Premier League

လမ္းပတ္နဲ႔ ဆက္ဆံေရးေကာင္းရွိေၾကာင္းနဲ႔ ခ်ဲလ္ဆီးကေန ထြက္ခြာမွာ မဟုတ္ေၾကာင္း ကီပါဆို

အမွားေတြ ဆက္တုိက္က်ဴးလြန္ေနတဲ့အတြက္ အသင္းရဲ႕ ပြဲထြက္ နံပါတ္တစ္ေနရာကေန ဖယ္ရွားခံခဲ့ရတဲ့ စပိန္ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ထြက္ေပၚေနတဲ့ ေကာလဟာလေတြကို ပယ္ခ်သြားခဲ့ၿပီး နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ ဆက္ဆံေရးေကာင္းရွိတယ္လို႔ ဆုိသြားခဲ့ပါတယ္။

နယူးကာဆယ္လ္၊ အာဆင္နယ္နဲ႔ပြဲေတြမွာ အသင္းအတြက္ နစ္နာေစမယ့္ အမွားေတြနဲ႔ ေပါ့ေလ်ာ့တဲ့ ကာကြယ္မွဳေတြကို က်ဴးလြန္ခဲ့တဲ့ ကီပါဟာ ေနာက္ပြဲေတြကစၿပီး အသင္းရဲ႕ ဝါရင့္ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုနဲ႔ အစားထိုးခံခဲ့ရၿပီး အရန္ခုံထိုင္ေနခဲ့ရေပမယ့္ အစားဝင္လာသူကလည္း လမ္းပတ္ကိုေတာ့ စိတ္ေက်နပ္ေအာင္ မစြမ္းေဆာင္ႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ ဒီရာသီမွာ လမ္းပတ္အေနနဲ႔ အသင္းကို ေခၚယူထားၿပီးတဲ့ ေတာင္ပံကစားသမား ဟာကင္မ္ ဇီယက္ခ်္က ေထာက္ခံေပးထားတဲ့ အသင္းေဖာ္ေဟာင္း အန္ဒရီ အိုနာနာကို ေခၚယူဖို႔ ႀကဳိးစားေနၿပီး ကီပါကိုေတာ့ ျပန္လည္ေရာင္းခ်ရင္ နစ္နာမွဳမ်ားႏုိင္လုိ႔ ၿပဳိင္ဆုိင္မွဳ တည္ေဆာက္တဲ့အေနနဲ႔ ဆက္ထားၿပီး ကာဘယ္လာ႐ိုကိုေတာ့ ပင္စင္ေပးသြားဖို႔ ရွိေနတာပါ။

“ဖရန္႔နဲ႔ ဆက္ဆံေရးက အရမ္းေကာင္းပါတယ္။ သူက ကၽြန္ေတာ့္ကို စစခ်င္းကတည္းက ယုံၾကည္မွဳ ေပးခဲ့တဲ့သူပါ။ သူ႕အေနနဲ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ သူ႕အလုပ္သူလုပ္တာျဖစ္ၿပီး ကၽြန္ေတာ္ကေတာ့ ယုံၾကည္ခ်က္ရွိေနပါတယ္။ ေနာက္ဆုံးဆယ္ႏွစ္မွာ ဖလားအမ်ားဆုံးရခဲ့တဲ့ အဂၤလိပ္အသင္းျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ အစဥ္အလာကို ကၽြန္ေတာ္တုိ႔ေတြ ဆက္လက္ထိန္းသိမ္းသြားႏုိင္ဖို႔ ရည္မွန္းထားပါတယ္”လို႔ ကီပါက ဆိုပါတယ္။

ကီပါက ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႕ပိတ္ပင္မွဳကေန ျပန္လည္လြတ္ေျမာက္ခ်ိန္မွာ အေရြ႕တစ္ခု စတင္ၿပီး အဂၤလန္ႏုိင္ငံမွာ ေအာင္ျမင္မွဳေတြ ရယူဖို႔ ရည္ရြယ္ထားသလို ဒီက စြမ္းေဆာင္ရည္ေပၚ အေျခခံၿပီး စပိန္အသင္းနဲ႔လည္း ဆုဖလားေတြ ဆြတ္ခူးႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အမှားတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် အသင်းရဲ့ ပွဲထွက် နံပါတ်တစ်နေရာကနေ ဖယ်ရှားခံခဲ့ရတဲ့ စပိန်ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ပယ်ချသွားခဲ့ပြီး နည်းပြ ဖရန့် လမ်းပတ်နဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ဆိုသွားခဲ့ပါတယ်။

နယူးကာဆယ်လ်၊ အာဆင်နယ်နဲ့ပွဲတွေမှာ အသင်းအတွက် နစ်နာစေမယ့် အမှားတွေနဲ့ ပေါ့လျော့တဲ့ ကာကွယ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ကီပါဟာ နောက်ပွဲတွေကစပြီး အသင်းရဲ့ ဝါရင့်ဂိုးသမား ဝီလီ ကာဘယ်လာရိုနဲ့ အစားထိုးခံခဲ့ရပြီး အရန်ခုံထိုင်နေခဲ့ရပေမယ့် အစားဝင်လာသူကလည်း လမ်းပတ်ကိုတော့ စိတ်ကျေနပ်အောင် မစွမ်းဆောင်နိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ဒီရာသီမှာ လမ်းပတ်အနေနဲ့ အသင်းကို ခေါ်ယူထားပြီးတဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်က ထောက်ခံပေးထားတဲ့ အသင်းဖော်ဟောင်း အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ ကြိုးစားနေပြီး ကီပါကိုတော့ ပြန်လည်ရောင်းချရင် နစ်နာမှုများနိုင်လို့ ပြိုင်ဆိုင်မှု တည်ဆောက်တဲ့အနေနဲ့ ဆက်ထားပြီး ကာဘယ်လာရိုကိုတော့ ပင်စင်ပေးသွားဖို့ ရှိနေတာပါ။

“ဖရန့်နဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ သူက ကျွန်တော့်ကို စစချင်းကတည်းက ယုံကြည်မှု ပေးခဲ့တဲ့သူပါ။ သူ့အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ သူ့အလုပ်သူလုပ်တာဖြစ်ပြီး ကျွန်တော်ကတော့ ယုံကြည်ချက်ရှိနေပါတယ်။ နောက်ဆုံးဆယ်နှစ်မှာ ဖလားအများဆုံးရခဲ့တဲ့ အင်္ဂလိပ်အသင်းဖြစ်ခဲ့တဲ့ ချဲလ်ဆီးရဲ့ အစဉ်အလာကို ကျွန်တော်တို့တွေ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ရည်မှန်းထားပါတယ်”လို့ ကီပါက ဆိုပါတယ်။

ကီပါက ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ပိတ်ပင်မှုကနေ ပြန်လည်လွတ်မြောက်ချိန်မှာ အရွေ့တစ်ခု စတင်ပြီး အင်္ဂလန်နိုင်ငံမှာ အောင်မြင်မှုတွေ ရယူဖို့ ရည်ရွယ်ထားသလို ဒီက စွမ်းဆောင်ရည်ပေါ် အခြေခံပြီး စပိန်အသင်းနဲ့လည်း ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.