La Liga Ligue1 Premier League Serie A Transfer News

ဖာဘရီဇီယို ရိုမာနိုပြောတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းများ

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နွေရာသီမှာ သို့လောသို့လောဖြစ်နေပြီး ဂျူဗင်တပ်စ်နဲ့ ဒီတစ်ရာသီမှာ ရှေ့ဆက်သွားမှာလားဆိုတဲ့ သတင်းတွေကို ဖြေရှင်းဖို့ စကိုင်းစပို့စ်နဲ့ လက်တွဲလုပ်ကိုင်လေ့ရှိတဲ့ အီတလီနာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက သူ တူရင်ကို ရောက်နေတယ်ဆိုပြီး နောက်ဆုံး Update တွေကို ထုတ်ပြန်လိုက်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အနာဂတ် ဘာဆက်ဖြစ်မှာလဲ?
– ဂျူဗင်တပ်စ်အသင်းဘုတ်အဖွဲ့ဘက်က မပြောင်းမလဲ ပြောထားတာကတော့ CR7 အနေနဲ့ အသင်းမှာ ဆက်နေပြီး ဒီရာသီလူစာရင်းရဲ့ အစိတ်အပိုင်းတစ်ပိုင်းဖြစ်ဖို့ပါ။

– ဒါပေမယ့် ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမယ့် ပေါ်တူဂီသားကြီးရဲ့ စာချုပ်ကြောင့် သူ့ကို ပြောင်းရွှေ့ကြေးရနိုင်တုန်းမှာ ထုတ်ရောင်းသွားဖို့ ခန့်မှန်းချက်တွေရှိနေသလို စာချုပ်သစ်အတွက်လည်း ကမ်းလှမ်းမှု ရမထားတာကြောင့် ခန့်မှန်းချက်တွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူသွားဖို့ မရှိဘူးလို့ သိရပြီး သူတို့ရဲ့ ဒီနွေရာသီပစ်မှတ်ဟာ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းပဲဖြစ်တယ်လို့ အတိအလင်းဆိုထားတာသလို လက်ရှိအချိန်အထိ သူ့ကို လက်မလျှော့ဘဲ ကမ်းလှမ်းနေတာဖြစ်ပါတယ်။

– ပီအက်စ်ဂျီအသင်းအနေနဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူအပြီးမှာ ဒီနွေအပြောင်းအရွှေ့အတွက် ရော်နယ်လ်ဒိုလိုမျိုး ကြီးကြီးမားမား ကစားသမားအပြောင်းအရွှေ့ကို လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုနိုင်ပြီဖြစ်သလို ဘာကမ်းလှမ်းမှုမှလည်း ရှိမနေတာပါ။

– ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့အသံတွေထွက်နေတဲ့ ခီလီယန် အမ်ဘာပေနေရာမှာ အစားထိုးဖို့ဆိုတာလည်း အသင်းဥက္ကဋ္ဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီအနေနဲ့ ပြင်သစ်တိုက်စစ်မှူးကို ဒီနွေမှာ ဆက်လက်ထိန်းသိမ်းဖို့ ခိုင်ခိုင်မာမာ ကိုင်စွဲသွားမှာဖြစ်ပြီး မသကာ စာချုပ်သစ် မချုပ်နိုင်ရင် နွေရာသီမှာ အလွတ်ထွက်ခွာခွင့်ပြုဖို့ပဲ ရှိနေပါတယ်။

– အယ်လ်ချီရင်ဂီတိုတီဗီရဲ့ သတင်းထောက် အီဒူး အယ်လ်ဂီရီကတော့ ရီးရဲလ်မက်ဒရစ်နည်းပြသစ် တစ်ကျော့ပြန်ဖြစ်လာတဲ့ ကာလို အန်ချယ်လော့တီအနေနဲ့ ရော်နယ်လ်ဒိုကို ဘာနေဗျူးမှာ နောက်တစ်ကြိမ် လာကစားစေဖို့ အလိုရှိနေတယ်လို့ သိရပေမယ့် အာဏာရှင်လို အရာအားလုံးကို ချုပ်ကိုင်ထားတတ်တဲ့ ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ အဆုံးအဖြတ်ကပဲ အဓိကကျမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHTOOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေႏြရာသီမွာ သို႔ေလာသို႔ေလာျဖစ္ေနၿပီး ဂ်ဴဗင္တပ္စ္နဲ႔ ဒီတစ္ရာသီမွာ ေရွ႕ဆက္သြားမွာလားဆိုတဲ့ သတင္းေတြကို ေျဖရွင္းဖို႔ စကိုင္းစပို႔စ္နဲ႔ လက္တြဲလုပ္ကိုင္ေလ့ရွိတဲ့ အီတလီနာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက သူ တူရင္ကို ေရာက္ေနတယ္ဆိုၿပီး ေနာက္ဆုံး Update ေတြကို ထုတ္ျပန္လိုက္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္ ဘာဆက္ျဖစ္မွာလဲ?
– ဂ်ဴဗင္တပ္စ္အသင္းဘုတ္အဖြဲ႕ဘက္က မေျပာင္းမလဲ ေျပာထားတာကေတာ့ CR7 အေနနဲ႔ အသင္းမွာ ဆက္ေနၿပီး ဒီရာသီလူစာရင္းရဲ႕ အစိတ္အပိုင္းတစ္ပိုင္းျဖစ္ဖို႔ပါ။

