Premier League Transfer News

16 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာချင်နေပြီဖြစ်တဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ အသင်းကို အငှားနဲ့ လာရောက်ကစားခဲ့သူ မာတင် အော်ဒီဂွါဒ်ကို အနည်းဆုံး အငှားနဲ့ ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းအနေနဲ့ ပစ်မှတ်ထားနေပြီး နော်ဝေသားအတွက် ပြောင်းရွှေ့ကြေးကိုလည်း ညှိနှိုင်းနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ဆာဆူအိုလိုကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို လက်ရှိအချိန်အထိ စိတ်မလျှော့သေးချိန်မှာ အီတလီသားရဲ့ ချစ်သူ သက်ဆာ လာကိုဗစ်ချ်ရဲ့ လှပတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေကြားမှာ ပိုမိုရေပန်းစားလာခဲ့။

– ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖလာမင်ဂိုအသင်းဆီကို ကစားကြေးဘောနပ်စ် ပေါင်ရှစ်သိန်းခွဲ (ယူရိုတစ်သန်း) ပေးချေခဲ့ရတဲ့ နောက်ခံလူ ပါဘလို မာရီရဲ့ ဆိုးရွားတဲ့ ခြေစွမ်းဟာ ဒီလိုမျိုး အသင်းမှာ ဆက်ထားပြီး ဆယ်ပွဲကစားတိုင်း ပေါင်ရှစ်သိန်းခွဲ ပေးချေဖို့ ထိုက်တန်ပါပေတယ်လို့ အာဆင်နယ်ပရိသတ်တွေ လှောင်ပြောင်နေကြ။

– ဘာစီလိုနာအသင်းအနေနဲ့ လီယွန်နယ် မက်ဆီ ထွက်ခွာသွားခဲ့တဲ့ အသင်းတိုက်စစ်ကို အားဖြည့်သွားဖို့ စီစဉ်နေပြီး အာဆင်နယ်ရှေ့တန်းက အလက်ဇန်းဒါး လာကာဇက်နဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့နှစ်ဦးစလုံးကို စိတ်ဝင်စားနေသလို ကွင်းလယ်ဖန်တီးရှင် ဖလိပီ ကော်တင်ညိုနဲ့ တိုက်ရိုက်လဲလှယ်သွားဖို့ ဆွေးနွေးနေ။

– အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြ မီခယ်လ် အာတီတာကို အချိန်သိပ်ပေးတော့မှာ မဟုတ်ဘဲ လာမယ့်ပွဲတွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အသင်းရလဒ်တွေက တက်မလာခဲ့ရင် အင်တာမီလန်အသင်းနဲ့ လမ်းခွဲထားခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီနဲ့ အစားထိုးသွားဖို့ ရည်ရွယ်နေပြီး နည်းစနစ်ဒါရိုက်တာ အီဒူးကိုပါ ထုတ်ပယ်နိုင်ခြေရှိနေ။

– အာဆင်နယ်ပရိသတ်တွေကြားမှာ အသင်းရဲ့ စွမ်းဆောင်ရည်၊ စီမံခန့်ခွဲမှုနဲ့ ကစားသမားခေါ်ယူမှုအပိုင်းတွေကို တော်တော်လေး စိတ်ပျက်နေကြပြီဖြစ်ပြီး ခေါ်ယူဖို့ သတင်းထွက်နေတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်နဲ့ လက်ရှိပုံစံနဲ့ ပေါင်းလိုက်ရင် တန်းဆင်းဖို့ ကွက်တိပဲလို့ ချယ်လ်တန်ဟမ်၊ ဘုန်းမောက်၊ ရှက်ဖီးလ်ဒ်တို့နဲ့ တန်းဆင်းခဲ့သူနဲ့ အသင်းအကြောင်း ရယ်ပွဲဖွဲ့နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုကို နောက်ခံလူ ဟက်တာ ဘယ်လာရင်နဲ့ လဲလှယ်နိုင်ဖို့ အခွင့်အရေးကောင်းရှိနေပြီး ပြင်သစ်သားအနေနဲ့ ဒါနီ စီဘာယော့စ်ရဲ့ နံပါတ် ၈ နေရာကို တိုက်ရိုက်အစားထိုးမှုဖြစ်လာနိုင်ပေမယ့် သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကတော့ ရမ်ဆေးနဲ့ ဝီလ်ရှီးယားတို့ရဲ့ကြားမှာရှိနေတာကြောင့် ပရိသတ်တွေ ခေါင်းခဲစရာဖြစ်နေ။

