La Liga Ligue1 Other Transfer News

ရီးရဲလ်နဲ့ အပြောင်းအရွှေ့ညှိပေးဖို့ PSG ကို ဖိအားပေးတောင်းဆိုသွားတော့မယ့် အမ်ဘာပေ

ဆန်တီယာဂို ဘာနေဗျူးကို ငယ်ဘဝကတည်းက အကြီးအကျယ် အိပ်မက်မက်လာခဲ့တဲ့ PSG တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကိစ္စရပ်ကို အထမြောက်တဲ့အထိ ညှိနှိုင်းပေးဖို့ အသင်းကို ဖိအားပေးတောင်းဆိုသွားတော့မယ်လို့ သိရှိရပါတယ်။

အာဂျင်တီးနား GOAT လီယွန်နယ် မက်ဆီပူး​ပေါင်းလာပြီးနောက်မှာ တကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေရတဲ့ PSG အသင်းဟာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုတဲ့ အာရုံစိုက်မှုကို လက်ခံရရှိနေပြီး MNM တိုက်စစ်က ဦးဆောင်မယ့် ဒီရာသီမှာ ပါရီကလပ်ရဲ့ ကစားပွဲကို မကြည့်ချင်ဘူးဆိုတဲ့သူ တစ်ဦးမှ မရှိတော့တဲ့အထိပါ။

စနေနေ့မှာ ကစားခဲ့တဲ့ PSG အသင်းရဲ့ ပြင်သစ်လီဂူးဝမ်းအဖွင့်ပွဲမှာတော့ မက်ဆီနဲ့ နေမာတို့ လွဲချော်ခဲ့ကြပြီး မော်ရို အီကာဒီ၊ အမ်ဘာပေ၊ ဂျူလီယန် ဒရက်ဆလာ၊ ပါဘလို ဆာရာဘီးယားတို့ရဲ့ ဂိုးတွေနဲ့အတူ လေးဂိုး-နှစ်ဂိုး ရလဒ်နဲ့ တန်းတက် စထရာစ်ဘိုးအသင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲအပြီး နောက်ဆုံးထွက်လာတဲ့သတင်းအရ လူသစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ရာမို့စ်၊ ဗိုင်နယ်လ်ဒွမ်၊ ဒွန်နရမ်မာနဲ့ ဟာကီမီတို့ကို မင်းသားကွင်းကြီးထဲမှာ နွေးနွေးထွေးထွေး ကြိုဆိုသွားခဲ့တဲ့ PSG ပရိသတ်တွေဟာ ပွဲမစင်အချိန်မှာ အမ်ဘာပေရဲ့ အမည်နာမကိုတော့ ပြင်းပြင်းထန်ထန် လှောင်ပြောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် PSG နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အချိန်ဆွဲနေတဲ့ ပြင်သစ်တိုက်စစ်မှူးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့နီးစပ်မှုဟာ ပိုမိုသေချာသွားခဲ့တယ်လို့ ယူဆခံထားရပြီး မက်ဆီရဲ့ လောင်းရိပ် အမိမခံချင်တာကြောင့်လည်း ပါရီမြို့မှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ အဝတ်လဲခန်းတွင်း သတင်းကလည်း ထပ်ထွက်လာခဲ့ပါတယ်။

တနင်္ဂနွေနေ့ညမှာတော့ စပိန်ရုပ်သံလိုင်း အယ်လ်ချီရီဂီတိုကနေတဆင့် အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်ပေးဖို့ အသင်းဥက္ကဋ္ဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီနဲ့ တွေ့ဆုံပြီး အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့သလို ဒါဟာ လာမယ့် ၂ ပတ်အတွင်း ပီအက်စ်ဂျီနဲ့ စပိန်ကလပ်တို့ ခေါင်းချင်းရိုက်ဆွေးနွေးဖို့ အနေအထားတစ်ရပ်လည်း ဖြစ်လာပါတယ်။

ပါရီမြို့မှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့ပြီး လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့် အသက် ၂၂ နှစ်သားဟာ စာချုပ်သစ်ကို ထပ်မံလက်ခံသွားဖို့ မရှိတော့ဘဲ အခုနွေရာသီရဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီ မက်ဒရစ်ကို အထုပ်ပြင်ဖွယ်ရှိနေပြီး သူ့ရဲ့ဖိအားပေးမှုဟာ အပြောင်းအရွှေ့ပုံပြင်ရှည်ဖြစ်လာမလား၊ မြန်မြန်ဆန်ဆန်ပဲ အထ​မြောက်သွားမလားဆိုတာက စောင့်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆန္တီယာဂို ဘာေနဗ်ဴးကို ငယ္ဘဝကတည္းက အႀကီးအက်ယ္ အိပ္မက္မက္လာခဲ့တဲ့ PSG တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္နဲ႔ အေျပာင္းအေ႐ႊ႕ကိစၥရပ္ကို အထေျမာက္တဲ့အထိ ညႇိႏႈိင္းေပးဖို႔ အသင္းကို ဖိအားေပးေတာင္းဆိုသြားေတာ့မယ္လို႔ သိရွိရပါတယ္။

