Premier League

ဘန်ဝှိုက်က ဗာရွန်းထက် ပိုခြေစွမ်းပြနိုင်မယ်လို့ မန်စီးတီးတိုက်စစ်မှူးဟောင်း ဘာကြောင့်ပြောလိုက်သလဲ

မန်စီးတီးနဲ့ အင်္ဂလန်ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က အာဆင်နယ်အသင်းရဲ့ ပေါင်သန်း ၅၀ နဲ့ အသစ်ခေါ်ယူထားတဲ့ အင်္ဂလန်သား ဗဟိုခံစစ်မှူးဟာ မန်ယူနိုက်တက်က ပေါင် ၃၄ သန်းနဲ့ ဝယ်ယူထားတဲ့ ပြင်သစ်သား ဗဟိုခံစစ်မှူးရာဖေးလ် ဗာရွန်းထက် ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ နှိုင်းယှဉ်မှုပြုလုပ်သွားခဲ့ပါတယ်။

သရဲနီတို့အနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားတဲ့ အသက် ၂၈ နှစ်အရွယ် ဗာရွန်းကို ခေါ်ယူခဲ့ရာမှာ သူဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ၄ ကြိမ်ဗိုလ်ဝင်ခံခဲ့တဲ့ အတွေ့အကြုံလည်း ပိုင်ဆိုင်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို ဝင်တိုးဖို့ဆိုရင်တော့ အသက် ၂၃ သား ဘန်ဝှိုက်ကိုတော့ မမီနိုင်ဘူးလို့ မှတ်ချက်ပေးခံထားရတာပါ။

ရိုက်ဖီးလစ်ဟာ အာဆင်နယ်ဂန္ထဝင်ကြီး အီယန်ရိုက်ရဲ့သားတဦးလည်းဖြစ်ပြီး ဂန်းနားနည်းပြ မီခေးလ် အာတီတာအနေနဲ့ အင်္ဂလန်ဘောလုံးကစားဟန်နဲ့အတူ ပရီးမီးယားလိဂ်မှာ အံအဝင်ဆုံးဖြစ်လာမယ့် ဗဟိုခံစစ်မှူးကို ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်နေသလို ဘန်ဝှိုက်က ပိုခြေစွမ်းပြနိုင်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

” အာဆင်နယ်မှာ လိုနေတာက ဖြဲမယ့်၊ ရဲမယ့်၊ ကြမ်းမယ့် ဘန်ဝှိုက်လို ဒေါင်းတင်မောင်းတင် ဗဟိုခံစစ်မှူးမျိုးဗျ။ သူက ခေတ်ဟောင်းအထာပေါ့ဗျာ။ တကယ့်ဖိုက်တာစစ်စစ်လို ခပ်ကြမ်းကြမ်းဆော့မယ့်သူမျိုးပါ။ ဒါကြောင့် သူက ပိုခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော်က ယုံကြည်တယ်။”

” ပြီးတော့ ဝှိုက်က ဘရိုက်တန်မှာလည်း ပရီးမီးယားလိဂ်အထာကိုနပ်နေပြီသား မဟုတ်လား။ ပွဲတိုင်းနီးပါး ကစားခဲ့ရတာကိုး။ ဒါပေမယ့် ဗာရွန်းကတော့ အခုမှ နယ်မြေအသစ်ကို ရောက်ရှိလာတဲ့ သူစိမ်းပါ။ ဒါကြောင့် ဖိအားဒဏ်တွေကို သူရုန်းကန်ရပါဦးမယ် ”

” ကျွန်တော်သာဆိုရင်တော့ ဗာရွန်းနဲ့ ဘန်ဝှိုက်တို့နှစ်ယောက်ထဲက ဘယ်သူ့ကို ကိုယ့်စိတ်ကြိုက်ခေါ်ဖြစ်မလဲဆိုရင် ဘန်ဝှိုက်ကိုပဲ ရွေးချယ်ပြီး စာချုပ်ချုပ်ဖြစ်မှာပါ။” လို့ ရိုက်ဖီးလစ်က ပြောကြားသွားခဲ့ပြီး ” အိုးစကူးလ် ” အထာလို့ ယူဆခံထားရတဲ့ ဘန်ဝှိုက်က ကြံ့ခိုင်မှုအသားပေးတဲ့ အင်္ဂလန်လိဂ်မှာတော့ ဆရာပိုကျလိမ့်မယ်လို့ ဖွင့်ဟသွားခဲ့တာပါ။

