Premier League Transfer News

15 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအတွက် သတင်းကောင်းအဖြစ် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုကို ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်နဲ့ တိုက်ရိုက်လဲလှယ်သွားဖို့ စိတ်ဝင်စားနေတယ်လို့ အားကစားသတင်းဌာနအချို့ ဖော်ပြနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ချန်လှပ်ခဲ့တာဟာ ဖျားနာနေလို့ထက် ရောင်းချသွားဖို့ ကြိုးစားနေတာကြောင့်ဖြစ်တယ်လို့ အသံတွေ ထွက်လာခဲ့အပြီးမှာ ပရိသတ်တွေကတော့ ဒီသတင်း မှန်ပါစေလို့ ဝိုင်းဝန်းဆုတောင်းနေကြ။

– ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာအတွက် အာမခံချက် ရရှိမထားသလို ကျောနံပါတ်မကြိုက်တဲ့ ပြဿနာတက်နေတဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်အတွက် အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဘာနေဗျူးဘက်က သတ်မှတ်ထားတဲ့ ယူရိုသန်း ၅၀ ထက် လျော့နည်းတဲ့ ပမာဏနဲ့ အဆင်ပြေနိုင်ဖို့ မျှော်လင့်နေ။

– တန်းတက်အသင်းတွေကို ၄၅ နှစ်အတွင်း မရှုံးတဲ့ စံချိန်ကို ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲမှာ ကျိုးပျက်ခဲ့ရအပြီးမှာ အာဆင်နယ်တို့အတွက် ကျယ်လောင်တဲ့ သတိပေးခေါင်းလောင်းသံဖြစ်ခဲ့ပြီး အသင်းရဲ့ ဆိုးရွားတဲ့ စုဖွဲ့မှုကို အင်အားဖြည့်တင်းဖို့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်လာ။

– ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ သာမန်ပေးပို့မှုအများစုနဲ့သာ အချိန်ကုန်နေတဲ့ ဂရာနစ် ချာကာကို အိုဇေးလ်လို အသုံးပြုလို့ မရဘူးလို့ ပရိသတ်တွေက သတိပေးလိုက်ပြီး ဒီလိုနှေးကွေးလေးလံပြီး ဘောလုံးအမြင်မရှိတဲ့ ကစားသမားနဲ့ဆိုရင် ချန်ပီယံလိဂ် ပြန်ရောက်ဖို့ အိပ်မက်ကို မေ့လိုက်တော့လို့ လှောင်ပြောင်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အီတလီအသင်းမှာ ချန်ပီယံဖြစ်တဲ့အထိ ခြေစွမ်းပြခဲ့တဲ့ ဘယ်တောင်ပံတိုက်စစ်မှူး လော်ရန်ဇို အင်ဆီညာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး နာပိုလီအသင်းဘက်ကတော့ အသက် ၃၀ အရွယ် ကစားသမားအတွက် ယူရို ၂၅ သန်းကနေ သန်း ၃၀ ကြားရရင် ရောင်းချဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ လက်မောင်းမှာ Visit Rwanda ဆိုပြီး နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ကြော်ငြာထားတဲ့ ရဝမ်ဒါနိုင်ငံသမ္မတ ပေါလ် ကာဂါမီက ပြိုင်ဘက်အားလုံး ဝိုင်းအနိုင်ကျင့်နေခဲ့ကြတဲ့ အသင်းရဲ့ လက်ရှိပုံစံဟာ လက်ခံနိုင်စရာ မဟုတ်ကြောင်းနဲ့ မိမိချစ်တဲ့အသင်း ဒီလိုဖြစ်နေတာ စိတ်ပျက်စရာဖြစ်ကြောင်း အသင်းတာဝန်ရှိသူတွေကို သတိပေးရေးသားခဲ့လို့ စပွန်ဆာစာချုပ် သက်တမ်းတိုးဖို့အတွက် စိုးရိမ်စရာဖြစ်လာခဲ့။

– “ကလေးတွေနဲ့ ကန်ခဲ့ရတဲ့ ကောင်းသားပဲ”လို့ အာဆင်နယ်ခံစစ်ကို သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ အကြိမ်ကြိမ် ဒုက္ခပေးခဲ့တဲ့ ပွဲအပြီး တွစ်တာမှာ ပို့စ်တင်လိုက်တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီရဲ့ ခပ်လှောင်လှောင် ရေးသားမှုကို ပရိသတ်တွေအနေနဲ့ ဒေါသထွက်ရမယ့်အစား အသင်းရဲ့ နိမ့်ကျသွားခဲ့ရမှုအဖြစ် ဝမ်းနည်းစိတ်ပျက်နေကြ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းဟာ ဘယ်လိုအသင်းမျိုးဖြစ်တယ်ဆိုတာကို ကြိုတင်နားလည်ထားပုံမရကြောင်းနဲ့ မလုံလောက်တဲ့ ပြင်ဆင်မှုမျိုးနဲ့ လာရောက်ကစားခဲ့လို့ အခုလိုမျိုး အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာလို့ ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးရားက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအတြက္ သတင္းေကာင္းအျဖစ္ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ကို႐ြန္တင္ တိုလစ္ဆိုကို ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္နဲ႔ တိုက္႐ိုက္လဲလွယ္သြားဖို႔ စိတ္ဝင္စားေနတယ္လို႔ အားကစားသတင္းဌာနအခ်ိဳ႕ ေဖာ္ျပေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ခ်န္လွပ္ခဲ့တာဟာ ဖ်ားနာေနလို႔ထက္ ေရာင္းခ်သြားဖို႔ ႀကိဳးစားေနတာေၾကာင့္ျဖစ္တယ္လို႔ အသံေတြ ထြက္လာခဲ့အၿပီးမွာ ပရိသတ္ေတြကေတာ့ ဒီသတင္း မွန္ပါေစလို႔ ဝိုင္းဝန္းဆုေတာင္းေနၾက။