– ဒါေပမယ့္ ၂၀၂၂ ေႏြရာသီမွာ ကုန္ဆုံးမယ့္ ေပၚတူဂီသားႀကီးရဲ႕ စာခ်ဳပ္ေၾကာင့္ သူ႔ကို ေျပာင္းေ႐ႊ႕ေၾကးရႏိုင္တုန္းမွာ ထုတ္ေရာင္းသြားဖို႔ ခန႔္မွန္းခ်က္ေတြရွိေနသလို စာခ်ဳပ္သစ္အတြက္လည္း ကမ္းလွမ္းမႈ ရမထားတာေၾကာင့္ ခန႔္မွန္းခ်က္ေတြ ထြက္လာခဲ့တာျဖစ္ပါတယ္။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေခၚယူသြားဖို႔ မရွိဘူးလို႔ သိရၿပီး သူတို႔ရဲ႕ ဒီေႏြရာသီပစ္မွတ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းပဲျဖစ္တယ္လို႔ အတိအလင္းဆိုထားတာသလို လက္ရွိအခ်ိန္အထိ သူ႔ကို လက္မေလွ်ာ့ဘဲ ကမ္းလွမ္းေနတာျဖစ္ပါတယ္။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီကို ေခၚယူအၿပီးမွာ ဒီေႏြအေျပာင္းအေ႐ႊ႕အတြက္ ေရာ္နယ္လ္ဒိုလိုမ်ိဳး ႀကီးႀကီးမားမား ကစားသမားအေျပာင္းအေ႐ႊ႕ကို လုပ္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုႏိုင္ၿပီျဖစ္သလို ဘာကမ္းလွမ္းမႈမွလည္း ရွိမေနတာပါ။

– ရီးရဲလ္မက္ဒရစ္နဲ႔ အေျပာင္းအေ႐ႊ႕အသံေတြထြက္ေနတဲ့ ခီလီယန္ အမ္ဘာေပေနရာမွာ အစားထိုးဖို႔ဆိုတာလည္း အသင္းဥကၠ႒ နက္ဆာ အယ္လ္ခယ္လိုင္ဖီအေနနဲ႔ ျပင္သစ္တိုက္စစ္မႉးကို ဒီေႏြမွာ ဆက္လက္ထိန္းသိမ္းဖို႔ ခိုင္ခိုင္မာမာ ကိုင္စြဲသြားမွာျဖစ္ၿပီး မသကာ စာခ်ဳပ္သစ္ မခ်ဳပ္ႏိုင္ရင္ ေႏြရာသီမွာ အလြတ္ထြက္ခြာခြင့္ျပဳဖို႔ပဲ ရွိေနပါတယ္။

– အယ္လ္ခ်ီရင္ဂီတိုတီဗီရဲ႕ သတင္းေထာက္ အီဒူး အယ္လ္ဂီရီကေတာ့ ရီးရဲလ္မက္ဒရစ္နည္းျပသစ္ တစ္ေက်ာ့ျပန္ျဖစ္လာတဲ့ ကာလို အန္ခ်ယ္ေလာ့တီအေနနဲ႔ ေရာ္နယ္လ္ဒိုကို ဘာေနဗ်ဴးမွာ ေနာက္တစ္ႀကိမ္ လာကစားေစဖို႔ အလိုရွိေနတယ္လို႔ သိရေပမယ့္ အာဏာရွင္လို အရာအားလုံးကို ခ်ဳပ္ကိုင္ထားတတ္တဲ့ ဥကၠ႒ ဖေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ အဆုံးအျဖတ္ကပဲ အဓိကက်မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHTOOS CREDIT TO OWNERS
SPORTS A2Z.