၂၀၂၁-၂၂ ပရီးမီးယားလိဂ်အဖွင့်ပွဲကို စတင်ကစားကြခဲ့ကြပြီး အာဆင်နယ်အသင်းအနေနဲ့ ဘရန့်ဖို့ဒ်နဲ့ တွေ့ဆုံရာမှာ ဘန်ဝှိုက်ကို အာတီတာရဲ့ပွဲထွက်လူစာရင်းမှာ မြင်တွေ့ခဲ့ကာ အာဆင်နယ်အသင်းကတော့ တန်းတက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ဘရန့်ဖို့ဒ်ကို မရှုမလှရှုံးခဲပြီး တဖက်မှာတော့ ဗာရွန်းကတော့ ယူနိုက်တက်က လိဒ်စ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အောင်ပွဲရခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ယူနိုက်တက် ကစားသမားသစ်အဖြစ် မိတ်ဆက်သွားပြီး နောက်ပွဲမှာ ပါဝင်ကစားတော့မှာ ဖြစ်ပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီအပြီးထိတော့ ဘန်ဝှိုက်က ဗာရွန်းထက် ပိုခြေစွမ်းပြနိုင်မယ်လို့ဆိုလိုက်တဲ့ မန်စီးတီးနဲ့ အင်္ဂလန်ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်ရဲ့ ခန့်မှန်းချက် မှန်မမှန် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္စီးတီးနဲ႔ အဂၤလန္ကစားသမားေဟာင္း ေရွာင္႐ိုက္ဖီးလစ္က အာဆင္နယ္အသင္းရဲ႕ ေပါင္သန္း ၅၀ နဲ႔ အသစ္ေခၚယူထားတဲ့ အဂၤလန္သား ဗဟိုခံစစ္မႉးဟာ မန္ယူႏိုက္တက္က ေပါင္ ၃၄ သန္းနဲ႔ ဝယ္ယူထားတဲ့ ျပင္သစ္သား ဗဟိုခံစစ္မႉးရာေဖးလ္ ဗာ႐ြန္းထက္ ပိုမိုေကာင္းမြန္တဲ့ကစားသမားျဖစ္တယ္လို႔ ႏႈိင္းယွဥ္မႈျပဳလုပ္သြားခဲ့ပါတယ္။

သရဲနီတို႔အေနနဲ႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ထားတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ဗာ႐ြန္းကို ေခၚယူခဲ့ရာမွာ သူဟာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ၄ ႀကိမ္ဗိုလ္ဝင္ခံခဲ့တဲ့ အေတြ႕အႀကဳံလည္း ပိုင္ဆိုင္ထားခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကို ဝင္တိုးဖို႔ဆိုရင္ေတာ့ အသက္ ၂၃ သား ဘန္ဝႈိက္ကိုေတာ့ မမီႏိုင္ဘူးလို႔ မွတ္ခ်က္ေပးခံထားရတာပါ။

႐ိုက္ဖီးလစ္ဟာ အာဆင္နယ္ဂႏၴဝင္ႀကီး အီယန္႐ိုက္ရဲ႕သားတဦးလည္းျဖစ္ၿပီး ဂန္းနားနည္းျပ မီေခးလ္ အာတီတာအေနနဲ႔ အဂၤလန္ေဘာလုံးကစားဟန္နဲ႔အတူ ပရီးမီးယားလိဂ္မွာ အံအဝင္ဆုံးျဖစ္လာမယ့္ ဗဟိုခံစစ္မႉးကို ပိုင္ဆိုင္ခြင့္ရခဲ့ျခင္းျဖစ္ေၾကာင္း ယုံၾကည္ေနသလို ဘန္ဝႈိက္က ပိုေျခစြမ္းျပႏိုင္မယ္လို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