– ရီးရဲလ္မက္ဒရစ္အသင္းမွာ ေနရာအတြက္ အာမခံခ်က္ ရရွိမထားသလို ေက်ာနံပါတ္မႀကိဳက္တဲ့ ျပႆနာတက္ေနတဲ့ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၃၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး ဘာေနဗ်ဴးဘက္က သတ္မွတ္ထားတဲ့ ယူ႐ိုသန္း ၅၀ ထက္ ေလ်ာ့နည္းတဲ့ ပမာဏနဲ႔ အဆင္ေျပႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– တန္းတက္အသင္းေတြကို ၄၅ ႏွစ္အတြင္း မရႈံးတဲ့ စံခ်ိန္ကို ၿပီးခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ပြဲမွာ က်ိဳးပ်က္ခဲ့ရအၿပီးမွာ အာဆင္နယ္တို႔အတြက္ က်ယ္ေလာင္တဲ့ သတိေပးေခါင္းေလာင္းသံျဖစ္ခဲ့ၿပီး အသင္းရဲ႕ ဆိုး႐ြားတဲ့ စုဖြဲ႕မႈကို အင္အားျဖည့္တင္းဖို႔ အင္တာမီလန္တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ ျပင္ဆင္လာ။

– ဘရန႔္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ သာမန္ေပးပို႔မႈအမ်ားစုနဲ႔သာ အခ်ိန္ကုန္ေနတဲ့ ဂရာနစ္ ခ်ာကာကို အိုေဇးလ္လို အသုံးျပဳလို႔ မရဘူးလို႔ ပရိသတ္ေတြက သတိေပးလိုက္ၿပီး ဒီလိုေႏွးေကြးေလးလံၿပီး ေဘာလုံးအျမင္မရွိတဲ့ ကစားသမားနဲ႔ဆိုရင္ ခ်န္ပီယံလိဂ္ ျပန္ေရာက္ဖို႔ အိပ္မက္ကို ေမ့လိုက္ေတာ့လို႔ ေလွာင္ေျပာင္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အီတလီအသင္းမွာ ခ်န္ပီယံျဖစ္တဲ့အထိ ေျခစြမ္းျပခဲ့တဲ့ ဘယ္ေတာင္ပံတိုက္စစ္မႉး ေလာ္ရန္ဇို အင္ဆီညာကို ေခၚယူဖို႔ စိတ္အားထက္သန္ေနၿပီး နာပိုလီအသင္းဘက္ကေတာ့ အသက္ ၃၀ အ႐ြယ္ ကစားသမားအတြက္ ယူ႐ို ၂၅ သန္းကေန သန္း ၃၀ ၾကားရရင္ ေရာင္းခ်ဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ လက္ေမာင္းမွာ Visit Rwanda ဆိုၿပီး ႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေၾကာ္ျငာထားတဲ့ ရဝမ္ဒါႏိုင္ငံသမၼတ ေပါလ္ ကာဂါမီက ၿပိဳင္ဘက္အားလုံး ဝိုင္းအႏိုင္က်င့္ေနခဲ့ၾကတဲ့ အသင္းရဲ႕ လက္ရွိပုံစံဟာ လက္ခံႏိုင္စရာ မဟုတ္ေၾကာင္းနဲ႔ မိမိခ်စ္တဲ့အသင္း ဒီလိုျဖစ္ေနတာ စိတ္ပ်က္စရာျဖစ္ေၾကာင္း အသင္းတာဝန္ရွိသူေတြကို သတိေပးေရးသားခဲ့လို႔ စပြန္ဆာစာခ်ဳပ္ သက္တမ္းတိုးဖို႔အတြက္ စိုးရိမ္စရာျဖစ္လာခဲ့။

– “ကေလးေတြနဲ႔ ကန္ခဲ့ရတဲ့ ေကာင္းသားပဲ”လို႔ အာဆင္နယ္ခံစစ္ကို သူ႔ရဲ႕ ႀကံ့ခိုင္မႈနဲ႔ အႀကိမ္ႀကိမ္ ဒုကၡေပးခဲ့တဲ့ ပြဲအၿပီး တြစ္တာမွာ ပို႔စ္တင္လိုက္တဲ့ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီရဲ႕ ခပ္ေလွာင္ေလွာင္ ေရးသားမႈကို ပရိသတ္ေတြအေနနဲ႔ ေဒါသထြက္ရမယ့္အစား အသင္းရဲ႕ နိမ့္က်သြားခဲ့ရမႈအျဖစ္ ဝမ္းနည္းစိတ္ပ်က္ေနၾက။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ၿပိဳင္ဘက္အသင္းဟာ ဘယ္လိုအသင္းမ်ိဳးျဖစ္တယ္ဆိုတာကို ႀကိဳတင္နားလည္ထားပုံမရေၾကာင္းနဲ႔ မလုံေလာက္တဲ့ ျပင္ဆင္မႈမ်ိဳးနဲ႔ လာေရာက္ကစားခဲ့လို႔ အခုလိုမ်ိဳး အရွက္တကြဲ ရႈံးနိမ့္ခဲ့ရတာလို႔ ပရီးမီးယားလိဂ္ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး အလန္ ရွီးရားက ျပင္းျပင္းထန္ထန္ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.