– ပရီးမီးယားလိဂ်အစီအစဉ်တွေကို ဝေဖန်တင်ဆက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက အာဆင်နယ်အသင်းအနေနဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ရှင်းထုတ်မယ်ဆိုရင် ဒီနေရာအတွက် လူသစ်ရှာဖွေသင့်ပြီဖြစ်ကြောင်းနဲ့ ကယ်လမ် ချိမ်းဘားစ်ကို သုံးစွဲပြီး ဘာမှဖြစ်မလာနိုင်ကြောင်း ထောက်ပြသွားခဲ့။

– အသင်းနဲ့ လက်ရှိအချိန်အထိ ပူးပေါင်းသေးခြင်းမရှိဘဲ ဥရုဂွေးနိုင်ငံမှာ အပန်းဖြေ အပျော်ခရီးထွက်နေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အာဆင်နယ်ပရိသတ်တွေ ပေါက်ကွဲနေကြပြီး ကိုယ့်တာဝန် ကိုယ်မသိဘဲ ပရော်ဖက်ရှင်နယ် မပီသတဲ့ ကစားသမားကို အသင်းက ထွက်သွားလို့ ဝိုင်းဝန်းပြစ်တင်နေကြ။

– ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့အနေနဲ့ ချဲလ်ဆီးနဲ့ လာမယ့်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၂)ကို ဆက်လက်လွဲချော်ဖို့ များနေပြီး ပြိုင်ဘက်အသင်းမှာတော့ တိုက်စစ်မှူးသစ် ရိုမီလူ လူကာကူး ပါဝင်ကစားလာဖို့ ပြင်ဆင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာခ်င္ေနၿပီျဖစ္တဲ့ ၿပီးခဲ့တဲ့ ေဆာင္းရာသီမွာ အသင္းကို အငွားနဲ႔ လာေရာက္ကစားခဲ့သူ မာတင္ ေအာ္ဒီဂြါဒ္ကို အနည္းဆုံး အငွားနဲ႔ ေခၚယူႏိုင္ဖို႔ အာဆင္နယ္အသင္းအေနနဲ႔ ပစ္မွတ္ထားေနၿပီး ေနာ္ေဝသားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကိုလည္း ညႇိႏႈိင္းေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ကို အင္အားျဖည့္တင္းဖို႔ ဆာဆူအိုလိုကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို လက္ရွိအခ်ိန္အထိ စိတ္မေလွ်ာ့ေသးခ်ိန္မွာ အီတလီသားရဲ႕ ခ်စ္သူ သက္ဆာ လာကိုဗစ္ခ်္ရဲ႕ လွပတဲ့ ပုံရိပ္ေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ ပိုမိုေရပန္းစားလာခဲ့။

– ဘရန႔္ဖို႔ဒ္ကို ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဖလာမင္ဂိုအသင္းဆီကို ကစားေၾကးေဘာနပ္စ္ ေပါင္ရွစ္သိန္းခြဲ (ယူ႐ိုတစ္သန္း) ေပးေခ်ခဲ့ရတဲ့ ေနာက္ခံလူ ပါဘလို မာရီရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းဟာ ဒီလိုမ်ိဳး အသင္းမွာ ဆက္ထားၿပီး ဆယ္ပြဲကစားတိုင္း ေပါင္ရွစ္သိန္းခြဲ ေပးေခ်ဖို႔ ထိုက္တန္ပါေပတယ္လို႔ အာဆင္နယ္ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾက။

– ဘာစီလိုနာအသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီ ထြက္ခြာသြားခဲ့တဲ့ အသင္းတိုက္စစ္ကို အားျဖည့္သြားဖို႔ စီစဥ္ေနၿပီး အာဆင္နယ္ေရွ႕တန္းက အလက္ဇန္းဒါး လာကာဇက္နဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ႏွစ္ဦးစလုံးကို စိတ္ဝင္စားေနသလို ကြင္းလယ္ဖန္တီးရွင္ ဖလိပီ ေကာ္တင္ညိဳနဲ႔ တိုက္႐ိုက္လဲလွယ္သြားဖို႔ ေဆြးေႏြးေန။

– အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာကို အခ်ိန္သိပ္ေပးေတာ့မွာ မဟုတ္ဘဲ လာမယ့္ပြဲေတြမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ အသင္းရလဒ္ေတြက တက္မလာခဲ့ရင္ အင္တာမီလန္အသင္းနဲ႔ လမ္းခြဲထားခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပေဟာင္း အန္တိုနီယို ကြန္တီနဲ႔ အစားထိုးသြားဖို႔ ရည္႐ြယ္ေနၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးကိုပါ ထုတ္ပယ္ႏိုင္ေျခရွိေန။

– အာဆင္နယ္ပရိသတ္ေတြၾကားမွာ အသင္းရဲ႕ စြမ္းေဆာင္ရည္၊ စီမံခန႔္ခြဲမႈနဲ႔ ကစားသမားေခၚယူမႈအပိုင္းေတြကို ေတာ္ေတာ္ေလး စိတ္ပ်က္ေနၾကၿပီျဖစ္ၿပီး ေခၚယူဖို႔ သတင္းထြက္ေနတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ လက္ရွိပုံစံနဲ႔ ေပါင္းလိုက္ရင္ တန္းဆင္းဖို႔ ကြက္တိပဲလို႔ ခ်ယ္လ္တန္ဟမ္၊ ဘုန္းေမာက္၊ ရွက္ဖီးလ္ဒ္တို႔နဲ႔ တန္းဆင္းခဲ့သူနဲ႔ အသင္းအေၾကာင္း ရယ္ပြဲဖြဲ႕ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ကို႐ြန္တင္ တိုလစ္ဆိုကို ေနာက္ခံလူ ဟက္တာ ဘယ္လာရင္နဲ႔ လဲလွယ္ႏိုင္ဖို႔ အခြင့္အေရးေကာင္းရွိေနၿပီး ျပင္သစ္သားအေနနဲ႔ ဒါနီ စီဘာေယာ့စ္ရဲ႕ နံပါတ္ ၈ ေနရာကို တိုက္႐ိုက္အစားထိုးမႈျဖစ္လာႏိုင္ေပမယ့္ သူ႔ရဲ႕ ဒဏ္ရာမွတ္တမ္းကေတာ့ ရမ္ေဆးနဲ႔ ဝီလ္ရွီးယားတို႔ရဲ႕ၾကားမွာရွိေနတာေၾကာင့္ ပရိသတ္ေတြ ေခါင္းခဲစရာျဖစ္ေန။

– ပရီးမီးယားလိဂ္အစီအစဥ္ေတြကို ေဝဖန္တင္ဆက္ေနတဲ့ လီဗာပူးလ္ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက အာဆင္နယ္အသင္းအေနနဲ႔ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို ရွင္းထုတ္မယ္ဆိုရင္ ဒီေနရာအတြက္ လူသစ္ရွာေဖြသင့္ၿပီျဖစ္ေၾကာင္းနဲ႔ ကယ္လမ္ ခ်ိမ္းဘားစ္ကို သုံးစြဲၿပီး ဘာမွျဖစ္မလာႏိုင္ေၾကာင္း ေထာက္ျပသြားခဲ့။

– အသင္းနဲ႔ လက္ရွိအခ်ိန္အထိ ပူးေပါင္းေသးျခင္းမရွိဘဲ ဥ႐ုေဂြးႏိုင္ငံမွာ အပန္းေျဖ အေပ်ာ္ခရီးထြက္ေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အာဆင္နယ္ပရိသတ္ေတြ ေပါက္ကြဲေနၾကၿပီး ကိုယ့္တာဝန္ ကိုယ္မသိဘဲ ပေရာ္ဖက္ရွင္နယ္ မပီသတဲ့ ကစားသမားကို အသင္းက ထြက္သြားလို႔ ဝိုင္းဝန္းျပစ္တင္ေနၾက။

– ဘရန႔္ဖို႔ဒ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့ အာဆင္နယ္တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ လာကာဇက္နဲ႔ အူဘာမီယန္းတို႔အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ လာမယ့္တစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္(၂)ကို ဆက္လက္လြဲေခ်ာ္ဖို႔ မ်ားေနၿပီး ၿပိဳင္ဘက္အသင္းမွာေတာ့ တိုက္စစ္မႉးသစ္ ႐ိုမီလူ လူကာကူး ပါဝင္ကစားလာဖို႔ ျပင္ဆင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.