” အာဆင္နယ္မွာ လိုေနတာက ၿဖဲမယ့္၊ ရဲမယ့္၊ ၾကမ္းမယ့္ ဘန္ဝႈိက္လို ေဒါင္းတင္ေမာင္းတင္ ဗဟိုခံစစ္မႉးမ်ိဳးဗ်။ သူက ေခတ္ေဟာင္းအထာေပါ့ဗ်ာ။ တကယ့္ဖိုက္တာစစ္စစ္လို ခပ္ၾကမ္းၾကမ္းေဆာ့မယ့္သူမ်ိဳးပါ။ ဒါေၾကာင့္ သူက ပိုေျခစြမ္းျပႏိုင္မယ္လို႔ ကြၽန္ေတာ္က ယုံၾကည္တယ္။”

” ၿပီးေတာ့ ဝႈိက္က ဘ႐ိုက္တန္မွာလည္း ပရီးမီးယားလိဂ္အထာကိုနပ္ေနၿပီသား မဟုတ္လား။ ပြဲတိုင္းနီးပါး ကစားခဲ့ရတာကိုး။ ဒါေပမယ့္ ဗာ႐ြန္းကေတာ့ အခုမွ နယ္ေျမအသစ္ကို ေရာက္ရွိလာတဲ့ သူစိမ္းပါ။ ဒါေၾကာင့္ ဖိအားဒဏ္ေတြကို သူ႐ုန္းကန္ရပါဦးမယ္ ”

” ကြၽန္ေတာ္သာဆိုရင္ေတာ့ ဗာ႐ြန္းနဲ႔ ဘန္ဝႈိက္တို႔ႏွစ္ေယာက္ထဲက ဘယ္သူ႔ကို ကိုယ့္စိတ္ႀကိဳက္ေခၚျဖစ္မလဲဆိုရင္ ဘန္ဝႈိက္ကိုပဲ ေ႐ြးခ်ယ္ၿပီး စာခ်ဳပ္ခ်ဳပ္ျဖစ္မွာပါ။” လို႔ ႐ိုက္ဖီးလစ္က ေျပာၾကားသြားခဲ့ၿပီး ” အိုးစကူးလ္ ” အထာလို႔ ယူဆခံထားရတဲ့ ဘန္ဝႈိက္က ႀကံ့ခိုင္မႈအသားေပးတဲ့ အဂၤလန္လိဂ္မွာေတာ့ ဆရာပိုက်လိမ့္မယ္လို႔ ဖြင့္ဟသြားခဲ့တာပါ။

၂၀၂၁-၂၂ ပရီးမီးယားလိဂ္အဖြင့္ပြဲကို စတင္ကစားၾကခဲ့ၾကၿပီး အာဆင္နယ္အသင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္နဲ႔ ေတြ႕ဆုံရာမွာ ဘန္ဝႈိက္ကို အာတီတာရဲ႕ပြဲထြက္လူစာရင္းမွာ ျမင္ေတြ႕ခဲ့ကာ အာဆင္နယ္အသင္းကေတာ့ တန္းတက္အသင္းကို ၂ ဂိုး ဂိုးမရွိျဖင့္ ဘရန႔္ဖို႔ဒ္ကို မရႈမလွရႈံးခဲၿပီး တဖက္မွာေတာ့ ဗာ႐ြန္းကေတာ့ ယူႏိုက္တက္က လိဒ္စ္အသင္းကို ၅ ဂိုး ၁ ဂိုးနဲ႔ ေအာင္ပြဲရခဲ့တဲ့ အဖြင့္ပြဲစဥ္မွာ ယူႏိုက္တက္ ကစားသမားသစ္အျဖစ္ မိတ္ဆက္သြားၿပီး ေနာက္ပြဲမွာ ပါဝင္ကစားေတာ့မွာ ျဖစ္ပါတယ္။ ၂၀၂၁-၂၂ ေဘာလုံးရာသီအၿပီးထိေတာ့ ဘန္ဝႈိက္က ဗာ႐ြန္းထက္ ပိုေျခစြမ္းျပႏိုင္မယ္လို႔ဆိုလိုက္တဲ့ မန္စီးတီးနဲ႔ အဂၤလန္ကစားသမားေဟာင္း ေရွာင္႐ိုက္ဖီးလစ္ရဲ႕ ခန႔္မွန္းခ်က္ မွန္မမွန္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.