အာဂ်င္တီးနား GOAT လီယြန္နယ္ မက္ဆီပူး​ေပါင္းလာၿပီးေနာက္မွာ တကမာၻလုံးက ေဘာလုံးပရိသတ္ေတြ ရင္ခုန္စိတ္လႈပ္ရွားေနရတဲ့ PSG အသင္းဟာ အရင္ကထက္ အဆေပါင္းမ်ားစြာ ပိုမိုတဲ့ အာ႐ုံစိုက္မႈကို လက္ခံရရွိေနၿပီး MNM တိုက္စစ္က ဦးေဆာင္မယ့္ ဒီရာသီမွာ ပါရီကလပ္ရဲ႕ ကစားပြဲကို မၾကည့္ခ်င္ဘူးဆိုတဲ့သူ တစ္ဦးမွ မရွိေတာ့တဲ့အထိပါ။

စေနေန႔မွာ ကစားခဲ့တဲ့ PSG အသင္းရဲ႕ ျပင္သစ္လီဂူးဝမ္းအဖြင့္ပြဲမွာေတာ့ မက္ဆီနဲ႔ ေနမာတို႔ လြဲေခ်ာ္ခဲ့ၾကၿပီး ေမာ္႐ို အီကာဒီ၊ အမ္ဘာေပ၊ ဂ်ဴလီယန္ ဒရက္ဆလာ၊ ပါဘလို ဆာရာဘီးယားတို႔ရဲ႕ ဂိုးေတြနဲ႔အတူ ေလးဂိုး-ႏွစ္ဂိုး ရလဒ္နဲ႔ တန္းတက္ စထရာစ္ဘိုးအသင္းကို အႏိုင္ကစားႏိုင္ခဲ့ပါတယ္။

ဒီပြဲအၿပီး ေနာက္ဆုံးထြက္လာတဲ့သတင္းအရ လူသစ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ရာမို႔စ္၊ ဗိုင္နယ္လ္ဒြမ္၊ ဒြန္နရမ္မာနဲ႔ ဟာကီမီတို႔ကို မင္းသားကြင္းႀကီးထဲမွာ ေႏြးေႏြးေထြးေထြး ႀကိဳဆိုသြားခဲ့တဲ့ PSG ပရိသတ္ေတြဟာ ပြဲမစင္အခ်ိန္မွာ အမ္ဘာေပရဲ႕ အမည္နာမကိုေတာ့ ျပင္းျပင္းထန္ထန္ ေလွာင္ေျပာင္သြားခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ PSG နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အခ်ိန္ဆြဲေနတဲ့ ျပင္သစ္တိုက္စစ္မႉးနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕နီးစပ္မႈဟာ ပိုမိုေသခ်ာသြားခဲ့တယ္လို႔ ယူဆခံထားရၿပီး မက္ဆီရဲ႕ ေလာင္းရိပ္ အမိမခံခ်င္တာေၾကာင့္လည္း ပါရီၿမိဳ႕မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္ဆိုတဲ့ အဝတ္လဲခန္းတြင္း သတင္းကလည္း ထပ္ထြက္လာခဲ့ပါတယ္။

တနဂၤေႏြေန႔ညမွာေတာ့ စပိန္႐ုပ္သံလိုင္း အယ္လ္ခ်ီရီဂီတိုကေနတဆင့္ အမ္ဘာေပအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဆီ အေျပာင္းအေ႐ႊ႕ကို အျမန္ဆုံးအၿပီးသတ္ေပးဖို႔ အသင္းဥကၠ႒ နက္ဆာ အယ္လ္ခယ္လိုင္ဖီနဲ႔ ေတြ႕ဆုံၿပီး အသင္းကေန ထြက္ခြာခြင့္ေတာင္းဆိုခဲ့သလို ဒါဟာ လာမယ့္ ၂ ပတ္အတြင္း ပီအက္စ္ဂ်ီနဲ႔ စပိန္ကလပ္တို႔ ေခါင္းခ်င္း႐ိုက္ေဆြးေႏြးဖို႔ အေနအထားတစ္ရပ္လည္း ျဖစ္လာပါတယ္။

ပါရီၿမိဳ႕မွာ စာခ်ဳပ္တစ္ႏွစ္သာ က်န္ရွိေတာ့ၿပီး လာမယ့္ေႏြမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရမယ့္ အသက္ ၂၂ ႏွစ္သားဟာ စာခ်ဳပ္သစ္ကို ထပ္မံလက္ခံသြားဖို႔ မရွိေတာ့ဘဲ အခုေႏြရာသီရဲ႕ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မတိုင္မီ မက္ဒရစ္ကို အထုပ္ျပင္ဖြယ္ရွိေနၿပီး သူ႔ရဲ႕ဖိအားေပးမႈဟာ အေျပာင္းအေ႐ႊ႕ပုံျပင္ရွည္ျဖစ္လာမလား၊ ျမန္ျမန္ဆန္ဆန္ပဲ အထ​ေျမာက္သြားမလားဆိုတာက ေစာင့္ၾကည့္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.