Match Report Premier League

စိန့်ကို နောက်ကနေ သုံးဂိုးလိုက်သွင်းပြီး ရာသီသစ်အတွက် အမောက်ထောင်ပြတဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ နည်းပြ ရာဖာ ဘင်နီတက်ဇ်လက်အောက်မှာ အသားမကျသေးတဲ့ဟန် ရှိနေခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ ကစားသမားတွေရဲ့ ကွာလတီပိုင်းကတော့ အစမ်းသပ်ခံနိုင်တဲ့ ပုံစံနဲ့ အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ တစ်ဂိုးပေးရပြီးမှ နောက်ကနေ သုံးဂိုးလိုက်သွင်းပြီး ဇယားထိပ်ပိုင်းကို တက်နိုင်မယ့် Come Back Win တစ်ပွဲကို ဖန်တီးပုံဖော်နိုင်ခဲ့ကြပါတယ်။

၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ အဲဗာတန်အသင်းအနေနဲ့ အဓိက ကစားသမားတချို့ အကြောင်းကြောင်းကြောင့် မပါဝင်နိုင်သေးတာမို့ တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်နဲ့အတူ ကိုပါအမေရိက၊ အိုလံပစ်တွေ ပွဲဆက်များပြီး အနားမရသေးတဲ့ ရစ်ချာလစ်ဆန်ကိုပဲ ပွဲထုတ်ခဲ့ရပြီး နာမည်ကြီး ကစားသမားနည်းတဲ့ ဆောက်သမ်တန်နဲ့အတွေ့မှာ အထနှေးခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ နောက်တန်းက ဘောလုံးပေးကစားရင်း ထိန်းသိမ်းမှုမှာ အိုးနင်းခွက်နင်းဖြစ်နေခဲ့တဲ့ မိုက်ကယ် ကီးန်ဆီကနေ ရှေအက်ဒမ်စ်က လုယူသွားပြီး ဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ အဆင်သင့်လိုက်ပါလာတဲ့ တိုက်စစ်မှူးသစ် အဒမ် အမ်းစ်ထရောင်းက ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ အပေါ်ထောင့်ကို ကန်သွင်းပြီး သူ့ရဲ့ ဆောက်သမ်တန်နဲ့ ပွဲဦးထွက်ကို လှလှပပဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဧည့်သည် ဆောက်သမ်တန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့အပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေအနေနဲ့ ပွဲစတယ်ဆိုတာနဲ့ တိုက်စစ်ဆင်လာခဲ့ပြီး ထောင့်ကန်ဘောကနေ ကျလာတဲ့ ဘောလုံးကို တောင်းဆန်း ခေါင်းတိုက်ချပေးခဲ့တာကို ရစ်ချာလစ်ဆန်က အနီးကပ်ပိတ်သွင်းပြီး ပွဲချိန် ၄၇ မိနစ်မှာ သရေဂိုးအဖြစ် ပြန်လည်ချေပသွားခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ညာနောက်ခံလူ ကိုးလ်မန်း မ,ပေးတဲ့ ဘောလုံးကို အီဝိုဘီက ခေါင်းတိုက်ချပေးရာမှာ နောက်က ပါလာတဲ့ ကွင်းလယ်လူ ဒူကူရေးရဲ့ ထိန်းသိမ်းမှု First Touch က မကောင်းခဲ့ပေမယ့် ကံက သူ့ဘက် ရှိနေခဲ့လို့ ကိုယ်တစ်ပတ်လှည့် ကန်ခွင့်ရခဲ့ပြီး ကန်ချက်ကတော့ ဂိုးအပေါ်ထောင့်တည့်တည့်ကို ကောင်းလွန်းခဲ့တာကြောင့် အဲဗာတန်တို့ နောက်က လိုက်ပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဆောက်သမ်တန်တို့ လူစားနှစ်ယောက်လဲပြီး ချေပဂိုးရဖို့ ပြင်ဆင်ခဲ့ပေမယ့် အကျိုးမထူးခဲ့ဘဲ ပွဲချိန် ၈၁ မိနစ်မှာတော့ အီဝိုဘီ ခင်းပေးလိုက်တဲ့ ဘောလုံးကို ရစ်ချာလစ်ဆန်က ညာခြမ်းကနေ ဖြတ်တင်ပေးခဲ့ရာမှာ ကဲလ်ဗတ်-လူဝင်က အနီးကပ် ဒိုက်ဗင်ထိုးခေါင်းတိုက်ပြီး အနိုင်ပြတ်သားစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ အဲဗာတန်တို့ ရပ်တည်နိုင်ခဲ့ပြီး မိုက်ကယ် ကီးန်ရဲ့ အမှားကြောင့်သာ မဟုတ်ရင် ရင်ခုန်စရာမဖြစ်နိုင်တဲ့ ဘင်နီတက်ဇ်ရဲ့ အသင်းအနေနဲ့ ဒီရာသီမှာ တော်ဖီပိုင်ရှင်တွေ မျှော်လင့်ထားသလောက် အန်ချယ်လော့တီ လုပ်မပြနိုင်ခဲ့တဲ့ စိန်ခေါ်မှုကို ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ ရှေ့ဆက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းအေနနဲ႔ နည္းျပ ရာဖာ ဘင္နီတက္ဇ္လက္ေအာက္မွာ အသားမက်ေသးတဲ့ဟန္ ရွိေနခဲ့ေပမယ့္ သူ႔ရဲ႕ နည္းစနစ္ပိုင္းနဲ႔ ကစားသမားေတြရဲ႕ ကြာလတီပိုင္းကေတာ့ အစမ္းသပ္ခံႏိုင္တဲ့ ပုံစံနဲ႔ အိမ္ကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ တစ္ဂိုးေပးရၿပီးမွ ေနာက္ကေန သုံးဂိုးလိုက္သြင္းၿပီး ဇယားထိပ္ပိုင္းကို တက္ႏိုင္မယ့္ Come Back Win တစ္ပြဲကို ဖန္တီးပုံေဖာ္ႏိုင္ခဲ့ၾကပါတယ္။

