္လွ်င္ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၀၈ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၄၃ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏိုင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
နံနက္ ၁၀:၀၈ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၃.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ တနင်္ဂနွေနေ့၊ ဝါရမိတ္တုငယ်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၁၀:၀၈ အထိ တိထီ ၁၀ လုံး။ ကျော်လျှင် ၁၁ လုံး။ ၁၀ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၁ လုံးတွင် မတယုဂ်၊ လုပ်ငန်းသစ်များ မစတင်ရ၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသောအလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၂:၄၁ အထိ ပြုဗ္ဗဖလဂုဏီနက္ခတ်။ ကျော်လျှင် ဥတ္တရဖလဂုဏီနက္ခတ်။ နေ့လယ် ၁၃:၀၇ အထိ ဓူဝယုဂ်၊ တည်ငြိမ်ခြင်း၊ အင်အားရှိခြင်း၊ တစ်သမတ်တည်း ဖြစ်ခြင်း၊ မိမိအား အကျိုးပေးလျက်ရှိသော လုပ်ငန်းကို မြှင့်တင်ပါ။ သန်ရာသန်ရာ ဖိဖိစီးစီး ဆောင်ရွက်ပါ။ ကျော်လျှင် ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၀၈ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၄၃ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
နံနက် ၁၀:၀၈ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)