၄-၂-၃-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့တဲ့ အဲဗာတန္အသင္းအေနနဲ႔ အဓိက ကစားသမားတခ်ိဳ႕ အေၾကာင္းေၾကာင္းေၾကာင့္ မပါဝင္ႏိုင္ေသးတာမို႔ တိုက္စစ္မႉး ကဲလ္ဗတ္-လူဝင္နဲ႔အတူ ကိုပါအေမရိက၊ အိုလံပစ္ေတြ ပြဲဆက္မ်ားၿပီး အနားမရေသးတဲ့ ရစ္ခ်ာလစ္ဆန္ကိုပဲ ပြဲထုတ္ခဲ့ရၿပီး နာမည္ႀကီး ကစားသမားနည္းတဲ့ ေဆာက္သမ္တန္နဲ႔အေတြ႕မွာ အထေႏွးခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ေနာက္တန္းက ေဘာလုံးေပးကစားရင္း ထိန္းသိမ္းမႈမွာ အိုးနင္းခြက္နင္းျဖစ္ေနခဲ့တဲ့ မိုက္ကယ္ ကီးန္ဆီကေန ေရွအက္ဒမ္စ္က လုယူသြားၿပီး ဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ အဆင္သင့္လိုက္ပါလာတဲ့ တိုက္စစ္မႉးသစ္ အဒမ္ အမ္းစ္ထေရာင္းက ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ အေပၚေထာင့္ကို ကန္သြင္းၿပီး သူ႔ရဲ႕ ေဆာက္သမ္တန္နဲ႔ ပြဲဦးထြက္ကို လွလွပပဖြင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဧည့္သည္ ေဆာက္သမ္တန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့အၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ေတြအေနနဲ႔ ပြဲစတယ္ဆိုတာနဲ႔ တိုက္စစ္ဆင္လာခဲ့ၿပီး ေထာင့္ကန္ေဘာကေန က်လာတဲ့ ေဘာလုံးကို ေတာင္းဆန္း ေခါင္းတိုက္ခ်ေပးခဲ့တာကို ရစ္ခ်ာလစ္ဆန္က အနီးကပ္ပိတ္သြင္းၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ သေရဂိုးအျဖစ္ ျပန္လည္ေခ်ပသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ညာေနာက္ခံလူ ကိုးလ္မန္း မ,ေပးတဲ့ ေဘာလုံးကို အီဝိုဘီက ေခါင္းတိုက္ခ်ေပးရာမွာ ေနာက္က ပါလာတဲ့ ကြင္းလယ္လူ ဒူကူေရးရဲ႕ ထိန္းသိမ္းမႈ First Touch က မေကာင္းခဲ့ေပမယ့္ ကံက သူ႔ဘက္ ရွိေနခဲ့လို႔ ကိုယ္တစ္ပတ္လွည့္ ကန္ခြင့္ရခဲ့ၿပီး ကန္ခ်က္ကေတာ့ ဂိုးအေပၚေထာင့္တည့္တည့္ကို ေကာင္းလြန္းခဲ့တာေၾကာင့္ အဲဗာတန္တို႔ ေနာက္က လိုက္ၿပီး ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ေဆာက္သမ္တန္တို႔ လူစားႏွစ္ေယာက္လဲၿပီး ေခ်ပဂိုးရဖို႔ ျပင္ဆင္ခဲ့ေပမယ့္ အက်ိဳးမထူးခဲ့ဘဲ ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ အီဝိုဘီ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ရစ္ခ်ာလစ္ဆန္က ညာျခမ္းကေန ျဖတ္တင္ေပးခဲ့ရာမွာ ကဲလ္ဗတ္-လူဝင္က အနီးကပ္ ဒိုက္ဗင္ထိုးေခါင္းတိုက္ၿပီး အႏိုင္ျပတ္သားေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာမွာ အဲဗာတန္တို႔ ရပ္တည္ႏိုင္ခဲ့ၿပီး မိုက္ကယ္ ကီးန္ရဲ႕ အမွားေၾကာင့္သာ မဟုတ္ရင္ ရင္ခုန္စရာမျဖစ္ႏိုင္တဲ့ ဘင္နီတက္ဇ္ရဲ႕ အသင္းအေနနဲ႔ ဒီရာသီမွာ ေတာ္ဖီပိုင္ရွင္ေတြ ေမွ်ာ္လင့္ထားသေလာက္ အန္ခ်ယ္ေလာ့တီ လုပ္မျပႏိုင္ခဲ့တဲ့ စိန္ေခၚမႈကို ပိုမိုေကာင္းမြန္တဲ့ ပုံစံနဲ႔ ေရွ႕ဆက္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.